တကောင်းရွှေပြည် စည်းခုံစေတီ စိတ်ကရည်၍….

ဤဆောင်းပါးရှေ့တွင် ဖော်ပြခဲ့ပါအတိုင်း မြန်မာအစ တ ကောင်းက အယူအဆနှင့်ရာဇ၀င် ကျမ်းလာညွှန်ပြချက်များသည် မြန်မာလူမျိုးတို့ကြား အရိုးစွဲနေ သော ရှေးရိုးစွဲအသိတစ်ခုဖြစ်ခဲ့ သည်။ သို့သော် ထိုဆိုရိုးကိုမည် သူစထွင်မှန်းမသိ၊ မည်သူစတင် ပြောမှန်းမသိ၊ သိဖို့ရာလည်းအား မထုတ်ဘဲအမှတ်တမဲ့သာအချိန် ကုန်လွန်ခဲ့ကြသည်။ ဤသည်ကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ရာဇ၀င် ပါမောက္ခ ဂျီအိတ်ခ်ျလုစ် (G.H. Luce)က၁၉၃၁တွင် မြန် မာနိုင်ငံ သုတေသနအသင်း၌ Geography of Burma Under the Pagan Dynasty (ပုဂံခေတ် မြန်မာနိုင်ငံပထ၀ီဝင်) စာတမ်းကို ဖတ်ကြားရာတွင် မြန်မာ အစ ကျောက်ဆည်က ဟုဆိုနိုင်သော အယူအဆတစ်ရပ်ဖော်ထုတ်လာ ပါသည်။ တစ်ဖန် ၁၉၄၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ဟောပြောရာ၌ လည်း ကျောက်ဆည်နယ်သည် မြေပြန့်လွင်ပြင်၌ ဗမာများရှေးဦး စွာ နေထိုင်ရာဒေသဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိဟု ကြေညာခဲ့ သည်။ ယင်းကို မြန်မာနိုင်ငံသုတေ သနစာစောင်အတွဲ ၃၀၊ အပိုင်း (၁)၌ ဖော်ပြခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဖဆ ပလအစိုးရလက်ထက် ၁၉၅၇ ခုနှစ်ဩဂုတ်လတွင် ဗမာနိုင်ငံသု တေသနအသင်း၌ ရှေးကျောက် ဆည်နှင့် မြန်မာတို့ဝင်ရောက် လာခြင်း(Old Kyaukse and the coming of Burmans)ကို ဟော ပြောခဲ့ပါသည်။ ယင်းကို ၁၉၆၅ ခုနှစ်ဩဂုတ်လဆန်းတွင်ကျင်းပ သော မြန်မာနိုင်ငံသုတေသနအ သင်း ဆွေးနွေးပွဲ၌ ဒေါက်တာဘ ဟန်က ‘မြန်မာအစ ကျောက် ဆည်က’ အဆိုသာအမှန်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ သတင်းစာဆရာဦးသိန်းဖေမြင့် က ဗိုလ်တထောင်သတင်းစာက နေ၍ တုံ့ပြန်ရေးသားခဲ့သော အ ဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ သည်။ သို့သော် ဂျီအိတ်ခ်ျလုစ် သည် နိုင်ငံခြားသားပညာရှင်ပီပီ အလွန်ပါးနပ်သည်။ မြန်မာအစ ကျောက်ဆည်က ဟု အတိအကျ မဆို၊ ကျောက်ဆည်နယ်သည် မြန်မာများ ကနဦးအခြေချနေ ထိုင်ရာအရပ်ဟုသာဆိုခဲ့သည်။ ဤသည်ကို ထပ်လောင်းတင်ပြသူ များက ကျောက်ဆည်က ဟုအတိ အကျဆိုလာကြသည်။ ပါမောက္ခ လုစ်၏အဆိုအရ မြန်မာလူမျိုး များ စတင်ပေါ်ပေါက်အခြေချ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာစာဖြင့် ကျောက်ထက် အက္ခရာတင်ပြီး မှတ်တမ်းအများဆုံးတွေ့ရသော ပုဂံနှင့်အနီးရှိ ကျောက်ဆည်၊ မြစ် သားနယ်တစ်ဝိုက်သာ အခြေခံ ထားရမည်ဖြစ်ကြောင်း၊ ထိုနယ် များသည် စိုက်ပျိုးရေးဖြစ်ထွန်းပြီး လူအများအပြားနေထိုင်ရာအရပ် လည်းဖြစ်ကြောင်း၊ ကျောက် ဆည်နယ်သည် မြန်မာများစတင် အခြေချရာအရပ်ဖြစ်ကြောင်း၊ ပျူတို့နိုင်ငံရေးဩဇာကျဆုံးချိန် ခရစ်နှစ် ၈၃၂ နောက်ပိုင်းမှသာ ထိုဒေသအတွင်း မြန်မာများဝင် ရောက်လာကြောင်း၊ ရောက်ခါစ တွင်စကားသာရှိပြီး စာမရေး တတ်သေးဘဲ နှစ် ၁၀၀ ကျော် ကြာနေကြောင်း၊ ထိုကာလအ တွင်း မြန်မာများသည် ကျောက် ဆည်နယ်မှတစ်ဆင့် မြောက်၊ အနောက်နှင့် တောင်ဘက်သို့ယပ် တောင်သဖွယ်ဖြန့်လျက် မြန်မာ နိုင်ငံအလယ်ပိုင်း၌ နေရာယူ ရောက်ရှိခဲ့ကြောင်း၊ စာရေးနည်း ကိုမူ ပျူနှင့် မွန်တို့ထံမှရရှိပြီး ခရစ်အေဒီ ၁၀-၁၁ ရာစုနှစ်တွင်မှ ယဉ်ကျေးမှုများ ထွန်းကားပျံ့နှံ့ လာကြောင်း အယူအဆပေါ်ထွန်း လာသည်။


ယင်းအယူအဆကို တက္က သိုလ်ပညာရေးနယ်ပယ်၌ ကျယ် ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးမှု များရှိလာပြီး ထိုမှတစ်ဆင့်ဖြန့်ဝေ သူများရှိလာသလို တက္ကသိုလ်ပြင် ပအထိ တဖြည်းဖြည်းပျံ့နှံ့သွားပါ သည်။ဤတွင် မြန်မာအစ တ ကောင်းက၊ တကောင်းသည်သာ သရေခေတ္တရာ ပုဂံတို့ထက်ရှေး ကျသည်ဟူသော ရှိရင်းစွဲအယူ အဆကို လက်ခံသူများက မခံနိုင်၊ ထိုအယူအဆနှစ်ရပ်သည် နှစ် ပေါင်းများစွာကြာ အချေအတင် ထိပ်တိုက်ဖြစ်ခဲ့သည်။

တကောင်းက အယူအဆကို စွဲကိုင်ဦးဆောင်သူက မြန်မာ ပညာရှိဦးဖိုးလတ် ဖြစ်၏။ ဦးဖိုး လတ်သည် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာစာကို ခုံမင်နှံ့စပ်သူဖြစ် သော်လည်း အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ် ကြီး၏ သပိတ်မှောက်ကောင်စီ ဒုဥက္ကဋ္ဌဖြစ်ပြီး အမျိုးသားကျောင်း များစတင်တည်ထောင်သူလေးဦး တွင် အပါအ၀င်ဖြစ်ကာ ပထမဦး ဆုံးအမျိုးသားကျောင်း၏ ပထမ ဆုံးကျောင်းအုပ်လည်းဖြစ်ပေ သည်။ ဦးဖိုးလတ်က လုစ်၏အယူ အဆကို ချေဖျက်ကာ အချို့သု တေသီပုဂ္ဂိုလ်တို့က မြန်မာလူမျိုး တို့သည် မြောက်ဘက်မှ ဆင်း သက်လာပြီးနောက် မြန်မာပြည် မြောက်ပိုင်းတွင် ကတူးလူမျိုးတို့ လွှမ်းမိုး ကြီးစိုးနေခြင်းကြောင့် ဧရာဝတီမြစ်ဝှမ်း အတွင်းသို့ မဆင်းဘဲ ရှမ်းပြည်ကုန်းမြင့်ကြီး တစ်လျှောက်တောင်များကို ဖြတ် ကျော်သွားပြီးလျှင် ကျောက်ဆည် နယ်သို့ရောက်မှပင် တောင်ပေါ်မှ မြေပြန့်အရပ်သို့ ဆင်းသက်လာ ကြသည်။ ကျောက်ဆည်နယ်မှ သာလျှင် မြန်မာပြည်အရပ်ရပ်သို့ ယပ်တောင်သဖွယ် ဖြာထွက်၍ သွားကြသည်ဟူသော အယူအ ဆမှာ ယုတ္တိမလုံလောက်၊ သဘာ ၀ဓမ္မနှင့်ဆန့်ကျင်သည်ဟု ယူဆ ရန်ရှိသည့်အပြင် မြန်မာတို့၏ သ မိုင်းအစဉ်အလာ မှတ်သားချက် များနှင့်လည်း ဆန့်ကျင်လျက်ရှိ သည် ဟု ရှေးဟောင်းယဉ်ကျေး မှုနှင့် တည်ရာဌာနများ၌ဖတ် ကြားလေသည်။ ထိုစာတမ်းကို ၁၉၅၉ ဧပြီလတွင် ဖတ်ကြားခဲ့ပြီး အထောက်အထားများ ရှာဖွေပြ သရန်ရှေးဟောင်းနေရာများသို့ ခရီးထွက်လေသည်။ ရှေးဟောင်း သုတေသနနယ်ပယ်တွင်ခိုင်မာ သောအထောက်အထားပြသရန် အဆင့်သုံးဆင့်ဆောင်ရွက်ရမြဲ ဖြစ်၏။ ယင်းတို့မှာ ခရီးလှည့် လည်ခြင်း (Exploration)၊ ပဏာ မတိုင်းတာခြင်း (Surveying)နှင့် တူးဖော်လေ့လာခြင်း (Excavation) တို့ဖြစ်သည်။

ဦးဖိုးလတ်သည် တကောင်း အယူအဆအတွက် အထောက်အ ထားများရရန် ခရီးများထွက်ရင်း နာမကျန်းဖြစ်လာပါသည်။ ရှေး ဟောင်းသုတေသနညွှန်ကြားရေး  ၀န်ရာထူးမှ အနားယူပြီးသော် လည်း သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ကာ ယဉ် ကျေးမှုဆိုင်ရာကျမ်းများ၊ မြန်မာ ဝေါဟာရကျမ်းများရေးသားပြုစု ရင်း ကွယ်လွန်သွားပါသည်။ ကွယ်လွန်ပြီးနောက် မြန်မာစာပေ ပညာရှင်ဓမ္မာစရိယဦးအုန်းရွှေက ဦးဖိုးလတ်ရေးသားခဲ့သော စာ တမ်းကို ၁၉၆၆ ဇွန်လတွင် ဖတ် ကြားရာ မြန်မာအစ ကျောက် ဆည်က ကျောက်ဆည်မှသာ မြန်မာများ တောင်၊ မြောက်၊ အနောက်သို့ ယပ်တောင်သဖွယ် ပျံ့နှံ့သွားခဲ့သည်ဟူသော အယူ အဆကို သေချာပူးကပ်စွာလေ့ လာကြည့်သောအခါ ယုတ္တိမရှိ၊ ပုဂံခေတ်ထိုး ကျောက်စာများပါ မြို့မည်၊ ရွာမည်၊ နယ်မည်များနှင့် တထစ်ချမှန်သည်ဟု ယူဆထား သော တရုတ်ရာဇ၀င်လာစကား တို့အပေါ် မှီငြမ်းပြုကာကြံဆထား သည်။ ထိုအယူအဆနှင့်စာလျှင် မြန်မာအစတကောင်းက ဧရာဝ တီမြစ်ညာမှသာ မြစ်ကြေသို့မြန် မာများ စုန်ဆင်းပျံ့နှံ့သွားကြ သည်ဟူသောအယူအဆကပို၍ သဘာဝကျသည်။ ယုတ္တိရှိသည် ဟုဆိုသင့်ပါသည်။ မည်သို့ဖြစ်စေ ဤမြန်မာအစဟူသောပြဿနာ နှင့်စပ်လျဉ်း၍ ယခုထက်များစွာ ပိုမိုကျယ်ပြန့်ပြည့်စုံစွာ မြန်မာ၊ နန်းစော၊ တရုတ်တို့၏မှတ်တမ်း မင်စာများနှင့် အခြားတိဗက်မြန် မာလူမျိုးတို့၏နောက်ကြောင်း သမိုင်းရာဇ၀င်တို့ကိုပါ လေ့လာ စုံစမ်းပြီးလျှင် မြေအောက်သို့ လည်းတူးဆွရှာဖွေ၊ သုတေသန ပြုပြီးနောက်မှသာ အဘယ်သေ ချာ၊ ခိုင်မာ၊ ယုံကြည်၊ အားကိုး လောက်သောအဖြေကို ရှာနိုင် မည် ဟုရေးသားချက်ကို ဖတ် ကြားခဲ့ပေသည်။ ဦးဖိုးလတ်သည် ပညာရှင်ပီသစွာ ယင်းသို့လမ်း ညွှန်ရေးသားခဲ့ပါသည်။ပါမောက္ခ လုစ်သည် ဒုတိယကမ္ဘာစစ်ကြီးအ တွင်း ဂျပန်အ၀င်တွင် အိန္ဒိယသို့ တိမ်းရှောင်ခဲ့ပြီး စစ်အပြီးပြန် လည်ရောက်ရှိလာကာ သမိုင်းအ ထူးပါမောက္ခအဖြစ် ဆောင်ရွက် ခဲ့ပြီး တော်လှန်ရေးကောင်စီအာ ဏာသိမ်းပြီး ၁၉၆၄ ခုနှစ်တွင် ဗြိ တိန်နိုင်ငံသို့ အပြီးတိုင်ပြန်သွား ကာ ၁၉၇၉ ခုနှစ်မေလ ၃ ရက် အသက်(၉၀)အရွယ်တွင် ကွယ် လွန်သွားပါသည်။

အေးချမ်းတိတ်ဆိတ်သော တကောင်းမြို့ လမ်းတစ်လမ်း

ရှေးမြို့ဟောင်းတကောင်း လေ့လာရေးသည်ကား ပါမောက္ခ လုစ်နှင့်ဦးဖိုးလတ်တို့ကြား အယူ အဆနှစ်ရပ် အချေအတင်မဖြစ် မီကပင် ကမ္ပည်းကျောက်စာဝန် တော်စိန်ခိုသည် ပထမကမ္ဘာ စစ်ကြီးမဖြစ်မီ ဆယ်နှစ်အလို ၁၉၀၄ ခုနှစ်ကတည်းက သွား ရောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် အိန္ဒိယရှေးဟောင်း သုတေသန တာဝန်ခံချားလ်စ်ဒူးရွိုင်ဇယ်၏ ညွှန်ကြားမှုဖြင့် ရုံးအဖွဲ့မှူး ကျောက်စာဝန်ဦးမြသည် တ ကောင်းသို့ သွားရောက်ကာ စူး စမ်းလေ့လာခဲ့သည်။ ဦးမြ၏ အစီ ရင်ခံစာ၌….

တကောင်းကို ဗဟိုထား လျက် ပတ်ဝန်းကျင်ဒေသတွင် ခရစ်မပေါ်မီရာစုနှစ်များက အိန္ဒိ ယမြောက်ပိုင်းမှ စစ်ပြေးမင်းသား များဝင်ရောက်လာပြီး ပထမဆုံး မင်းနိုင်ငံတည်ထောင်ကြောင်း အဆိုရှိခဲ့သည်။ အဘိရာဇာမင်း မှစ၍ မင်းပေါင်း ၅၀ ခန့်စိုးစံခဲ့ပြီး နောက်ဆုံးသတိုးမဟာရာဇာမင်း လက်ထက်တွင် တကောင်းမင်း နိုင်ငံပျက်သုဉ်းသွားခဲ့ပြီး သရေ ခေတ္တရာပြည်မြို့သို့ ပြောင်းရွှေ့ ကာ တိုင်းပြည်တည်ထောင် ကြောင်းဆိုပါသည်။ ၎င်းတ ကောင်းသမိုင်းသည် ပုံပြင်၊ ဒဏ္ဍာရီများသာဖြစ်၍ အကြောင်း အရာပေါ်အောင် တူးဖော်ကြည့်မှ သာသိနိုင်မည်ထင်ပါသည် ဟု ရေးထားသည်။ ဆက်လက်၍အ စီရင်ခံစာတွင် ယခုသွားရောက် စစ်ဆေးမှုများသည် အပေါ်ယံမျှ သာဖြစ်ပြီး တူးဖော်ကြည့်မှသာ စိတ်ဝင်စားဖွယ် အထောက်အ ထားများရနိုင်မည်ဟု မျှော်လင့် ကြောင်း ဖော်ပြထားသည်။ တစ် ဖက်တွင်မူ ထိုလေ့လာမှုအစီရင်ခံ စာထက် ပိုမိုရှေးကျသောအဖြစ် အပျက်တစ်ခုရှိသေးသည်။

၁၉၀၀ ပြည့်နှစ်ကထုတ်ဝေ

သော အထက်ဗမာပြည်ဂေဇက် တီးယားအပိုင်း(၁)၊ အတွဲ(၂) တွင် အိန္ဒိယပြည် ကျောက်စာဝန် ဟောင်း ဂျာမန်လူမျိုးပညာရှင် တစ်ဦးသည် ၁၈၉၄ ခုနှစ်က တ ကောင်းသို့ သွားရောက်လေ့လာ စဉ်ဘုရားပျက်တစ်ဆူမှ ကျောက် စာတစ်ချပ်တွေ့ခဲ့ကြောင်း၊ ထို ကျောက်စာတွင် ခရစ်နှစ် ၄၁၆ ဟုတွေ့ရပြီး သက္ကဋဘာသာဖြင့် ရေးထိုးထားကြောင်း၊ အကြောင်း အရာမှာ တကောင်းဒေသသို့ မဇ္ဈိမဒေသ အသျှတိနပုရမှ ပြောင်းရွှေ့လာသော သာကီဝင် မင်းတို့ဆိုက်ရောက်စံနေတော်မူ ကြောင်း ဖော်ပြပါရှိသည်ဟုဆို ၏။  ယင်းအဆိုကိုသာဓက ကျောက်စာ မတင်ပြနိုင်သဖြင့် ချားလ်စ်ဒူးရိုင်ဇယ်က ပယ်ချခဲ့ သည်။ ကျောက်စာတွေ့ရှိသည်ဆို သော အိန္ဒိယကျောက်စာဝန် ဟောင်း ဂျာမန်လူမျိုးဒေါက်တာ ဖူးရား (Dr.Futher)သည် အိန္ဒိယ ရှေးဟောင်းသုတေသနအစီရင်ခံ စာများကို ၁၈၉၁ မှ ၁၈၉၈ အထိ တင်သွင်းခဲ့သူ ပညာရှင်ဖြစ်၏။ ၎င်းသည် အိန္ဒိယနိုင်ငံ၌ တိမ်မြုပ် နေသော ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်က ကပ္ပိလ၀တ်မြို့ ဟောင်းနှင့် နိဂြောဓရာမကျောင်း တို့ကို ရှာဖွေဖော်ထုတ်နိုင်သဖြင့် ကမ္ဘာကျော်ခဲ့သော ပုဂ္ဂိုလ်ဖြစ် သည်။ သို့သော် ဒေါက်တာဖူးရား သည် ၎င်းတွေ့ရှိသည်ဆိုသော ကျောက်စာကို ထုတ်ဖော်မပြသ ခဲ့။ အမှန်တကယ်တွေ့ရှိခြင်း ဟုတ်၊ မဟုတ်ကိုမူ ကာယကံရှင် သာသိမည်ဟု ယူဆခဲ့ကြသည်။ ဤတွင်ထူးခြားချက်တစ်ခုရှိသေး သည်။ အခြားမဟုတ် ဒေါက်တာ ဖူးရားတွေ့ရှိသောကျောက်စာကို မြင်တွေ့ခဲ့သူတစ်ဦးလည်း ရှိခဲ့ သည်။ ၎င်းမှာ Mandalay and Other Cities Of The Past In Burma စာအုပ်ရေးသားသူဗြိတိ သျှအရာရှိဗီစီစကော့အိုကော်နာ (V.C ScotlO’Conner)ဖြစ်သည်။ စကော့အိုကော်နာတကောင်းသို့ သွားရောက်စဉ်စာအုပ်တစ်နေရာ ၌ ‘ကျောက်ပြားဟောင်းတစ်ခုကို ၀မ်းမြောက်ဖွယ်တွေ့ရပါသည်။ ကျောက်စာ၌ ရေးထိုးထားသော အချက်အားလုံးကို သိခွင့်မသာ သော်လည်း အေဒီ ၄၆၁ တွင် တ ကောင်းမှ စစ်သည်အင်အားများ စွာစုရုံးပြီး အိန္ဒိယသို့ပြန်၍တိုက် ခိုက်ချေမှုန်းပြီးမှ ဧရာဝတီမြစ် ကမ်းအနီးအနောက်ဘက်၌ သ ဘာဝအတားအဆီးဖြစ်သော မြင့် မားသည့်တောင်ကြီးများ ကာရံ တားဆီးထား၍ အရှေ့၊ တောင် ဘက်နှင့်မြောက်ဘက်တို့တွင် ထူ ထပ်သောတောအုပ်ကြီးဖြင့် ကာ ရံထားသော တကောင်းမြို့ကြီးကို ခမ်းနားစွာတည်ဆောက်အခြေချ နေထိုင်ခဲ့သည်ဟု ကျွန်ုပ်သိရ ကြောင်း’ ရေးသားခဲ့သည်။ တိုက် ဆိုင်မှုတစ်ခုမှာ ဒေါက်တာဖူးရား နှင့် စကော့အိုကော်နာတို့သည် ၁၉၀၀ ပြည့်နှစ်မတိုင်မီကတည်း က တကောင်းဒေသသို့ရှေ့ဆင့် နောက်ဆင့် ရောက်ခဲ့ခြင်းဖြစ် သည်။ ဤအချက်အရ ထိုရှေး ဟောင်းကျောက်စာသည် ၁၉၀၀ မတိုင်မီနှစ်များအတွင်း တ ကောင်း၌ရှိခဲ့ပုံရလေသည်။ မြန် မာ့သမိုင်းလေ့လာသူ ဗြိတိသျှသု တေသီစာရေးဆရာ ဂျီအီးဟာဗေး (G.E Harvey)ကမူ ‘ကံမကောင်း အကြောင်းမလှသဖြင့် ဤအဖိုး တန်ကျောက်စာကို ဖော်ထုတ်နိုင် ခဲ့ခြင်းမရှိပေ။ ဒေါက်တာဖူးရား၏ ၀န်ထမ်းမှတ်တမ်းများကိုထောက် ထား၍ ကျောက်စာဖော်ထုတ်နိုင် ရေးလိုအပ်လှပေသည်’ ဟုရေးခဲ့ သည်။

ဖော်ပြပါအဖြစ်အပျက်များ သည် တကောင်းဒေသနှင့်ပတ် သက်သောအယူအဆနှင့် စူးစမ်း လေ့လာရေးများသာဖြစ်ခဲ့သည်။ လက်တွေ့မြေပြင်တူးဖော်ခြင်းကို မူ ဦးဖိုးလတ်ကွယ်လွန်ပြီး သုံးနှစ် ကျော်ကြာခါမှ စတင်နိုင်ခဲ့ သည်။ မန္တလေးမြို့ရှေးဟောင်း သုတေသနဌာနမှ ၀န်ထောက်ဦး မြင့်အောင်နှင့်အဖွဲ့သည် ၁၉၆၆ ဧပြီတွင် ပဏာမကွင်းဆင်းလေ့ လာပြီး ၁၉၆၇-၆၈ တွင်ဦးစိန် မောင်ဦးနှင့်အဖွဲ့က ပထမအ ကြိမ်၊ ၁၉၆၈-၆၉တွင် ဦးသန်း ဆွေနှင့်အဖွဲ့က ဒုတိယအကြိမ် တကောင်း၌တူးဖော်ခဲ့ကြသည်။ ကုန်းအမှတ် (၁) တကောင်းအ နောက်တောင်ထောင့်ဧရာဝတီ မြစ်ကမ်းအနီးမြို့ရိုးကို တူးဖော် ရာ၌အုတ်ရိုးသည် ရေတိုက်စားခံ ရသဖြင့် အသစ်ထပ်မံတည် ဆောက်ထားကြောင်း၊ ကုန်းအ မှတ်(၁) မြောက်ဘက်ကုန်းအ မှတ်(၁၂)ကို တူးဖော်ရာ၌အလျား ၄၅ ပေ၊ အနံ ၃၁ ပေ၊ ဗြက် ခုနစ် ပေနှင့် အုတ်ရိုးထုငါးပေခန့်မြင့် သောသူရဲခိုအဆောက်အအုံတွေ့ ရကြောင်း၊ အညာပုဂံမြို့ဟောင်း အရှေ့ဘက်ကုန်းအမှတ်(၂)၌ တံခါးအကျယ် ၂၂ ပေ၊ တောင် ဘက်အလျား ၈၆ ပေနှင့်ထိုနေရာ နှင့်ဆက်လျက်  အရှည် ၂၉ ပေ  ၆ လက်မ၊ ဗြက်ထုကိုးပေအရွယ်ရှိ အရံတံတားနှင့်အတူ မြို့ဝင် ပေါက်နေရာတွေ့ရကြောင်း၊ မြို့ တံခါးတွင်သစ်သားရွက်တပ်ဆင် အသုံးပြုခဲ့သော တံခါးဆုံလည် ကျောက်တုံးကိုတွေ့ရကြောင်း ဦး သန်းဆွေနှင့်အဖွဲ့က ဖော်ထုတ် နိုင်ခဲ့သည်။ ထို့ကြောင့် မူလတ ကောင်းနှင့် တောင်ဘက်အညာ ပုဂံမြို့ဟောင်းတို့သည် မြို့အုတ် ရိုး၊ မြို့တံခါးတို့ဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ကြောင်း ပညာ ရှင်များကအတည်ပြုပေးခဲ့သည်။ ကုန်းအမှတ်(၃)(၇)(၉)တို့သည် ပုဂံခေတ်နှောင်းလူနေကုန်းများ ဟု ယူဆကြပြီး ထိုနေရာများ၌ မြေပုတီးစေ့၊ အိုးကွဲ၊ သံမှိုပွင့်၊  ရှပ်ဒိုးငယ်၊ အိုးပုတ်၊ရွံ့အုတ်ရေ တကောင်းငယ်တိုင်နှင့် ကရား လည်တိုင်ဟောင်းများ တွေ့ရ သည်။ တစ်ဖန်ရွှေစည်းခုံစေတီ တော်ကြီး၏တောင်ဘက်ကုန်းအ မှတ်(၄)တွင် အလျား ၁၀၇ ပေ၊ အနံ ၇၃ ပေရှိအဆောက်အအုံ အုတ်ရိုးများကို တွေ့ရှိပြီးအုတ်ရိုး ထုသုံးပေ၊ အုတ် ၁၄ လွှာအထိ ကျန်ရှိကြောင်း မြင်ရသည်။ ထို့ အတူ ကုန်းအမှတ်(၆)၌ အုတ် ကြွပ်မိုး၊ အုတ်တိုက်ဟောင်းဟုယူ ဆရသော အထောက်အထားများ တွေ့ခဲ့သည်။

နန်းတော်ရာဟုယူဆသော ကုန်းအမှတ်(၁၀)တွင်မူ မျှော်မှန်း ထားသလို မတွေ့ရဘဲပုဂံခေတ် သာသနိကအုတ်တံတိုင်းအဖြစ် သာ ခန့်မှန်းသိရှိရသည်။ ထိုသို့ ကုန်းအမှတ်များသတ်မှတ်ကာ တူးဖော်ရာ၌ နေရာအနှံ့အပြား တွင် ရေသွန်းကရားအိုးကွဲများ၊ ပုံဖော်ထားသော အိုးခြမ်းကွဲများ၊ မြူအိုးမြူကလပ်စသည့် မြေထည် နှင့်ရှေးဟောင်းပုတီးစေ့အမျိုးမျိုး တွေ့ရသော်လည်း သရေခေတ္တ ရာမြို့ဟောင်းကဲ့သို့ ပျူအရိုးပြာ အိုးများ မတွေ့ရသဖြင့်တကောင်း သည် ပုဂံခေတ်ထက်မစောနိုင် ဟုသာမှတ်ချက်ချခဲ့သည်။


မြို့ရိုးပျက်တစ်နေရာ၌ တားမြစ်ချက်ထုတ်ပြန်ထားစဉ်(ဓာတ်ပုံ − ချမ်းငြိမ်း)
(၉)

ဦးဖိုးလတ်၏တကောင်းအ မွေကို ဆက်ခံသူမှာ မန္တလေးမြို့ နေ ဦးမောင်မောင်တင်(မဟာ ၀ိဇ္ဇာ)ဖြစ်သည်။ ၎င်းသည်ဦးဖိုး လတ်မကွယ်လွန်မီ တကောင်းဒေ သလေ့လာရေးခရီး၌ အတူလိုက် ပါခဲ့ပြီး ဦးဖိုးလတ်နည်းတူ တ ကောင်းကိုအလွန်စိတ်ဝင်စားခဲ့ သည်။ တကောင်း၌ တူးဖော်ရေး လုပ်ငန်းများ စတင်နိုင်ရန်တွန်း အားပေးဆောင်ရွက်ခဲ့သူလည်း ဖြစ်၏။ သို့သော် လက်တွေ့တူး ဖော်မှုများအရ ပုဂံခေတ်ထက် ပို မိုရှေးကျသောအထောက်အထား များမတွေ့သောအခါ မချင့်မရဲ ဖြစ်လာသည်။ လက်တွေ့တူးဖော် ခဲ့သောဦးသန်းဆွေကမူ တ ကောင်းအစီရင်ခံစာ၌ ယခုတူး ဖော်မှုများသည် တကောင်းခေတ် ဆိုင်ရာလူနေမှုစနစ်ကို သိရှိရန် သာဖြစ်၍ မြို့ရိုး၊ မြို့တာနှင့်လူနေ အဆောက်အအုံဟု ခန့်မှန်းရ သည့်ထင်ရှားပေါ်လွင်သောအ ချက်အချာနေရာများသာ ရှာဖွေ တူးဖော်ခဲ့ကြောင်း၊ ဤဒေသတွင် အုတ်ကုန်းမို့မို့ နေရာဟောင်းအ များအပြားကျန်ရှိနေသေး၍ ငွေ အား၊ လူအားဖြင့်နှစ်များစွာတူး ဖော်ရန်လိုအပ်ကြောင်း ရေးသား ခဲ့သည်။ အစီရင်ခံစာပါအတိုင်း တကောင်းဒေသ၀န်းကျင်တွင် ကုန်းမြေမို့မို့တောင်ပူစာများ ပေါ များပြီးအလွန်ဟောင်းနွမ်းဆွေး မြည့်နေသော မြို့ရိုးဟောင်း၊ အဆောက်အအုံပျက်များ၏ အလယ် လူများနေထိုင်သော အိမ်များတည်ရှိနေခြင်းက တူးဖော်ရှာဖွေ ရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်ဖို့ရာ အခွင့်မသာခဲ့ပေ။ တကောင်းကို မြေလှန်ရှာရန် လည်း မဖြစ်နိုင်။ ထိုကာလတွင် သမိုင်းပညာရှင်ဒေါက်တာသန်း ထွန်း၏ Historiography of Myanma စာတမ်း၌ သိဒ္ဓတ္ထမင်း သားမဖွားမီအချိန်အတန်ကြာက ပဉ္စာလမင်းတစ်ပါးက သာကီဝင် မင်းသမီးတစ်ပါးကို မိဖုရား မြှောက်လိုကြောင်း တောင်းပါ တယ်။ ငြင်းပယ်တဲ့အတွက် စစ် ဖြစ်ကြတယ်။ သာကီဝင်တွေစစ် ရှုံးတော့အပြီးတိုင် သတ်ဖြတ်ညဉ်းဆဲခြင်း မခံရအောင် တချို့သာကီဝင်တွေ အရှေ့ဘက်ကိုပြေးလာပြီးတကောင်းမှာ သူတို့အထဲကမင်း သားတစ်ပါးက ရှင်ဘုရင်ဖြစ်လာ တယ်။ ဂေါတမဘုရားလက်ထက် မှာ သာကီဝင်တွေနောက်တစ် ကြိမ်စစ်ရှုံးပြန်တော့ တစ်စုက မြန်မာနိုင်ငံဘက်ကို ၀င်လာပြီး ရောက်နှင့်ပြီး သာကီဝင်တွေနဲ့ ပေါင်းမိတယ်။ အဲဒီလိုပေါင်းမိပြီး မှ မင်းဆက်တစ်ဆယ့်ခုနစ်ဆက် ဖြစ်ပွားခဲ့တယ်။ အဲဒီအထဲက ညီ တော်၊နောင်တော်မင်းသားနှစ်ပါး ဟာ ဧရာဝတီမြစ်ကြီးကိုစုန်ဆင်း ပြီး သရေခေတ္တရာမြို့ကိုတည် ထောင်တယ်။… ဒီရာဇ၀င်စကား အရ မြန်မာမင်းတွေကသီပေါမင်း အထိ သာကီဝင်မင်းတွေဖြစ်ပါ တယ်။ ဒီစကားတွေက ၀ါဒဖြန့် စကားတွေဖြစ်ပြီး မင်းဟူသမျှ သာကီဝင်ဖြစ်တယ်။ သူတို့ကို ဆန့်ကျင်ရင် နိုင်ငံတော်ပုန်ကန်မှု သာမက ဗုဒ္ဓသာသနာကို ပစ်ပယ် ရာရောက်မယ်လို့ ထင်မှတ်စိုးရိမ် စိတ်ဝင်လာစရာရှိပါတယ်။ … ရှင်ဘုရင်တွေသာမက  သာမန် လူတွေကပါ ‘တို့ဗမာ သာကီမျိုး ပါမို့’ (တို့ဗမာသီချင်း) ၁၉၃၀ မှာ သီချင်းအစမှာပဲ ‘တို့ဗမာသာကီ မျိုးပါမို့’လို့ စခဲ့တာကိုကြည့်ပါ။ အမျိုးသားသီချင်းမှာ ထည့်သွင်း အော်ဟစ် သီဆိုလာကြပြန်ပါ တယ် ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီးနောက်ပိုင်း၌ ၎င်း ကိုယ်တိုင်မြန်မာဘာသာဖြင့် ရေး သားသော ယူဆချက်များပေါ် ထွက်ခဲ့သည်။

ထို့ကြောင့် သမိုင်းပညာရှင် များ၊ ရှေးဟောင်းသုတေသီများ ကြား၌ တကောင်းဒေသအပေါ် စိတ်ဝင်စားမှုတဖြည်းဖြည်းလျော့ ကျလာပါသည်။ တကောင်းအ ကြောင်း လှုပ်လှုပ်ရှားရှားပြောဆို မှုများ ဆိတ်သုဉ်းလာသည်။ မည် သို့ပင်ဖြစ်စေ ဦးမောင်မောင်တင် သည် မူလက မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှကထိကတစ်ဦး ဖြစ်သော်လည်း တကောင်းအရေး ကိစ္စကစ၍ ရှေးဟောင်းသုတေသ နလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာ ပြီး အာရုံစိုက်လုပ်ကိုင်လာပါ သည်။ သူအဓိကရှာဖွေသော ပစ္စည်းမှာ လက်ရေးစင်းအမှတ်အ သားပါသော ပျူခေတ်အုတ်ချပ် များဖြစ်သည်။

ရှေးဟောင်း ပျူများသည် အုတ်ချပ်များကိုပြုလုပ်ရာတွင် မျက်နှာပြင်တစ်ဖက်၌ ဒေါင်လိုက် ဖြစ်စေ၊ ကန့်လန့်ဖြတ်ဖြစ်စေမျဉ်း ဖြောင့်၊ မျဉ်းကွေးသဏ္ဌာန်၊ ကြက်ခြေခတ်သဏ္ဌာန် ရေးခြစ် လေ့ရှိသည်။ လက်ရေးစင်း ကြောင်းများသည် နှစ်ခုမှ လေးခု အထိရှိပြီး ၎င်းတို့၏လက်ရာမှန်း သိသာစေရန်ရေးခြစ်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ရေးခြစ်နိုင်ခြင်းမှာ အုတ်ပြုလုပ်ရာတွင် အလျား ၂၀ လက်မ၊ အနံ ၁၀ လက်မကျော် နှင့်ထုသုံးလက်မကျော်ပြုလုပ်မြဲ ဖြစ်၍ အရွယ်အစားကြီးမားကာ အမှတ်အသားလက္ခဏာကို ထင် ထင်ရှားရှားဖော်ပြနိုင်လေသည်။ ရှေးဟောင်းပျူများသာ ထိုသို့ပြု လုပ်လေ့ရှိပြီး ယင်းကို ပင်းယ၊ အင်းဝခေတ်များ၌ မတွေ့ရတော့ ချေ။ တကောင်းတွင် ထိုလက်ရေး စင်းပါအုတ်ချပ်များမတွေ့ရသ ဖြင့် သုတေသီများစိတ်အားလျော့ သွားခြင်းလည်း ဖြစ်ပေသည်။ လက်ရေးစင်းပါအုတ်ချပ်များကို မိုင်းမောပင်လယ်မြို့ဟောင်း၊ ဗိဿနိုး၊ ဟန်လင်းနှင့်သရေခေတ္တ ရာတို့၌ တွေ့ခဲ့ပြီးဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်) (ဆောင်းပါးရှင် ချမ်းငြိမ်းသည် စာပေခရီးသွား လူမှုဘဝဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

Source : 7 Day Daily