fbpx

ဆောင်းဂျွန်ကီနှင့်ဆောင်းဟေကို ကွာရှင်းတော့မည်

Descendents of The Sun ရုပ်ရှင်ဇာတ်ကားကြယ်ပွင့်များဖြစ်သော ကိုရီးယားနာမည် ကျော်စုံတွဲ  ဆောင်းဂျွန်ကီနှင့် ဆောင်းဟေကိုတို့နှစ်ဦး ကွာရှင်း ပြတ်စဲမည်ဖြစ်သည်။

ဆောင်းဂျွန်ကီက ၎င်း၏ ရှေ့နေမှ တစ်ဆင့်ယင်းကိစ္စကို တရားဝင်ထုတ်ပြန်ပြောကြားပြီး ကွာရှင်းပြတ်စဲရေး တရားရုံး၌ လျှောက်ထားမှု လုပ်ဆောင်နေပြီ ဟုပြောသည်။

မိမိတို့ အိမ်ထောင်ရေးအ ဆုံးသတ်ခြင်းအတွက် မည်သူ့ကို မျှ အပြစ်မတင်လိုဟု  ဆောင်း ဂျွန်ကီ (၃၃) နှစ်က ပြောသည်။

ဆိုးလ်မြို့မိသားစုတရားရုံး တွင် ကွာရှင်းပြတ်စဲရေးလျှောက်  လွှာတင်ထားပြီဟု ၎င်း၏ရှေ့နေ ကလည်း အတည်ပြုသည်။

ဆောင်းဟေကို (၃၇) နှစ် သည် နောက်ဆုံးအချစ်ရုပ်သံ ဇာတ်လမ်းတွဲ Encounter တွင် ပတ်ဘိုဂမ်နှင့် အတူပါဝင်သရုပ် ဆောင်ပြီး ယင်းသရုပ်ဆောင် နှစ်ဦးနှင့် ကောလာဟလများကို ဥပဒေအရ တင်းကျပ်စွာအရေး ယူမည်ဟု ပတ်ဘိုဂမ်၏ အေ ဂျင်စီကပြောကြားသည်။

ဆောင်းဟေကို အေဂျင်စီက လည်း သီးခြားထုတ်ပြန်ချက်တစ် ရပ်တွင် ကွာရှင်းပြတ်စဲမူ နှစ် ဦး၏ ကိုယ်ရည်ကိုယ်သွေးမတူညီ မှုကြောင့် ဖြစ်သည်ဟု ပြောကြား ပြီး မီဒီယာ၏ ထင်ကြေးပြောကြား မှုများကို ရှောင်ရှားရန် တိုက် တွန်းထားသည်။

အလွန်လိုက်ဖက်သောစုံတွဲ  ကွာရှင်းမှုကို ၀မ်းနည်းကြောင်း ပ ရိသတ်များကလူမှုမီဒီယာတွင် ပြောကြားသည်။

CNA

Source : 7 Day Daily