fbpx

ပေါ့ပ်​ဘာ အပါအဝင်​ မည့်​သည့်​ကစားသမားကိုမျှ ထုတ်​​ရောင်းမည်​မဟုတ်​ဟု မန်​ယူနည်းပြ ဆိုးလ်​ရှား အခိုင်​အမာဆို

မန်​ချက်​စတာ၊ ဇူလိုင်​ ၁၀
မန်​ယူနည်းပြ ဆိုးလ်​ရှားသည်​ အသင်း၏ ကွင်းလယ်​ကစားသမား ​ပေါ့ပ်​ဘာအပါအဝင်​ အသင်းတွင်​ရှိ​နေသည့်​ မည်​သည့်​ကစားသမားကိုမျှ ထုတ်​​ရောင်းမည်​မဟုတ်​​​ကြောင်း ကစားသမားနှင့်​ ​အေးဂျင့်​ဖြစ်​သူ ရိုင်အိုလာတို့ကို အသိ​ပေး​ပြောကြားထားသည်​ဟု Daily Mail သတင်းဌာနက ​ဖော်​ပြထားသည်​။
မန်​ယူနည်းပြ ဆိုးလ်​ရှားသည်​ လက်​ရှိတွင်​ ​ကွင်းလယ်​ကစားသမား ​ပေါ့ပ်​ဘာနှင့်​ပတ်​သက်​၍ ကာယကံရှင်​ ကစားသမားနှင့်​ ​တွေ့ဆုံ​ပြောဆိုမှုများ မပြုလုပ်​ရ​သေး​သော်​လည်း ​အေးဂျင့်​ဖြစ်​သူ ရိုင်​အိုလာ၏ လှုံ့ဆော်​နေမှု​ကြောင့်​သာ ကစားသမား၏ ​အ​ပြောင်းအ​ရွှေ့ ​ကောလာဟလသတင်းများမှာ ကျယ်​​လောင်​စွာ ထွက်​​ပေါ်​နေခြင်းဖြစ်​သူဟု ​ပြောကြားခဲ့သည်​။
နည်းပြ ဆိုးလ်​ရှားက “ပေါ့ပ်​ဘာမှာ ပြဿနာမရှိဘူး။ တကယ့်​​တော့ ရိုင်​အိုလာရဲ့​ပြောဆို​နေမှု​တွေ​ကြောင့်​သာ သတင်းကကျယ်​​လောင်​​နေတာ။ ​ပေါ့ပ်​ဘာနဲ့ ​တွေ့ဆုံညှိနှိုင်းမှု​တောင်​ မလုပ်​ရ​သေးဘူး။ အချိန်​တိုင်း ​ပေါ့ပ်​အ​ပြောင်းအ​ရွှေ့ကို ရိုင်​အိုလာက ​ပြောဆို​နေ​တော့တာပဲ။ ကျွန်​​တော်​တို့​တွေအားလုံး သရဲနီ​တွေဖြစ်​တယ်​။ ပေါ့ပ်​ဘာကို ​ရောင်းထုတ်​ဖို့ စိတ်​ကူးမရှိပါဘူး”ဟု ​ပေါ့ပ်​ဘာနှင့်​ပတ်​သက်​၍ ထွက်​​ပေါ်​နေသည့်​ အပြောင်းအ​ရွှေ့သတင်းများအား ရပ်​တန့်​​စေမည့်​စကားကို နည်းပြဆိုးလ်​က အခိုင်​အမာဆိုခဲ့သည်​။
မန်​ယူအသင်းနှင့်​ ဆက်​စပ်​​နေသည့်​သတင်းများ၏ ​ဖော်​ပြချက်​အရ အသင်းတွင်​ စာချုပ်​ကုန်​ဆုံး​တော့မည်​ဖြစ်​သည့်​ စပိန်​ဂိုးသမား ဒီဂီယာကို လုပ်​ခလစာတိုးမြှင့်​၍ စာချုပ်​ချုပ်​ဆိုရန်​ ​နည်းပြဆိုးလ်​ရှား ​မျှော်လင့်နေသည်​ဟု ​ဖော်​ပြထားသည်​။ ယင်းသတင်းများ၏ဖော်​ပြချက်​အရ မန်​ယူအသင်းတွင်​ လုပ်​ခအများဆုံးရ​နေသည့်​ ဆန်းချက်​ဇ်​နည်းတူ ဒီဂီယာကို လစာတိုးမြှင့်​​ပေးကာ စပိန်​ဂိုးသမားကို ဆွဲ​ဆောင်​ရန်​ ဆန္ဒရှိ​နေသည်​ဟု ​ဖော်​ပြထားသည်​။
လက်​ရှိတွင်​ မန်​ယူအသင်းသည်​ သြစ​​တေးလျနိုင်​ငံသို့ ရာသီကြို​ခြေစမ်းပွဲကစားရန်​ ရောက်​ရှိ​နေပြီး တိုက်​စစ်​မှူး ဆန်းချက်​ဇ်​မှာ ဒဏ်​ရာပြဿနာ​ကြောင့်​ ယင်း​ခြေစမ်းပွဲများနှင့်​ လွဲ​ချော်​မည်​ဟု သတင်းများက ​ဖော်ပြထားသည်​။

Source : The Voice