fbpx

မန်ယူအသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦး ဆေးလွန်သည့် လက္ခဏာဖြင့် ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရ

မန်ချက်စတာ၊ ဇူလိုင် ၁၂
သြစတေးလျနိုင်ငံသို့ ရာသီကြိုခြေစမ်းပွဲစဉ်များ သွားရောက်ကစားနေသော မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦး ဆေးလွန်သည့် လက္ခဏာဖြင့် သြစတေးလျနိုင်ငံ ရွိုင်ယန်ပက်ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရသည်ဟု Daily Mail သတင်းဌာနက ဖော်ပြထားသည်။
လက်ရှိတွင် ယင်းသတင်း၏ ဖော်ပြချက်အရ ဆေးလွန်သည့် လက္ခဏာဖြင့် အရေးပေါ်တင်ခဲ့ရသူသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိခြင်းမရှိသေးသော်လည်း မန်ယူအသင်း၏ ပြောရေးဆိုခွင့်တစ်ဦးက နည်းပြအဖွဲ့ဝင်တစ်ဦး ဆေးရုံတင်ထားရသည့် သတင်းမှာ အမှန်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါ နည်းပြအဖွဲ့ဝင်တစ်ဦးမှာ လက်ရှိတွင် ပြန်လည်ကျန်းမာလာပြီဟု ရွိုင်ယန်ပက်ဆေးရုံ တာဝန်ရှိသူများက အတည်ပြုပြောကြားထားသည်။ ယင်းအဖြစ်အပျက်မှာ မန်ယူအသင်းတည်းခိုရာ ဟိုတယ်အတွင်းတွင်ဖြစ်ပွားခဲ့ပြီး ၎င်းကို အရေးပေါ်ကားဖြင့် ရွိုင်ယန်ပက်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု channel 9 သတင်းဌာနက ရေးသားထားသည်။
လတ်တလောတွင် ယင်းအဖြစ်အပျက်အတွက် သေချာသည့်ထုတ်ပြန်မှုမျိုးကို ဖော်ပြထားခြင်းမရှိသေးကြောင်း Daily Mail သတင်းဌာနက ရေးသားထားသည်။

Source : The Voice