fbpx

မက်ဂွိုင်းယားအတွက် သတ်မှတ်ပြောင်းရွှေ့ကြေး ပေးနိုင်သည့်အသင်း မရှိသေးဟု နည်းပြ ပြော

နောက်ခံလူ မက်ဂွိုင်းယားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးနိုင်တဲ့အသင်း မရှိသေးဘူးလို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောပါတယ်။

လက်စတာအသင်းဟာ နောက်ခံလူ မက်ဂွိုင်းယားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လောက် အလိုရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့အတွက် တကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ကစားသမားတွေကို ရောင်းချဖို့အတွက် မလိုအပ်တာကြောင့် အလောတကြီး ရောင်းချစရာမရှိဘဲ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရမှ ရောင်းချမယ်လို့ နည်းပြ ရော်ဂျာက ဆိုပါတယ်။

ဒါ့အပြင် မက်ဂွိုင်းယားအတွက်လည်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းတဲ့အသင်း မရှိကြောင်းနဲ့ ရှိခဲ့ရင်တော့ အသင်းကထွက်နိုင်တယ်လို့ နည်းပြ ရော်ဂျာက ဆိုပါတယ်။

Source : DVB