fbpx

အေစီမီလန်တိုက်စစ်မှူး ပတ်ထရစ်ကူထရိုနီကို ဝုဗ်ဗာဟမ်တန်အသင်း ခေါ်ယူ

ဝုဗ်ဗာဟမ်တန်အသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပတ်ထရစ် ကူထရိုနီကို  ပေါင် ၁၇ သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။

အသက် ၂၁ နှစ်ရှိ အီတလီတိုက်စစ်မှူး ကူထရိုနီဟာ အေစီမီလန်အသင်းမှာ ခြေစွမ်းပြ ကစားနေသူဖြစ်ပြီး အသင်းနဲ့အတူ ၂ ရာသီအတွင်းမှာ ပွဲ ၉၀ ကစားပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကူထရိုနီဟာ အီတလီလက်ရွေးစင်အသင်းအတွက်လည်း တပွဲကစားပေးထားပါတယ်။ ဝုဗ် အသင်းဟာ ကူထရိုနီကို ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသင်းက လိုလိုချင်ချင်နဲ့ ကမ်းလှမ်းခဲ့တာကြောင့် ပြောင်းရွှေ့လာတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ကူထရိုနီက ပြောပါတယ်။

ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းရခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားပါတယ်။


Zawgyi Version ျဖင့္ဖတ္ရန္

ေအစီမီလန္တိုက္စစ္မႉး ပတ္ထရစ္ကူထ႐ိုနီကို ဝုဗ္ဗာဟမ္တန္အသင္း ေခၚယူ

DVB

ဝုဗ္ဗာဟမ္တန္အသင္းဟာ ေအစီမီလန္တိုက္စစ္မႉး ပတ္ထရစ္ ကူထ႐ိုနီကို ေပါင္ ၁၇ သန္းနဲ႔ အၿပီးသတ္ ေခၚယူလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္ရွိ အီတလီတိုက္စစ္မႉး ကူထ႐ိုနီဟာ ေအစီမီလန္အသင္းမွာ ေျခစြမ္းျပ ကစားေနသူျဖစ္ၿပီး အသင္းနဲ႔အတူ ၂ ရာသီအတြင္းမွာ ပြဲ ၉၀ ကစားၿပီး ၂၇ ဂိုး သြင္းယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ကူထ႐ိုနီဟာ အီတလီလက္ေ႐ြးစင္အသင္းအတြက္လည္း တပြဲကစားေပးထားပါတယ္။ ဝုဗ္ အသင္းဟာ ကူထ႐ိုနီကို ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

အသင္းက လိုလိုခ်င္ခ်င္နဲ႔ ကမ္းလွမ္းခဲ့တာေၾကာင့္ ေျပာင္းေ႐ႊ႕လာတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ကူထ႐ိုနီက ေျပာပါတယ္။

ဝုဗ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းရခဲ့ၿပီး ယူ႐ိုပါလိဂ္ ဝင္ခြင့္ရရွိထားပါတယ္။

Source : DVB