fbpx

မြေယာပြဿနာ (ဥပဒေရေးရာ အမေးအဖြေ)

မြေယာပြဿနာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ကျနော်တို့ သူငယ်ချင်းနှစ်ယောက်က ပုံစံ-၇ ကျပြီးသား လယ်ယာမြေကို နှစ်ဦးစပ်တူ အရောင်းအဝယ် ပြုထားပါတယ်။ နှစ်ဦးစပ် ဖြစ်တဲ့အတွက် ပုံစံ-၇ ကို အုပ်ချုပ်ရေးမှူးက သိမ်းထားပါတယ်။ အခုချိန်မှာ ဝယ်ထားသူ ကာယကံရှင် နှစ်ဦးက ပြန်တောင်းတော့ အုပ်ချုပ်ရေးမှူးက ပြန်မပေးပါဘူး။ ဘယ်လို ဆက်လက်ဆောင်ရွက်ရမလဲ ဆိုတာကို အကြံပြုစေချင်ပါတယ်။ 

ဖြေ – မေးထားသည့် မေးခွန်းက မရှင်းပါဘူး။ ဘယ်တုန်းက ဝယ်ထားတာလဲ၊ ဘာကြောင့် ရောင်းသူထံက ပုံစံ ၇ ကို ဝယ်သူများက မရဘဲ အုပ်ချုပ်ရေးမှူးက သိမ်းထားတာလဲ၊ အမှန်ကတော့ ရောင်းသူနှင့် ဝယ်သူအကြား ပုံစံ−၇ အလွှဲအပြောင်း လုပ်တာကို အုပ်ချုပ်ရေးမှူးက သိမ်းထားစရာ အကြောင်း မရှိပါဘူး။ တစ်ခုခု မှားနေပါတယ်။ ငွေကြေး စရိတ်စက အကုန်အကျခံ ဝယ်ထားပြီးမှတော့ ပိုင်ရှင်ထံမှ ပုံစံ−၇ ကို ဝယ်သူက ရယူထားလေ့ ရှိပါတယ်။ ဘာကြောင့် သိမ်းသလဲ၊ မြေပေါ်မှာ ဝယ်သူတွေ လက်ရှိ လက်ရောက်ရထား မထား..စသည့် အချက်များ ပါခဲ့လျှင် ဆွေးနွေးရတာ ပိုပြည့်စုံပါမယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) မှာ “လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရရှိစေရမည်”..ဟု ပြဋ္ဌာန်းထားပေမယ့် ဥပဒေ ပြဋ္ဌာန်းခဲ့သည့် ၂၀၁၂ မှ ယခုထိ တရားဝင် အရောင်းအဝယ် အလွှဲအပြောင်း မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ တရားမဝင် လွှဲပြောင်းမှု Illegally Transaction သဘောသာ ဖြစ်နေပါတယ်။ နည်းဥပဒေ ၂၄၊ နည်းဥပဒေ ၂၅ ပါ အချက်များနှင့်အညီ ဆောင်ရွက် လွှဲပြောင်းခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့် လွှဲပြောင်းရောင်းချခြင်း လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးဖြစ်သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်အား လွှဲပြောင်း ချုပ်ဆိုသည့် စာချုပ်၌ သတ်မှတ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်နိုင်ရေးအတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ ပါ လယ်ယာမြေ၏ ဒေသန္တရတန်ဖိုးအား သတ်မှတ်ပေးရမည့် လယ်စီအဖွဲ့ မည်သည့်အဖွဲ့ ဖြစ်သည်ကို တာဝန်ပေးအပ်မှုနှင့် လုပ်ငန်းညွှန်ကြားချက်များ မရှိသေးသည့်အတွက် ဖြစ်ပါတယ်။ လယ်ယာမြေ လွှဲပြောင်း ရောင်းဝယ်မှုများ ရှိနေလင့်ကစား တံဆိပ်ခွန်ထမ်းဆောင်၍ တရားဝင် စာချုပ် ချုပ်ဆိုခြင်း၊ ယင်းစာချုပ်အား ဦးစီးဌာနတွင် မှတ်ပုံတင်ပေးခြင်း၊ အဆိုပါ မှတ်ပုံတင်စာချုပ်အရ လုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပေးခြင်းများ  မလုပ်နိုင်ခဲ့ပါ။

ယခုအခါ လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ်၊ ပေးကမ်းခြင်း ကိစ္စများအတွက် ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ အခွင့်အရေးများ ရရှိစေရန် ဗဟိုလယ်စီအဖွဲ့မှ (၁၆-၅-၂၀၁၉) ရက်စွဲဖြင့် ညွှန်ကြားချက် (၃) စောင် ထုတ်ပြန်ထားပါတယ်။

(က) လယ်ယာမြေဥပဒေ ပုဒ်မ ၁၈  ပါ ပြဋ္ဌာန်းချက်အရ လယ်ယာမြေ၏ ဒေသန္တရ တန်ဖိုး နှုန်းထား သတ်မှတ်ဆောင်ရွက်ရန် တာဝန်ကို မြို့နယ်လယ်စီအဖွဲ့သို့ တာဝန်ပေး အာဏာအပ်နှင်းသည့် ဗဟိုလယ်စီအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ဖြစ်ပါတယ်။

(ခ) ထိုနောက် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း ဆောင်ရွက်ကြသည့်အခါ ကျေးရွာလယ်စီနှင့် မြို့နယ်လယ်စီတို့မှ စာချုပ် ချုပ်ဆို တင်ပြမှုများကို စိစစ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညွှန်ကြားသည့် ဗဟိုလယ်စီအဖွဲ့၏ ညွှန်ကြားချက် အမှတ် ( ၃/၂၀၁၉) ဖြစ်ပါတယ်။

(ဂ) ထို့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်းများအတွက် စာချုပ်ချုပ်ဆို လွှဲပြောင်းမှုများကို လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ပေးပြီးနောက် လက်ခံရရှိသူ အမည်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပြောင်းလဲပေးခြင်း၊ နည်းလမ်း ညွှန်ကြားချက်အမှတ် (၄/၂၀၁၉) ဖြစ်ပါတယ်။

သို့ဖြစ်ရာ ယခုအခါတွင် (၁-၆-၂၀၁၉) နေ့ရက်မှ အစပြု၍ လယ်ယာမြေလုပ်ပိုင်ခွင့် ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ်နှင့် ပေးကမ်းခြင်း စာချုပ်များကို မြို့နယ်လယ်စီအဖွဲ့မှ ဒေသန္တရ တန်ဖိုး စိစစ် သတ်မှတ်ပေးမည်ဖြစ်ပြီး ယင်းသတ်မှတ်သော ဒေသန္တရတန်ဖိုးအလိုက် ထိုက်သင့် တံဆိပ်ခေါင်းခွန်များ ကပ်နှိပ်ထားသည့် စာချုပ်များကို ရပ်ကျေးလယ်စီရှေ့မှောက်တွင် ချုပ်ဆိုခြင်း၊ ယင်း စာချုပ်ကို မှတ်ပုံတင်ခပေးသွင်း၍ ဦးစီးဌာန (at DALMS Office, not in Registration Office) တွင် မှတ်ပုံတင်ခြင်း၊ ယင်းမှတ်ပုံတင်စာချုပ်အရ လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းခြင်းတို့ကို အဆိုပါ ညွှန်ကြားချက်များနှင့်အညီ စတင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

မေးခွန်းရှင်အနေဖြင့် မူလ နှစ်ဦးစပ်တူ အရောင်းအဝယ် ပြုခဲ့သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ယခု စာချုပ်အသစ် ပြန်ချုပ်ဆိုရပါမယ်။ လယ်ယာမြေ၏ ဒေသန္တရ တန်ဖိုးကို မြို့နယ်လယ်စီက သတ်မှတ်ပေးသည့်အတိုင်း ထိုက်သင့်တံဆိပ်ခွန်များ ထမ်းဆောင်ရပါမယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ-၇ ရခဲ့သူ၊ သို့မဟုတ် ၎င်း၏ တရားဝင် လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်၊ သက်သေ ၂ ဦးတို့ဖြင့် တံဆိပ်ခွန် ထမ်းဆောင်ထားသော စာချုပ်ဖြင့် ရပ်ကျေး လယ်စီအဖွဲ့ ရှေ့မှောက်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အရောင်းအဝယ် စာချုပ် ပြန်လည် ချုပ်ဆို ရပါမည်။ ရပ်ကျေးလယ်စီမှ စိစစ် ချုပ်ဆိုခွင့်ပြုပြီးပြီးမှသာ ယင်းစာချုပ်ကို ဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ မိမိတို့ ၂ ဦး အမည်သို့ ပြောင်းလဲပေးရန် ပုံစံ-၇ အမည်ပြောင်းခြင်းတို့ ဆက်လက် ဆောင်ရွက်ရန် ဖြစ်ပါတယ်။

 မေး – စားကျက်မြေပေါ်မှာ ကျုးကျော်တယ် ဆိုပြီး ကျနော် အပါအဝင် လူငါးဆယ်လောက်ကို ပုဒ်မ ၅၉ နဲ့ တရားစွဲထားပါတယ်။ စားကျက်မြေဆိုတာ ဘာလဲ။ ပုဒ်မ ၅၉ ဆိုတာ ဘာလဲ။ တကယ်လို့ ပြစ်ဒဏ်ချမယ်ဆိုရင် ဘယ်လောက်အထိ ကျခံရမလဲဆိုတာကို သိပါရစေ ဆရာ။

ဖြေ – အမေးတွင်ပါရှိသော ပုဒ်မ ၅၉ အရ အရေးယူသည် ဆိုခြင်းမှာ အကြားမှားခြင်း ဖြစ်ပါမည်။ အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ ဖြစ်ပါလိမ့်မည်။

စားကျက်မြေဆိုတာ ကျွဲ၊ နွား စားကျက်မြေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ မြေနှင့် အခွန်တော် ဥပဒေများမှာ Grazing Ground ဟု ဖော်ပြ သတ်မှတ်ပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ၊ နည်းဥပဒေ ၆၆ မှ ၇၁ အထိတွင်လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့် အခွန်တော် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ ၇၅ မှ ၇၉ အထိတွင် လည်းကောင်း ကျွဲ၊ နွား စားကျက်မြေများ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းများအတွက် ပြဋ္ဌာန်းချက်များ သတ်မှတ်ခဲ့ပါတယ်။

စားကျက်ဆိုတာ ကျွဲ၊ နွားများ အညောင်းအညာပြေ လွှတ်ကျောင်းရန်အတွက် လည်းကောင်း၊ အစာရေစာ ရှာဖွေစားသောက်နိုင်သည့် စားကျက်များအဖြစ် အသုံးပြုနိုင်ရန် လည်းကောင်း ရည်ရွယ် သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ အောက်မြန်မာပြည်မှာတော့ အရေးပိုင်မှ တရားဝင် အမိန့် ကြေညာစာ ထုတ်ပြန်သတ်မှတ်ပေးသည့် စားကျက်များ ဖြစ်သော်လည်း အထက်မြန်မာပြည်မှာတော့ ထိုသို့ ပြန်တမ်း ထုတ်ပြန် သတ်မှတ်တာ ရှိသလို အရေးပိုင်က မသတ်မှတ်ဘဲ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ် အသုံးပြုစေသည့် အရပ်စားကျက်များ ရှိပါတယ်။ မြေစာရင်းဌာနမှ နှစ်စဉ် ပြုစုရသော မြေအမျိုးအစားအလိုက် အသုံးပြုသော ဧရိယာစာရင်း နှစ်ချုပ်ပြုစုရာတွင် စားကျက်မြေအား ထိုသို့ ၂ မျိုး ၂ စား ခွဲခြား ပြုစုပေးရပါတယ်။ အောက်အရပ်တွင် ကျွဲအသုံးပြုမှု များသည့်အားလျော်စွာ မိုးအခါ ရေပြင်ဖြစ်နေသည့် ရေနက်ကွင်းများ လဟာများနှင့် ပင်လယ်ကမ်းစပ် သောင်ပြင်များ၊ ဒီရောက်တောများကို စားကျက်မြေအဖြစ် အများအားဖြင့် သတ်မှတ်ပေးခဲ့တာ တွေ့ရပြီး နွားအသုံးပြုမှု များသည့် မြန်မာနိုင်ငံ အထက်ပိုင်းတွင်မူ ကွင်းပြောင်များ၊ တောင်ကုန်းများကို စားကျက်အဖြစ် သတ်မှတ်ခဲ့တာ များကြောင်း တွေ့ရပါတယ်။

အရေးပိုင်ခရိုင်ဝန်မှ စားကျက် လိုအပ်သည်ဟု ထင်မြင်ယူဆရသည့် ကျေးရွာသားများအတွက် ၎င်းကျေးရွာများအနီး သင့်လျော်သည့် စားကျက်မြေကို လျာထားရွေးချယ်ပြီး မှတ်တိုင်များ စိုက်ထူ မြေတိုင်းတာ ပုံထုတ်စေပါတယ်။ ယင်းမြေပုံနှင့် နို့တစ်ကြေညာစာကို အဆိုပါ မြေနှင့် နီးစပ်ရာ ကျေးရွာများရှိ သူကြီးအိမ်များမှာ စွဲကပ်စေပြီး ကန့်ကွက်လွှာ ၁၅ ရက် ခေါ်ရပါတယ်။ ကန့်ကွက်မှုများကို စုံစမ်းစစ်ဆေးပြီးနောက် ယင်းမြေကို စားကျက်အဖြစ် သတ်မှတ်သင့်သည်ဟု ထင်မြင်ပါက စားကျက်မြေအဖြစ် အမိန့်ထုတ်ဆင့်ပါတယ်။ အမိန့်စာမှာ ယင်းစားကျက်သည် အကျယ်အဝန်း မည်မျှရှိကြောင်း၊ မည်သည့် ကျေးရွာများနှင့် အကျိုး သက်ဆိုင်ကြောင်း အမိန့်စာမှာ ပါရှိရပါတယ်။ စားကျက်မြေ ဆိုသည်မှာ စားကျက် သီးသန့်သာမက စားကျက်သို့ ကျွဲ၊ နွားများ ဝင်ထွက်နိုင်ရန် ပယ်လမ်းများကိုပါ စားကျက်အဖြစ် သတ်မှတ်ပေးရပါတယ်။ စားကျက်မြေအတွင်း စိုက်ပျိုးမှု အိမ်ရာဆောက်လုပ်မှု ခွင့်မပြုရပါဘူး။ စိုက်ပျိုးရေးအတွက် Grant, Lease အငှားချထားခြင်းများလည်း မပြုရပါဘူး။

စားကျက်နှင့် မပတ်သက်သည့် ကျေးရွာမှ သူများ ကျွဲ၊ နွား စားကျက် လာချပါက လည်းကောင်း၊ မည်သူမဆို စားကျက်ချထားခြင်းကိစ္စမှ လွဲ၍ အခြားနည်းလမ်း တရပ်ရပ် အသုံးပြုခြင်း၊ နေထိုင်ခြင်း၊ အမိန့်မရဘဲ စားကျက်မြေအတွင်းမှ သစ်ပင် ချုံနွယ်မှအစ မြက် စသည်တို့ကို ရိတ်ဖြတ် ခုတ်လှဲ ရွှေ့ပြောင်း သယ်ဆောင်ခြင်း ပြုလျှင်လည်းကောင်း၊ စားကျက်ကို ကျူးကျော် အသုံးပြုလျှင်သော်လည်းကောင်း တရားစွဲဆို အရေးယူခံရမည် ဖြစ်ပါတယ်။ ပြစ်မှု ထင်ရှားပါက ကျပ် ၂၀ဝ ထိ ငွေဒဏ်ဖြစ်စေ၊ သို့မဟုတ် တလထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ ကျခံစေရမည်ဟု အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ တွင် ပြဋ္ဌာန်းထားပါတယ်။ အထက်မြန်မာပြည် စားကျက်ကျူးများအတွက်မူ အထက်မြန်မာပြည် မြေနှင့် အခွန်တော်စည်းမျဉ်း နည်းဥပဒေ ၇၈ အရ  ကျပ် ၂၀ဝ ထိ ငွေဒဏ် ထမ်းဆောင်စေရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။ စားကျက်ကျူးအတွက် မြေခွန်၏ ၂ ဆ ကိုလည်း ပေးဆောင်စေရပါတယ်။

စားကျက်မြေ ထိန်းသိမ်းရန်အတွက် ဗဟိုမြေယာကော်မတီ၏ စားကျက်မြေများအတွင်း ဝင်ရောက် စိုက်ပျိုးခြင်းနှင့် အခြား ကျူးကျော်မှုများအား အရေးယူရန် ၁၉၆၅-၆၆ မတိုင်မီက ညွှန်ကြားချက်မှာ စားကျက်ကျူးကျော် စိုက်ပျိုးမှုအတွက် စိုက်ပျိုးသော သီးနှံအား ရိတ်သိမ်းခွင့် မပြုဘဲ  သက်ဆိုင်ရာ မြေယာကော်မတီများမှ သိမ်းယူ၍ သီးနှံပေါ်သည့်အခါ စိုက်ပျိုးခဲ့သူအား စိုက်ပျိုး ကုန်ကျစရိတ် ပေးချေပြီးနောက် ကျန်သီးနှံ တစ်ဝက်ကို စိုက်ပျိုးသူအား ပြန်ပေးရန်၊ တစ်ဝက်ကို အစိုးရဒိုင်သို့ ရောင်းချပြီး ရငွေကို ဗဟိုမြေယာကော်မတီထံ တင်ပြ လမ်းညွှန်ချက် ခံယူ သုံးစွဲစေရန်ဟု ဖြစ်ပါတယ်။

၁၉၆၆ နောက်ပိုင်းတွင်မူ စားကျက်ကျူးလွန် စိုက်ပျိုးသူများအား လုံးဝ ခံစားခွင့်မပေးတော့ဘဲ မြေယာကော်မတီများကသာ သီးနှံကို အကြွင်းမဲ့ သိမ်းယူ ရောင်းချရန်နှင့် ရောင်းချရငွေ အသုံးပြုရေးအတွက် ဗဟိုမြေယာကော်တီသို့ တင်ပြရန်ဟု ပြောင်းလဲ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။ ထိုနောက် ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ၁၉၇၃ ခုနှစ် မေလ ၃၁ နောက်ပိုင်း စားကျက် ကျူးကျော်မှုများကို ရှင်းလင်း အရေးယူရန် ညွှန်ကြားခဲ့ပြီး ဆောင်ရွက်သော်လည်း စားကျက်ကျူး ကိစ္စအား မထိန်းသိမ်းနိုင်ခဲ့ပါ။ ယခုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စားကျက် ကျူး အရေးယူရန် ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ဆဲဖြစ်ကြောင်း တွေ့နေရပါတယ်။ စားကျက်မြေနှင့် ပတ်သက်၍ မလိုအပ်တော့သည့်၊ အသုံးမပြုနိုင်တော့သည့် စားကျက်မြေများကို ပယ်ဖျက်ရေး၊ လိုအပ်သည့်နေရာများတွင် ပြန်လည်သတ်မှတ်ရေးနှင့် အသစ်ထူထောင်ပေးရေး ကိစ္စကို နိုင်ငံ တော်အနေဖြင့် စိစစ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။

စားကျက်ကျူး ပြစ်ဒဏ်အနေဖြင့် အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ အရ အရေးယူခြင်း ဆိုပါက ဒဏ်ငွေ ၂၀ဝ ကျပ် ဖြစ်စေ၊ ထောင်ဒဏ် တစ်လအထိ ဖြစ်စေ ကျခံရပါမယ်။ အထက်မြန်မာပြည်အတွက် ဖြစ်ပါက အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော်စည်းမျဉ်း၊ နည်း ဥပဒေ ၇၈ အရ  ကျပ် ၂၀ဝိ ထိ ငွေဒဏ် ထမ်းဆောင်ရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။

မေး – ပုံစံ-၇ က ကျွန်မယောက်ျားဖြစ်သူရဲ့ အမည်နဲ့  ပေါက်နေပါတယ်။ အခုချိန်မှာ နှစ်ဦး သဘောတူ ကွာရှင်းရန် အကြောင်းဖြစ်လာတဲ့အတွက် ကွာရှင်းချိန်မှာ ဒီလယ်ယာမြေကို အမွေပုံထဲမှာ ထည့်ရမည်လား။ ထည့်မည်ဆိုလျှင် ဘယ်လို ခွဲဝေရမလဲ၊ ဘယ်လို လုပ်ထုံးလုပ်နည်းတွေ ရှိသလဲ ဆိုတာကို သိပါရစေ။

ဖြေ – မေးခွန်းက တစ်ဖက်က ကြည့်ရင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လင်ရော မယားပါ ပူးတွဲ လက်ရှိထား ပိုင်ဆိုင်ခွင့် ရှိတာမို့ တူညီသော အကျိုးခံစားခွင့်အတွက် ပစ္စည်းခွဲဝေခွင့် ရှိသည်ဟု သတ်မှတ်သည့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ စဉ်းစားရမည့် အချက်များ ရှိသလို တစ်ဖက်ကလည်း လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်မလွတ်စေဘဲ သုံးသပ် ဆောင်ရွက်ရန်ဟု သဘော ရရှိပါတယ်။ 

ပုံစံ-၇ ဆိုတာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ဆိုသည်တို့အား ဥပဒေမှာ အဓိပ္ပာယ် ဖွင့်ဆိုထားမှုကို ဒီလို တွေ့ရပါတယ်။

“လယ်ယာမြေ လုပ်ပိုင်ခွင့် ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်း ပိုင်ရှင် ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ “ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ လက်ဝယ်ထားရှိ၍   စိုက်ပျိုး လုပ်ကိုင် အသုံးချခွင့်ပြုခြင်း” ကို ဆိုသည်။ သို့ရာ တွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓါတ်ငွေ့စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်”- (လယ်ယာမြေပုဒ်မ ၃ (ဃ)) “လယ်ယာမြေ လုပ်ပိုင်အသုံးပြုခွင့်လက်မှတ် ဆိုသည်မှာ လယ်ယာမြေကို လုပ်ပိုင်ခွင့် ပြုကြောင်း လယ်ယာမြေဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုလက်မှတ်ကို ဆိုသည်” (လယ်ယာမြေ နည်းဥပဒေ ၂ (က) ) ဟု ဖွင့်ဆိုထားပါတယ်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လယ်ယာမြေကို လက်ဝယ်ထားရှိ၍   စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းလို့ ဆိုထားရာမှာ ယင်းစကားရပ်မှာကိုက အခွင့်အရေး ၃ ရပ် ရှိနေတာ သတိပြုမိပါတယ်။ (၁) လက်ဝယ်ထားရှိခွင့် In Possession Right.. (၂) စိုက်ပျိုး လုပ်ကိုင်ခွင့် Cultivation Right .(၃) အသုံးချခွင့် Land Use Right များကို ခွင့်ပြုထားခြင်းဟု နားလည်မိပါတယ်။

လက်ဝယ်ထားခွင့် In possession right ဆိုတာ အတော်ကျယ်ပြန့်ပါတယ်။ မြေနှင့် အခွန်တော် ဥပဒေများအရ အမွေဆက်ခံခြင်း၊ ရောင်းချခြင်း၊ ပေါင်နံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း၊ လက်ဝယ် ထား အသုံးချခြင်း၊ စသည့် အခွင့်အရေးများသည် လက်ဝယ်ထားခွင့်မှာ ပါရှိနေပါတယ်။ ယင်းအခွင့်အရေးများကို ခွဲဝေနိုင်သည့် ၊ အမွေဆက်ခံနိုင်သည့် သဘော ရှိပါတယ်။

တစ်ဖက်က ကြည့်ပြန်တော့ လယ်ယာမြေ လုပ်ပိုင်အသုံးပြုခွင့်လက်မှတ် ဆိုတာ လယ်ယာမြေဥပဒေအရ ထုတ်ပေးသည့် လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုကြောင်း ခွင့်ပြုလက်မှတ်လို့ ဆိုထားတာကြောင့် ယင်းလက်မှတ်ပါ အခွင့်အရေးသည် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုရသည့် အခြေခံ ပြဋ္ဌာန်းချက်များအရသာ ခံစားခွင့် ရရှိစေရမှာလည်း ဖြစ်ပါတယ်။

Right to use the Farmland ဟု ဖော်ပြထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်အား ခွဲဝေခြင်း၊  လွှဲပြောင်း ပေးကမ်းခြင်းများအတွက် အဓိက လိုက်နာကျင့်သုံးရသည့် ပြဋ္ဌာန်းချက်ကတော့ ပုဒ်မ ၉ ၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ ဖြစ်ပါတယ်။

ပုဒ်မ ၉ (ခ) ။ “လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံး ဖြစ်စေ၊ တစိတ်တစ်ပိုင်း ဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရရှိစေရမည်”..

ပုဒ်မ ၉ (ဂ) ။ “လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွါးမှု ပေါ်ပေါက်ပါက တည်ဆဲဥပဒေနဲ့အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့် ရှိသည်”

ဟု ပြဋ္ဌာန်းထားချက်များအရ – လင်မယား ၂ ယောက်၏ လယ်ယာမြေ လုပ်ပိုင်ခွင့်အား ခွဲဝေလုပ်ကိုင်ခွင့် ရရှိရန်အတွက် တရားရုံးတွင် အမွေပုံပစ္စည်း ခွဲဝေပေးရန် စွဲဆိုခြင်းထက် လယ်ယာမြေ ဥပဒေ၏ ဘောင်အတွင်းမှသာ လယ်ယာမြေ လုပ်ပိုင်ခွင့် ခွဲဝေနိုင်ရေးကို တောင်းခံ ဖြေရှင်းခြင်းက ပိုမိုသင့်လျော်မည် ဖြစ်ပါတယ်။ 

လက်ရှိ မေးမြန်းသည့် ပြဿနာသည် အမွေဆိုင်ပစ္စည်း၊ အမွေဆက်ခံပစ္စည်းကို ခွဲဝေလိုခြင်း မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်အား ခွဲဝေရရှိလိုခြင်းဟု သတ်မှတ်နိုင်ပါတယ်။ သည့်အတွက် ပုဒ်မ ၉ (ဂ) အရ တရားရုံးသွားရန် မလိုအပ်ဟု ယူဆပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် တရားရုံးမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း ကိစ္စများအတွက် လယ်ယာမြေ၊ နည်းဥပဒေများတွင် လည်းကောင်း၊ ဗဟိုလယ်စီအဖွဲ့၏ လတ်တလော ထုတ်ပြန်ထားသော ညွှန်ကြား ချက် (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ နှင့် (၄/၂၀၁၉) များတွင်လည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများ ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ နည်းဥပဒေ ၂၄ နှင့် နည်းဥပဒေ  ၂၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးကမ်းခွဲစိတ် လွှဲပြောင်းခြင်း ဆောင်ရွက်နိုင်သည့်အတွက် လင်မယား ကွာရှင်းသည့်အခါ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို နှစ်ဦးသဘောတူ ညှိနှိုင်းချက်ဖြင့် စာချုပ် ချုပ်ဆို ခွဲစိတ် လွှဲပြောင်းနိုင်ပါတယ်။ ယောက်ျားက မိန်းမကို သူ့အမည်နှင့် ပုံစံ-၇ ရထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်မှ နှစ်ဦး ညှိနှိုင်းရရှိသည့် လယ်ယာမြေအားလုံး၊ သို့မဟုတ် တစိတ်တပိုင်းကို ခွဲစိတ်ပေးကမ်း စာချုပ် ချုပ်ဆိုပြီး ပေးကမ်းနိုင်ပါတယ်။ 

သို့သော် ပုဒ်မ ၉(ခ) ပါအတိုင်း ထိုသို့ဆောင်ရွက်ပေးနိုင်ပါလျက် ယောက်ျားဖြစ်သူက သဘောတူ ဆောင်ရွက်မပေးလျှင်၊ ခွဲစိတ်လွှဲပြောင်းပေးရန် လုံးဝ သဘောမတူဘဲ ငြင်းဆိုခဲ့လျှင် ဘာလုပ်မလဲ ဆိုတဲ့ ပြဿနာ ပေါ်ပေါက်နိုင်ပါတယ်။

ထိုအခါ ယောက်ျားအမည်နှင့် ရထားသည့် ပုံစံ-၇ အား မိမိလည်း မည်သို့ ပါဝင် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု အခြေအနေအရ ၎င်းတစ်ဦးတည်းသို့ ချထားခြင်းအစား မိမိအမည်ဖြင့်ပါ ခွဲဝေလုပ်ပိုင်ခွင့် ချထားပေးရန် ပုဒ်မ ၂၂ အရ ရပ်ကျေးလယ်စီထံ မူလ မှုခင်း ဖွင့်လှစ် ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်။

မေး –လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ပုဂံမှာ ဂရန်ကျထားတဲ့ မြေကွက်တကွက်ကို တစ်ပိုင်းခွဲ ရောင်းလို့ စာချုပ်နဲ့ ဝယ်ထားပါတယ်။ ဂရန်ကိုလည်း ကျနော်က ယူထားပါတယ်။ ပုံစံ-၁၀၅ လည်း ရပြီးပါပြီ။ အခုချိန်မှာ အဲဒီမြေကွက်ကို ခြံခတ်ဖို့လုပ်တော့ ကွယ်လွန်သူ အမွေရှင်ရဲ့ သားသမီးတွေက သူတို့အပိုင်းက မြေပါ ပါသွားမှာ စိုးရိမ်မှုဖြင့် ခြံကာခွင့် မပြုပါဘူး။ တရားဝင် ခြံခတ်လို့ ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို အကြံပေးစေချင်ပါတယ်။ 

ဖြေ – တရားဝင် ဂရန်ချပေးထားသည့် မြေမှ ပိုင်းစိတ်ဝယ်ယူခြင်းအတွက် ကြီးမားသည့် ပြဿနာ မရှိနိုင်ဟု ယူဆပါတယ်။ ပြဿနာ ရှင်းနိုင်ရန်အတွက် အဆိုပါ ဂရန်မြေအား ဝယ်ယူခဲ့စဉ်က အရပ် စာချုပ်နှင့်လား၊ တရားဝင် မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူထားခဲ့သလား စဉ်းစားရန် လိုပါမယ်။ ဂရန်မြေ လွှဲပြောင်း ရောင်းဝယ်မှုကို တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်ခဲ့ပါက ဂရန် ခွဲခွင့် လျှောက်ထားနိုင်ပါတယ်။ မိမိတို့အပိုင်းအတွက် မြေကွက် ခွဲစိတ်ခွင့် တောင်းခံ၊ မှတ်ပုံတင်စာချုပ်ပါ ဧရိယာအတိုင်း ဌာန၏ တရားဝင် မြေတိုင်းတာမှုဖြင့် မြေပုံရေးဆွဲ၊ မိမိ အမည်ပေါက် ဂရန်ခွဲ လျှောက်နိုင်ပါတယ်။ အရပ်စာချုပ်ဖြင့် ဝယ်ယူထားပါက မြေခွဲစိတ်မှု တရားဝင် ဖြစ်ရန် ကြန့်ကြာနိုင်ပါတယ်။

ထိုက်သင့် တံဆိပ်ခွန် ထမ်းဆောင်၍ တရားဝင် စာချုပ်စာတမ်းအဖြစ် မှတ်ပုံတင်မထားသော စာချုပ်သည် တံဆိပ်ခွန်ဥပဒေ ပုဒ်မ ၃၅ နှင့် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၅၃ တို့အရ သက်သေခံမဝင်ခြင်း၊ မိမိတို့မှ ပိုင်ဆိုင်ကြောင်း မကြေညာနိုင်ခြင်း၊ ၂၀၁၈ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ ပုဒ်မ ၄၉ အရ စာချုပ်စာတမ်းပါ ပစ္စည်းနှင့်သက်ဆိုင်သော ကတိနှင့် စည်းကမ်းချက်များသည်  တရားဝင် မဖြစ်ခြင်းတို့ကို တွေ့ရပါတယ်။

အရပ်စာချုပ် ဖြစ်နေလျှင် မိမိတို့ မြေပိုင်နက် တရားဝင် ဖြစ်စေရန် ဆောင်ရွက်လေ့ရှိတဲ့ နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ ရောင်းချသူအား အရောင်းအဝယ်စာချုပ်ကို ပဋိညာဉ်အတိုင်း ဆောင်ရွက် မှတ်ပုံတင်ပေးစေလိုမှုနဲ့ စွဲဆိုရပါတယ်။ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးနောက် မှတ်ပုံတင်ပေးရန် ပျက်ကွက်သည့်ကိစ္စရပ်သဘော ဖြစ်ပါတယ်။ ယင်းအရပ်စာချုပ်တွင် ဤအရောင်းအဝယ် စာချုပ်အား  တရားဝင်မှတ်ပုံတင်ပေးရန် ကိစ္စအတွက် ရောင်းသူမှ လိုအပ်သလို လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နှစ်ဦးသဘောတူ ပဋိညာဉ်ပြုချက် ရှိရပါမယ်။ ထိုအရပ်စာချုပ်ပါအတိုင်း ယနေ့ထိ တရားဝင်မှတ်ပုံတင်လုပ်ငန်းအတွက် လိုက်ပါဆောင်ရွက်ပေးရန် ပျက်ကွက်နေမှုကြောင့် ပဋိညာဉ်အတိုင်း တရားဝင် မှတ်ပုံတင်ပေးရန် ဒီကရီ အမိန့် ချမှတ်ပေးပါရန် တရားရုံးသို့ လျှောက်ထားလာသည့် ကိစ္စရပ်များအတွက် တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁ ၊ နည်း (၃၄) ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်စီရင်ပြီး တရားဝင် မှတ်ပုံတင်ပေးရန် အမိန့်ချမှတ်မှုအပေါ် ဆက်လက် ဆောင်ရွက်ခြင်းဖြင့် အဆိုပါ အရောင်းအဝယ် စာချုပ်သည် တရားဝင်မှတ်ပုံတင်စာချုပ် ဖြစ်လာပြီး ယင်းမြေကွက်နှင့် သက်ဆိုင်ရာ အခွင့်အရေးများ ရရှိလာနိုင်ခြင်းဖြင့်လည်း ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

တရားဝင် မြေတိုင်းတာမှု ပြုလိုက်လျှင်တော့ ပြေလည်သွားနိုင်မည့် ပြဿနာ ဖြစ်ပါတယ်။

မေး – သိမ်းဆည်းခံထားရတဲ့ ကျွန်တော့်ရဲ့မြေပေါ်မှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဆက်သွယ်ရေးတာဝါ တိုင် လာစိုက်ထားပါတယ်။ ငှားရမ်းခတွေ မြေရှင် မရပါဘူး။ တကယ်လို့ အဲဒီသိမ်းဆည်းမြေက မူလပိုင်ရှင်ရဲ့ လက်ထဲကို ပြန်ရောက်မှ မြေငှားခ ပြန်ရမှာလား ဆိုတာ သိလိုပါတယ်။

ဖြေ – မိမိ၏ မြေသည် ဌာနအဖွဲ့အစည်း တရပ်ရပ်၏ အကြောင်းတရပ်ရပ်ကြောင့် သိမ်းဆည်းခြင်း ခံနေရပြီး ထိုသို့ သိမ်းယူထားမြေတွင် တာဝါတိုင် စိုက်ထား၍ ငှားရမ်းခကို ပိုင်ရှင်မရဘူးလို့ ဆိုပါတယ်။ မြေငှားတာက မူလ မြေပိုင်ရှင်က ငှားတာ မဟုတ်ဘဲ မြေသိမ်းဆည်း လက်ရောက် ရယူထားသော ဌာန/ အဖွဲ့အစည်းက ငှားထားတာလို့ နားလည်ရပါတယ်။

မြေရယူထားသော အဖွဲအစည်းနှင့် တာဝါတိုင် စိုက်ထူသည့် ဆက်သွယ်ရေးကုမ္ပဏီ၊ သို့မဟုတ် အစိုးရ ဆက်သွယ်ရေးဌာနတို့  သဘောတူညီချက်တစ်ရပ် ရှိရပေမည်။ မြေငှား စာချုပ်စာတမ်း လည်း ရှိနိုင်ပါတယ်။ ဆက်သွယ်ရေးဥပဒေ အခန်း (၁၃)၊ ကွန်ရက် အထောက်အကူပြု ပစ္စည်း များ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း အခန်းမှာ ဖေါ်ပြာ်ပြပါရှိသည့် အချက်များ အရ မြေတစ်ရရပ်ကို အသုံးပြု၍ ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင်ရန်အတွက် မြေပိုင်ရှင် နှင့် သဘောတူညှိနှိုင်းပြီးမှ ဆောင်ရွက်ခွင့် ရှိပါတယ်။ ထို့ကြောင့် ယခု တာဝါတိုင်အတွက် မြေ ကို လက်ရောက် ရထားသည့်သူ (မြေသိမ်းဆည်းထားသူ) ထံမှ သဘောတူ ညှိနှိုင်းချက်၊ သို့မ ဟုတ် သဘောတူ ခွင့်ပြုချက် ရရှိပြီး ဖြစ်ပါမည်။ ပုဒ်မ ၄၁၊ ၄၂ အရ ဆိုသော် သဘောတူညီချက် မရဘဲနဲ့တော့ မြေလက်ဝယ်ထားရှိသူ သို့တည်းမဟုတ် ပိုင်ရှင်အား ကြိုတင်အသိပေးခြင်း ခွင့်ပြု ချက် တောင်းခံခြင်း၊ ပိုင်ရှင်နှင့် သဘောတူညှိနှိုင်းခြင်း မရရှိဘဲ မြေပေါ် မဝင်နိုင်ပါဘူး။

အခု မေးခွန်းက မူလပိုင်ရှင် သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြ ဖြစ်စေ၊ အကြောင်းတစ်ရရပ် ရပ်ကြောင့် မြေလက်ဝယ် ရရှိထားရှိသူ (ထားရှိခွင့်ရှိသူ) က တာဝါတိုင်အတွက် မြေငှားခြင်းကို နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်အရ ငှားရမ်းခဲ့ပြီးပါပြီ။ မေးခွန်းမှာ ပါသလို တာဝါတိုင်စိုက် ထူ ထားသည့် မြေသည် သိမ်းဆည်းမြေ ဖြစ်နေသည့်အတွက် မူလ ပိုင်ရှင်မှ မြေပြန်ရလျှင် ငှားခ ရပါမည်လား ဆိုတော့ သိမ်းဆည်းခံမြေအတွက် မူလပိုင်ရှင်မှ  ပြန်တောင်းခံနေပြီလား၊ ပြန် ရော ရမည်ဟု အာမခံချက် ရနေပြီလား။ မြေပြန်ရလျှင် မည်သို့ ဆက်ဆောင်ရွက်ရမလဲ ဆို တာ စဉ်းစားစရာဖြစ်ပါတယ်။ 

အစိုးရဌာန သို့မဟုတ် ကုမ္ပဏီက အစောကတည်းကပင် ဤကိစ္စအလို့ငှာ သိမ်းထားသည့် မြေ လား.။ .ထိုသို့ဆိုလျှင်တော့ ပြန်မပေးဘဲ ဆက်သုံးမှာဘဲ ထင်ပါတယ်။ မြေအတွက် လျော်ကြေး ပေးချင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ မူလ သိမ်းယူသည့်အဖွဲ့အစည်းက အခြား ကိစ္စတစ်ရပ် အတွက် သိမ်းခဲ့တယ်၊ အဲဒီထဲက ပိုနေတဲ့မြေကို တာဝါတိုင်အတွက် ငှားရမ်းတယ်၊ ငှားခ ယူ နေတယ် ဆိုလျှင်တော့ သိမ်းဆည်းမြေမူဝါဒတွေနဲ့ ငြိစွန်းတဲ့အတွက် ပြန်ပေးရဘို့ များပါတယ်။ အကယ်၍ပြန်ပေးခဲ့လျှင် ဘယ်လိုဖြစ်လာမလဲ စဉ်းစားကြည့်ပါတယ်။ သိမ်းဆည်းမြေ စွန့်လွှတ် ခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များအရ စွန့်လွှတ်မြေ၏ အနေအထားနဲ့ ပြန်လည် အပ်နှံခံရ သူ၏ အသုံးပြုလိုမှုအရ လယ်ယာမြေအဖြစ် ပြန်လည်ဖေါ်ထုတ် အသုံးပြုမယ်ဆို ပုံစံ ၇ ထုတ် ပေးရန်နှင့် မြေပေါ် အဆောက်အအုံ၊ ကန်၊ လမ်း၊ ကျင်းချိုင့်နဲ့ စိုက်ပျိုး မရတော့လို့ အခြား နည်းဘဲ ဆက်သုံး ချင်လျှင် လယ ၃၀ ရရှိရေး ဆောင်ရွက်ပေးရန် ဆိုပြီး ညွှန်ကြားထားတယ်။

ဒီတော့ မေးခွန်းရှင်က မြေပြန်ရပါပြီတဲ့..ဘာလုပ်မှာလဲ..စိုက်ပျိုးရေးလုပ်မယ်ဆို တာဝါတိုင် ရွှေ့ပေးရေး ပြဿနာ ဖြေရှင်းကြပေါ့။ ဒီအတိုင်းဘဲ ဆက်သုံးစေမယ်ဆို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၄၂ အရ “ လုပ်ငန်းလိုင်စင် ရရှိသူသည် ပုဒ်မ ၄၁ ပါ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် သဘော တူညီမှု ရရှိထားသည့် မြေနှင့် အဆောက်အအုံ ပိုင်ရှင်ပြောင်းလဲမှု ဖြစ်ပေါ်ပါက အဆိုပါမြေ နှင့် အဆောက်အအုံတွင် ကွန်ယက် အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ချိတ်ဆက် အသုံးပြုခြင်း တို့ကို ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် သဘောတူ ညီမှု ရယူ ထားရမည်။”

ဆိုသည့်အတိုင်း ကုမ္ပဏီနှင့် ညှိနှိုင်းသဘောတူညီချက် ဆက်လက်ရယူရမှာ ဖြစ်ပြီး ထိုအခါမှ သာ မြေငှားခ ရနိုင်မယ်လို့ သုံးသပ်ပါတယ်။ သို့သော် မူလ အငှားစာချုပ်မှာကတည်းက ထိုသို့ မြေ နှင့် အဆောက်အအုံပိုင်ရှင် အလွှဲအပြောင်းဖြစ်က မူလသဘောတူညီချက်အတိုင်းပင် ဆက် လက် သုံးစွဲခွင့် ရရှိစေရမည်ဆိုတဲ့ စကားရပ်တွေ၊ ပဋိညာဉ်ပြုချက်တွေ ပါနေရင်တော့ ဆက်သွယ် ရေးဥပဒေနဲ့တင် ဖြေရှင်းပေးလို့မရနိုင်တော့ဘဲ တရားရုံးတက်ရမည့်ကိစ္စ ဖြစ် ကောင်း ဖြစ်လာနိုင် တယ်လို့  ဖြေချင်ပါတယ်။


Zawgyi Version

ေ်မယာ်ပႆနာ (ဥေပေဒရးရာ အေမးအျေဖ)

DVB

ျေမယျာပဿနာနဲ့ပတ်သက်ပြီး လူမှုကြန်ရက်ပေါ်က မေျးမန်းလာတာတြေကို ဦးဇ္မောင်း (ျေမယာဥပေဒနွင့်ျေမယာ စီမံခန့္ခြဲရေး လုပ္ထုံးလုပ္နည်းမ်ား အတိုင္ပင္ခံ ) အား ဒီဗြီဘီက တြေ့ဆုံမေျးမန်းထားပါတယ်။

မေး – က်န္တောို့ သူငယ္ခ်င်းနွစ်ယောက္က ပုံစံ-၇ က်ပြီးသား လယ်ယျာေမကို နွစ်ဦးစပ္တူ အေရာင်းအဝယ်ျပုထားပါတယ်။ နွစ်ဦးစပ်ျဖစ္တဲ့အတြက် ပုံစံ-၇ ကို အုပ္ခ်ုပ်ရေးမှူးက သိမ်းထားပါတယ်။ အခုခိန္မွာ ဝယ္ထားသူ ကာယကံရွင် နွစ်ဦးကျပန်တောင်းတော့ အုပ္ခ်ုပ်ရေးမှူးကျပန္မေပးပါဘူး။ ဘယ္လို ဆက္လက်ဆောင်ရက်ြရမလဲ ဆိုတာကို အကျြံပုစေခ်င္ပါတယ်။

ျေဖ – မေးထားသည့် မေးခြန်းက မရွင်းပါဘူး။ ဘယ္တုန်းက ဝယ္ထားတာလဲ၊ ဘာကြောင့် ရောင်းသူထံက ပုံစံ ၇ ကို ဝယ်သူမ်ားက မရဘဲ အုပ္ခ်ုပ်ရေးမှူးက သိမ်းထားတာလဲ၊ အမွန္ကေတာ့ ရောင်းသူနွင့် ဝယ်သူအကြား ပုံစံ−၇ အလွှဲအျေပာင်း လုပ္တာကို အုပ္ခ်ုပ်ရေးမှူးက သိမ်းထားစရာ အေကြာင်း မရွိပါဘူး။ တစ္ခုခု မွားနေပါတယ်။ ငြေကြး စရိတ္စက အကုန်အက်ခံ ဝယ္ထားပြီးမွေတာ့ ပိုင်ရွင္ထံမွ ပုံစံ−၇ ကို ဝယ်သူက ရယူထားလေ့ ရွိပါတယ်။ ဘာကြောင့် သိမ်းသလဲ၊ျေမေပ်ါမွာ ဝယ်သူတြေ လက်ရွိ လက်ရောက်ရထား မထား..စသည့် အခ်က္မ်ား ပါခဲ့လ်ွင် ဆြေးနြေးရတာ ပျိုပည့္စုံပါမယ်။

လယ္ယာေ်မဥေပဒ ပုဒၼ ၉၊ ပုဒၼၿခဲ (ခ) မြာ “လယ္ယာေ်မ လုပ္ပိုင္ခြင့် ရရွိသူသည် လယ်ယျာေမကို အားလုံျးဖစ်စေ၊ တစ္စိတ္တစ္ပိုင်ျးဖစ်စေ၊ လုပ္ပိုင္ခြင့်အား သတ္မွတ္ထားသော စည်းကမ်းခ်က္မ်ားနွင့်အညီ ရောင်းခ်ခြင့်၊ ပေါင်နွံခြင့်၊ ငွားရမ်းခြင့်၊ လဲလွယ္ခြင့်နွင့် ပေးကမ်းခြင့် ရရွိစေရမည်”..ဟျုပဋ္ဌာန်းထားပေမယ့် ဥပေဒျပဋ္ဌာန်းခဲ့သည့် ၂၀၁၂ မွ ယခုထိ တရားဝင် အေရာင်းအဝယ် အလွှဲအျေပာင်း မေဆာင်ရက်ြနိုင္ခဲ့ကြပါဘူး။ တရားမဝင် လွှျဲေပာင်းမှု Illegally Transaction သေဘာသျာဖစ်နေပါတယ်။ နည်းဥပေဒ ၂၄၊ နည်းဥပေဒ ၂၅ ပါ အခ်က္မ်ားနွင့်အညီ ဆောင်ရကြ် လွှျဲေပာင်ျးခင်း မလုပ်နိုင္ခဲ့ပါဘူး။ ဘာကြောင့္လဲဆိုလ်ွင် လယ်ယျာေမ လုပ္ပိုင္ခြင့် လွှျဲေပာင်းရောင်းခ်ျခင်း လုပ်ငန်းစဉ္တငြ် အေရးကြီးဆုံျးဖစ်သည့် လယ်ယျာေမ လုပ္ပိုင္ခြင့်အား လွှျဲေပာင်း ခ်ုပ်ဆိုသည့် စာခ်ုပ်၌ သတ္မွတ် တံဆိပ်ခေါင်းခြန် ထမ်းဆောင်နိုင်ရေးအတြက် လယ္ယာေ်မဥေပဒ ပုဒၼ ၁၈ ပါ လယ္ယာေ်မ၏ ဒေသန္တရတန္ဖိုးအား သတ္မွတ်ပေးရမည့် လယ္စီအဖြဲ့ မည်သည့်အဖြျဲ့ဖစ်သည္ကို တာဝန်ပေးအပ္မှုနွင့် လုပ်ငန်းညွှန်ကြားခ်က္မ်ား မရွိသေးသည့်အတြက်ျဖစ္ပါတယ်။ လယ်ယျာေမ လွှျဲေပာင်း ရောင်းဝယ္မှုမ်ား ရွိနေလင့္ကစား တံဆိပ္ခြန္ထမ်းဆောင်၍ တရားဝင် စာခ်ုပ် ခ်ုပ်ဆျိုခင်း၊ ယင်းစာခ်ုပ်အား ဦးစီးဌာနတြင် မွတ္ပုံတင်ပေျးခင်း၊ အဆိုပါ မွတ္ပုံတင္စာခ်ုပ်အရ လုပ္ပိုင္ခြင့်ရရွိသူ အမည်ျေပာင်းလဲပေျးခင်းမ်ား  မလုပ်နိုင္ခဲ့ပါ။

ယခုအခါ လယ်ယျာေမလုပ္ပိုင္ခြင့်အား ရောင်း၊ ပေါင်၊ ငွား၊ လဲလွယ်၊ ပေးကမ်ျးခင်း ကိစ္စမ်ားအတြက် ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) ပါ အခြင့်အေရးမ်ား ရရွိစေရန် ဗဟိုလယ္စီအဖြဲ့မွ (၁၆-၅-၂၀၁၉) ရက္စျြဲဖင့် ညွှန်ကြားခ်က် (၃) စောင် ထုတ်ျပန္ထားပါတယ်။

(က) လယ်ယျာေမဥပေဒ ပုဒ္မ ၁၈  ပျါပဋ္ဌာန်းခ်က်အရ လယ်ယျာေမ၏ ဒေသန္တရ တန္ဖိုး နှုန်းထား သတ္မွတ်ဆောင်ရက်ြရန် တာဝန္ကို မြို့နယ္လယ္စီအဖြဲ့သို့ တာဝန်ပေး အာဏာအပ်နွင်းသည့် ဗဟိုလယ္စီအဖြဲ့၏ ညွှန်ကြားခ်က် အမွတ် (၂/၂၀၁၉)ျဖစ္ပါတယ်။

(ခ) ထိုနောက် လယ်ယျာေမလုပ္ပိုင္ခြင့္ကို ရောင်းခ်ျခင်း၊ လဲလွယ်ျခင်း၊ ပေးကမ်ျးခင်း၊ ပေါင်နျွံခင်း၊ ငွားရမ်ျးခင်း ဆောင်ရက်ြကြသည့်အခါ ကေ်းရြာလယ္စီနွင့် မြို့နယ္လယ္စီတို့မွ စာခ်ုပ် ခ်ုပ်ဆို တင်ျပမှုမ်ားကို စိစစ် ဆောင်ရက်ြရမည့် လုပ်ငန်းစဉ္မ်ားအား ညွှန်ကြားသည့် ဗဟိုလယ္စီအဖြဲ့၏ ညွှန်ကြားခ်က် အမွတ် ( ၃/၂၀၁၉)ျဖစ္ပါတယ်။

(ဂ) ထို့အျပင် လယ်ယျာေမလုပ္ပိုင္ခြင့္ကို ရောင်းခ်ျခင်း၊ လဲလွယ်ျခင်း၊ ပေးကမ်ျးခင်း၊ ပေါင်နျွံခင်း၊ ငွားရမ်ျးခင်းမ်ားအတြက် စာခ်ုပ္ခ်ုပ်ဆို လွှျဲေပာင်းမှုမ်ားကို လယ်ယျာေမဥပေဒျပဋ္ဌာန်းခ်က္မ်ားနွင့်အညီ မွတ္ပုံတင်ပေးပြီးနောက် လက္ခံရရွိသူ အမည်ျဖင့် လယ်ယျာေမ လုပ္ပိုင္ခြင့်ျေပာင်းလဲပေျးခင်း၊ နည်းလမ်း ညွှန်ကြားခ်က်အမွတ် (၄/၂၀၁၉)ျဖစ္ပါတယ်။

သိျု့ဖစ်ရာ ယခုအခါတြင် (၁-၆-၂၀၁၉) နေ့ရက္မွ အဈပု၍ လယ်ယျာေမလုပ္ပိုင္ခြင့် ရောင်း၊ ပေါင်၊ ငွား၊ လဲလွယ်နွင့် ပေးကမ်ျးခင်း စာခ်ုပ္မ်ားကို မြို့နယ္လယ္စီအဖြဲ့မွ ဒေသန္တရ တန္ဖိုး စိစစ် သတ္မွတ်ပေးမည်ျဖစ်ပြီး ယင်းသတ္မွတ်သော ဒေသန္တရတန္ဖိုးအလိုက် ထိုက်သင့် တံဆိပ်ခေါင်းခြန္မ်ား ကပ်နွိပ္ထားသည့် စာခ်ုပ္မ်ားကို ရပ်ကေ်းလယ္စီရွေ့မွောက္တြင် ခ်ုပ်ဆျိုခင်း၊ ယင်း စာခ်ုပ္ကို မွတ္ပုံတင္ခေပးသြင်း၍ ဦးစီးဌာန (at DALMS Office, not in Registration Office) တြင် မွတ္ပုံတင်ျခင်း၊ ယင်းမွတ္ပုံတင္စာခ်ုပ်အရ လုပ္ပိုင္ခြင့်ရသူ အမည်ျေပာင်ျးခင်းတို့ကို အဆိုပါ ညွှန်ကြားခ်က္မ်ားနွင့်အညီ စတင် ဆောင်ရက်ြပေးလ်က် ရွိပါတယ်။

မေးခြန်းရွင်အေနျဖင့် မူလ နွစ်ဦးစပ္တူ အေရာင်းအဝယ်ျပုခဲ့သည့် လယ်ယျာေမ လုပ္ပိုင္ခြင့်အတြက် ယခု စာခ်ုပ်အသစ်ျပန္ခ်ုပ်ဆိုရပါမယ်။ လယ်ယျာေမ၏ ဒေသန္တရ တန္ဖိုးကို မြို့နယ္လယ္စီက သတ္မွတ်ပေးသည့်အတိုင်း ထိုက်သင့္တံဆိပ္ခြန္မ်ား ထမ်းဆောင်ရပါမယ်။ လယ်ယျာေမ လုပ္ပိုင္ခြင့် ပုံစံ-၇ ရခဲ့သူ၊ သို့မဟုတ် ၎င်း၏ တရားဝင် လွှဲအပ်ျခင်းခံရေသာ ကိုယ္စားလွယ်၊ သက်သေ ၂ ဦးတိျု့ဖင့် တံဆိပ္ခြန် ထမ်းဆောင္ထားသော စာခ်ုပ်ျဖင့် ရပ်ကေ်း လယ္စီအဖြဲ့ ရွေ့မွောက္တြင် လယ်ယျာေမလုပ္ပိုင္ခြင့် အေရာင်းအဝယ် စာခ်ုပ်ျပန္လည် ခ်ုပ်ဆို ရပါမည်။ ရပ်ကေ်းလယ္စီမွ စိစစ် ခ်ုပ်ဆိုခြင့်ျပုပြီးပြီးမွသာ ယင်းစာခ်ုပ္ကို ဦးစီးဌာနတြင် မွတ္ပုံတင်ျခင်း၊ မိမိတို့ ၂ ဦး အမည်သို့ျေပာင်းလဲပေးရန် ပုံစံ-၇ အမည်ျေပာင်ျးခင်းတို့ ဆက္လက် ဆောင်ရက်ြရန်ျဖစ္ပါတယ်။

မေး – စားက်က်ျေမေပ်ါမွာ က်ုးကေ်္တာယ် ဆိုပြီး က်နော် အပါအဝင် လူငါးဆယ်လောက္ကို ပုဒ္မ ၅၉ နဲ့ တရားစြဲထားပါတယ်။ စားက်က်ျေမဆိုတာ ဘာလဲ။ ပုဒ္မ ၅၉ ဆိုတာ ဘာလဲ။ တကယ္လိျု့ပစ္ဒဏ္ခ်မယ်ဆိုရင် ဘယ်လောက်အထိ က်ခံရမလဲဆိုတာကို သိပါရေစ ဆရာ။

ျေဖ – အေမးတြင္ပါရွိသော ပုဒ္မ ၅၉ အရ အေရးယူသည် ဆျိုခင်းမွာ အကြားမွာျးခင်ျးဖစ္ပါမည်။ အောက်ျမန္မျာပည်ျေမနွင့်အခြန်တော် နည်းဥပေဒ ၆၉ျဖစ္ပါလိမ့္မည်။

စားက်က်ျေမဆိုတာ ကျြဲ၊ နြား စားက်က်ျေမကို ဆိုလျိုခင်ျးဖစ္ပါတယ်။ျေမနွင့် အခြန်တော် ဥပေဒမ်ားမွာ Grazing Ground ဟု ဖော်ျပ သတ္မွတ္ပါတယ်။ အောက်ျမန္မျာပည်ျေမနွင့် အခြန်တော် ဥပေဒ၊ နည်းဥပေဒ ၆၆ မွ ၇၁ အထိတြင္လည်းကောင်း၊ အထက်ျမန္မျာပည်ျေမနွင့် အခြန်တော် စည်းမ်ဉ်းဥပေဒ၊ နည်းဥပေဒ ၇၅ မွ ၇၉ အထိတြင် လည်းကောင်း ကျြဲ၊ နြား စားက်က်ျေမမ်ား သတ္မွတ်ျခင်း၊ ကြီးကြပ္ကြပ္ကျဲခင်း၊ စည်းကမ်းထိန်းသိမ်ျးခင်းမ်ားအတြက်ျပဋ္ဌာန်းခ်က္မ်ား သတ္မွတ္ခဲ့ပါတယ်။

စားက်က်ဆိုတာ ကျြဲ၊ နြားမ်ား အေညာင်းအညျာေပ လွှတ်ကော်င်းရန်အတြက် လည်းကောင်း၊ အစာရေစာ ရွာဖြေစားသောက်နိုင်သည့် စားက်က္မ်ားအျဖစ် အသုံျးပုနိုင်ရန် လည်းကောင်း ရည်ရယြ် သတ္မွတ်ပေျးခင်ျးဖစ္ပါတယ်။ အောက်ျမန္မျာပည္မွာတော့ အေရးပိုင္မွ တရားဝင် အမိန့် ကြေညာစာ ထုတ်ျပန်သတ္မွတ်ပေးသည့် စားက်က္မ်ာျးဖစ်သ္လောည်း အထက်ျမန္မျာပည္မွာတော့ ထိုသိျု့ပန္တမ်း ထုတ်ျပန် သတ္မွတ္တာ ရွိသလို အေရးပိုင္က မသတ္မွတ္ဘဲ ဒေသဆိုင်ရာ လိုအပ္ခ်က်အရ သတ္မွတ် အသုံျးပုစေသည့် အရပ္စားက်က္မ်ား ရွိပါတယ်။ျေမစာရင်းဌာနမွ နွစ္စဉ်ျပုစုရေသာျေမအမိုးအစားအလိုက် အသုံျးပုသော ဧရိယာစာရင်း နွစ္ခ်ုပ်ျပုစုရာတြင် စားက်က်ျေမအား ထိုသို့ ၂ မိုး ၂ စား ချြဲခာျးပုစုပေးရပါတယ်။ အောက်အရပ္တြင် ကျြဲအသုံျးပုမှု မ်ားသည့်အားလေ်္စြာာ မိုးအခါ ရျေပင်ျဖစ်နေသည့် ရေနက္ကြင်းမ်ား လဟာမ်ားနွင့် ပင္လယ္ကမ်းစပ် သောင်ျပင္မ်ား၊ ဒီရောက်တောမ်ားကို စားက်က်ျေမအျဖစ် အမ်ားအာျးဖင့် သတ္မွတ်ပေးခဲ့တာ တြေ့ရပြီး နြားအသုံျးပုမှု မ်ားသည့်ျမန္မာနိုင်ငံ အထက္ပိုင်းတြင္မူ ကြင်ျးေပာင္မ်ား၊ တောင္ကုန်းမ်ားကို စားက်က်အျဖစ် သတ္မွတ္ခဲ့တာ မ်ားကြောင်း တြေ့ရပါတယ်။

အေရးပိုင္ခရိုင်ဝန္မွ စားက်က် လိုအပ်သည်ဟု ထင်ျမင်ယူဆရသည့် ကေ်းရြာသားမ်ားအတြက် ၎င်းကေ်းရြာမ်ားအနီး သင့်လော််သည့် စားက်က်ျေမကို လ်ာထားရြေးခ်ယ်ပြီး မွတ္တိုင္မ်ား စိုက္ထူျေမတိုင်းတာ ပုံထုတ်စေပါတယ်။ ယင်ျးေမပုံနွင့် နို့တစ်ကြေညာစာကို အဆိုပါျေမနွင့် နီးစပ်ရာ ကေ်းရြာမ်ားရွိ သူကြီးအိမ္မ်ားမွာ စြဲကပ်စေပြီး ကန့္ကက္လြွှာ ၁၅ ရက် ခေါ်ရပါတယ်။ ကန့္ကက္မြှုမ်ားကို စုံစမ်းစစ်ဆေးပြီးနောက် ယင်ျးေမကို စားက်က်အျဖစ် သတ္မွတ်သင့်သည်ဟု ထင်ျမင္ပါက စားက်က်ျေမအျဖစ် အမိန့္ထုတ်ဆင့္ပါတယ်။ အမိန့္စာမွာ ယင်းစားက်က်သည် အက်ယ်အဝန်း မည္မ်ွရွိကြောင်း၊ မည်သည့် ကေ်းရြာမ်ားနွင့် အကိုး သက်ဆိုင်ကြောင်း အမိန့္စာမွာ ပါရွိရပါတယ်။ စားက်က်ျေမ ဆိုသည္မွာ စားက်က် သီးသန့်သာမက စားက်က်သို့ ကျြဲ၊ နြားမ်ား ဝင္ထြက်နိုင်ရန် ပယ္လမ်းမ်ားကိုပါ စားက်က်အျဖစ် သတ္မွတ်ပေးရပါတယ်။ စားက်က်ျေမအတြင်း စိုက္ပိုးမှု အိမ်ရာဆောက္လုပ္မှု ခြင့္မျပုရပါဘူး။ စိုက္ပိုးရေးအတြက် Grant, Lease အငွားခ်ထာျးခင်းမ်ားလည်း မျပုရပါဘူး။

စားက်က်နွင့် မပတ်သက်သည့် ကေ်းရြာမွ သူမ်ား ကျြဲ၊ နြား စားက်က် လာခ်ပါက လည်းကောင်း၊ မည်သူမဆို စားက်က္ခ်ထာျးခင်းကိစ္စမွ လြဲ၍ အျခားနည်းလမ်း တရပ်ရပ် အသုံျးပျုခင်း၊ နေထိုင်ျခင်း၊ အမိန့္မရဘဲ စားက်က်ျေမအတြင်းမွ သစ္ပင် ခ်ုံနယ္မြွအဈမက် စသည္တို့ကို ရိတ်ျဖတ် ခုတ္လွဲ ရွှေ့ျေပာင်း သယ်ဆောင်ျခင်ျးပုလ်ွင္လည်းကောင်း၊ စားက်က္ကို က်ူးကော်် အသုံျးပုလ်ွင်သ္လောည်းကောင်း တရားစြဲဆို အေရးယူခံရမည်ျဖစ္ပါတယ်။ျပစ္မှု ထင်ရွားပါက က်ပ် ၂၀ဝ ထိ ငြေဒဏ်ျဖစ်စေ၊ သို့မဟုတ် တလထိ ထောင္ဒဏ်ျဖစ်စေ၊ ဒဏ်နွစ်ရပ္လုံျးဖစ်စေ၊ က်ခံစေရမည်ဟု အောက်ျမန္မျာပည်ျေမနွင့်အခြန်တော် နည်းဥပေဒ ၆၉ တြင်ျပဋ္ဌာန်းထားပါတယ်။ အထက်ျမန္မျာပည် စားက်က္က်ူးမ်ားအတြက္မူ အထက်ျမန္မျာပည်ျေမနွင့် အခြန်တ္စောည်းမ်ဉ်း နည်းဥပေဒ ၇၈ အရ  က်ပ် ၂၀ဝ ထိ ငြေဒဏ် ထမ်းဆောင်စေရန်နွင့် ဒဏ်ငြေ မေဆာင်နိုင္က ၁၅ ရက်အထိ ထောင္ဒဏ် က်ခံစေရန် သတ္မွတ္ထားပါတယ်။ စားက်က္က်ူးအတြက်ျေမခြန်၏ ၂ ဆ ကိုလည်း ပေးဆောင်စေရပါတယ်။

စားက်က်ျေမ ထိန်းသိမ်းရန်အတြက် ဗဟိျုေမယာက္မောတီ၏ စားက်က်ျေမမ်ားအတြင်း ဝင်ရောက် စိုက္ပိုျးခင်းနွင့် အျခား က်ူးကေ်္မှာုမ်ားအား အေရးယူရန် ၁၉၆၅-၆၆ မတိုင္မီက ညွှန်ကြားခ်က္မွာ စားက်က္က်ူးကော်် စိုက္ပိုးမှုအတြက် စိုက္ပိုးသော သီးနွံအား ရိတ်သိမ်းခြင့် မျပုဘဲ  သက်ဆိုင်ရာျေမယာက္မောတီမ်ားမွ သိမ်းယူ၍ သီးနွံပေါ်သည့်အခါ စိုက္ပိုးခဲ့သူအား စိုက္ပိုး ကုန္က်စရိတ် ပေးခ်ေပြီးနောက် က်န်သီးနွံ တစ်ဝက္ကို စိုက္ပိုးသူအာျးပန်ပေးရန်၊ တစ်ဝက္ကို အစိုးရဒိုင်သို့ ရောင်းခ်ပြီး ရေငြကို ဗဟိျုေမယာက္မောတီထံ တင်ျပ လမ်းညွှန္ခ်က် ခံယူ သုံးစြဲစေရန်ဟျုဖစ္ပါတယ်။

၁၉၆၆ နောက္ပိုင်းတြင္မူ စားက်က္က်ူးလြန် စိုက္ပိုးသူမ်ားအား လုံးဝ ခံစားခြင့္မပေးတော့ဘဲျေမယာက္မောတီမ်ားကသာ သီးနွံကို အကြင်းမဲ့ သိမ်းယူ ရောင်းခ်ရန်နွင့် ရောင်းခ်ရေငြ အသုံျးပုရေးအတြက် ဗဟိျုေမယာက္တောီသို့ တင်ျပရန်ဟုျေပာင်းလဲ ညွှန်ကြားခဲ့တာ တြေ့ရပါတယ်။ ထိုနောက် ဗဟိုလုံခြုံရေးနွင့်အုပ္ခ်ုပ္မှုက္မောတီမွ ၁၉၇၃ ခုနွစ် မေလ ၃၁ နောက္ပိုင်း စားက်က် က်ူးကေ်္မှာုမ်ားကို ရွင်းလင်း အေရးယူရန် ညွှန်ကြားခဲ့ပြီး ဆောင်ရက်ြသ္လောည်း စားက်က္က်ူး ကိစ္စအား မထိန်းသိမ်းနိုင္ခဲ့ပါ။ ယခုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမွ စားက်က် က်ူး အေရးယူရန် ညွှန်ကြားခ်က္မ်ားကို ထုတ်ျပန်ဆောင်ရက်ြဆျဲဖစ်ကြောင်း တြေ့နေရပါတယ်။ စားက်က်ျေမနွင့် ပတ်သက်၍ မလိုအပ်တော့သည့်၊ အသုံးမျပုနိုင်တော့သည့် စားက်က်ျေမမ်ားကို ပယ္ဖ်က်ရေး၊ လိုအပ်သည့်နေရာမ်ားတြင်ျပန္လည်သတ္မွတ်ရေးနွင့် အသစ္ထူထောင်ပေးရေး ကိစ္စကို နိုင်ငံ တော်အေနျဖင့် စိစစ်ဆောင်ရက်ြသင့်ပျြီဖစ္ပါတယ်။

စားက်က္က်ူျးပစ္ဒဏ်အေနျဖင့် အောက်ျမန္မျာပည်ျေမနွင့်အခြန်တော် နည်းဥပေဒ ၆၉ အရ အေရးယျူခင်း ဆိုပါက ဒဏ်ငြေ ၂၀ဝ က်ပ်ျဖစ်စေ၊ ထောင္ဒဏ် တစ္လအထျိဖစ်စေ က်ခံရပါမယ်။ အထက်ျမန္မျာပည်အတြက်ျဖစ္ပါက အထက်ျမန္မာနိုင်ငံျေမနွင့်အခြန်တ္စောည်းမ်ဉ်း၊ နည်း ဥပေဒ ၇၈ အရ  က်ပ် ၂၀ဝိ ထိ ငြေဒဏ် ထမ်းဆောင်ရန်နွင့် ဒဏ်ငြေ မေဆာင်နိုင္က ၁၅ ရက်အထိ ထောင္ဒဏ် က်ခံစေရန် သတ္မွတ္ထားပါတယ်။

မေး – ပုံစံ-၇ က ကျြန္မေယာက်ာျးဖစ်သူရဲ့ အမည္နဲ့  ပေါက်နေပါတယ်။ အခုခိန္မွာ နွစ်ဦး သေဘာတူ ကြာရွင်းရန် အေကြာင်ျးဖစ္လာတဲ့အတြက် ကြာရွင်းခိန္မွာ ဒီလယ်ယျာေမကို အေမြပုံထဲမွာ ထည့်ရမည္လား။ ထည့္မည်ဆိုလ်ွင် ဘယ္လို ခြဲဝေရမလဲ၊ ဘယ္လို လုပ္ထုံးလုပ္နည်းတြေ ရွိသလဲ ဆိုတာကို သိပါရေစ။

ျေဖ – မေးခြန်းက တစ္ဖက္က ကြည့်ရင် လယ်ယျာေမ လုပ္ပိုင္ခြင့္ကို လင်ရော မယားပါ ပူးတြဲ လက်ရွိထား ပိုင်ဆိုင္ခြင့် ရွိတာမို့ တူညီသော အကိုးခံစားခြင့်အတြက် ပစ္စည်းခြဲဝေခြင့် ရွိသည်ဟု သတ္မွတ်သည့်ျမန္မာ့ဓေလ့ထုံးတမ်း ဥပေဒအရ စဉ်းစားရမည့် အခ်က္မ်ား ရွိသလို တစ္ဖက္ကလည်း လယ်ယျာေမဥပေဒပျါပဋ္ဌာန်းခ်က္မ်ားကို လက္မလြတ်စေဘဲ သုံးသပ် ဆောင်ရက်ြရန်ဟု သေဘာ ရရွိပါတယ်။

ပုံစံ-၇ ဆိုတာ လယ်ယျာေမလုပ္ပိုင္ခြင့်ျပု လက္မွတ်ျဖစ္ပါတယ်။ လယ်ယျာေမ လုပ္ပိုင္ခြင့်နွင့် လယ်ယျာေမ လုပ္ပိုင္ခြင့်ျပုလက္မွတ် ဆိုသည္တို့အား ဥပေဒမွာ အဓိပ္ပာယ် ဖြင့်ဆိုထားမှုကို ဒီလို တြေ့ရပါတယ်။

“လယ်ယျာေမ လုပ္ပိုင္ခြင့် ဆိုသည္မွာ နိုင်ငံတော်သည်ျေမယာအားလုံး၏ ပင်ရင်း ပိုင်ရွင်ျဖစ်၍ လယ်ယျာေမကို စိုက္ပိုးထုတ္လုပ္မှု တိုးတက်ျမင့္မားစေရန် အလို့ငွာ “ဤဥပေဒ၊ ဤဥပေဒအရ ထုတ်ျပန်သည့် နည်းဥပေဒ၊ စည်းမ်ဉ်း စည်းကမ်းမ်ားနွင့် အညီ လက်ဝယ္ထားရွိ၍   စိုက္ပိုး လုပ္ကိုင် အသုံးခ်ခြင့်ျပျုခင်း” ကို ဆိုသည်။ သို့ရာ တြင်ျေမေပါ်ျေမေအာက်ရွိ ကော်က္မ်က်၊ သတ္တု၊ ရေနံနွင့် ဓါတ်ငြေ့စသည့် သဘာဝသယံဇာတမ်ား ထုတ်ယူအသုံးခ်ခြင့် မပါဝင်”- (လယ္ယာေ်မပုဒၼ ၃ (ဃ)) “လယ္ယာေ်မ လုပၸိုင္အသုံး်ပဳျခင့ႅကၼြတ္ ဆိုသၫၼြာ လယ္ယာေ်မကို လုပ္ပိုင္ခြင့်ျပုကြောင်း လယ်ယျာေမဥပေဒအရ ထုတ်ပေးသည့် ခြင့်ျပုလက္မွတ္ကို ဆိုသည်” (လယ်ယျာေမ နည်းဥပေဒ ၂ (က) ) ဟု ဖြင့်ဆိုထားပါတယ်။

လယ်ယျာေမ လုပ္ပိုင္ခြင့်ဆိုတာ လယ်ယျာေမဥပေဒ၊ နည်းဥပေဒ၊ စည်းမ်ဉ်းစည်းကမ်းမ်ားနွင့်အညီ လယ်ယျာေမကို လက်ဝယ္ထားရွိ၍   စိုက္ပိုးလုပ္ကိုင် အသုံးခ်ခြင့်ျပျုခင်းလို့ ဆိုထားရာမွာ ယင်းစကားရပ္မွာကိုက အခြင့်အေရး ၃ ရပ် ရွိနေတာ သတျိပုမိပါတယ်။ (၁) လက်ဝယ္ထားရွိခြင့် In Possession Right.. (၂) စိုက္ပိုး လုပ္ကိုင္ခြင့် Cultivation Right .(၃) အသုံးခ်ခြင့် Land Use Right မ်ားကို ခြင့်ျပုထာျးခင်းဟု နားလည္မိပါတယ်။

လက်ဝယ္ထားခြင့် In possession right ဆိုတာ အေတ္ကာ်ယ်ျပန့္ပါတယ်။ျေမနွင့် အခြန်တော် ဥပေဒမ်ားအရ အေမြဆက္ချံခင်း၊ ရောင်းခ်ျခင်း၊ ပေါင္နျံခင်း၊ ငွားရမ်ျးခင်း၊ ပေးကမ်ျးခင်း၊ လက်ဝယ် ထား အသုံးခ်ျခင်း၊ စသည့် အခြင့်အေရးမ်ားသည် လက်ဝယ္ထားခြင့္မွာ ပါရွိနေပါတယ်။ ယင်းအခြင့်အေရးမ်ားကို ခြဲဝေနိုင်သည့် ၊ အေမြဆက္ခံနိုင်သည့် သေဘာ ရွိပါတယ်။

တစ္ဖက္က ကြည့်ျပန်တော့ လယ်ယျာေမ လုပ္ပိုင်အသုံျးပုခြင့္လက္မွတ် ဆိုတာ လယ်ယျာေမဥပေဒအရ ထုတ်ပေးသည့် လယ်ယျာေမကို လုပ္ပိုင္ခြင့်ျပုကြောင်း ခြင့်ျပုလက္မွတ္လို့ ဆိုထားတာကြောင့် ယင်းလက္မွတ္ပါ အခြင့်အေရးသည် လယ်ယျာေမလုပ္ပိုင္ခြင့်ျပုရသည့် အျေခချံပဋ္ဌာန်းခ်က္မ်ားအရသာ ခံစားခြင့် ရရွိစေရမွာလည်ျးဖစ္ပါတယ်။

Right to use the Farmland ဟု ဖော်ျပထားသည့် လယ်ယျာေမလုပ္ပိုင္ခြင့်အား ခြဲဝျေခင်း၊  လွှျဲေပာင်း ပေးကမ်ျးခင်းမ်ားအတြက် အဓိက လိုက္နာက်င့်သုံးရသည့်ျပဋ္ဌာန်းခ်က္ကေတာ့ ပုဒ္မ ၉ ၊ ပုဒ္မခြဲ (ခ) နွင့် (ဂ) တိျု့ဖစ္ပါတယ်။

ပုဒ္မ ၉ (ခ) ။ “လယ်ယျာေမလုပ္ပိုင္ခြင့် ရရွိသူသည် လယ်ယျာေမကို အားလုံျးဖစ်စေ၊ တစိတ္တစ္ပိုင်ျးဖစ်စေ၊ လုပ္ပိုင္ခြင့်အား သတ္မွတ္ထားသော စည်းကမ်းခ်က္မ်ားနွင့်အညီ ရောင်းခ်ခြင့်၊ ပေါင်နွံခြင့်၊ ငွားရမ်းခြင့်၊ လဲလွယ္ခြင့်နွင့် ပေးကမ်းခြင့် ရရွိစေရမည်”..

ပုဒ္မ ၉ (ဂ) ။ “လယ်ယျာေမလုပ္ပိုင္ခြင့္ကို အေမြဆက္ချံခင်းနွင့် စပ္လ်ဉ်း၍ အျငင်းပြါးမှု ပေါ်ပေါက္ပါက တည်ဆဲဥပေဒနဲ့အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအျဖတ် ခံယူနိုင္ခြင့် ရွိသည်”

ဟျုပဋ္ဌာန်းထားခ်က္မ်ားအရ – လင္မယား ၂ ယောက်၏ လယ်ယျာေမ လုပ္ပိုင္ခြင့်အား ခြဲဝေလုပ္ကိုင္ခြင့် ရရွိရန်အတြက် တရားရုံးတြင် အေမြပုံပစ္စည်း ခြဲဝေပးရန် စြဲဆျိုခင်းထက် လယ်ယျာေမ ဥပေဒ၏ ဘောင်အတြင်းမွသာ လယ်ယျာေမ လုပ္ပိုင္ခြင့် ခြဲဝေနိုင်ရေးကို တောင်းခံျေဖရွင်ျးခင်းက ပိုမိုသင့်လေ်္မာည်ျဖစ္ပါတယ်။

လက်ရွိ မေျးမန်းသည့်ျပဿနာသည် အေမြဆိုင္ပစ္စည်း၊ အေမြဆက္ခံပစ္စည်းကို ခြဲဝေလျိုခင်း မဟုတ္ဘဲ လယ်ယျာေမလုပ္ပိုင္ခြင့်အား ခြဲဝေရရွိလျိုခင်းဟု သတ္မွတ်နိုင္ပါတယ်။ သည့်အတြက် ပုဒ္မ ၉ (ဂ) အရ တရားရုံးသြားရန် မလိုအပ်ဟု ယူဆပါတယ်။ လယ်ယျာေမ လုပ္ပိုင္ခြင့်အတြက် တရားရုံးမွ ဆုံျးဖတ္ပိုင္ခြင့် မရွိပါဘူး။

လယ်ယျာေမလုပ္ပိုင္ခြင့် လွှျဲေပာင်ျးခင်း၊ ပေးကမ်ျးခင်း ကိစ္စမ်ားအတြက် လယ်ယျာေမ၊ နည်းဥပေဒမ်ားတြင် လည်းကောင်း၊ ဗဟိုလယ္စီအဖြဲ့၏ လတ္တေလာ ထုတ်ျပန္ထားသော ညွှန်ကြား ခ်က် (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ နွင့် (၄/၂၀၁၉) မ်ားတြင္လည်းကောင်း၊ လယ်ယျာေမ လုပ္ပိုင္ခြင့်အား သတ္မွတ္ထားသော စည်းကမ်းခ်က္မ်ားနွင့်အညီ ရောင်းခ်ျခင်း၊ ပေါင်နျွံခင်း၊ ငွားရမ်ျးခင်း၊ လဲလွယ်ျခင်းနွင့် ပေးကမ်ျးခင်းမ်ား ဆောင်ရက်ြရန် လုပ်ငန်းစဉ္မ်ား သတ္မွတ္ထားပြီျးဖစ္ပါတယ်။ နည်းဥပေဒ ၂၄ နွင့် နည်းဥပေဒ  ၂၅ ပျါပဋ္ဌာန်းခ်က္မ်ားနွင့်အညီ ပေးကမ်းခြဲစိတ် လွှျဲေပာင်ျးခင်း ဆောင်ရက်ြနိုင်သည့်အတြက် လင္မယား ကြာရွင်းသည့်အခါ လယ်ယျာေမ လုပ္ပိုင္ခြင့္ကို နွစ်ဦးသေဘာတူ ညှိနှိုင်းခ်က်ျဖင့် စာခ်ုပ် ခ်ုပ်ဆို ခြဲစိတ် လွှျဲေပာင်းနိုင္ပါတယ်။ ယောက်ားက မိန်းမကို သူ့အမည်နွင့် ပုံစံ-၇ ရထားသည့် လယ်ယျာေမ လုပ္ပိုင္ခြင့္မွ နွစ်ဦး ညှိနှိုင်းရရွိသည့် လယ်ယျာေမအားလုံး၊ သို့မဟုတ် တစိတ္တပိုင်းကို ခြဲစိတ်ပေးကမ်း စာခ်ုပ် ခ်ုပ်ဆိုပြီး ပေးကမ်းနိုင္ပါတယ်။

သို့သော် ပုဒ္မ ၉(ခ) ပါအတိုင်း ထိုသို့ဆောင်ရက်ြပေးနိုင္ပါလ်က် ယောက်ာျးဖစ်သူက သေဘာတူ ဆောင်ရကြေ္မပးလ်ွင်၊ ခြဲစိတ္လွှျဲေပာင်းပေးရန် လုံးဝ သေဘာမတူဘျဲငင်းဆိုခဲ့လ်ွင် ဘာလုပ္မလဲ ဆိုတျဲ့ပဿနာ ပေါ်ပေါက်နိုင္ပါတယ်။

ထိုအခါ ယောက်ားအမည်နွင့် ရထားသည့် ပုံစံ-၇ အား မိမိလည်း မည်သို့ ပါဝင် လုပ္ကိုင္ခဲ့ကြောင်း၊ ယခု အျေခအေနအရ ၎င်းတစ်ဦးတည်းသို့ ခ်ထာျးခင်းအစား မိမိအမည်ျဖင့္ပါ ခြဲဝေလုပ္ပိုင္ခြင့် ခ်ထားပေးရန် ပုဒ္မ ၂၂ အရ ရပ်ကေ်းလယ္စီထံ မူလ မှုခင်း ဖြင့္လွစ် ဆောင်ရက်ြသင့်ကြောင်း အကျြံပုလိုပါတယ်။

မေး -လြန္ခဲ့တဲ့ျေခာက်နွစ်လောက္က ပုဂံမွာ ဂရန္က်ထားတဲ့ျေမကြက္တကြက္ကို တစ္ပိုင်းခြဲ ရောင်းလို့ စာခ်ုပ္နဲ့ ဝယ္ထားပါတယ်။ ဂရန္ကိုလည်း က်န္ကော ယူထားပါတယ်။ ပုံစံ-၁၀၅ လည်း ရပြီးပါပြီ။ အခုခိန္မွာ အဲဒျီေမကြက္ကို ခြံခတ္ဖို့လုပ်တော့ ကြယ္လြန်သူ အေမြရွင်ရဲ့ သားသမီးတြေက သူတို့အပိုင်းကျေမပါ ပါသြားမွာ စိုးရိမ္မျှုဖင့် ခြံကာခြင့် မျပုပါဘူး။ တရားဝင် ခြံခတ္လို့ ရေအာင် ဘယ္လို လုပ်ရမလဲ ဆိုတာကို အကြံပေးစေခ်င္ပါတယ်။

ျေဖ – တရားဝင် ဂရန္ခ်ပေးထားသည့်ျေမမွ ပိုင်းစိတ်ဝယ်ယျူခင်းအတြက် ကြီးမားသည့်ျပဿနာ မရွိနိုင်ဟု ယူဆပါတယ်။ျပဿနာ ရွင်းနိုင်ရန်အတြက် အဆိုပါ ဂရန်ျေမအား ဝယ်ယူခဲ့စဉ္က အရပ် စာခ်ုပ်နွင့္လား၊ တရားဝင် မွတ္ပုံတင္စာခ်ုပ်ျဖင့် ဝယ်ယူထားခဲ့သလား စဉ်းစားရန် လိုပါမယ်။ ဂရန်ျေမ လွှျဲေပာင်း ရောင်းဝယ္မှုကို တရားဝင် စာခ်ုပ္စာတမ်း မွတ္ပုံတင္ခဲ့ပါက ဂရန် ခြဲခြင့် လွော်က္ထားနိုင္ပါတယ်။ မိမိတို့အပိုင်းအတြက်ျေမကြက် ခြဲစိတ္ခြင့် တောင်းခံ၊ မွတ္ပုံတင္စာခ်ုပ္ပါ ဧရိယာအတိုင်း ဌာန၏ တရားဝင်ျေမတိုင်းတာမျှုဖင့်ျေမပုံရေးဆြဲ၊ မိမိ အမည်ပေါက် ဂရန္ခြဲ လွော်က်နိုင္ပါတယ်။ အရပ္စာခ်ုပ်ျဖင့် ဝယ်ယူထားပါကျေမခြဲစိတ္မှု တရားဝင်ျဖစ်ရန် ကြန့်ကြာနိုင္ပါတယ်။

ထိုက်သင့် တံဆိပ္ခြန် ထမ်းဆောင်၍ တရားဝင် စာခ်ုပ္စာတမ်းအျဖစ် မွတ္ပုံတင္မထားသော စာခ်ုပ်သည် တံဆိပ္ခြန်ဥပေဒ ပုဒ္မ ၃၅ နွင့် ပစ္စည်းလွှျဲေပာင်ျးခင်းဥပေဒ ပုဒ္မ ၅၃ တို့အရ သက်သေခံမဝင်ျခင်း၊ မိမိတို့မွ ပိုင်ဆိုင်ကြောင်း မေကြညာနိုင်ျခင်း၊ ၂၀၁၈ စာခ်ုပ္စာတမ်း မွတ္ပုံတင်ဥပေဒ ပုဒ္မ ၄၉ အရ စာခ်ုပ္စာတမ်းပါ ပစ္စည်းနွင့်သက်ဆိုင်သော ကတိနွင့် စည်းကမ်းခ်က္မ်ားသည်  တရားဝင် မျဖစ်ျခင်းတို့ကို တြေ့ရပါတယ်။

အရပ္စာခ်ုပ်ျဖစ်နေလ်ွင် မိမိတို့ျေမပိုင္နက် တရားဝင်ျဖစ်စေရန် ဆောင်ရက်ြလေ့ရွိတဲ့ နည်းလမ်း တစ္ခုတော့ ရွိပါတယ်။ ရောင်းခ်သူအား အေရာင်းအဝယ္စာခ်ုပ္ကို ပဋိညာဉ်အတိုင်း ဆောင်ရကြ် မွတ္ပုံတင်ပေးစေလိုမှုနဲ့ စြဲဆိုရပါတယ်။ အေရာင်းအဝယ္စာခ်ုပ် ခ်ုပ်ဆိုပြီးနောက် မွတ္ပုံတင်ပေးရန် ပ်က္ကြက်သည့္ကိစ္စရပ်သေဘျာဖစ္ပါတယ်။ ယင်းအရပ္စာခ်ုပ္တြင် ဤအေရာင်းအဝယ် စာခ်ုပ်အား  တရားဝင္မွတ္ပုံတင်ပေးရန် ကိစ္စအတြက် ရောင်းသူမွ လိုအပ်သလို လိုက္ပါ ဆောင်ရက်ြပေးမည်ျဖစ်ကြောင်း နွစ်ဦးသေဘာတူ ပဋိညာဉ်ျပုခ်က် ရွိရပါမယ်။ ထိုအရပ္စာခ်ုပ္ပါအတိုင်း ယေန့ထိ တရားဝင္မွတ္ပုံတင္လုပ်ငန်းအတြက် လိုက္ပါဆောင်ရက်ြပေးရန် ပ်က္ကြက်နေမှုကြောင့် ပဋိညာဉ်အတိုင်း တရားဝင် မွတ္ပုံတင်ပေးရန် ဒီကရီ အမိန့် ခ်မွတ်ပေးပါရန် တရားရုံးသို့ လွော်က္ထားလာသည့် ကိစ္စရပ္မ်ားအတြက် တရားမက်င့္ထုံး ဥပေဒ အမိန့် ၂၁ ၊ နည်း (၃၄) ပျါပဋ္ဌာန်းခ်က္မ်ားအရ ဆောင်ရက္စြီရင်ပြီး တရားဝင် မွတ္ပုံတင်ပေးရန် အမိန့္ခ်မွတ္မှုအေပါ် ဆက္လက် ဆောင်ရကြ်ျခင်ျးဖင့် အဆိုပါ အေရာင်းအဝယ် စာခ်ုပ်သည် တရားဝင္မွတ္ပုံတင္စာခ်ုပ်ျဖစ္လာပြီး ယင်ျးေမကြက်နွင့် သက်ဆိုင်ရာ အခြင့်အေရးမ်ား ရရွိလာနိုင်ျခင်ျးဖင့္လည်ျးပဿနာကိုျေဖရွင်းနိုင္ပါတယ်။

တရားဝင်ျေမတိုင်းတာမျှုပုလိုက္လ်ွင်တော့ျေပလည်သြားနိုင္မည့်ျပဿနျာဖစ္ပါတယ်။

မေး – သိမ်းဆည်းခံထားရတဲ့ ကျြန်တော့်ရဲ့ျေမေပ်ါမွာ လြန္ခဲ့တဲ့ ၇ နွစ်လောက္ကတည်းက ဆက်သြယ်ရေးတာဝါ တိုင် လာစိုက္ထားပါတယ်။ ငွားရမ်းခေတြျေမရွင် မရပါဘူး။ တကယ္လို့ အဲဒီသိမ်းဆည်ျးေမက မူလပိုင်ရွင်ရဲ့ လက္ထဲကျိုပန်ရောက္မွျေမငွားချပန်ရမွာလား ဆိုတာ သိလိုပါတယ်။

ျေဖ – မိမိ၏ျေမသည် ဌာနအဖြဲ့အစည်း တရပ်ရပ်၏ အေကြာင်းတရပ်ရပ်ကြောင့် သိမ်းဆည်ျးခင်း ခံနေရပြီး ထိုသို့ သိမ်းယူထာျးေမတြင် တာဝါတိုင် စိုက္ထား၍ ငွားရမ်းခကို ပိုင်ရွင္မရဘူးလို့ ဆိုပါတယ်။ျေမငွားတာက မူလျေမပိုင်ရွင္က ငွားတာ မဟုတ္ဘဲျေမသိမ်းဆည်း လက်ရောက် ရယူထားသော ဌာန/ အဖြဲ့အစည်းက ငွားထားတာလို့ နားလည်ရပါတယ်။

ျေမရယူထားသော အဖြဲအစည်းနွင့် တာဝါတိုင် စိုက္ထူသည့် ဆက်သြယ်ရေးကုမ္ပဏီ၊ သို့မဟုတ် အစိုးရ ဆက်သြယ်ရေးဌာနတို့  သေဘာတူညီခ်က္တစ်ရပ် ရွိရေပမည်။ျေမငွား စာခ်ုပ္စာတမ်း လည်း ရွိနိုင္ပါတယ်။ ဆက်သြယ်ရေးဥပေဒ အခန်း (၁၃)၊ ကြန်ရက် အေထာက်အကျူပု ပစ္စည်း မ်ား တပ်ဆင်ျခင်း၊ ထိန်းသိမ်ျးခင်းနွင့်ျပျုပင္မြမ်းမျံခင်း အခန်းမွာ ဖေါ်ျပာ်ျပပါရွိသည့် အခ်က္မ်ား အရျေမတစ်ရရပ္ကို အသုံျးပု၍ ဆက်သြယ်ရေး တာဝါတိုင္မ်ား တပ်ဆင်ရန်အတြက်ျေမပိုင်ရွင် နွင့် သေဘာတူညှိနှိုင်းပြီးမွ ဆောင်ရက္ခြင့် ရွိပါတယ်။ ထို့ကြောင့် ယခု တာဝါတိုင်အတြက်ျေမ ကို လက်ရောက် ရထားသည့်သူ (ျေမသိမ်းဆည်းထားသူ) ထံမွ သေဘာတူ ညှိနှိုင်းခ်က်၊ သို့မ ဟုတ် သေဘာတူ ခြင့်ျပုခ်က် ရရွိပြီျးဖစ္ပါမည်။ ပုဒ္မ ၄၁၊ ၄၂ အရ ဆိုသော် သေဘာတူညီခ်က် မရဘဲနဲ့တော့ျေမလက်ဝယ္ထားရွိသူ သို့တည်းမဟုတ် ပိုင်ရွင်အား ကြိုတင်အသိပေျးခင်း ခြင့်ျပု ခ်က် တောင်းချံခင်း၊ ပိုင်ရွင်နွင့် သေဘာတူညှိနှိုင်ျးခင်း မရရွိဘဲျေမေပါ် မဝင်နိုင္ပါဘူး။

အခု မေးခြန်းက မူလပိုင်ရွင် သေဘာတူသည်ျဖစ်စေ၊ မတူသည်ျဖျဖစ်စေ၊ အေကြာင်းတစ်ရရပ် ရပ်ကြောင့်ျေမလက်ဝယ် ရရွိထားရွိသူ (ထားရွိခြင့်ရွိသူ) က တာဝါတိုင်အတြက်ျေမငွာျးခင်းကို နွစ်ဦးနွစ္ဖက် သေဘာတူ စာခ်ုပ်အရ ငွားရမ်းခဲ့ပြီးပါပြီ။ မေးခြန်းမွာ ပါသလို တာဝါတိုင္စိုက် ထူ ထားသည့်ျေမသည် သိမ်းဆည်ျးေမျဖစ်နေသည့်အတြက် မူလ ပိုင်ရွင္မွျေမျပန်ရလ်ွင် ငွားခ ရပါမည္လား ဆိုတော့ သိမ်းဆည်းခံျေမအတြက် မူလပိုင်ရွင္မျွပန်တောင်းခံနေပြီလား၊ျပန် ရော ရမည်ဟု အာမခံခ်က် ရေနပြီလား။ျေမျပန်ရလ်ွင် မည်သို့ ဆက်ဆောင်ရက်ြရမလဲ ဆို တာ စဉ်းစားစရျာဖစ္ပါတယ်။

အစိုးရဌာန သို့မဟုတ် ကုမ္ပဏီက အေစာကတည်းကပင် ဤကိစ္စအလို့ငွာ သိမ်းထားသည့်ျေမ လား.။ .ထိုသို့ဆိုလ်ွင်တေျာ့ပန္မေပးဘဲ ဆက်သုံးမွာဘဲ ထင္ပါတယ်။ျေမအတြက် လော််ကြေး ပေးခ်င်ပေးနိုင္ပါတယ်။ ဒါမွမဟုတ္ဘဲ မူလ သိမ်းယူသည့်အဖြဲ့အစည်းက အျခား ကိစ္စတစ်ရပ် အတြက် သိမ်းခဲ့တယ်၊ အဲဒီထဲက ပိုနေတဲ့ျေမကို တာဝါတိုင်အတြက် ငွားရမ်းတယ်၊ ငွားခ ယူ နေတယ် ဆိုလ်ွင်တော့ သိမ်းဆည်ျးေမမူဝါဒေတြနဲ့ ငြိစြန်းတဲ့အတြက်ျပန်ပေးရဘို့ မ်ားပါတယ်။ အကယ်၍ျပန်ပေးခဲ့လ်ွင် ဘယ္လျိုဖစ္လာမလဲ စဉ်းစားကြည့္ပါတယ်။ သိမ်းဆည်ျးေမ စြန့္လွှတ်ျခင်းဆိုင်ရာ မူဝါဒလမ်းညွှန္ခ်က္မ်ားအရ စြန့္လွှတ်ျေမ၏ အေနအထားနျဲ့ပန္လည် အပ်နွံခံရ သူ၏ အသုံျးပုလိုမှုအရ လယ်ယျာေမအျဖစ်ျပန္လည်ဖေါ်ထုတ် အသုံျးပုမယ်ဆို ပုံစံ ၇ ထုတ် ပေးရန်နွင့်ျေမေပါ် အေဆာက်အအုံ၊ ကန်၊ လမ်း၊ က်င်းခိုင့္နဲ့ စိုက္ပိုး မရေတာ့လို့ အျခား နည်းဘဲ ဆက်သုံး ခ်င္လ်ွင် လယ ၃၀ ရရွိရေး ဆောင်ရက်ြပေးရန် ဆိုပြီး ညွှန်ကြားထားတယ်။

ဒီတော့ မေးခြန်းရွင္ကျေမျပန်ရပါပြီတဲ့..ဘာလုပ္မွာလဲ..စိုက္ပိုးရေးလုပ္မယ်ဆို တာဝါတိုင် ရွှေ့ပေးရေျးပဿနာျေဖရွင်းကြေပါ့။ ဒီအတိုင်းဘဲ ဆက်သုံးစေမယ်ဆို ဆက်သြယ်ရေးဥပေဒ ပုဒ္မ ၄၂ အရ “ လုပ်ငန်းလိုင္စင် ရရွိသူသည် ပုဒ္မ ၄၁ ပါ လုပ်ငန်းကိစ္စမ်ား ဆောင်ရက်ြရန် သေဘာ တူညီမှု ရရွိထားသည့်ျေမနွင့် အေဆာက်အအုံ ပိုင်ရွင်ျေပာင်းလဲမျှုဖစ်ပေါ်ပါက အဆိုပျါေမ နွင့် အေဆာက်အအုံတြင် ကြန်ယက် အေထာက်အကျူပုပစ္စည်းမ်ား တပ်ဆင်ျခင်း သို့မဟုတ် ခိတ်ဆက် အသုံျးပျုခင်း တို့ကို ဆက္လက် ဆောင်ရက်ြနိုင်ရေးအတြက် သေဘာတူ ညီမှု ရယူ ထားရမည်။”

ဆိုသည့်အတိုင်း ကုမ္ပဏီနွင့် ညှိနှိုင်းသေဘာတူညီခ်က် ဆက္လက်ရယူရမျွာဖစ်ပြီး ထိုအခါမွ သာျေမငွားခ ရနိုင္မယ္လို့ သုံးသပ္ပါတယ်။ သို့သော် မူလ အငွားစာခ်ုပ္မွာကတည်းက ထိုသို့ျေမ နွင့် အေဆာက်အအုံပိုင်ရွင် အလွှဲအျေပာင်ျးဖစ္က မူလသေဘာတူညီခ်က်အတိုင်းပင် ဆက် လက် သုံးစြဲခြင့် ရရွိစေရမည်ဆိုတဲ့ စကားရပ်တြေ၊ ပဋိညာဉ်ျပုခ်က်တြေ ပါနေရင်တော့ ဆက်သြယ် ရေးဥပေဒနဲ့တင်ျေဖရွင်းပေးလို့မရနိုင်တော့ဘဲ တရားရုံးတက်ရမည့္ကိစ္ဈဖစ် ကောင်ျးဖစ္လာနိုင် တယ္လို့ျေဖခ်င္ပါတယ်။

Source : DVB