fbpx

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရုံးထုတ်၊ တရားလိုသက်သေအား စစ်ဆေး

တပ်မတော်ကိုအကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီနေ့ ၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်မှူးသန့်ဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က တပ်မတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က/ခ နဲ့ တရားစွဲဆိုတာပါ။

ဗိုလ်မှူးသန့်ဇော်ဝင်းက “အဲ့နေ့က အဖျောက်ကို ကိစ္စတခုနဲ့ သွားရင်း ဟောပြောပွဲကို ဝင်ရောက် နားထောင်ဖြစ်ခဲ့ကြောင်း၊ ကိုနေမျိုးဇင် ဟောပြောတာတွေကို ဖုန်းနဲ့ ရိုက်ကူးခဲ့ပြီး နားထောင်ခဲ့ရာ တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေမည့် စကားများ၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ တာဝန်ထမ်းဆောင်လိုစိတ် လျော့နည်းစေသည့် စကားများ၊ ပြည်သူများ အထင်အမြင် လွဲမှားစေမည့် စကားများ ပါဝင်တဲ့အတွက် စစ်သည် ၅ ဦးက မကျေနပ်ကြောင်း တင်ပြလာတဲ့အတွက် အစည်းအဝေးထိုင်ပြီး ရန်ကုန်တိုင်းစစ်ဌာနချူပ်ကို တင်ပြပြီး တရားစွဲဆိုခွင့် တောင်းဆိုခဲ့ရာ ခွင့်ပြုချက်ပေးသဖြင့် တရားစွဲဆိုတာ ဖြစ်တယ်” လို့ တရားခွင်မှာ ပြောခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “တရားလိုဘက်က သက်သေ ၅ ဦး တင်ထားတာ။ နှစ်ဦးကို စစ်ဆေးပြီးသွားပြီ၊  ၁၆ ရက်နေ့ ပြန်ချိန်းပြီး သက်သေနှစ်ယောက် စစ်ဆေးပေးဖို့ ပြောထားတယ်။ တရားလိုဘက်ကလည်း ပို့ပေးမယ် ပြောတယ်။ အဲဒီနေ့ ကိုနေမျိုးဇင်ကို မနက် ၁၀ နာရီလောက် အရောက်ခေါ်ပေးဖို့ ရဲကိုလည်း ပြောထားတယ်။ နှစ်ယောက် စစ်ပြီးလို့ တယောက် ကျန်တာကို အခြေအနေအရ စွဲချက်တင်သင့် မတင်သင့် အဆင့်ကို ရောက်သွားပြီ။ ကိုနေမျိုးဇင်က တပ်မတော်ကို တိုးတက်စေချင်လို့ ဝေဖန်တာ ဖြစ်ပါတယ်။ တပ်မတော်ကို လျော့ကျနိမ့်ပါးစေချင်တဲ့ဆန္ဒ မရှိပါဘူး။ စစ်ပုန်ကန်မှုသော် လည်းကောင်း၊ အထက်အောက်အရာရှိ မလေးစားမှုသော်လည်းကောင်း၊ ပြည်သူလူထုထဲမှာ တပ်မတော်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ မရှိဘူးဆိုတာကို မေးခဲ့တယ်။ သူကလည်း မရှိဘူးဆိုတာကို ဖြေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦး၊ ဦးနေမျိုးဇင်နဲ့ ကိုနန္ဒအောင်(ခ) ကိုနေရဲတို့က ဟောပြောခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့် လေ့ကျင်းရေးတပ်က ဒုဗိုလ်မှူးကြီးတိုးလင်းက တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။

နောက်တပတ် ရုံးချိန်းကိုတော့ သြဂုတ် ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

သတင်း-မေသွယ်


Zawgyi Version

ဗိုလ်ကြီးဟောင်း နေမိုးဇင္ကို ရုံးထုတ်၊ တရားလိုသက်သေအား စစ်ဆေး

DVB

တပ္မေတ္ကာိုအကြည်ညိုပ်က်စေမှုနဲ့ တရားစြဲဆိုခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမိုးဇင္ကို ဒီနေ့ ၉ ကြိမ်ျေမာက် ရုံးထုတ္ခဲ့ပြီး တရားလိုသက်သေ ဗိုလ္မှူးသန့်ဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။

ဗိုလ်ကြီးဟောင်း နေမိုးဇင္ကို တိုက်ကြီးမြို့နယ် တရားရုံးမွာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က တပ္မေတာ် အကြည်ညိုပ်က်စေမှုပုဒ္မ ၅၀၅ က/ခ နဲ့ တရားစြဲဆိုတာပါ။

ဗိုလ္မှူးသန့်ဇော်ဝင်းက “အဲ့နေ့က အေဖ်ာက္ကို ကိစ္စတခုနဲ့ သြားရင်း ဟေျာေပာပြဲကို ဝင်ရောက် နားထောင်ျဖစ္ခဲ့ကြောင်း၊ ကိုနေမိုးဇင် ဟေျာေပာတာတြေကို ဖုန်းနဲ့ ရိုက္ကူးခဲ့ပြီး နားထောင္ခဲ့ရာ တပ္မေတာ် ဂုဏ်သိက္ခာက်ဆင်းစေမည့် စကားမ်ား၊ ကြည်း၊ ရေ၊ လေ တပ္မေတ်ာသားမ်ား တာဝန္ထမ်းဆောင္လိုစိတ် လော့်နည်းစေသည့် စကားမ်ား၊ျပည်သူမ်ား အထင်အျမင် လြဲမွားစေမည့် စကားမ်ား ပါဝင္တဲ့အတြက် စစ်သည် ၅ ဦးက မေက်နပ်ကြောင်း တင်ျပလာတဲ့အတြက် အစည်းအေဝးထိုင်ပြီး ရန္ကုန္တိုင်းစစ္ဌာနခ်ူပ္ကို တင်ျပပြီး တရားစြဲဆိုခြင့် တောင်းဆိုခဲ့ရာ ခြင့်ျပုခ်က်ပေးသျဖင့် တရားစြဲဆိုတျာဖစ္တယ်” လို့ တရားခြင္မွာျေပာခဲ့ပါတယ်။

တရားလွှတ်တော်ရွေ့နေ ဦးရောဘတ္စန်းအောင္က “တရားလိုဘက္က သက်သေ ၅ ဦး တင္ထားတာ။ နွစ်ဦးကို စစ်ဆေးပြီးသြားပြီ၊  ၁၆ ရက်နျေ့ပန္ခိန်းပြီး သက်သေနွစ်ယောက် စစ်ဆေးပေးဖို့ျေပာထားတယ်။ တရားလိုဘက္ကလည်း ပို့ပေးမယ်ျေပာတယ်။ အဲဒီနေ့ ကိုနေမိုးဇင္ကို မနက် ၁၀ နာရီလောက် အေရာက်ခေါ်ပေးဖို့ ရဲကိုလည်းျေပာထားတယ်။ နွစ်ယောက် စစ်ပြီးလို့ တေယာက် က်န္တာကို အျေခအေနအရ စြဲခ်က္တင်သင့် မတင်သင့် အဆင့္ကို ရောက်သြားပြီ။ ကိုနေမိုးဇင္က တပ္မေတ္ကာို တိုးတက်စေခ်င္လို့ ဝေဖန္တျာဖစ္ပါတယ်။ တပ္မေတ္ကာို လော့်က်နိမ့္ပါးစေခ်င္တဲ့ဆန္ဒ မရွိပါဘူး။ စစ္ပုန္ကန္မှုသော် လည်းကောင်း၊ အထက်အောက်အရာရွိ မေလးစားမှုသ္လောည်းကောင်း၊ျပည်သူလူထုထဲမွာ တပ္မေတ်ာဆန့္က်င်ရေး ဆန္ဒထုတ်ဖ္မေှာုတြေ မရွိဘူးဆိုတာကို မေးခဲ့တယ်။ သူကလည်း မရွိဘူးဆိုတာကိုျေဖတယ်” လို့ျေပာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက္က တိုက်ကြီးမြို့နယ်၊ အေဖ်ာက်မြို့မွာ ၂၀၀၈ ဖြဲ့စည်းပုံအျေခခံဥပေဒျပင်ဆင်ရေး လူထုထောက္ခံပြဲမွာ စာရေးဆရာ ထင္လင်းဦး၊ ဦးနေမိုးဇင္နဲ့ ကိုနန္ဒေအာင်(ခ) ကိုနေရဲတို့က ဟေျာေပာခဲ့ပြီး ဇြန္လ ၃ ရက္မွာတော့ တိုက်ကြီးမြို့ အမွတ်(၁) တပ္မေတာ် တန်ျးမင့် လေ့က်င်းရေးတပ္က ဒုဗိုလ္မှူးကြီးတိုးလင်းက တပ္မေတာ် အကြည်ညိုပ်က်စေမှုနဲ့ တိုက်ကြီးမြို့နယ် တရားရုံးမွာ ဦးတိုက်လွော်က္ထား တရားစြဲဆိုခဲ့တာပါ။

နောက္တပတ် ရုံးခိန်းကိုတော့ သြဂုတ် ၁၆ ရက်နေ့ကျိုပန္လည္ခိန်းဆိုလိုက္တယ္လို့ သိရပါတယ်။

သတင်း-မေသြယ်

Source : DVB