fbpx

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းများ

ခုတလော လူတကာနှုတ်ဖျားမှာ ခေတ်စားနေတာက ဆင်တုပ်ကွေးလို့ခေါ်တဲ့ (Chikungunya) ပါ။ ဒီတုပ်ကွေးကို နာမည်သာကြားဖူးနေတယ်၊ ဘာရယ်လို့ သေသေချာချာမသိဘူး ဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ ဒါတွေကို ဇဝေဇဝါဖြစ်နေလား
ဆင်တုပ်ကွေးက အခုတလောတော်တော်များများဖြစ်နေကြတာပါ။ ခြင်ကနေတဆင့်ဖြစ်တဲ့ရောဂါပေါ့။

ကာကွယ်ဆေးထိုးထားရင် ဆင်တုပ်ကွေးမဖြစ်တော့ဘူးမှတ်လား……..

ကာကွယ်ဆေးက ရာသီတုပ်ကွေးကိုပဲကာကွယ်နိုင်တာပါ။ ဆင်တုပ်ကွေးရောဂါပိုးကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် တုပ်ကွေး ကာကွယ်ဆေးထိုးထားတာပဲဆိုပြီး ခပ်ပေါ့ပေါ့မနေစေချင်ပါဘူး။

လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်လား……..

ဆင်တုပ်ကွေးက ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရမှုကနေတဆင့်ပဲ ကူးစက်တာပါ။ ရောဂါခံစားနေရတဲ့လူကို ကိုင်တွယ်ထိတွေ့မိတာကြောင့် မကူးစက်နိုင်ပါဘူး။ တုပ်ကွေးဆိုပေမယ့် လေထဲကနေ ကူးစက်တာမျိုးလည်း မရှိပါဘူး။

ဆင်တုပ်ကွေးဖြစ်ရင်ရေချိုးလို့ရလား……

ဆင်တုပ်ကွေးဖြစ်တဲ့အခါ ရေနွေးနွေးလေးနဲ့ချိုးပေးတာက ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေမှာ အသေအချာပါ။

နို့တိုက်မေမေဆင်တုပ်ကွေးဖြစ်ရင် ဘေဘီလေးကိုနို့တိုက်လို့ရလား….

ဆင်တုပ်ကွေးရောဂါပိုးက မိခင်နို့ကနေတဆင့် မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ဆင်တုပ်ကွေးရှိနေရင်တောင် ဘေဘီလေးကို မိခင်နို့ဆက်တိုက်ပါ။

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက သက်သာပါ့မလား…….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက အဖျားသက်သာမှုနဲ့အတူ တဖြည်းဖြည်းချင်းသက်သာသွားမှာပါ။

အဖျားပျောက်ပေမယ့် အဆစ်အမြစ်တွေကိုက်တာကကျန်ခဲ့မှာလား…….

အဖျားပျောက်ပေမယ့် အဆစ်တွေကိုက်တာက လနဲ့ချီပြီး ကျန်ခဲ့နိုင်သလို အချို့တွေမှာဆိုရင် ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနာကျင်မှုက တစ်နှစ်လောက်အထိကြာတာမျိုးတောင်ဖြစ်နိုင်ပါတယ်။

ဆင်တုပ်ကွေးကဘယ်လောက်ကြာရင် ပြန်ကောင်းမှာလဲ……

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေက ၃ ရက်ကနေ ၁၀ ရက်အတွင်းမှာ တဖြည်းဖြည်းချင်းသက်သာလာမှာပါ။

ဆင်တုပ်ကွေးဖြစ်ရင် အစားရှောင်ဖို့လိုမလား….

ဆင်တုပ်ကွေးဖြစ်တဲ့အခါ အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အထူးသဖြင့်တော့ ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေနဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများလေးစားပေးပါ။

ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..

လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကို ဖြစ်လာမှပဲ ကုသလို့ရမှာပါ။

ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..

ဟုတ်ကဲ့လို့ပြောပါရစေ။ ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာ ကိုယ်ပူမယ်။ အဆစ်အမြစ်တွေကိုက်ခဲမယ်။ နောက်ပိုင်းရက်တွေမှာ ခန္ဓာကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ ခေါင်းကိုက်တာနဲ့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာရင် ဆေးသောက်လိုက်ရင် ပျောက်ရောလား……..

ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

ဆင်တုပ်ကွေးကသေစေနိုင်လား……

ဆင်တုပ်ကွေးက အဖျားကြီးစေနိုင်တယ်ဆိုပေမယ့် လူကိုသေစေနိုင်တာမျိုးတော့မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။

ဆင်တုပ်ကွေးကြောင့်အဖျားတက်ရင် အရမ်းမြင့်နိုင်လား…..

ဆင်တုပ်ကွေးကြောင့်အဖျားတက်တဲ့အခါ အဖျားစဝင်စ ပထမရက်နဲ့ ဒုတိယရက်အတွင်းမှာ ကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိမြင့်တက်နိုင်ပြီး နောက်ပိုင်းမှာတော့ပြန်ကျသွားနိုင်ပါတယ်။

ဆင်တုပ်ကွေးကို ကာကွယ်လို့ရလား…….

ဆင်တုပ်ကွေးကို ကာကွယ်ဖို့ ကာကွယ်ဆေးမရှိပေမယ့် ခြင်ကိုက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးသော ကာကွယ်မှုပါ။

ဆင်တုပ်ကွေးကြောင့် အဆစ်တွေကိုက်တာကို သက်သာအောင်လုပ်လို့ရလား….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေကိုက်တာကမနက်ခင်းပိုင်းမှာ ပိုဆိုးနိုင်ပြီး ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ရေအေးဝတ်ကပ်ပေးလို့ရသလို ရေနွေးနွေးလေးထဲကို ဆားထည့်ပြီး စိမ်ပေးလို့လည်းရပါတယ်။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်ျးဖတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ္ဘက် က်န်းမာရေးနွင့် ဆေးပညာဝက္ဘ်ဆိုဒ် hellosayarwon.com မွ ကူးယူဖော်ျပပါသ

ည်။


Zawgyi Version

————————–
Zawgyi Version
ခုတေလာ လူတကာနှုတ္ဖ်ားမွာ ခေတ္စားနေတာက ဆင္တုပ်ကြေးလို့ခေါ်တဲ့ (Chikungunya) ပါ။ ဒီတုပ်ကြေးကို နာမည်သာကြားဖူးနေတယ်၊ ဘာရယ္လို့ သေသခ်ာခ်ာမသိဘူး ဆိုပြီျးဖစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့္လိုက္ပါနော်။

ဆင္တုပ်ကြေးနဲ့ပတ်သက္လို့ ဒါတြေကို ဇေဝဇဝျါဖစ်နေလား
ဆင္တုပ်ကြေးက အခုတေလာတော်တ္မော်ားမ်ာျးဖစ်နေကြတာပါ။ျခင္ကေနတဆင့်ျဖစ္တဲ့ရောဂါပေါ့။

ကာကြယ်ဆေးထိုးထားရင် ဆင္တုပ်ကြေးမျဖစ်တော့ဘူးမွတ္လား……..

ကာကြယ်ဆေးက ရာသီတုပ်ကြေးကိုပဲကာကြယ်နိုင္တာပါ။ ဆင္တုပ်ကြေးရောဂါပိုးကို မကာကြယ်နိုင္ပါဘူး။ ဒါကြောင့် တုပ်ကြေး ကာကြယ်ဆေးထိုးထားတာပဲဆိုပြီး ခပ်ပေါ့ပေါ့မေနေစခ်င္ပါဘူး။

လူတစ်ယောက္ကေန တစ်ယောက္ကို ကူးစက်နိုင္လား……..

ဆင္တုပ်ကြေးက ရောဂါပိုးသယ်ဆောင္ထားတျဲ့ခင္ကိုက္ခံရမှုကေနတဆင့္ပဲ ကူးစက္တာပါ။ ရောဂါခံစားနေရတဲ့လူကို ကိုင္တြယ္ထိတြေ့မိတာကြောင့် မကူးစက်နိုင္ပါဘူး။ တုပ်ကြေးဆိုပေမယ့် လေထဲကေန ကူးစက္တာမိုးလည်း မရွိပါဘူး။

ဆင္တုပ်ကြေျးဖစ်ရင်ရေခိုးလို့ရလား……

ဆင္တုပ်ကြေျးဖစ္တဲ့အခါ ရေနြးနြေးလေးနဲ့ခိုးပေးတာက ဆင္တုပ်ကြေးကြောင့်ျဖစ္တဲ့ အဆစ်တြေနဲ့ကြက်သားတြေ နာက်င္ကိုက္ခဲမှုကို သက်သာစေမွာ အေသအခ်ာပါ။

နို့တိုက်မေမဆင္တုပ်ကြေျးဖစ်ရင် ဘေဘီလေးကိုနို့တိုက္လို့ရလား….

ဆင္တုပ်ကြေးရောဂါပိုးက မိခင်နို့ကေနတဆင့် မကူးစက်နိုင္ပါဘူး။ ဒါကြောင့် ဆင္တုပ်ကြေးရွိနေရင်တောင် ဘေဘီလေးကို မိခင်နို့ဆက္တိုက္ပါ။

ဆင္တုပ်ကြေးကြောင့်ျဖစ္တဲ့ အနီရောင်အဖုအပိမ့်တြေက သက်သာပါ့မလား…….

ဆင္တုပ်ကြေးကြောင့်ျဖစ္တဲ့ အနီရောင်အဖုအပိမ့်တြေက အဖ်ားသက်သာမှုနဲ့အတူ တျဖည်ျးဖည်းခ်င်းသက်သာသြားမွာပါ။

အဖ်ားပော်က်ပေမယ့် အဆစ်အျမစ်တြေကိုက္တာကက်န္ခဲ့မွာလား…….

အဖ်ားပော်က်ပေမယ့် အဆစ်တြေကိုက္တာက လနဲ့ခ်ီပြီး က်န္ခဲ့နိုင်သလို အခို့တြေမွာဆိုရင် ဆင္တုပ်ကြေးကြောင့်ျဖစ္တဲ့ အဆစ်တြေနာက်င္မှုက တစ်နွစ်လောက်အထိကြာတာမိုးတောင်ျဖစ်နိုင္ပါတယ်။

ဆင္တုပ်ကြေးကဘယ်လောက်ကြာရင်ျပန်ကောင်းမွာလဲ……

ဆင္တုပ်ကြေးကြောင့်ျဖစ္တဲ့ ရောဂါလက္ခဏာတြေက ၃ ရက္ကေန ၁၀ ရက်အတြင်းမွာ တျဖည်ျးဖည်းခ်င်းသက်သာလာမွာပါ။

ဆင္တုပ်ကြေျးဖစ်ရင် အစားရွောင္ဖို့လိုမလား….

ဆင္တုပ်ကြေျးဖစ္တဲ့အခါ အာဟာရျပည့်ဝေအာင္စားသုံးပေးပါ။ အထူးသျဖင့်တော့ ဗီတာမင် C ပါဝင္တဲ့ အစားအစာတြေနဲ့ ဗီတာမင် E ကြယ်ဝစြာပါဝင္တဲ့ အစားအစာတြေကို မ်ားမ်ားလေးစားပေးပါ။

ဆင္တုပ်ကြေး ကာကြယ်ဆေးရွိလား……..

လက်ရွိအခိန္ကာလအထိ ဆင္တုပ်ကြေးကာကြယ်ဆေး မထုတ္လုပ်နိုင်သေးပါဘူး။ ဆင္တုပ်ကြေးကျိုဖစ္လာမွပဲ ကုသလို့ရမွာပါ။

ဆင္တုပ်ကြေးက အျခားတုပ်ကြေးတြေလိုပဲ လက္ခဏျာပတတ္လား…..

ဟုတ္ကဲ့လို့ျေပာပါရေစ။ ရောဂါတိုင်းက လက္ခဏာတစ္ခုလောက်တော့ အနည်းဆုံျးပတတ္စမြဲပါ။ ဆင္တုပ်ကြေး ဈဖစ်ျဖစ္ခ်င်းမွာ ကိုယ္ပူမယ်။ အဆစ်အျမစ်တြေကိုက္ခဲမယ်။ နောက္ပိုင်းရက်တြေမွာ ခန္ဓာကိုယ္မွာ အားမရွိသလျိုဖစ်ပြီး နုံးတာ၊ ကြက်သားတြေနာက်င္လာတာ၊ ခေါင်းကိုက္တာနဲ့ အေရျပားမွာ အနီရောင်အကြက်တျြေဖစ္တာမိုးတျြေဖစ္လာနိုင္ပါတယ်။

ဆင္တုပ်ကြေျးဖစ္လာရင် ဆေးသောက္လိုက်ရင် ပော်က်ရောလား……..

ဆင္တုပ်ကြေးက ဗိုင်းရပ္စ်ကြောင့်ျဖစ္တာပါ။ ဒါကြောင့် ပဋိဇီဝေဆးတြေသာက္လို့ အဆင္မျေပနိုင္ပါဘူး။ အဖ်ား က ၃ ရက္ကေန ၁၀ ရက်အထိကျြာမင့်နိုင်ပြီး လိုအပ္တဲ့ ကုသမှုခံယူလိျု့ပည့်ျပည့်ဝဝအနားယူတာလိုမိုး ဂရုစိုက္ဖို့လိုပါမယ်။ ရေမ်ားမ်ားသောက္ဖို့လည်း မေမ့သင့္ပါဘူး။

ဆင္တုပ်ကြေးကေသေစနိုင္လား……

ဆင္တုပ်ကြေးက အဖ်ားကြီးစေနိုင္တယ်ဆိုပေမယ့် လူကိုသေစနိုင္တာမိုးတော့မရွိပါဘူး။ ဆင္တုပ်ကြေးကြောင့်သေဆုံးနိုင်ျေခက ၁ ရာခိုင်နှုန်းလောက္ပဲရွိတာပါ။

ဆင္တုပ်ကြေးကြောင့်အဖ်ားတက်ရင် အရမ်ျးမင့်နိုင္လား…..

ဆင္တုပ်ကြေးကြောင့်အဖ်ားတက္တဲ့အခါ အဖ်ားစဝင္စ ပထမရက္နဲ့ ဒုတိယရက်အတြင်းမွာ ကိုယ်အပူခိန္က ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထျိမင့္တက်နိုင်ပြီး နောက္ပိုင်းမွာတေျာ့ပန္က်သြားနိုင္ပါတယ်။

ဆင္တုပ်ကြေးကို ကာကြယ္လို့ရလား…….

ဆင္တုပ်ကြေးကို ကာကြယ္ဖို့ ကာကြယ်ဆေးမရွိပေမယ့်ျခင္ကိုက္မခံရေအာင် ကာကြယ္တာက အေကာင်းဆုံးသော ကာကြယ္မှုပါ။

ဆင္တုပ်ကြေးကြောင့် အဆစ်တြေကိုက္တာကို သက်သာအောင္လုပ္လို့ရလား….

ဆင္တုပ်ကြေးကြောင့်ျဖစ္တဲ့ အဆစ်တြေကိုက္တာကမနက္ခင်းပိုင်းမွာ ပိုဆိုးနိုင်ပြီး ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ရေအးဝတ္ကပ်ပေးလို့ရသလို ရေနြးနြေးလေးထဲကို ဆားထည့်ပြီး စိမ်ပေးလို့လည်းရပါတယ်။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်ျးဖတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ္ဘက် က်န်းမာရေးနွင့် ဆေးပညာဝက္ဘ်ဆိုဒ် hellosayarwon.com မွ ကူးယူဖော်ျပပါသ

ည်။

Source : DVB