fbpx

ဆင်တုပ်ကွေး (Chikungunya) ဆိုတာ တုပ်ကွေးကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ပါတယ်

မိုးရာသီဆို တုပ်ကွေးလေးတွေတန်းစီ လို့ပြောရမလိုပဲနော်။ တုပ်ကွေးမျိုးစုံဖြစ်ကြတဲ့အထဲမှာ ဆင်တုပ်ကွေး(ဆင်ဖြူတော်တုပ်ကွေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့ Chikungunya ကလည်း ခုနောက်ပိုင်း နေရာဝင်ယူလာပါတယ်။ ခြင်တွေကလည်း ပေါလာတာကိုး

Chikungunya ဟာ သွေးလွန်တုပ်ကွေးခြင်လို့သိကြတဲ့ Aedes aegypti နဲ့ Aedes albopictus ခြင်မျိုးစိတ်တွေကတဆင့် လူတွေဆီကူးစက်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူတဲ့ရောဂါလည်းဖြစ်ပါတယ်။ လူလူချင်းမကူးနိုင်ပေမယ့် ဒီတုပ်ကွေးဖြစ်နေသူကို ကိုက်ခဲ့တဲ့ခြင်က နောက်တစ်ယောက်ဆီ ကူးစက်ပေးတာပါ။ ဆင်တုပ်ကွေးဖြစ်ရင် စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။

ကာကွယ်ဆေး မရှိ

Chikungunya ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသလို သူ့အတွက်သီးသန့်ကုသတဲ့ဆေးမရှိပါဘူး။ အခုထိုးနေကြတဲ့ ကာကွယ်ဆေးတွေနဲ့လည်း မကာကွယ်နိုင်ပါဘူးတဲ့။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးတွေလည်း သောက်လို့မထူးပါဘူး။ ဖြစ်လာခဲ့ရင် သူ့အချိန်အတိုင်းအတာတစ်ခုအတွင်း သက်သာပျောက်ကင်းသွားတတ်ပြီး နောက်ဆက်တွဲပြဿနာဆိုးဆိုးတွေ ဖြစ်ခဲပါတယ်။

စိုးရိမ်ရလား

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။

လက္ခဏာတွေက

ကူးစက်ခံရတဲ့သူအများစုမှာ ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက် အကြာမှာ လက္ခဏာပြတတ်ပါတယ်။ အသိသာဆုံးက အဖျားတက်ခြင်းနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ အနီစက်၊အနီကွက်ထွက်ခြင်းလက္ခဏာတွေပါဝင်ပါတယ်။ လူနာအများစုကတော့ တစ်ပတ်အတွင်းသက်သာသွားတတ်ပါတယ်။ Chikungunya က သေဆုံးတဲ့အထိ မဖြစ်တတ်ပေမယ့် ဂရုစိုက်ကုသမှုမရှိဘဲ လက္ခဏာအရမ်းပြင်းထန်ရင်တော့ ဆိုးကျိုးတွေရှိပါတယ်။ ပိုပြင်းပြင်းထန်ထန်ခံစားရဖို့ အန္တရာယ်ရှိသူတွေကတော့ မွေးကင်းစအရွယ်တွေ၊သက်ကြီးပိုင်းအရွယ်တွေ(၆၅နှစ်နဲ့အထက်)နဲ့ သွေးတိုး၊ဆီးချို၊နှလုံးရောဂါတို့လို ရောဂါရှိသူတွေပါဝင်ပါတယ်။

ကုသမှု

ကုသမှုကတော့ အဖျားကျဖို့၊ အကိုက်အခဲသက်သာဖို့ ဆေးဝါးတွေပဲ ဆရာဝန်က ကုသပေးပြီး အကြံပြုချက်တွေပေးပါလိမ့်မယ်။ မြန်မြန်သက်သာဖို့ကတော့ ဆင်ခြင်နေထိုင်ရမှာ ကျန်တာကိုယ့်အပိုင်းဖြစ်ပါတယ်။ ဘယ်လိုနေထိုင်ရမလဲဆိုတော့ –

နားနားနေနေ နေပါ။
ရေများများသောက်ပါ။
ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။
အာဟာရပြည့်ဝအောင်စားပါ။

Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကိုကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။
ကြိုတင်ကာကွယ်ဖို့
အဓိကကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်ရမှာပါပဲ။ ခြင်ကိုက်မခံရအောင် ဆိုရင် –

အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ပါ။ လုံလုံခြုံခြုံဝတ်ပါ။
ခြင်ဆေးလိမ်းပါ။ ခြင်ဆေးထွန်းပါ။
လေအေးစက်သုံးပါ သို့မဟုတ် ခြင်လုံဇကာတပ်ပါ။
အိမ်ဝန်းကျင် ခြင်ကင်းစင်ဖို့ ဂရုစိုက်ရှင်းလင်းပါ။
ပုံး သို့မဟုတ်ပန်းအိုး၊ ရေပုံးတွေကနေ ရေအသစ်လဲပါ၊ ရေကျန်တွေကို သွန်ပစ်ပါ။

ရေးသားသူ  

ဆေးပညာပိုင်းဆိုင်ရာတည်ျးဖတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ္ဘက် က်န်းမာရေးနွင့် ဆေးပညာဝက္ဘ်ဆိုဒ် hellosayarwon.com မွ ကူးယူဖော်ျပပါသည်။


Zawgyi Version

မိုးရာသီဆို တုပ်ကြေးလေးတြေတန်းစီ လို့ျေပာရမလိုပဲနော်။ တုပ်ကြေးမိုးဈုံဖစ်ကြတဲ့အထဲမွာ ဆင္တုပ်ကြေး(ဆင်ျဖူတ္တောုပ်ကြေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့ Chikungunya ကလည်း ခုနောက္ပိုင်း နေရာဝင်ယူလာပါတယ်။ျခင်တြေကလည်း ပေါလာတာကိုး။

Chikungunya ဟာ သြေးလြန္တုပ်ကြေျးခင္လို့သိကြတဲ့ Aedes aegypti နဲ့ Aedes albopictusျခင္မိုးစိတ်တြေကတဆင့် လူတြေဆီကူးစက္တျာဖစ္ပါတယ်။ သြေးလြန္တုပ်ကြေးနဲ့ ဆင္တူတဲ့ရောဂါလည်ျးဖစ္ပါတယ်။ လူလူခ်င်းမကူးနိုင်ပေမယ့် ဒီတုပ်ကြေျးဖစ်နေသူကို ကိုက္ခဲ့တျဲ့ခင္က နောက္တစ်ယောက်ဆီ ကူးစက်ပေးတာပါ။ ဆင္တုပ်ကြေျးဖစ်ရင် စစခ်င်းမွာ ကိုယ္ပူတာ၊ အဆစ်အျမစ်တြေကိုက္ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြက်သားနာက်င္တာ၊ ခေါင်းကိုက္တာ၊ အေရျပားအနီကြက်ျဖစ္တာတျြေဖစ္လာနိုင္ပါတယ်။ ရောဂါပိုးသယ်ဆောင္လာတျဲ့ခင္ကိုက္တာခံရပြီး ၂ ရက္ကေန ၇ ရက်အတြင်း ဆင္တုပ်ကြေးရဲ့ လက္ခဏာတြေပ်ါလာတတ္ပါတယ်။

ကာကြယ်ဆေး မရွိ
Chikungunya ဗိုင်းရပ္စ်အတြက် ကာကြယ်ဆေးမရွိသလို သူ့အတြက်သီးသန့္ကုသတဲ့ဆေးမရွိပါဘူး။ အခုထိုးနေကြတဲ့ ကာကြယ်ဆေးတြေနဲ့လည်း မကာကြယ်နိုင္ပါဘူးတဲ့။ ဗိုင်းရပ္စ်ကြောင့်ျဖစ္တာမို့ ပဋိဇီဝေဆးတြေလည်း သောက္လို့မထူးပါဘူး။ျဖစ္လာခဲ့ရင် သူ့အခိန်အတိုင်းအတာတစ္ခုအတြင်း သက်သာပော်က္ကင်းသြားတတ်ပြီး နောက်ဆက္တျြဲပဿနာဆိုးဆိုးတျြေဖစ္ခဲပါတယ်။

စိုးရိမ်ရလား
အမ်ားစုကေတာ့ ၃ ရက္ကေန ၁၀ ရက်အတြင်း လက္ခဏာတြေသက်သာပော်က္ကင်းသြားကြပါတယ်။ တခို့တြေမွာတော့ အဆစ္နာက်င္ကိုက္ခဲမှုအကြင်းအက်န်တြေကို လနဲ့ခ်ီ၊ နွစ္နဲ့ခ်ီပြီး ခံစားရနိုင္ပါတယ်။ Chikungunya ရဲ့နောက်ဆက္တျြဲပဿနာကြောင့် သေဆုံးမျှုဖစ္တာရွားပါတယ်။ ဒါပေမယ့် နာတာရွည်ရောဂါတြေရွိတဲ့ သက်ကြီးပိုင်းအရယ်ြတြေမွာ တစ္ခါတေလ ရောဂါပျိုပင်းထန္တတ္ပါတယ်။

လက္ခဏာတြေက
ကူးစက္ခံရတဲ့သူအမ်ားစုမျွာခင္ကိုက္ခံရပြီး ၃ ရက္ကေန ၇ ရက် အကြာမွာ လက္ခဏျာပတတ္ပါတယ်။ အသိသာဆုံးက အဖ်ားတက်ျခင်းနဲ့ အဆစ်အျမစ္နာက်င္ကိုက္ချဲခင်းတိျု့ဖစ်ပြီး ခေါင်းကိုက်ျခင်း၊ ကြက်သားနာက်င်ျခင်း၊ အဆစ်ရောင်ရမ်ျးခင်း၊ အနီစက်၊အနီကြက္ထြက်ျခင်းလက္ခဏာတြေပါဝင္ပါတယ်။ လူနာအမ်ားစုကေတာ့ တစ္ပတ်အတြင်းသက်သာသြားတတ္ပါတယ်။ Chikungunya က သေဆုံးတဲ့အထိ မျဖစ္တတ်ပေမယ့် ဂရုစိုက္ကုသမှုမရွိဘဲ လက္ခဏာအရမ်ျးပင်းထန်ရင်တော့ ဆိုးကိုးတြေရွိပါတယ်။ ပျိုပင်ျးပင်းထန္ထန္ခံစားရဖို့ အန္တရာယ်ရွိသူတြေကေတာ့ မြေးကင်းစအရယ်ြတြေ၊သက်ကြီးပိုင်းအရယ်ြတြေ(၆၅နွစ္နဲ့အထက်)နဲ့ သြေးတိုး၊ဆီးခို၊နွလုံးရောဂါတို့လို ရောဂါရွိသူတြေပါဝင္ပါတယ်။

ကုသမှု
ကုသမှုကေတာ့ အဖ်ားက်ဖို့၊ အကိုက်အခဲသက်သာဖို့ ဆေးဝါးတြေပဲ ဆရာဝန္က ကုသေပးပြီး အကျြံပုခ်က်တြေပးပါလိမ့္မယ်။ျမန်ျမန်သက်သာဖို့ကေတာ့ ဆင်ျခင်နေထိုင်ရမွာ က်န္တာကိုယ့်အပိုင်ျးဖစ္ပါတယ်။ ဘယ္လိုနေထိုင်ရမလဲဆိုတော့ –

နားနားနေန နေပါ။
ရေမ်ားမ်ားသောက္ပါ။
ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက္ပါ။ ကိုယ္ထင်ရာအကိုက်အခဲပော်က်ဆေး၊အဖ်ားက်ဆေးတြေမေသာက္ပါနဲ့။
အာဟာရျပည့်ဝေအာင္စားပါ။
Chikungunyaျဖစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမေနပါနဲ့။ လက္ခဏာစတင်ပြီး တစ္ပတ်အတြင်းမျွာခင္ထပ်အကိုက္မခံရေအာင် ဂရုစိုက္ပါ။ နေမေကာင်ျးဖစ်နေတဲ့ကိုယ့္ကိုကိုက်သြားတျဲ့ခင္ကတဆင့် ကိုယ့္မိသားစု သို့မဟုတ် တျခားသူတြေဆီ ဆက်ပြီးကူးစက်နိုင္လို့ပါ။
ကြိုတင္ကာကြယ္ဖို့
အဓိကကေတျာ့ခင္ကိုက္မခံရေအာင် ကာကြယ်ရမွာပါပဲ။ျခင္ကိုက္မခံရေအာင် ဆိုရင် –

အက်င်္ီလက်ရွည်၊ဘောင်းဘီရွည်ဝတ္ပါ။ လုံလုံခြုံခြုံဝတ္ပါ။
ျခင်ဆေးလိမ်းပါ။ျခင်ဆေးထြန်းပါ။
လေအးစက်သုံးပါ သို့မဟုတ်ျခင္လုံဇကာတပ္ပါ။
အိမ်ဝန်းက်င်ျခင္ကင်းစင္ဖို့ ဂရုစိုက်ရွင်းလင်းပါ။
ပုံး သို့မဟုတ္ပန်းအိုး၊ ရေပုံးတြေကေန ရေအသစ္လဲပါ၊ ရေက်န်တြေကို သြန္ပစ္ပါ။

ရေးသားသူ  Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖတ်သူ Dr. Thurein Hlaing Win

ဤဆောင်းပါးကို DVB ၏ မိတ္ဘက် က်န်းမာရေးနငြ့် ဆေးပညာဝက္ဘ္ဆိုဒ် hellosayarwon.com မြ ကူးယူဖော်ပပါသည်။

Source : DVB