fbpx

ကလေးငယ်များအတွက် sex education ကို အခြေခံပညာသင်ကြားရေးစနစ်တွင် ထည့်သင့်

မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် sex education (လိင်ပိုင်းဆိုင်ရာ ပညာပေးမှု)တွေ ကို အခြေခံပညာ သင်ကြားရေးစနစ်ကနေစပြီး ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းသင်ကြား သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

နိုင်ငံတကာမှာတော့ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုနဲ့ပတ်သက်ပြီး ကျောင်းပညာရေးတွေမှာ ထည့်သွင်းသင်ကြားပေးနေပြီး မြန်မာနိုင်ငံမှာတော့ ဒီစနစ်မရှိသေးတဲ့အတွက် သင်ကြားပေးဖို့ လိုအပ်နေပြီလို့ Myanmar Parenting မှ ဒေါ်စုလဲ့ဝင်းက ပြောပါတယ်။

 “ထည့်ကိုထည့်သွင်းရမှာ၊ ဘာလုပ်လို့လဲဆိုတော့ sex education လို့ပြောတာနဲ့ တချို့က ကလေးတယောက်ကို sexual ပိုင်းလို့ ထင်ကြတာ၊ တကယ်တော့မဟုတ်ဘူး။ သူတို့ကို ငယ်ငယ်လေးထဲက စသင်ခြင်းအားဖြင့် ကြီးလာတဲ့ထိကို သူ နောက်ဆုံးအိမ်ထောင်ကျမယ်၊ သူရဲ့ ဘဝ long life အထိကို သူ့ရဲ့မှန်ကန်တဲ့အတွေးတွေ ဘယ်လိုလုပ်ရမလဲ၊ သူများအပေါ် ဘယ်လိုဆက်ဆံရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို respect ထားရလဲ၊ အဲ့ဒါတွေအကုန်လုံး သင်ကြားပေးသလိုဖြစ်သွားမှာ။ ဆိုတော့ ငယ်ငယ်လေးထဲက ကြီးလာတဲ့အထိကို လိုအပ်တဲ့အတွက် ဒါက ကျောင်းပိုင်းမှာလည်းလိုတယ်၊ အကုန်လိုတယ်။ လူ့ဘောင်လောကအတွက်က တကယ်ကို လိုအပ်တယ်၊ ဒီပညာရေးကတော့လေ”လို့ ပြောပါတယ်။

အခုလို သင်ကြားခြင်းအားဖြင့် ကြီးပြင်းလာတဲ့ဘဝသက်တမ်းမှာ ဆောင်ရန် ရှောင်ရန်တွေကို သိမြင်လာနိုင်မယ်လို့လည်း ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ သင်ကြားရာမှာ ကလေးငယ်တွေ ပြေးလွှားဆော့ကစား တတ်တဲ့ အရွယ်ကတည်းက မိဘတွေကိုယ်တိုင် နားလည်သဘောပေါက်အောင် သင်ကြားပေး သင့်တယ်လို့ စိတ်ပညာရှင် ဆရာဝန်တွေက ပြောပါတယ်။

မန္တလေး စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်က “အစ်မတို့နိုင်ငံမှာလည်း အယူအဆမှားတွေရှိတယ်ပေါ့နော်၊ ငယ်ငယ်ထဲက ဒီလိင်ကိစ္စ၊ ဥပမာ sex education လို့ပြောလိုက်တာနဲ့ ဒါ လိင်ကိစ္စဆို ကလေးတွေကို မသိစေချင်ဘူး။ လူကြီးမိဘတွေက အစ ဒီဟာကြီးကို အယူအဆမှားပေါ့နော်၊ ကလေးတွေကို မသိစေချင်တာက များနေတယ်၊ ကလေးတော်တော်များများက တစ်ချို့ဆိုရင် တက္ကသိုလ်ရောက်လာတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ၊ အဲ့တော့ ခုနကလို abortion case တွေ များလာတယ်၊ နောက်တခါ အဲဒီဟာတွေ လျော့ကျစေဖို့က အစ်မတို့ ပုဂ္ဂလိကတွေ၊ NGO တွေ တခုတည်းနဲ့ ဆောင်ရွက်လို့မရဘူး၊ Government Sector ကပါ ပါဝင်မှ ကျောင်းတွေမှာ ထည့်သွင်းမှ community level ထိ ရောက်မှာ၊ community ဆိုတာ အောက်ခြေလူတန်းစားတွေ အကုန်လုံး ရောက်နိုင်ဖို့ ဒီ sex education ကို ကျောင်းတွေမှာ ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းသင့်ပါတယ်။ ထည့်သွင်းဖို့က အစိုးရရဲ့ အားတက်သရော ပါဝင်ဆောင်ရွက်မှသာ အောင်မြင်သွားမှာ”လို့ ပြောပါတယ်။

ဒီကိစ္စဟာ အောက်ခြေလူတန်းစားအထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပြီ လို့လည်း သိရပါတယ်။

ဒါ့အပြင် Sex education ဟာ မိဘကိုယ်တိုင်က ငယ်စဉ်ကတည်းက သင်ကြားပေးဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်တယ်လို့ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် မယ်လိုဒီကပြောပါတယ်။

“လိုအပ်တာ မဟုတ်ဘူး၊ လိုကိုလိုအပ်တာ။ မျိုးက သားကိုလည်း သင်ပေးတယ်၊ ဘာလို့ဆိုတော့ လက်ဦးဆရာ မိနှင့်ဘ ဖြစ်တဲ့ခါကျတော့ မိဘကအရင်ဆုံး ဘယ်အရာမဆို ဆုံးမသွန်သင်ပြ ပြောပြထားမှ သူ့ရဲ့အနာဂတ်မှာ ပိုပြီးလှပနိုင်မယ်၊ပထမဦးဆုံးက မိဘဖြစ်တဲ့ အတွက် မိဘကတော့ အရင်သင်ပေးရမယ်၊ အိမ်ကနေ ပြီးတော့မှ ကျောင်းကိုသွားတာလေ၊ ကျောင်းက နံပါတ် ၂ အဆင့်မှာ ရှိတဲ့ခါကျတော့ ကျောင်းကလည်း သင်ပေးသင့်တာပေါ့၊ သင်ပေးရင်တော့ အကောင်းဆုံးပေါ့ရှင့် ”လို့ မယ်လိုဒီက ပြောပါတယ်။

Myanmar Parenting Group က စီစဉ်တဲ့ ကလေးငယ်တွေအတွက် sex education နဲ့ ပတ်သက်တဲ့ ဟောပြောပွဲကိုလည်း ဩဂုတ် ၃ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပြီး မန္တလေးစိတ်ကျန်းမာရေး အထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်၊ မန္တလေး ဆေးတက္ကသိုလ် ကလေးကျန်းမာပညာဌာနမှ ကထိက ဒေါက်တာခိုင်ဝါဝါထွန်း၊ ဒေါက်တာဖြိုးသီဟ၊ ဒေါက်တာခိုင်စံပယ်မင်း၊ ဒေါ်စုလဲ့ဝင်းနဲ့ ကုပ်ရှင်နှင့် မယ်လိုဒီတို့ တက်ရောက်ကာ လိင်ပညာပေးမှုနဲ့ ပတ်သက်တဲ့ အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ဒီအခမ်းအနားကို မန္တလေးမြို့ခံ ငါးရာလောက် တက်ရောက်ခဲ့ကြပါတယ်။

ထိန်ထိန်လင်း


ကေလးငယ္မ်ားအတြက် sex education ကို အျေခခံပညာသင်ကြားရေးစနစ္တြင် ထည့်သင့်
DVB
ျမန္မာနိုင်ငံက ကေလးငယ်တြေအတြက် sex education (လိင္ပိုင်းဆိုင်ရာ ပညာပေးမှု)တြေ ကို အျေခခံပညာ သင်ကြားရေးစနစ္ကေနစပြီး ဘာသာရပ္တခုအေနနဲ့ ထည့်သြင်းသင်ကြား သင့္တယ္လို့ က်န်းမာရေးပညာရွင်တြေကျေပာပါတယ်။

နိုင်ငံတကာမွာတော့ လိင္ပိုင်းဆိုင်ရာ ပညာပေးမှုနဲ့ပတ်သက်ပြီး ကော်င်းပညာရေးတြေမွာ ထည့်သြင်းသင်ကြားပေးနေပြီျးမန္မာနိုင်ငံမွာတော့ ဒီစနစ္မရွိသေးတဲ့အတြက် သင်ကြားပေးဖို့ လိုအပ်နေပြီလို့ Myanmar Parenting မွ ဒေါ်စုလဲ့ဝင်းကျေပာပါတယ်။

“ထည့္ကိုထည့်သြင်းရမွာ၊ ဘာလုပ္လို့လဲဆိုတော့ sex education လို့ျေပာတာနဲ့ တခို့က ကေလးတေယာက္ကို sexual ပိုင်းလို့ ထင်ကြတာ၊ တကယ်တော့မဟုတ္ဘူး။ သူတို့ကို ငယ်ငယ်လေးထဲက စသင်ျခင်းအာျးဖင့် ကြီးလာတဲ့ထိကို သူ နောက်ဆုံးအိမ်ထောင္က်မယ်၊ သူရဲ့ ဘဝ long life အထိကို သူ့ရဲ့မွန္ကန္တဲ့အေတြးတြေ ဘယ္လိုလုပ်ရမလဲ၊ သူမ်ားအေပါ် ဘယ္လိုဆက်ဆံရမလဲ၊ ကိုယ့္ကိုယ္ကိုယ် ဘယ္လို respect ထားရလဲ၊ အဲ့ဒါတြေအကုန္လုံး သင်ကြားပေးသလျိုဖစ်သြားမွာ။ ဆိုတော့ ငယ်ငယ်လေးထဲက ကြီးလာတဲ့အထိကို လိုအပ္တဲ့အတြက် ဒါက ကော်င်းပိုင်းမွာလည်းလိုတယ်၊ အကုန္လိုတယ်။ လူ့ဘောင်လောကအတြက္က တကယ္ကို လိုအပ္တယ်၊ ဒီပညာရေးကေတာ့လေ”လို့ျေပာပါတယ်။

အခုလို သင်ကြာျးခင်းအာျးဖင့် ကြီျးပင်းလာတဲ့ဘဝသက္တမ်းမွာ ဆောင်ရန် ရွောင်ရန်တြေကို သျိမင္လာနိုင္မယ္လို့လည်း ဆိုပါတယ်။
လိင္ပိုင်းဆိုင်ရာနဲ့ ပတ်သက္လို့ သင်ကြားရာမွာ ကေလးငယ်တြေျေပးလွှားဆော့ကစား တတ္တဲ့ အရယ္ကြတည်းက မိဘေတြကိုယ္တိုင် နားလည်သေဘာပေါက်အောင် သင်ကြားပေး သင့္တယ္လို့ စိတ္ပညာရွင် ဆရာဝန်တြေကျေပာပါတယ်။

မန္တေလး စိတ္က်န်းမာရေးအထူးကုဆေးရုံကြီးမွ ဆေးရုံအုပ်ကြီး ဒေါက္တာအေးသူအောင္က “အစ္မတို့နိုင်ငံမွာလည်း အယူအဆမွားတြေရွိတယ်ပေါ့နော်၊ ငယ်ငယ္ထဲက ဒီလိင္ကိစ္စ၊ ဥပမာ sex education လို့ျေပာလိုက္တာနဲ့ ဒါ လိင္ကိစ္စဆို ကေလးတြေကို မသိစေခ်င္ဘူး။ လူကြီးမိဘေတြက အစ ဒီဟာကြီးကို အယူအဆမွားပေါ့နော်၊ ကေလးတြေကို မသိစေခ်င္တာက မ်ားနေတယ်၊ ကေလးတော်တ္မော်ားမ်ားက တစ္ခို့ဆိုရင် တက္ကသိုလ်ရောက္လာတယ်၊ ကိုယ့္ကိုယ္ကိုယ် ဘယ္လို ကာကြယ်ရမလဲ၊ အဲ့တော့ ခုနကလို abortion case တြေ မ်ားလာတယ်၊ နောက္တခါ အဲဒီဟာတြေ လော့်က်စေဖို့က အစ္မတို့ ပုဂ္ဂလိကေတြ၊ NGO တြေ တခုတည်းနဲ့ ဆောင်ရက္လြို့မရဘူး၊ Government Sector ကပါ ပါဝင္မွ ကော်င်းတြေမွာ ထည့်သြင်းမွ community level ထိ ရောက္မွာ၊ community ဆိုတာ အောက်ျေခလူတန်းစားတြေ အကုန္လုံး ရောက်နိုင္ဖို့ ဒီ sex education ကို ကော်င်းတြေမွာ ဘာသာရပ္တခုအေနနဲ့ ထည့်သြင်းသင့္ပါတယ်။ ထည့်သြင်းဖို့က အစိုးရရဲ့ အားတက်သေရာ ပါဝင်ဆောင်ရက္မြွသာ အောင်ျမင်သြားမွာ”လို့ျေပာပါတယ်။

ဒီကိစ္စဟာ အောက်ျေခလူတန်းစားအထိ က်ယ္က်ယ်ျပန့်ျပန့္လုပ်ဆောင်နိုင္ဖို့ လိုအပ်နေပြီ လို့လည်း သိရပါတယ်။
ဒါ့အျပင် Sex education ဟာ မိဘကိုယ္တိုင္က ငယ္စဉ္ကတည်းက သင်ကြားပေးဖို့ လိုအပ္တဲ့ ကိစ္ဈဖစ္တယ္လို့ ရုပ်ရွင်နွင့် ဗြီဒီယို သရုပ်ဆောင် မယ္လိုဒီကျေပာပါတယ်။

“လိုအပ္တာ မဟုတ္ဘူး၊ လိုကိုလိုအပ္တာ။ မိုးက သားကိုလည်း သင်ပေးတယ်၊ ဘာလို့ဆိုတော့ လက်ဦးဆရာ မိနွင့္ဘျဖစ္တဲ့ခါက်တော့ မိဘကအရင်ဆုံး ဘယ်အရာမဆို ဆုံးမသြန်သင်ျပ ေ်ပာ်ပထားမြ သူ့ရဲ့အနာဂတ္မွာ ပိုပြီးလွပနိုင္မယ်၊ပထမဦးဆုံးက မိဘျဖစ္တဲ့ အတြက် မိဘကေတာ့ အရင်သင်ပေးရမယ်၊ အိမ္ကေန ပြီးတော့မွ ကော်င်းကိုသြားတာလေ၊ ကော်င်းက နံပါတ် ၂ အဆင့္မွာ ရွိတဲ့ခါက်တော့ ကော်င်းကလည်း သင်ပေးသင့္တာပေါ့၊ သင်ပေးရင်တော့ အေကာင်းဆုံးပေါ့ရွင့် ”လို့ မယ္လိုဒီကျေပာပါတယ်။

Myanmar Parenting Group က စီစဉ္တဲ့ ကေလးငယ်တြေအတြက် sex education နဲ့ ပတ်သက္တဲ့ ဟေျာေပာပြဲကိုလည်း ဩဂုတ် ၃ ရက်နေ့က မန္တေလးမြို့မျွာပုလုပ္ခဲ့ပြီး မန္တေလးစိတ္က်န်းမာရေး အထူးကုဆေးရုံမွ ဆေးရုံအုပ်ကြီး ဒေါက္တာအေးသူအောင်၊ မန္တေလး ဆေးတက္ကသိုလ် ကေလးက်န်းမာပညာဌာနမွ ကထိက ဒေါက္တာခိုင်ဝါဝါထြန်း၊ ဒေါက္တာဖြိုးသီဟ၊ ဒေါက္တာခိုင္စံပယ္မင်း၊ ဒေါ်စုလဲ့ဝင်းနဲ့ ကုပ်ရွင်နွင့် မယ္လိုဒီတို့ တက်ရောက္ကာ လိင္ပညာပေးမှုနဲ့ ပတ်သက္တဲ့ အသိပညာပေးဆြေးနြေးမှုတျြေပုလုပ္ခဲ့ကြပါတယ်။

ဒီအခမ်းအနားကို မန္တေလးမြို့ခံ ငါးရာလောက် တက်ရောက္ခဲ့ကြပါတယ်။
ထိန္ထိန္လင်း

Source : DVB