fbpx

ကလေးတွေအနာဂတ်အတွက် မျှော်လင့်ပြီး အိမ်ပြန်လာသူ

ထိုင်းနိုင်ငံ နယ်စပ်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၅ နှစ်ခန့် နေထိုင်ခဲ့ပြီးတဲ့နောက် နော်ရှဲဒိုတယောက် မြန်မာနိုင်ငံကို ပြန်လည်အခြေချတဲ့ဒုက္ခသည် ၁၀၀၀ ကျော်ထဲက တယောက်အပါအဝင် ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ နှစ်ကြာလာနဲ့အမျှ မရေရာတော့တဲ့ အနာဂတ်နဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ပြောပါတယ်။

“သူတို့အတွက်က စခန်းထဲမှာ နေတာ ဆိုတော့ မြို့ရဲ့အတိုင်းတာကိုလည်း သူတို့ မသိ၊ နိုင်ငံရဲ့ အတိုင်းအတာ ဆိုတာလည်း သူတို့ မသိ၊ အဲဒါကြောင့် ဒီအတွေးအခေါ်လေး။ ဒီဗဟုသုတတောင်မှ မရနိုင်ဘူး ဆိုပြီးတော့မှ ကမ္ဘာကြီးက ဘယ်လိုလဲ၊ နိုင်ငံကြီးက ဘယ်လိုလဲဆိုတာ သူတို့ကို သိစေချင်တယ်လေ။ ဒီကြားထဲမှာပဲ သူတို့ဘဝကို သူတို့ အဓိပ္ပာယ်ရှိရှိ ရပ်တည်ချင်တယ်။ အဲလိုမျိုးပဲ ခံယူပြီးတော့မှ ပြန်လာလိုက်တာလေ။”

သူမဟာ ၁၉၉၅ ခုက အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒုက္ခသည်စခန်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်က မယ်ဆူရင်း (ခေါ်) ကရင်နီဒုက္ခသည်စခန်း ၁ မှာ သွားရောက် အခြေချခဲ့ပါတယ်။
ပြည်တွင်းစစ်ရဲ့ မငြိမ်မသက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကနေ တောတောင်ထဲမှာ သွားလာလှုပ်ရှားရင်းနဲ့ ၁၉၉၃ ခုနှစ်မှာ အဲဒီဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်က မော်ချီးကနေ ကရင်အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ဖွင့်လှစ်တဲ့ ဆေးကျန်းမာရေး သင်တန်းမှာတက်ရင်း အဲဒီဒေသတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို ဆေးကုသပေးမှုနဲ့ ကလေးငယ်တွေကို ပညာသင်ပေးခဲ့တယ်လို့ နော်ရှဲဒိုက ပြောပါတယ်။

“အညိုရောင်နယ်မြေလား၊ အနက်ရောင်နယ်မြေလား သူတို့ သတ်မှတ်တဲ့ ကျေးရွာတွေဘက်မှာ သွားနေတယ်ပေါ့နော်။ အဲမှာ ကျေးရွာတွေမှာဆိုရင်လည်း ပညာရေး၊ ကျန်းမာရေး လိုအပ်တော့ ကေအန်ပီပီဘက်က ဖွင့်တဲ့ ကျန်းမာရေးသင်တန်းကို သွားတက်တယ်လေ။ အဲမှာ ပညာရေးဘက်မှာလည်း ကူညီပေးတယ်။ ကျန်းမာရေးကိုလည်း ကူညီပေးတယ်။ ရွာသူရွာသားတွေကို အဓိက ထားပြီးတော့မှပေါ့နော်။”

ဒီနောက်ပိုင်း နိုင်ငံရေး မငြိမ်မသက်မှုကြောင့် တဖက်နဲ့တဖက်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ၁၉၉၃ ခုနှစ်က ထိုင်းနယ်စပ်ကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင် မယ့်စာလဲ (ခေါ်) သောလဲထနားတဝိုက်မှာ ခိုလှုံနေထိုင်ရင်းနဲ့ ၁၉၉၅ ခုနှစ်မှာ မယ်ဆူရင်း (ခေါ်) ကရင်နီဒုက္ခသည်စခန်း ၂ ကို သွားရောက်ခိုလှုံခဲ့တာလို့ ပြောပါတယ်။

မယ်ဆူရင်းဒုက္ခသည်စခန်းမှာ ၁၀ နှစ်ခန့် နေထိုင်ပြီးနောက် ထွက်ပေါက်ရှာချင်တဲ့အနေနဲ့ ၂၀၀၄ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မိသားစုလိုက် သွားရောက်ပြီး အလုပ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

“၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်းပေါ့။ အဲဒီကြားအတောအတွင်းမှာ လူက ကြာလာတော့ စိတ်ထွက်ပေါက်မရှိဘူး။ စိတ်ဖိစီးမှုတွေ များလာတယ်။ ကျန်းမာရေးအတွက်တော့ သူများက ကုသပေးပါတယ်။ ဒါပေမဲ့ မတူဘူးနော်။ ကိုယ်က အဲဒီထဲမှာနေတာ ကိုယ့်တိုင်းပြည်ကို ဘယ်တော့မှ ပြန်နေရပါ့မလဲ။ နောက် သားသမီးတွေလည်း အဲဒီမှာ ထပ်မွေးလာတာ ရှိတယ်လေ။ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ အမျိုးမျိုးရှိတော့ မနေနိုင်တော့ဘူး။ မနေနိုင်တော့ အဲဒီကနေပြီးမှ စိတ်ထွက်ပေါက်ကို ရှာချင်တယ်။ ကိုယ့်ဘာသာကိုယ် သူများ ကျွေးတာကိုလည်း ကြာကြာမစားချင်တော့ဘူး။ ရတာနဲ့ပဲ စားပြီးနေတော့မလား၊ ကိုယ့်ဘာသာကို မရုန်းကန် မစားသောက်ဘူးလား ဆိုပြီးတော့ အဲဒီကနေပြီးတော့ မယ်ဟောင်ဆောင်မှာ အလုပ်သွားလုပ်မယ် ဆိုပြီးတော့ မိသားစုလိုက် ထွက်သွားလိုက်တာ။ အဲဒီမယ်ဟောင်ဆောင်ကနေပြီးတော့မှ တခါ ချင်းမိုင်ကို ဆက်တက်ပြီး သွားရောက်အလုပ်လုပ်ခဲ့တယ်။”

ဒီလို စိတ်ထွက်ပေါက်ရှာရင်း ကိုယ့်ဘာသာကို လုပ်ကိုင်စားသောက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ့အနေနဲ့ ဒုက္ခသည်ကနေ လာတာဖြစ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တရားမဝင် နေထိုင်ခဲ့ရပါတယ်။

ဒီလို တရားမဝင် နေထိုင်အလုပ်လုပ်ရင်း ထိုင်းနိုင်ငံက save the children အဖွဲ့ကို အကူအညီတောင်းပြီး ကလေးတွေ ပညာရေးအတွက်၊ ကလေးတွေကို ကျောင်းထားခဲ့ပါတယ်။ ကလေး ၆ ဦးထဲက အလတ် ၂ ဦးကတော့ save the children အဖွဲ့က ကူညီလို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း အခု တယောက်ဆိုရင် လာမယ့်နှစ်မှာ ဘွဲ့ရတော့မယ်လို့ ပြောပါတယ်။

ဒါပေမယ့် မိသားစုလိုက် ထိုင်းနိုင်ငံ ချင်းမိုင်မှာ တရားမဝင် နေထိုင်ရတာ အဆင်မပြေလို့ ချင်းမိုင်မှာ ၇ နှစ် ကြာပြီးတဲ့နောက်မှာတော့ ၂၀၁၀ ခုနှစ်မှာ တခါ ဘန်းနမ့်စွယ် (ခေါ်) ကရင်နီ ဒုက္ခသည်စခန်း (၁) မှာ ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ်။

“၂၀၁၀ မှာ ဒုက္ခသည်စခန်း ၁ ဘက်ကို ပြန်ပြောင်းလာတယ်။ ဘာဖြစ်လဲဆိုတော့ အစုလိုက် အပြုံလိုက်နဲ့ ဟိုမှာနေလို့လည်း မဖြစ်ဘူး။ ကိုယ်ကလည်း နိုင်ငံသားမဟုတ်၊ တရားမဝင် လက်မှတ်မရှိ ဘာမရှိဆိုတော့ စခန်း ၁ မှာ ပြန်ပြောင်းနေတယ်။”

၂၀၁၀ ခုနှစ်ကနေ အခုနှစ် ၂၀၁၉ အထိ အဲဒီကရင်နီဒုက္ခသည်စခန်း ၁ မှာ နေထိုင်ရင်းနဲ့ ကျန်ရှိနေသေးတဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံကို ပြန်လည်အခြေချဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

“ပထမ စခန်း ၂ မှာ နေခဲ့သလိုပဲလေ။ ကိုယ့်ရဲ့မိသားစုရဲ့ အနာဂတ်က ဘာမှမရှိဘူး။ မရှိတော့ ဒီကလေးတွေက ဒီလိုပဲ သူတို့အနာဂတ်က သွားနေမယ်ဆိုရင်တော့ မဟုတ်သေးဘူးပေါ့နော်။ ကျမတို့ကလည်း ငြိမ်းချမ်းရေးကို မျှော်လင့်ပြီးတော့မှ ဗမာပြည်ကြီး ငြိမ်းချမ်းမှပဲ ပြန်မယ်ဆိုပြီးတော့မှ အဲဒါကို စောင့်နေပြီးတော့မှ ပြန်မယ်ဆိုရင်လည်း စခန်းထဲမှာ ဘယ်ကမှလည်း အဲလောက်ထိ ငြိမ်းချမ်းရေးရနိုင်တဲ့အထိ ဘယ်သူမှလည်း ထောက်ပံ့နိုင်တော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ကျမ သိလိုက်တာက ဘယ်နိုင်ငံ ဘယ်နေရာမှ ငြိမ်းချမ်းရေးဆိုတာ မရှိတော့ဘူး။ အဲတော့ ဒီစစ်ပဲ ဖြစ်နေပါစေ၊ ငြိမ်းချမ်းရေးပဲ ကြိုးစားနေပါစေ၊ အဲဒီမှာ ကိုယ့်ဟာကိုတော့ ပြန်ပြီးတော့ လုပ်ကိုင်စားသောက်ရမှာပဲ။ ဒါမှလည်း ကိုယ့်ကလေးတွေက ဒါတွေကို သိမယ်။ စခန်းထဲမှာပဲ နေမယ်ဆိုရင် အမြင်လည်း မကျယ်ဘူး။ ဗဟုသုတလည်း မရှိဘူး။ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတော့ ဗဟုသုတဆိုတာ သူတို့မှာမရှိဘူး။ နည်းတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်နေမယ်။ သူတို့အတွက်က စခန်းထဲမှာနေတာဆိုတော့ မြို့ရဲ့ အတိုင်းအတာကိုလည်း သူတို့ မသိ၊ နိုင်ငံရဲ့ အတိုင်းအတာ ဆိုတာလည်း သူတို့ မသိ၊ အဲဒါကြောင့် ဒီအတွေးအခေါ်လေး။ ဒီဗဟုသုတတောင်မှ မရနိုင်ဘူး ဆိုပြီးတော့မှ ကမ္ဘာကြီးက ဘယ်လိုလဲ၊ နိုင်ငံကြီးက ဘယ်လိုလဲဆိုတာ သူတို့ကို သိစေချင်တယ်လေ။ ဒီကြားထဲမှာပဲ သူတို့ဘဝကို သူတို့ အဓိပ္ပာယ်ရှိရှိ ရပ်တည်ချင်တယ်။ အဲလိုမျိုးပဲ ခံယူပြီးတော့မှ ပြန်လာလိုက်တာလေ။”

နော်ရှဲဒိုဟာ ၂၀၁၉ ခုဖေဖော်ဝါရီက ထိုင်းနယ်စပ် ကရင်နီဒုက္ခသည်စခန်း ၁ ကနေ ကယားပြည်နယ် ဖားဆောင်းမြို့နယ်က ခဲမဖြူ ကျေးရွာမှာ ပြန်လာ အခြေချခဲ့ပါတယ်။ ထိုင်းနိုင်ငံနယ်စပ်ကနေ မိမိသဘောဆန္ဒအရ ပြန်လည် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ၂၀၁၈ ခု မေလမှာ တကြိမ်၊ ၂၀၁၉ ဖေဖော်ဝါရီလမှာ တကြိမ် နဲ့ ဇူလိုင်လမှာ အခုတကြိမ် ပေါင်း ၁၁၁ ဦးကို ကယားပြည်နယ်အစိုးရအနေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေ သွားလိုတဲ့ သူတို့သွားလိုတဲ့နေရာကို ပို့ဆောင်ပေးတာအပြင် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ထုတ်ပေးတာတွေ၊ ကျောင်းနေအရွယ် ကလေးငယ်တွေ ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ နော်ရှဲဒိုအနေနဲ့ကလည်း ခဲမဖြူကျေးရွာမှာ ကျေးရွာတာဝန်ရှိသူတွေက နေထိုင်ဖို့ မြေနေရာ စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အိမ်ဆောက်ဖို့ စရိတ်မရှိသေးတဲ့အတွက် အိမ်မဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။

သူ့အနေနဲ့ ကျောင်းနေအရွယ် ကလေး ၂ ဦးရှိတဲ့အတွက် ကျောင်းနေမယ့် သားသမီးတွေကို ပညာသင်ပေးနိုင်ရေး အစိုးရရဲ့အစီအစဉ်နဲ့ မြန်မာပြည် သင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးခဲ့ပြီး အခုနှစ် ကျောင်းအပ်နှံချိန်မှာတော့ ကလေးနှစ်ဦးကို ကျောင်းအပ်နှံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျောင်းနေအရွယ် ကလေး ၂ ဦးကိုတော့ ဒီမောဆိုမြို့နယ်က ဘော်ဒါဆောင်တခုမှာ ထားပြီး ကျောင်းအပ်နှံထားပေမယ့် နေစရာအိမ် မရှိသေးတဲ့ သူ့အဖို့ကတော့ သူ့ရဲ့ အသိမိတ်ဆွေ အိမ်မှာ နေရပြီး နေ့စဉ် စားဝတ်နေရေးအတွက် နေ့စား လိုက်လုပ်နေတယ်လို့ ပြောပါတယ်။

“ကလေး ၂ ယောက်က အကြီးမက ၁၀ တန်း၊ အငယ်ကောင်က ၈ တန်း၊ ဒီကို ရောက်လာတော့ စားဝတ်နေရေး ထောက်ပံ့မှု မရှိပါဘူး။ ကိုယ့်ရဲ့ ရေရှည်အလုပ်အတွက် ကလေးကိုလည်း ထောက်ပံ့ဖို့လည်း လိုတယ်။ သူတို့ စာမရမှာစိုးလို့ စာမလိုက်နိုင်မှာစိုးလို့ သူတို့ကို ဘော်ဒါဆောင်မှာ သွားထားတယ်။ ဘော်ဒါဆောင်က တလ ၃၅၀၀၀ နှစ်ယောက်ဆိုရင် ၇၀၀၀၀ ပေါ့နော်။ အဲဒီအတွက် ကိုယ့်ဟာကိုယ် ရှာရတယ်။ အခုက အိမ်လည်း မရှိဘူး။ အိမ်ဆောက်ဖို့ထက် ကလေးတွေရဲ့ ပညာရေးက ထောက်ပံ့ရမယ်။ ကိုယ့်ဘာသာကိုယ် စားဖို့အတွက် ရုန်းကန်ရတယ်။ အဲဒီအတွက် ဒီနေ့စား အခုချိန်ဆိုရင် သူများ ပေါင်းလိုက်တဲ့အချိန် ထမင်းတနပ် ကျွေးရင် ၆၀၀၀၊ မကျွေးရင် ၇၀၀၀ အဲလို လိုက်တယ်ပေါ့နော်။”

မြန်မာနိုင်ငံသားဖြစ်လို့ မြန်မာနိုင်ငံကို ပြန်လာတာဟာ သူ့တယောက်တည်း မဟုတ်ပါဘူး။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၆ ခုနှစ်ကစပြီး ဇူလိုင်လအထိ မိမိဆန္ဒအလျောက် နေရပ်ပြန်ပို့တဲ့ အစီအစဉ်မှာ ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်ပြီး ဖြစ်ပါတယ်။

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာဒုက္ခသည် တသိန်းခန့် ရှိနေသေးပြီး ငြိမ်းချမ်းမှု အပြည့်အဝ မရသေးတဲ့ မြန်မာနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်လာဖို့ မဝံ့မရဲ ဖြစ်နေကြပါတယ်။ ပြန်လည်ဝင်ရောက်လာလိုသူ အများစုကလည်း ပြန်လည်နေထိုင်မယ့် မြေနေရာတွေ မရှိတော့တာတွေ၊ စစ်ကာလက ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး အခုနောက်ပိုင်း အဆိုပါရွာတွေမှာ မြေနေရာ မရှိတော့တာတွေ စတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။


Zawgyi Version

ကေလးတြေအနာဂတ်အတြက် မွေ်္လာင့်ပြီး အိမ်ျပန္လာသူ
နော်နိုရင်း

ထိုင်းနိုင်ငံ နယ္စပ္ဒုက္ခသည္စခန်းမွာ နွစ်ပေါင်း ၂၅ နွစ္ခန့် နေထိုင္ခဲ့ပြီးတဲ့နောက် နော်ရွဲဒိုတေယာက်ျမန္မာနိုင်ငံကျိုပန္လည်အျေခခ်တဲ့ဒုက္ခသည် ၁၀၀၀ ကေ်္ထာဲက တေယာက်အပါအဝင်ျဖစ္ပါတယ်။

ဒုက္ခသည္စခန်းမွာ နေထိုင်ရတာ နွစ်ကြာလာနဲ့အမွ် မေရရာတော့တဲ့ အနာဂတ္နဲ့ ကေလးတြေရဲ့ အနာဂတ်အတြက်ျမန္မာနိုင်ငံကျိုပန္လာဖို့ ဆုံျးဖတ္ခဲ့ရတာလို့ျေပာပါတယ်။

“သူတို့အတြက္က စခန်းထဲမွာ နေတာ ဆိုတော့ မြို့ရဲ့အတိုင်းတာကိုလည်း သူတို့ မသိ၊ နိုင်ငံရဲ့ အတိုင်းအတာ ဆိုတာလည်း သူတို့ မသိ၊ အဲဒါကြောင့် ဒီအေတြးအေခ်ါလေး။ ဒီဗဟုသုတေတာင္မွ မရနိုင္ဘူး ဆိုပြီးတော့မွ ကမ္ဘာကြီးက ဘယ္လိုလဲ၊ နိုင်ငံကြီးက ဘယ္လိုလဲဆိုတာ သူတို့ကို သိစေခ်င္တယ်လေ။ ဒီကြားထဲမွာပဲ သူတို့ဘဝကို သူတို့ အဓိပ္ပာယ်ရွိရွိ ရပ္တည္ခ်င္တယ်။ အဲလိုမိုးပဲ ခံယူပြီးတော့မျွပန္လာလိုက္တာလေ။”

သူမဟာ ၁၉၉၅ ခုက အေကြာင်းအမိုးမိုးကြောင့် နယ္စပ္ဒုက္ခသည္စခန်းတချုဖစ္တဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင္က မယ်ဆူရင်း (ခေါ်) ကရင္နီဒုက္ခသည္စခန်း ၁ မွာ သြားရောက် အျေခခ်ခဲ့ပါတယ်။
ျပည္တငြ်းစစ်ရဲ့ မငြိမ္မသက္မှုကြောင့် ကယာျးပည္နယ်၊ ဖားဆောင်းမြို့နယ် မ္ခော်ီးဒေသကေန တောတောင္ထဲမွာ သြားလာလှုပ်ရွားရင်းနဲ့ ၁၉၉၃ ခုနွစ္မွာ အဲဒီဒုက္ခသည္စခန်းကို ရောက်ရွိခဲ့ပါတယ်။ ၁၉၈၇ ခုနွစ္က မ္ခော်ီးကေန ကရင်အမိုးသားတိုးတက်ရေးပါတီ (ကေအန္ပီပီ) က ဖြင့္လွစ္တဲ့ ဆေးက်န်းမာရေး သင္တန်းမွာတက်ရင်း အဲဒီဒေသတဝိုက္မွာရွိတဲ့ ကေ်းရြာတြေကို ဆေးကုသေပးမှုနဲ့ ကေလးငယ်တြေကို ပညာသင်ပေးခဲ့တယ္လို့ နော်ရွဲဒိုကျေပာပါတယ်။

“အညိုရောင္နယ်ျေမလား၊ အနက်ရောင္နယ်ျေမလား သူတို့ သတ္မွတ္တဲ့ ကေ်းရြာတြေဘက္မွာ သြားနေတယ်ပေါ့နော်။ အဲမွာ ကေ်းရြာတြေမွာဆိုရင္လည်း ပညာရေး၊ က်န်းမာရေး လိုအပ်တော့ ကေအန္ပီပီဘက္က ဖြင့္တဲ့ က်န်းမာရေးသင္တန်းကို သြားတက္တယ်လေ။ အဲမွာ ပညာရေးဘက္မွာလည်း ကူညီပေးတယ်။ က်န်းမာရေးကိုလည်း ကူညီပေးတယ်။ ရြာသူရြာသားတြေကို အဓိက ထားပြီးတော့မွေပါ့နော်။”

ဒီနောက္ပိုင်း နိုင်ငံရေး မငြိမ္မသက္မှုကြောင့် တဖက္နဲ့တဖက်အကြား အျပန်အလွန် ပစ္ခတ္တိုက္ခတ္မှုကြောင့် ထြက်ျေပးတိမ်းရွောင်ရင်း ၁၉၉၃ ခုနွစ္က ထိုင်းနယ္စပ္ကို ရောက်ရွိခဲ့ပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင္ခရိုင် မယ့္စာလဲ (ခေါ်) သောလဲထနားတဝိုက္မွာ ခိုလှုံနေထိုင်ရင်းနဲ့ ၁၉၉၅ ခုနွစ္မွာ မယ်ဆူရင်း (ခေါ်) ကရင္နီဒုက္ခသည္စခန်း ၂ ကို သြားရောက္ခိုလှုံခဲ့တာလို့ျေပာပါတယ်။

မယ်ဆူရင်းဒုက္ခသည္စခန်းမွာ ၁၀ နွစ္ခန့် နေထိုင်ပြီးနောက် ထြက်ပေါက်ရွာခ်င္တဲ့အေနနဲ့ ၂၀၀၄ ခုနွစ် ထိုင်းနိုင်ငံ ခ်င်းမိုင်မြို့မွာ မိသားစုလိုက် သြားရောက်ပြီး အလုပ္လုပ္ခဲ့တယ္လို့ျေပာပါတယ်။

“၁၉၉၅ ခုနွစ္ကေန ၂၀၀၄ ခုနွစ်အတြင်းပေါ့။ အဲဒီကြားအေတာအတြင်းမွာ လူက ကြာလာတော့ စိတ္ထြက်ပေါက္မရွိဘူး။ စိတ္ဖိစိမးမှုတြေ မ်ားလာတယ်။ က်န်းမာရေးအတြက်တော့ သူမ်ားက ကုသေပးပါတယ်။ ဒါပေမဲ့ မတူဘူးနော်။ ကိုယ္က အဲဒီထဲမွာနေတာ ကိုယ့္တိုင်ျးပည္ကို ဘယ်တော့မျွပန်နေရပါ့မလဲ။ နောက် သားသမီးတြေလည်း အဲဒီမွာ ထပ်မြေးလာတာ ရွိတယ်လေ။ စိတ္ထဲမွာ စိတ္ဖိစီးမှုတြေ အမိုးမိုးရွိတော့ မေနနိုင်တော့ဘူး။ မေနနိုင်တော့ အဲဒီကေနပြီးမွ စိတ္ထြက်ပေါက္ကို ရွာခ်င္တယ်။ ကိုယ့္ဘာသာကိုယ် သူမ်ား ကျြေးတာကိုလည်း ကြာကြာမစားခ်င်တော့ဘူး။ ရတာနဲ့ပဲ စားပြီးနေတာ့မလား၊ ကိုယ့္ဘာသာကို မရုန်းကန် မစားသောက္ဘူးလား ဆိုပြီးတော့ အဲဒီကေနပြီးတော့ မယ်ဟောင်ဆောင္မွာ အလုပ်သြားလုပ္မယ် ဆိုပြီးတော့ မိသားစုလိုက် ထြက်သြားလိုက္တာ။ အဲဒီမယ်ဟောင်ဆောင္ကေနပြီးတော့မွ တခါ ခ်င်းမိုင္ကို ဆက္တက်ပြီး သြားရောက်အလုပ္လုပ္ခဲ့တယ်။”

ဒီလို စိတ္ထြက်ပေါက်ရွာရင်း ကိုယ့္ဘာသာကို လုပ္ကိုင္စားသောက္ဖို့ ဆုံျးဖတ္ခဲ့ပေမယ့် သူ့အေနနဲ့ ဒုက္ခသည္ကနေ လာတျာဖစ္လို့ ထိုင်းနိုင်ငံ ခ်င်းမိုင်မြို့မွာ တရားမဝင် နေထိုင္ခဲ့ရပါတယ်။

ဒီလို တရားမဝင် နေထိုင်အလုပ္လုပ်ရင်း ထိုင်းနိုင်ငံက save the children အဖြဲ့ကို အကူအညီတောင်းပြီး ကေလးတြေ ပညာရေးအတြက်၊ ကေလးတြေကို ကော်င်းထားခဲ့ပါတယ်။ ကေလး ၆ ဦးထဲက အလတ် ၂ ဦးကေတာ့ save the children အဖြဲ့က ကူညီလို့ ထိုင်းနိုင်ငံမွာ ကော်င်းတက်ရင်း အခု တေယာက်ဆိုရင် လာမယ့်နွစ္မွာ ဘြဲ့ရေတာ့မယ္လို့ျေပာပါတယ်။

ဒါပေမယ့် မိသားစုလိုက် ထိုင်းနိုင်ငံ ခ်င်းမိုင္မွာ တရားမဝင် နေထိုင်ရတာ အဆင္မျေပလို့ ခ်င်းမိုင္မွာ ၇ နွစ် ကြာပြီးတဲ့နောက္မွာတော့ ၂၀၁၀ ခုနွစ္မွာ တခါ ဘန်းနမ့္စယြ် (ခေါ်) ကရင္နီ ဒုက္ခသည္စခန်း (၁) မျွာပန္လည်ျေပာင်းရွှေ့လာခဲ့ပါတယ်။

“၂၀၁၀ မွာ ဒုက္ခသည္စခန်း ၁ ဘက္ကျိုပန်ျေပာင်းလာတယ်။ ဘျာဖစ္လဲဆိုတော့ အစုလိုက် အပြုံလိုက္နဲ့ ဟိုမွာနေလို့လည်း မျဖစ္ဘူး။ ကိုယ္ကလည်း နိုင်ငံသားမဟုတ်၊ တရားမဝင် လက္မွတ္မရွိ ဘာမရွိဆိုတော့ စခန်း ၁ မျွာပန်ျေပာင်းနေတယ်။”

၂၀၁၀ ခုနွစ္ကေန အခုနွစ် ၂၀၁၉ အထိ အဲဒီကရင္နီဒုက္ခသည္စခန်း ၁ မွာ နေထိုင်ရင်းနဲ့ က်န်ရွိနေသးတဲ့ သားသမီးတြေရဲ့ အနာဂတ်အတြက်ျမန္မာနိုင်ငံကျိုပန္လည်အျေခခ်ဖို့ ဆုံျးဖတ္ခဲ့ရပါတယ်။

“ပထမ စခန်း ၂ မွာ နေခဲ့သလိုပဲလေ။ ကိုယ့်ရဲ့မိသားစုရဲ့ အနာဂတ္က ဘာမွမရွိဘူး။ မရွိတော့ ဒီကေလးတြေက ဒီလိုပဲ သူတို့အနာဂတ္က သြားနေမယ်ဆိုရင်တော့ မဟုတ်သေးဘူးပေါ့နော်။ က်မတို့ကလည်း ငြိမ်းခ်မ်းရေးကို မွေ်္လာင့်ပြီးတော့မွ ဗမျာပည်ကြီး ငြိမ်းခ်မ်းမွပျဲပန္မယ်ဆိုပြီးတော့မွ အဲဒါကို စောင့်နေပြီးတော့မျွပန္မယ်ဆိုရင္လည်း စခန်းထဲမွာ ဘယ္ကမွလည်း အဲလောက္ထိ ငြိမ်းခ်မ်းရေးရနိုင္တဲ့အထိ ဘယ်သူမွလည်း ထောက္ပံ့နိုင်တော့မွာ မဟုတ္ဘူး။ ဘျာဖစ္လို့လဲဆို က်မ သိလိုက္တာက ဘယ်နိုင်ငံ ဘယ်နေရာမွ ငြိမ်းခ်မ်းရေးဆိုတာ မရွိတော့ဘူး။ အဲတော့ ဒီစစ္ပျဲဖစ်နေပါစေ၊ ငြိမ်းခ်မ်းရေးပဲ ကြိုးစားနေပါစေ၊ အဲဒီမွာ ကိုယ့်ဟာကိုတေျာ့ပန်ပြီးတော့ လုပ္ကိုင္စားသောက်ရမွာပဲ။ ဒါမွလည်း ကိုယ့္ကလေးတြေက ဒါတြေကို သိမယ်။ စခန်းထဲမွာပဲ နေမယ်ဆိုရင် အျမင္လည်း မက်ယ္ဘူး။ ဗဟုသုတလည်း မရွိဘူး။ အျပင်လောကနဲ့ အဆက်အသြယ်ျပတ်နေတာ့ ဗဟုသုတဆိုတာ သူတို့မွာမရွိဘူး။ နည်းတယ်။ ကမ္ဘာကြီးက က်ဉ်းက်ဉ်းလေျးဖစ်နေမယ်။ သူတို့အတြက္က စခန်းထဲမွာနေတာဆိုတော့ မြို့ရဲ့ အတိုင်းအတာကိုလည်း သူတို့ မသိ၊ နိုင်ငံရဲ့ အတိုင်းအတာ ဆိုတာလည်း သူတို့ မသိ၊ အဲဒါကြောင့် ဒီအေတြးအေခ်ါလေး။ ဒီဗဟုသုတေတာင္မွ မရနိုင္ဘူး ဆိုပြီးတော့မွ ကမ္ဘာကြီးက ဘယ္လိုလဲ၊ နိုင်ငံကြီးက ဘယ္လိုလဲဆိုတာ သူတို့ကို သိစေခ်င္တယ်လေ။ ဒီကြားထဲမွာပဲ သူတို့ဘဝကို သူတို့ အဓိပ္ပာယ်ရွိရွိ ရပ္တည္ခ်င္တယ်။ အဲလိုမိုးပဲ ခံယူပြီးတော့မျွပန္လာလိုက္တာလေ။”

နော်ရွဲဒိုဟာ ၂၀၁၉ ခုဖေဖ်ာဝါရီက ထိုင်းနယ္စပ် ကရင္နီဒုက္ခသည္စခန်း ၁ ကေန ကယာျးပည္နယ် ဖားဆောင်းမြို့နယ္က ခဲမျဖူ ကေ်းရြာမျွာပန္လာ အျေခခ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနယ္စပ္ကေန မိမိသေဘာဆန္ဒအရျပန္လည် ဝင်ရောက္လာတဲ့ ဒုက္ခသည်တြေကို ၂၀၁၈ ခု မေလမွာ တကြိမ်၊ ၂၀၁၉ ဖေဖ်ာဝါရီလမွာ တကြိမ် နဲ့ ဇူလိုင္လမွာ အခုတကြိမ် ပေါင်း ၁၁၁ ဦးကို ကယာျးပည္နယ်အစိုးရအေနနဲ့ လက္ခံကြိုဆိုခဲ့ပါတယ်။ျ

ပန္လည်ဝင်ရောက္လာသူတြေ သြားလိုတဲ့ သူတို့သြားလိုတဲ့နေရာကို ပို့ဆောင်ပေးတာအျပင် နိုင်ငံသားစိစစ်ရေးကတ် မွတ္ပုံတင္ထုတ်ပေးတာတြေ၊ ကော်င်းနေအရယြ် ကေလးငယ်တြေ ကော်င်းနေနိုင်ရေး ဆောင်ရက်ြပေးခဲ့ပါတယ်။ နော်ရွဲဒိုအေနနဲ့ကလည်း ခဲမျဖူကေ်းရြာမွာ ကေ်းရြာတာဝန်ရွိသူတြေက နေထိုင္ဖို့ျေမေနရာ စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် သူ့အေနနဲ့ အိမ်ဆောက္ဖို့ စရိတ္မရွိသေးတဲ့အတြက် အိမ္မေဆာက်နိုင်သေးဘူးလို့ျေပာပါတယ်။

သူ့အေနနဲ့ ကော်င်းနေအရယြ် ကေလး ၂ ဦးရွိတဲ့အတြက် ကော်င်းနေမယ့် သားသမီးတြေကို ပညာသင်ပေးနိုင်ရေး အစိုးရရဲ့အစီအစဉ္နျဲ့မန္မျာပည် သင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးခဲ့ပြီး အခုနွစ် ကော်င်းအပ်နွံခိန္မွာတော့ ကေလးနွစ်ဦးကို ကော်င်းအပ်နွံနိုင္ခဲ့ပျြီဖစ္ပါတယ်။

ကော်င်းနေအရယြ် ကေလး ၂ ဦးကိုတော့ ဒီမောဆိုမြို့နယ္က ဘ္ဒောါဆောင္တခုမွာ ထားပြီး ကော်င်းအပ်နွံထားပေမယ့် နေစရာအိမ် မရွိသေးတဲ့ သူ့အဖို့ကေတာ့ သူ့ရဲ့ အသိမိတ်ဆြေ အိမ္မွာ နေရပြီး နေ့စဉ် စားဝတ်နေရးအတြက် နေ့စား လိုက္လုပ်နေတယ္လို့ျေပာပါတယ်။

“ကေလး ၂ ယောက္က အကြီးမက ၁၀ တန်း၊ အငယ်ကောင္က ၈ တန်း၊ ဒီကို ရောက္လာတော့ စားဝတ်နေရး ထောက္ပံ့မှု မရွိပါဘူး။ ကိုယ့်ရဲ့ ရေရွည်အလုပ်အတြက် ကေလးကိုလည်း ထောက္ပံ့ဖို့လည်း လိုတယ်။ သူတို့ စာမရမွာစိုးလို့ စာမလိုက်နိုင္မွာစိုးလို့ သူတို့ကို ဘ္ဒောါဆောင္မွာ သြားထားတယ်။ ဘ္ဒောါဆောင္က တလ ၃၅၀၀၀ နွစ်ယောက်ဆိုရင် ၇၀၀၀၀ ပေါ့နော်။ အဲဒီအတြက် ကိုယ့်ဟာကိုယ် ရွာရတယ်။ အခုက အိမ္လည်း မရွိဘူး။ အိမ်ဆောက္ဖို့ထက် ကေလးတြေရဲ့ ပညာရေးက ထောက္ပံ့ရမယ်။ ကိုယ့္ဘာသာကိုယ် စားဖို့အတြက် ရုန်းကန်ရတယ်။ အဲဒီအတြက် ဒီနေ့စား အခုခိန်ဆိုရင် သူမ်ား ပေါင်းလိုက္တဲ့အခိန် ထမင်းတနပ် ကျြေးရင် ၆၀၀၀၊ မေကျြးရင် ၇၀၀၀ အဲလို လိုက္တယ်ပေါ့နော်။”

ျမန္မာနိုင်ငံသာျးဖစ္လိျု့မန္မာနိုင်ငံကျိုပန္လာတာဟာ သူ့တေယာက္တည်း မဟုတ္ပါဘူး။ ကုလသမဂ္ဂဒုက္ခသည္မ်ားဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ျပန္ခ်က်အရ ၂၀၀၆ ခုနွစ္ကစပြီး ဇူလိုင္လအထိ မိမိဆန္ဒအေလ်ာက် နေရပ်ျပန္ပို့တဲ့ အစီအစဉ္မွာ ဒုက္ခသည်ပေါင်း ၁၀၀၀ ကော်် နေရပ်ျပန်ပြီျးဖစ္ပါတယ်။

ထိုင်းနယ္စပ္က ဒုက္ခသည္စခန်းတြေမျွာမန္မာဒုက္ခသည် တသိန်းခန့် ရွိနေသးပြီး ငြိမ်းခ်မ်းမှု အျပည့်အဝ မရေသးတျဲ့မန္မာနိုင်ငံတြင်းကျိုပန္လည်ဝင်ရောက္လာဖို့ မဝံ့မရျဲဖစ်နေကြပါတယ်။ျပန္လည်ဝင်ရောက္လာလိုသူ အမ်ားစုကလည်ျးပန္လည်နေထိုင္မယ့်ျေမေနရာတြေ မရွိတော့တာတြေ၊ စစ္ကာလက ရြာလုံးကျြတ် ထြက်ျေပးခဲ့ရပြီး အခုနောက္ပိုင်း အဆိုပါရြာတြေမွာျေမေနရာ မရွိတော့တာတြေ စတဲ့ အခက်အခဲတြေ ကြုံတြေ့နေရပါတယ်။

Source : DVB