fbpx

မြန်မာကလေးငယ် ၄ ယောက်တွင် ၁ ယောက်နှုန်း ပုညှက်နေဆဲ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် ကလေးတွေ အာဟာရချို့တဲ့နှုန်း လျော့လာပေမယ့် လက်ရှိမှာ ကလေး ၄ ယောက်မှာ တယောက်နှုန်းဟာ ပုညှက်နေသေးတာကြောင့် ချို့တဲ့နှုန်း မြင့်နေတုန်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က အသက် ၅ နှစ်အောက် ကလေး ၃ ယောက်မှာ တယောက်ဟာ အာဟာရချို့တဲ့ပြီး ပုညှက်ခဲ့တာကြောင့် အခု သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အစာအာဟာရနဲ့ အစာစားသုံးမှုအခြေအနေ လေ့လာတဲ့ စစ်တမ်းအရ ၂၀၁၉ ခုနှစ်မှာ အာဟာရချို့တဲ့နှုန်းဟာ ၂၉ ရာခိုင်နှုန်းရှိပြီး လက်ရှိမှာတော့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။

ကာလရှည် အာဟာရချို့တဲ့မှုနှုန်းဟာ ချင်းပြည်နယ်မှာ အများဆုံး ဖြစ်တယ်လို့ အာဟာရ ဖွံ့ဖြိုးရေးနဲ့ သုတေသနဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောပါတယ်။ လတ်တလော အာဟာရ ချို့တဲ့တာကလည်း အရင်ထက်စာရင် လျော့လာပြီလို့ သူက ဆိုပါတယ်။

“လတ်တလော အာဟာရချို့တဲ့တာက ၂၀၁၅-၁၆ တုန်းက ၇ ရာခိုင်နှုန်းရှင့်။ အခု ၁၇-၁၈ မှာကတော့ ၆ ဒသမ ၇။ သူက အများကြီးလည်း ရှိလို့မရဘူးရှင့်။ သူ့သဘာဝအရကို ၅ ရာခိုင်နှုန်းကျော်ရင် များနေတာ။ များတာကတော့ များနေသေးတယ်။ တဖြည်းဖြည်းတော့ လျော့နည်းလာပြီ” လို့ ပြောပါတယ်။

အစားအစာတွေ လုံလုံလောက် မစားရတာ၊ မကြာခဏ ဖျားနာတာ၊ တကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းတာ၊ ဆင်းရဲနွမ်းပါးတာ၊ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေကို လက်လှမ်းမမီနိုင်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နဲ့ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုကို မနေ့က တောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။  

မြန်မာနိုင်ငံမှာ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ၁၉၅၄ ခုနှစ်က စတင်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားစီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၃ အထိ ၅ နှစ်စီမံကိန်း ချမှတ်ထားပြီး ဒီအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၀ ကျော် အသုံးပြုမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာကေလးငယ် ၄ ယောက္တြင် ၁ ယောက်နှုန်း ပုညှက်နေဆဲ

ျမန္မာနိုင်ငံမွာ ပြီးခဲ့တဲ့နွစ်တြေနဲ့ယွဉ်ရင် ကေလးတြေ အာဟာရခို့တဲ့နှုန်း လော့်လာပေမယ့် လက်ရွိမွာ ကေလး ၄ ယောက္မွာ တေယာက်နှုန်းဟာ ပုညှက်နေသးတာကြောင့် ခို့တဲ့နှုန်ျးမင့်နေတုန်ျးဖစ္ပါတယ်။

၂၀၁၆ ခုနွစ္က အသက် ၅ နွစ်အောက် ကေလး ၃ ယောက္မွာ တေယာက်ဟာ အာဟာရခို့တဲ့ပြီး ပုညှက္ခဲ့တာကြောင့် အခု သိသိသာသာ တိုးတက္လာတျာဖစ္ပါတယ်။

ျမန္မာနိုင်ငံ အစာအာဟာရနဲ့ အစာစားသုံးမှုအျေခအေန လေ့လာတဲ့ စစ္တမ်းအရ ၂၀၁၉ ခုနွစ္မွာ အာဟာရခို့တဲ့နှုန်းဟာ ၂၉ ရာခိုင်နှုန်းရွိပြီး လက်ရွိမွာတော့ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ က်ဆင်းလာပါတယ်။

ကာလရွည် အာဟာရခို့တဲ့မှုနှုန်းဟာ ခ်င်ျးပည္နယ္မွာ အမ်ားဆုံျးဖစ္တယ္လို့ အာဟာရ ဖြံ့ဖြိုးရေးနဲ့ သုတေသနဌာနခြဲက ညွှန်ကြားရေးမှူး ဒေါက္တာလြင္မာလှိုင္ကျေပာပါတယ်။ လတ္တေလာ အာဟာရ ခို့တဲ့တာကလည်း အရင္ထက္စာရင် လော့်လာပြီလို့ သူက ဆိုပါတယ်။

“လတ္တေလာ အာဟာရခို့တဲ့တာက ၂၀၁၅-၁၆ တုန်းက ၇ ရာခိုင်နှုန်းရွင့်။ အခု ၁၇-၁၈ မွာကေတာ့ ၆ ဒသမ ၇။ သူက အမ်ားကြီးလည်း ရွိလို့မရဘူးရွင့်။ သူ့သဘာဝအရကို ၅ ရာခိုင်နှုန်းကော််ရင် မ်ားနေတာ။ မ်ားတာကေတာ့ မ်ားနေသးတယ်။ တျဖည်ျးဖည်းတော့ လော့်နည်းလာပြီ” လို့ျေပာပါတယ်။

အစားအစာတြေ လုံလုံလောက် မစားရတာ၊ မကြာခဏ ဖ်ားနာတာ၊ တကိုယ်ရေ သန့်ရွင်းမှု အားနည်းတာ၊ ပတ်ဝန်းက်င် သန့်ရွင်းမှု အားနည်းတာ၊ ဆင်းရဲနမြ်းပါးတာ၊ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ က်န်းမာရေး စောင့်ရွောက္တာတြေကို လက္လွမ်းမမီနိုင္တာ စတဲ့ အေကြာင်းရင်းတြေကြာင့်ျဖစ္တယ္လို့ က်န်းမာရေးဌာနက ဆိုပါတယ်။

ဒါ့အျပင် ကမ္ဘာ့မိခင်နို့တိုက်ကျြေးရေး ရက်သတ္တပတ္နဲ့ အာဟာရဖြံ့ဖြိုးရေး ရက်သတ္တပတ္မ်ား လူထုလှုပ်ရွားမှုကို မေန့က တောင်ကြီးမျွာပုလုပ္ခဲ့ပါတယ်။

ျမန္မာနိုင်ငံမွာ အာဟာရဖြံ့ဖြိုးရေး လုပ်ငန်းတြေကို ၁၉၅၄ ခုနွစ္က စတင္ခဲ့တျာဖစ္လို့ နွစ်ပေါင်း ၆၀ ကေ်္ခာဲ့ပျြီဖစ္ပါတယ်။

ျမန္မာနိုင်ငံ အာဟာရဖြံ့ဖြိုးမျှုမှင့္တင်ရေး အမိုးသားစီမံကိန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနွစ္ကေန ၂၀၂၂-၂၃ အထိ ၅ နွစ္စီမံကိန်း ခ်မွတ္ထားပြီး ဒီအတြက် အေမရိကန်ဒေါ်လာ သန်းပေါင်း ၆၆၀ ကော်် အသုံျးပုမျွာဖစ္ပါတယ်။

Source : DVB