fbpx

ရောင်ခြည်သင့် ပန်းကလေးများ

“ဟီရိုရှီးမား ဆည်းဆာနေညိုညိုမှာ မိုးစက်ပွင့်ဖြူဖြူ သွန်ကျလာ၊ ပန်းပွင့်လွှာပေါ်က အရောင်များ လွင့်ပြယ်ကာ နွေဦး ကုန်ဆုံးရတော့မှာ…”
ဆိုတဲ့ သီချင်းလေးကို ကလေးငယ်တစု သံပြိုင်သီဆိုနေတယ်။ အချိန်က ၈ နာရီ ၁၅ မိနစ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်။ ဆရာလာဖို့ ၁၅ မိနစ်အလို..။

ကျောင်းသားအားလုံးကတော့ စာသင်ခန်းထဲမှာ။ အချို့ ထိုင်သူထိုင်။ ထသူထ။ စကားတွတ်ထိုးနေချိန်မှာ ပြတင်းတံခါးကနေ လင်းခနဲ လက်ခနဲ အလင်းတန်းများနှင့်အတူ တော်လဲသံကြီးတခုကိုပါ တပြိုင်တည်း ကြားလိုက်ရတယ်။

ကျောင်းဆောင်ကြီးတခုလုံး မီးလောင်တော့ ကျောင်းသားတွေ ထွက်‌ပြေးကြ။ အော်သူ အော်၊ ဟစ်သူ ဟစ်ပေါ့။ တကယ့် ဝရုန်းသုန်းကား အခြေအနေ။ ကွင်းပြင်ထဲရောက်တော့ ဝန်းကျင်တခုလုံး မီးဟုန်းဟုန်းတောက်။ ပေါက်ကွဲသံတွေ ပြေးလွှားသံတွေ အော်ဟစ်ညည်းညူသံတွေ…။ ကယ်ပါ.. ယူပါ တစာစာနဲ့ ကယ်သူမဲ့ ကူသူမရှိ မီးလောင်ပြင်ထဲမှာ။ ပူလိုက်တဲ့ အပူရှိန်ကလည်း ဖာရင်ဟိုက် ၅၄၀၀ တဲ့။ သံကို အရည်ကျိုဖို့လိုတဲ့ အပူထက်တောင် နှစ်ဆကဲနေသတဲ့။ ရေတွင်းရေကန်အားလုံး ပွက်ပွက်ဆူ။ ရေဆာလို့‌ သောက်စရာ ရေမရှိ။ ဟီရိုရှီးမား မြစ်ပြင်ကျယ်လည်း ပူလောင်ပုပ်စပ်လို့။ သောက်သုံးမရတော့….။

လမ်းတလျှောက်မှာတော့ အဝတ်မဲ့ ခန္ဓာကိုယ်နဲ့ မီးလောင်ဒဏ်ရာအလောင်းများ…။ မိခင်နို့စို့ရင်း အမေ့ရင်ဘတ်ပေါ်မှာ သားအမိနှစ်‌ယောက်လုံး အသက်ကင်းမဲ့လို့..။ တကိုယ်လုံး ပြာမှုန်တွေ လူးနေရဲ့။ ဆွတ်ဆွတ်ဖြူ အသားတွေ မီးသွေးခဲလို မည်းသွားကြတယ်။ လောင်မီးကျတယ်ဆိုတာ ဒါကို ခေါ်လေသလား မသိတော့..။ မီးလောင်ပြင်ထဲမှာ တနာရီမိုင် ၄၀ နှုန်း လေပြင်းကလည်း တိုက်နေတယ်။ တကယ့်ကို မီးလောင်ရာ လေပင့်..။ ငရဲကျတယ်ဆိုတာ ဒါပဲ ထင်ပါရဲ့။

ကောင်းကင်ပြင်တခုလုံးလည်း မည်းမည်းမှောင် တိမ်တိုက်ကြီးတွေ အလိပ်လိပ်။ တိမ်တိုက်တွေကြားထဲက လျှပ်စီးလက်သလို။ လင်းခနဲ လက်ခနဲ တဖျပ်ဖျပ်ခတ်လို့ ပေါက်ကွဲနေရဲ့။ မြေပြင်ကနေ ပေ ၁၅၀၀ ခန့်အကွာမှာ အချင်းပေ ၂၅၀ ခန့်ရှိတဲ့ နေကနေ ပဲ့ထွက်လာတဲ့ မီးလုံးကြီးအလားပါပဲ။ မိုင်တရာပတ်လည် အလင်းတွေဖြန့်ပြီး သူ့လှိုင်းဒဏ်ကြောင့် ၁၀ မိုင်ဝန်းကျင်ရှိ အဆောက်အအုံပေါင်း ၆၄၈၀ အထိ ပြိုပျက်ခဲ့တယ်။ လူပေါင်း ၉၀၀၀၀ ‌ကျော် မီးလောင် သေဆုံးခဲ့တယ်။ ခြေပြတ် လက်ပြတ်၊ ရောင်ခြည်သင့်သူတွေကလည်း အများအပြား။

ကောင်းကင်တခုလုံး အဆောက်အအုံ အကျိုးအပျက်တွေ ပျံဝဲနေတယ်။ အပူရှိန်ကြာင့် မိုးသီးအရွယ်ရှိ မိုးတွေ ရွာချပြန်တယ်။ ကျဲချလိုက်တဲ့ ဗုံးဟာ မှိုပွင့်ကြီးတခုလို သဏ္ဌာန်ဖြစ်ခဲ့တယ်။ ဝန်းကျင် လေထုတခုလုံးလည်း စုတ်ဝဲ မှုတ်ဝဲ လေဘဝဲတွေ ဖြစ်လာတယ်။ လေထု တွန်းကန်အားဟာ ဗုံးကြဲပြီး ၁၅ မိုင်အကွာ ရောက်နေတဲ့ အီနိုလာဂေး ဗုံးကြဲလေယာဉ်ကြီး တုန်လှုပ် ယမ်းခါသွားစေခဲ့တယ်လို့ ဆိုတယ်။ အီနိုလာဂေးပေါ် ပါလာတဲ့ လေယာဉ်မှူးတယောက်ကတော့ ဒီဖြစ်စဉ်ကို မြင်တွေ့လို့ ရူးသွားပြီး စိတ္တဇဆေးရုံမှာ သေသွားခဲ့တယ်။

မိုးကြိုးလျှပ်စစ်စက်ကွင်း မလွတ်သူတို့ အပူရှိန်ဒဏ် မခံနိုင်လို့ သေသူသေ။ အကျိုး အပြတ် ဒုက္ခိတဖြစ်သူ ဖြစ်ပေါ့။ အဝတ်မပါ ကိုယ်ချည်းသက်သက် သွေးရူးသွေးတန်း ပြေးသူ ပြေးလို့။ တကိုယ်လုံး သွေးအလိမ်းလိမ်းနဲ့။ တစ်ဆေ သရဲတွေ မြို့လယ်ကောင် လမ်းလျှောက်နေသလိုမျိုးပါပဲ။ ဗုံးရဲ့ အပူရှိန်ကြောင့် လောင်ကျွမ်းနေတဲ့ ရုပ်ဝတ္ထုတွေ၊ ပြာမှုန်တွေ ဝဲဝဲပျံနေတယ်။ အေးကွက်ကို ရှာ၏၊ အေးကွက်ကို မတွေ့တော့။ ရေတွေ အငွေ့အဖြစ် ပြောင်းပေါ့။ ကောင်းကင်ဓာတ်ပုံမှာတော့ ၄ မိုင်အကျယ်ရှိတဲ့ မီးပင်လယ်ပြင်ကြီး။ ကမ္ဘာမြေ ပျက်သုဉ်းသွားသလိုပါပဲ။ ကမ္ဘာမီးလောင်တော့ သားတောင် ချနင်းရမယ့် အဖြစ်ပဲ။ ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်တော့ပြီပဲလေ။

ဒီရာဇဝတ်မှုကြီးကို ဘယ်သူ ကျူးလွန်ခဲ့တာလဲ။ ဘယ်သူ အမိန့်ပေးခဲ့သလဲ။ အမေရိကန် ထရူးမင်းလား။ နာရီ ၃၀ လုံးလုံး ဟီရိုရှီးမားလူထုကို ဘယ်သူ မီးလောင်တိုက်သွင်းခဲ့သလဲ။

ဒီလို လူသတ်လက်နက်ကို ဘယ်သိပ္ပံပညာရှင်က တီထွင်ပေးခဲ့တာလဲ။ အဏုမြူဗုံး ဖော်ဆောင်သူ ခေါင်းဆောင် နျူကလီးယားသိပ္ပံပညာရှင် အိုပင်ဟိုင်မားကရော မဟာရာဇဝတ်မှု‌အတွက် တာဝန်ယူမတဲ့လား။ သိပ္ပံပညာရှင်တို့ရဲ့ ဦးနှောက်မှာ မှတ်မှတ်သားသား စွဲမြဲထားတဲ့ ကိုယ်ကျင့်ဗေဒ နောင်တ ဆိုတာကရော ဟီရိုရှီးမားလူထုအတွက် လုံလောက်ပါရဲ့လား။

ဒီမဟာရာဇဝတ်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိခဲ့သလဲ။ ဟစ်တလာလား။ ဘုရင်ဟီရိုဟီတိုလား။ ဂျင်နရယ်တိုဂျိုလား။ ထရူးမင်းလား။ မက်အာသာလား..။ မဟာစစ်ရာဇဝတ်ကောင်ဟာ ဘယ်သူလဲ…။ စစ်ဆိုတာကရော ဘာလဲ။ ပြည်သူတွေ.. လူထုတွေ.. စစ်သားတွေ… ဘယ်သူအတွက် တိုက်နေကြတာလဲ…။

တကယ်တော့ စစ်ဆိုတာ နိုင်သူ လွှမ်းမိုးခွင့်ရဖို့ ဖန်တီးချက်တခုထက် မပိုပါဘူးလေ…။ ဟီရိုရှီးမားရဲ့ ပွင့်ချပ်လွှာလေးတွေ ကြွေလွင့်ခဲ့ရတာ အခုဆို ၆၆ နှစ် ပြည့်ခဲ့ပြီပဲလေ..။ ဘာပဲဖြစ်ဖြစ်…“လေးနဲ့ မြားဟာ ကမ္ဘာကြီး နာကျင်မှုကို ကုစားနိုင်ခြင်း မရှိခဲ့သည်ကိုတော့ ဟီရိုရှီးမားက နောင်နှစ်များစွာ သက်သေခံနေဦးမှာပါပဲ…။

(ဟီရိုရှီးမား ၆၆ နှစ်ပြည့် စစ်နဲ့ငြိမ်းချမ်းရေးဆီသို့ ဦးခိုက်လျက်)

ဝန်ခံချက်။ ။ ဆရာမြသန်းတင့်၏ အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ ဆောင်းပါးအား ဆင့်ပွားခံစားထားခြင်း ဖြစ်သည်။

ထွန်းဇော်ဌေး


Zawgyi Version

ရောင်ျခည်သင့် ပန်းကေလးမ်ား
ထြန်းဇော်ဌေး

“ဟီရိုရွီးမား ဆည်းဆာနေညိုညိုမွာ မိုးစက္ပြင့်ျဖျူဖူ သြန္က်လာ၊ ပန်းပြင့္လွှာပေါ်က အေရာင္မ်ား လြင့်ျပယ္ကာ နြေဦး ကုန်ဆုံးရေတာ့မွာ…”
ဆိုတဲ့ သီခ်င်းလေးကို ကေလးငယ္တစု သံပြိုင်သီဆိုနေတယ်။ အခိန္က ၈ နာရီ ၁၅ မိနစ်။ ၁၉၄၅ ခုနွစ် ဩဂုတ္လ ၆ ရက်။ ဆရာလာဖို့ ၁၅ မိနစ်အလို..။

ကော်င်းသားအားလုံးကေတာ့ စာသင္ခန်းထဲမွာ။ အခို့ ထိုင်သူထိုင်။ ထသူထ။ စကားတြတ္ထိုးနေခိန္မျွာပတင်းတံခါးကေန လင်းခနဲ လက္ခနဲ အလင်းတန်းမ်ားနွင့်အတူ တ္လောဲသံကြီးတခုကိုပါ တပြိုင္တည်း ကြားလိုက်ရတယ်။

ကော်င်းဆောင်ကြီးတခုလုံး မီးလောင်တော့ ကော်င်းသားတြေ ထြက်ျေပးကြ။ အော်သူ အော်၊ ဟစ်သူ ဟစ်ပေါ့။ တကယ့် ဝရုန်းသုန်းကား အျေခအေန။ ကြင်ျးပင္ထဲရောက်တော့ ဝန်းက်င္တခုလုံး မီးဟုန်းဟုန်းတောက်။ ပေါက္ကြဲသံတြေျေပးလွှားသံတြေ အော်ဟစ်ညည်းညူသံတြေ…။ ကယ္ပါ.. ယူပါ တစာစာနဲ့ ကယ်သူမဲ့ ကူသူမရွိ မီးလောင်ျပင္ထဲမွာ။ ပူလိုက္တဲ့ အပူရွိန္ကလည်း ဖာရင်ဟိုက် ၅၄၀၀ တဲ့။ သံကို အရည္ကိုဖို့လိုတဲ့ အပူထက်တောင် နွစ်ဆကဲနေသတဲ့။ ရေတြင်းရေကန်အားလုံး ပြက္ပြက်ဆူ။ ရေဆာလို့‌ သောက္စရာ ရေမရွိ။ ဟီရိုရွီးမာျးမစ်ျပင္က်ယ္လည်း ပူလောင္ပုပ္စပ္လို့။ သောက်သုံးမရေတာ့….။

လမ်းတေလွ်ာက္မွာတော့ အဝတ္မဲ့ ခန္ဓာကိုယ္နဲ့ မီးလောင္ဒဏ်ရာအေလာင်းမ်ား…။ မိခင်နို့စို့ရင်း အေမ့ရင္ဘတ်ပေါ်မွာ သားအမိနွစ်‌ယောက္လုံး အသက္ကင်းမဲ့လို့..။ တကိုယ္လုံျးပာမှုန်တြေ လူးနေရဲ့။ ဆြတ်ဆြတ်ျဖူ အသားတြေ မီးသြေးခဲလို မည်းသြားကြတယ်။ လောင္မီးက်တယ်ဆိုတာ ဒါကို ခေါ်လေသလား မသိတော့..။ မီးလောင်ျပင္ထဲမွာ တနာရီမိုင် ၄၀ နှုန်း လျေပင်းကလည်း တိုက်နေတယ်။ တကယ့္ကို မီးလောင်ရာ လေပင့်..။ ငရဲက်တယ်ဆိုတာ ဒါပဲ ထင္ပါရဲ့။

ကောင်းကင်ျပင္တခုလုံးလည်း မည်းမည်းမွောင် တိမ္တိုက်ကြီးတြေ အလိပ္လိပ်။ တိမ္တိုက်တြေကြားထဲက လ်ွပ္စီးလက်သလို။ လင်းခနဲ လက္ခနဲ တဖ်ပ္ဖ်ပ္ခတ္လို့ ပေါက္ကြဲနေရဲ့။ျေမျပင္ကေန ပေ ၁၅၀၀ ခန့်အကြာမွာ အခ်င်းပေ ၂၅၀ ခန့်ရွိတဲ့ နေကေန ပဲ့ထြက္လာတဲ့ မီးလုံးကြီးအလားပါပဲ။ မိုင္တရာပတ္လည် အလင်းတျြေဖန့်ပြီး သူ့လှိုင်းဒဏ်ကြောင့် ၁၀ မိုင်ဝန်းက်င်ရွိ အေဆာက်အအုံပေါင်း ၆၄၈၀ အထိ ပြိုပ်က္ခဲ့တယ်။ လူပေါင်း ၉၀၀၀၀ ‌ကော်် မီးလောင် သေဆုံးခဲ့တယ်။ျေချပတ် လက်ျပတ်၊ ရောင်ျခည်သင့်သူတြေကလည်း အမ်ားအျပား။

ကောင်းကင္တခုလုံး အေဆာက်အအုံ အကိုးအပ်က်တြေ ပ်ံဝဲနေတယ်။ အပူရွိန်ကြာင့် မိုးသီးအရယ်ြရွိ မိုးတြေ ရြာခ်ျပန္တယ်။ က်ဲခ်လိုက္တဲ့ ဗုံးဟာ မှိုပြင့်ကြီးတခုလို သဏ္ဌာန်ျဖစ္ခဲ့တယ်။ ဝန်းက်င် လေထုတခုလုံးလည်း စုတ်ဝဲ မှုတ်ဝဲ လေဘဝဲတျြေဖစ္လာတယ်။ လေထု တြန်းကန်အားဟာ ဗုံးကြဲပြီး ၁၅ မိုင်အကြာ ရောက်နေတဲ့ အီနိုလာဂေး ဗုံးကြဲလေယာဉ်ကြီး တုန္လှုပ် ယမ်းခါသြားစေခဲ့တယ္လို့ ဆိုတယ်။ အီနိုလာဂေးပေါ် ပါလာတဲ့ လေယာဉ္မှူးတေယာက္ကေတာ့ ဒျီဖစ္စဉ္ကျိုမင်တြေ့လို့ ရူးသြားပြီး စိတ္တဇေဆးရုံမွာ သေသြားခဲ့တယ်။

မိုးကြိုးလ်ွပ္စစ္စက္ကြင်း မလြတ်သူတို့ အပူရွိန္ဒဏ် မခံနိုင္လို့ သေသူသေ။ အကိုး အျပတ် ဒုက္ခိတျဖစ်သျူဖစ်ပေါ့။ အဝတ္မပါ ကိုယ္ခ်ည်းသက်သက် သြေးရူးသြေးတန်းျေပးသူျေပးလို့။ တကိုယ္လုံး သြေးအလိမ်းလိမ်းနဲ့။ တေစ္ဆ သရဲတြေ မြို့လယ်ကောင် လမ်းလွော်က်နေသလိုမိုးပါပဲ။ ဗုံးရဲ့ အပူရွိန်ကြောင့် လောင္ကျြမ်းနေတဲ့ ရုပ်ဝတ္ထုတြေ၊ျပာမှုန်တြေ ဝဲဝဲပ်ံနေတယ်။ အေးကြက္ကို ရွာ၏၊ အေးကြက္ကို မေတြ့တော့။ ရေတြ အေင့အျြဖစ်ျေပာင်းပေါ့။ ကောင်းကင္ဓာတ္ပုံမွာတော့ ၄ မိုင်အက်ယ်ရွိတဲ့ မီးပင္လယ်ျပင်ကြီး။ ကမ္ဘျာေမ ပ်က်သုဉ်းသြားသလိုပါပဲ။ ကမ္ဘာမီးလောင်တော့ သားတောင် ခ်နင်းရမယ့် အျဖစ္ပဲ။ ဘယ်သူ့ ဘယ်သူမွ မကယ်နိုင်တော့ပြီပဲလေ။

ဒီရာဇဝတ္မှုကြီးကို ဘယ်သူ က်ူးလြန္ခဲ့တာလဲ။ ဘယ်သူ အမိန့်ပေးခဲ့သလဲ။ အေမရိကန် ထရူးမင်းလား။ နာရီ ၃၀ လုံးလုံး ဟီရိုရွီးမားလူထုကို ဘယ်သူ မီးလောင္တိုက်သြင်းခဲ့သလဲ။

ဒီလို လူသတ္လက္နက္ကို ဘယ်သိပ္ပံပညာရွင္က တီထြင်ပေးခဲ့တာလဲ။ အဏျုမူဗုံး ဖော်ဆောင်သူ ခေါင်းဆောင် န်ူကလီးယားသိပ္ပံပညာရွင် အိုပင်ဟိုင္မားကေရာ မဟာရာဇဝတ္မှု‌အတြက် တာဝန်ယူမတဲ့လား။ သိပ္ပံပညာရွင္တို့ရဲ့ ဦးနွောက္မွာ မွတ္မွတ်သားသား စြဲမြဲထားတဲ့ ကိုယ္က်င့်ဗေဒ နောင္တ ဆိုတာကေရာ ဟီရိုရွီးမားလူထုအတြက် လုံလောက္ပါရဲ့လား။

ဒီမဟာရာဇဝတ္မှုအတြက် ဘယ်သူ့မွာ တာဝန်ရွိခဲ့သလဲ။ ဟစ္တလာလား။ ဘုရင်ဟီရိုဟီတိုလား။ ဂ်င္နရယ္တိုဂိုလား။ ထရူးမင်းလား။ မက်အာသာလား..။ မဟာစစ်ရာဇဝတ်ကောင်ဟာ ဘယ်သူလဲ…။ စစ်ဆိုတာကေရာ ဘာလဲ။ျပည်သူတြေ.. လူထုတြေ.. စစ်သားတြေ… ဘယ်သူအတြက် တိုက်နေကြတာလဲ…။

တကယ်တော့ စစ်ဆိုတာ နိုင်သူ လွှမ်းမိုးခြင့်ရဖို့ ဖန္တီးခ်က္တခုထက် မပိုပါဘူးလေ…။ ဟီရိုရွီးမားရဲ့ ပြင့္ခ်ပ္လွှာလေးတြေ ကြေလြင့္ခဲ့ရတာ အခုဆို ၆၆ နွစ်ျပည့္ခဲ့ပြီပဲလေ..။ ဘာပျဲဖစ်ျဖစ်…“လေးနျဲ့မားဟာ ကမ္ဘာကြီး နာက်င္မှုကို ကုစားနိုင်ျခင်း မရွိခဲ့သည္ကိုတော့ ဟီရိုရွီးမားက နောင်နွစ္မ်ားစြာ သက်သေခံနေဦးမွာပါပဲ…။

(ဟီရိုရွီးမား ၆၆ နွစ်ျပည့် စစ္နဲ့ငြိမ်းခ်မ်းရေးဆီသို့ ဦးခိုက္လ်က်)

ဝန္ခံခ်က်။ ။ ဆရျာမသန်းတင့်၏ အီနိုလာဂေး၊ မိုးစက္ပြင့်ျဖျူဖူ ဆောင်းပါးအား ဆင့္ပြားခံစားထာျးခင်ျးဖစ်သည်။

ထြန်းဇော်ဌေး

Source : DVB