fbpx

ဝက်သားထုတ်လုပ်မှု စနစ်တကျ စစ်ဆေးနေဟု သားသတ်ရုံနှင့် တိရစ်ဆာန်ဆေးကုဌာန ပြော

အာဖရိက ဝက်တုပ်ကွေးရောဂါ မကူးစက်အောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရန်ကုန်မှာ ဝက်သား ထုတ်လုပ်တာတွေကို နေ့စဉ် စစ်ဆေးပြီးမှ စနစ်တကျ ထုတ်လုပ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ သားသတ်ရုံနှင့် တိရစ်ဆာန်ဆေးကုဌာနက ပြောပါတယ်။

လက်ရှိမှာ အိမ်နီးချင်းနိုင်ငံတချို့နဲ့ မြန်မာနိုင်ငံနယ်စပ်တို့မှာ ဝက်တုပ်ကွေး ဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အခုလို ပြောဆိုသွားတာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ သားသတ်ရုံနှင့် တိရစ်ဆာန်ဆေးကုဌာနက ဌာနမှူး ဦးမင်းအောင်က “ကြိုတင်ပြင်ဆင်ထားပါတယ်။ နေ့စဉ် အသား ထုတ်လုပ်တဲ့အခါမှာလည်း သေချာဂရုတစိုက်နဲ့ စစ်ဆေးပါတယ်။ ဒီရောဂါက ရောက်လာပြီဆိုရင် ခြံလိုက် သေတာ ဖြစ်တဲ့အတွက် သိသာထင်ရှားတဲ့ အနေအထားတော့ ရှိပါတယ်။ တကောင်တလေ ဖြစ်တဲ့ အနေထား မဟုတ်ပါဘူး။ ဒါတွေကိုလည်း တိမွေး-ကုက ကြိုတင်ပြင်ဆင်ထားပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့အတွက် YCDC လက်အောက်က ရွာသာကြီး အသားထုတ်ရုံကနေ တရက် ကောင်ရေ ၄၅၀-၅၅၀ ကြားနဲ့ အင်းစိန် အသားထုတ်ရုံကနေ တရက် ကောင်ရေ ၉၀၀-၁၀၀၀ ကြား ထုတ်လုပ်နေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားဒေသမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဝက်ကောင်ရေ ၂၀၀ ကျော် သေဆုံးသွားသလို ကောင် ၂၀၀၀ ကျော်ကိုလည်း သုတ်သင်ရှင်းလင်းလိုက်တယ်လို့ မိုင်းလားအဖွဲ့ ပြောပါတယ်။

ဝ လက်ကိုင်အဖွဲ့ (UWSA) နယ်မြေမှာလည်း အာဖရိက ဝက်တုပ်ကွေးရောဂါ အနည်းအကျဉ်း ဖြစ်ပွားနေတယ်လို့ ဝ တပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံရှိ ပြည်နယ်အနှံ့မှာ ပြီးခဲ့တဲ့နှစ်က အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu) ကြောင့် ဝက်အကောင်ရေ ၁ သန်းကျော် ဖျက်ဆီးခဲ့ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဝက်သားထုတ္လုပ္မှု စနစ္တက် စစ်ဆေးနေဟု သားသတ်ရုံနွင့် တိရစ္ဆာန်ဆေးကုဌာနျေပာ

DVB

အာဖရိက ဝက္တုပ်ကြေးရောဂါ မကူးစက်အောင် ကြိုတင်ျပင်ဆင္တဲ့အေနနဲ့ ရန္ကုန္မွာ ဝက်သား ထုတ္လုပ္တာတြေကို နေ့စဉ် စစ်ဆေးပြီးမွ စနစ္တက် ထုတ္လုပ်နေတယ္လို့ ရန္ကုန်မြို့တော် စည္ပင်သာယာရေးက္မောတီ၊ သားသတ်ရုံနွင့် တိရစ္ဆာန်ဆေးကုဌာနကျေပာပါတယ်။

လက်ရွိမွာ အိမ္နီးခ်င်းနိုင်ငံတခို့နျဲ့မန္မာနိုင်ငံနယ္စပ္တို့မွာ ဝက္တုပ်ကြေျးဖစ္ပြားနေတယ္လို့ သတင်းတြေ ထြက်ပေါ်နေတဲ့အေပါ် အခုလိုျေပာဆိုသြားတာပါ။

ရန္ကုန်မြို့တော် စည္ပင်သာယာရေးက္မောတီ၊ သားသတ်ရုံနွင့် တိရစ္ဆာန်ဆေးကုဌာနက ဌာနမှူး ဦးမင်းအောင္က “ကြိုတင်ျပင်ဆင္ထားပါတယ်။ နေ့စဉ် အသား ထုတ္လုပ္တဲ့အခါမွာလည်း သေခ်ာဂရုတစိုက္နဲ့ စစ်ဆေးပါတယ်။ ဒီရောဂါက ရောက္လာပြီဆိုရင် ခြံလိုက် သေတျာဖစ္တဲ့အတြက် သိသာထင်ရွားတဲ့ အေနအထားတော့ ရွိပါတယ်။ တေကာင္တေလျဖစ္တဲ့ အေနထား မဟုတ္ပါဘူး။ ဒါတြေကိုလည်း တိမြေး-ကုက ကြိုတင်ျပင်ဆင္ထားပါတယ်”လို့ျေပာပါတယ်။

ရန္ကုန်မြို့အတြက် YCDC လက်အောက္က ရြာသာကြီး အသားထုတ်ရုံကေန တရက် ကောင်ရေ ၄၅၀-၅၅၀ ကြားနဲ့ အင်းစိန် အသားထုတ်ရုံကေန တရက် ကောင်ရေ ၉၀၀-၁၀၀၀ ကြား ထုတ္လုပ်နေပါတယ်။

ရွမ်ျးပည္နယ်အေရွ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားဒေသမွာ အာဖရိက ဝက္တုပ်ကြေးရောဂျါဖစ္ပြားနေပြီး ဝက်ကောင်ရေ ၂၀၀ ကော်် သေဆုံးသြားသလို ကောင် ၂၀၀၀ ကေ်္ကာိုလည်း သုတ်သင်ရွင်းလင်းလိုက္တယ္လို့ မိုင်းလားအဖြဲ့ျေပာပါတယ်။

ဝ လက္ကိုင်အဖြဲ့ (UWSA) နယ်ျေမမွာလည်း အာဖရိက ဝက္တုပ်ကြေးရောဂါ အနည်းအက်ဉ်ျးဖစ္ပြားနေတယ္လို့ ဝ တပ္ဖြဲ့ကျေပာပါတယ်။

တရုတ်နိုင်ငံရျွိပည္နယ်အနွံ့မွာ ပြီးခဲ့တဲ့နွစ္က အာဖရိက ဝက္တုပ်ကြေးရောဂါ (Africa Swine Flu) ကြောင့် ဝက်အေကာင်ရေ ၁ သန်းကော်် ဖ်က်ဆီးခဲ့ရပါတယ်။

Source : DVB