fbpx

လူတွေကို ပြန်ကူညီမယ်ဆိုတဲ့ လူထဲကသူ “နန်းဆိုင်လူ”

“သမီးကို ပြည်သူတွေက ကူညီပေးခဲ့ပြီ၊ ပြည်သူတွေကို သမီး ပြန်ကူညီရတော့မယ်” ဟု အသက် (၁၃) နှစ်အရွယ် နန်းဆိုင်လူက ပြုံးပျော်ပြီး ပြောသည်။

သူမသည် အသက် (၁၁) နှစ်အရွယ်က ဆယ်ကျော်သက် ဟော်မုန်း ပြောင်းလဲမှုကြောင့် ရင်သားတဖက်ကို ၂၆ ပေါင်ရှိသည့် ရင်သား ကြီးထွားလွန်းသည့် ဝေဒနာကို ခံစားခဲ့ရပြီး အလွန်လေးလံသော ရင်သားနှစ်ဖက်ကြောင့် လမ်းမလျှောက်နိုင်အောင် ဖြစ်ခဲ့ရသည်။

သူမအသက် ၁၃ နှစ်အရွယ်တွင် သီပေါမြို့နယ်မှ ကားဖြင့် ၄ နာရီကြာသွားရပြီး လူသိနည်းသည့် သူမတို့ရွာသို့ လူမှုကူညီရေးအသင်းမှ ရောက်သွားကာ ရင်သားများ ကြီးထွားလွန်းသည့် ဝေဒနာခံစားနေရသူ သူမကို တွေ့ဆုံခဲ့ပြီး ခွဲစိတ်ကုသနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဧပြီလ အစောပိုင်းတွင် သီပေါမြို့ ပြည်သူ့ဆေးရုံကို ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နန်းဆိုင်လူကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် သီပေါမြို့မှ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာနန္ဒဝင်း ဦးဆောင်သောအဖွဲ့က ခွဲစိတ်မှု ပြုလုပ်ပေးခဲ့သည်။

နန်းဆိုင်လူသည် မိသားစုထဲတွင် သမီးကြီးဖြစ်ပြီး ကျောင်းမနေခဲ့ရဘဲ မောင်ငယ်၊ ညီမငယ်များကို ကူညီထိန်းကျောင်းပေးခဲ့ရသည်။ကျေးလက်ထုံးစံအရ သမီး မွေးဖွားလာပါက ပညာသင်ပေးရန် ဦးစားမပေးဘဲ အချိန်တန်ရင် အိမ်ထောင်ပြုကာ ခင်ပွန်းနောက်ကို လိုက်ပါသွားရမည့်သူအဖြစ် သဘောထားကာ ကိုယ့်ထက်ငယ်သည့် ကလေးများကို ထိန်းကျောင်းပေးရသည့် အလေ့အထရှိသည့် ရွာတွင် နန်းဆိုင်လူ မွေးဖွားကြီးပြင်းခဲ့သည်။

ကျောင်းမနေခဲ့ရသည့် နန်းဆိုင်လူကို ရင်သားခွဲစိတ်မှု အောင်မြင်ပြီးနောက် အသက်မွေးဝမ်းကျောင်းပညာလည်း ဖြစ်၊ သူမကိုယ်တိုင်လည်း ဝါသနာပါသည့် အပ်ချုပ်ပညာ သင်ကြားရန် ဒေါက်တာနန္ဒဝင်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

သူမသည် စက်ချုပ်ပညာကို ၈ လကြာ သင်ကြားပြီးနောက် အများပြည်သူအကျိုးအတွက် တပိုင်တနိုင် လုပ်အားဒါနပြုသည့်အနေဖြင့် အဝတ်ဟောင်းများကို ပြန်လည်လျှော်ဖွပ် ပြင်ဆင်ချုပ်လုပ်ပြီး မီးပူတိုက်ကာ လိုအပ်နေသည့် စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံတက် လူနာများကို မျှဝေလှူဒါန်းနေသည်။

“နယ်အသီးသီးက ပို့လာတဲ့ အဝတ်အစားတွေ ရောက်လာရင် သမီးက ပြန်လျှော်တယ်။ ပြင်ချုပ်စရာရှိတာ ပြင်တယ်။ နောက် မီးပူတိုက်၊ ဆိုက်(အရွယ်အစား)တွေခွဲပြီး အိတ်ထဲ ထည့်သိမ်းတယ်။ ဆေးရုံမှာ အရေးပေါ်လူနာတွေ ရောက်လာရင် လိုအပ်တဲ့ဆိုက် ချက်ချင်းပေးလို့ ရအောင် လုပ်ပေးထားတယ်” ဟု နန်းဆိုင်လူက အဝတ်များကို ရွေးနေရင်း ပြောပြသည်။

အသက် (၁၄) နှစ်ကျော်အရွယ် နန်းဆိုင်လူက မိမိလုပ်အားဒါနဖြင့် အများပြည်သူကို ကူညီရသည်ကို ဝမ်းသာဂုဏ်ယူနေပြီး သူမ လုပ်နေသည့် တပိုင်တနိုင် အလှူအတွက် မိမိတို့၏ ပိုလျှံနေသည့် အဝတ်များ ပေးပို့ကြပါဟု မေတ္တာရပ်ခံခဲ့သည်။

အဝတ်ပုံ၊ အဝတ်လျှော်စက်နှင့် အပ်ချုပ်စက်များအကြား ဗျာများနေသည့် နန်းဆိုင်လူ တယောက် ရင်သားခွဲစိတ်ပြီးနောက် သွက်လက်စွာ လှုပ်ရှားနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

နန်းဆိုင်လူအတွက် ကျေးဇူးတင်မဆုံးနိုင်သူကတော့ သူမကို အောင်မြင်စွာ ခွဲစိတ်ကုသပေးပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးကာ အတတ်ပညာသာမက အသိပညာပါပေးခဲ့သူ ဒေါက်တာနန္ဒဝင်း ဖြစ်သည်။

“လူဆိုတာ တယောက်တည်း နေလို့ မရဘူး။ အများက ကိုယ့်ကို ကူညီတယ်။ ကိုယ်ကလည်း အများကို ကူညီရမယ်လေ။ အသိုင်းအဝိုင်းနဲ့ နေတဲ့အချိန်မှာ ဘယ်လို ပြန်ကူညီမလဲ” ဟု ဒေါက်တာနန္ဒဝင်းက နန်းဆိုင်လူကို မေးခဲ့သည်။

ထိုမေးခွန်းသည် နန်းဆိုင်လူ၏ အတွေးကို စိုးမိုးသွားပြီး သီပေါမြို့နယ်အတွင်း စစ်ရှောင်ဒုက္ခသည်များ အဝတ်အစား မလုံလောက်ခြင်း၊ ဆေးရုံသို့ လာသည့် အရေးပေါ်လူနာများ အဝတ်အစား လိုအပ်မှုရှိခြင်းများကို မကြာခဏ တွေ့မြင်ရသည့် သူမက အဝတ်ဟောင်းများ ပြန်လည်ပြုပြင်ပေးကာ မျှဝေလိုသည်ဟု ဆိုသဖြင့် လူအများ၏ ပိုလျှံနေသည့် အဝတ်ဟောင်းများကို ကောက်ခံကာ ပြန်လည်ပြင်ဆင်ပြီး လိုအပ်သူများကို ဝေငှနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု ဒေါက်တာနန္ဒဝင်းက ပြန်ပြောပြသည်။

“ဒီကလေးက ပညာက ကျောင်းစာပညာမတတ်ဘူး။ သူ့ကို ရင်ဘတ်ခွဲပြီးရင် ပြန်လွှတ်လို့ ရပြီ။ အဲဒီအချိန်မှာ သူ့ကို ဘဝမှာ ဆက်ရပ်တည်ဖို့ တခုခုသင်ပေးဖို့ ကျနော်တို့ စဉ်းစားလိုက်တော့ သူကလည်း အပ်ချုပ်သင်ချင်တယ်ဆိုလို့ သင်ပေးလိုက်တာပါ” ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။

မခွဲစိတ်မီက နန်းဆိုင်လူ (ဓာတ်ပုံ – ဒေါက်တာနန္ဒဝင်းဖေ့စ်ဘွတ်ခ်)

အသက် (၁၄) နှစ်ကျော်အရွယ် နန်းဆိုင်လူတယောက် ရင်သား ခွဲစိတ်ထုတ်ပြီးနောက်ပိုင်း သာမန်ဘဝကို ပြန်လည်တည်ဆောက်ရန် ခက်ခဲနိုင်ပြီး အိမ်ထောင်ပြုပြီး ကလေး မွေးဖွားလာပါကလည်း မိခင်နို့ တိုက်ကျွေးနိုင်မည်မဟုတ်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောပြသည်။

ထို့ကြောင့် သူမအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်နှင့် လောကဓံကို ခံနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းပညာ ဖြစ်သည့် စက်ချုပ်ပညာ သင်ကြားပေးကာ ဒီဇိုင်းနာကောင်း (အဝတ်အစားပုံစံထုတ်လုပ်သူ) တဦးဖြစ်သည့်အထိ မြေတောင်မြှောက်ပေးမည်ဟုလည်း ဒေါက်တာနန္ဒဝင်းက ပြောပြသည်။

“သူ ချုပ်တတ်နေပြီ။ ဆိုင်ဖွင့်နိုင်ပေမယ့် သူက (၁၅) နှစ် မပြည့်သေးဘူး။ အခုတော့ ဆေးရုံကလူတွေ လာအပ်တာပဲ လက်ခံတယ်။ အပြင်လောကနဲ့ မထိတွေ့စေချင်သေးဘူး။ သူ ခံနိုင်ရည်ရှိဦးမယ် မထင်ဘူး။ ကလေးက ရင်မဆိုင်နိုင်သေးဘူး။ ဒါကြောင့် မျက်စိအောက်မှာထားပြီး လေ့ကျင့်ပေးနေရသေးတယ်” ဟု နန်းဆိုင်လူကို ကူညီထောက်ပံ့ပေးနေသည့် ဒေါက်တာနန္ဒဝင်းက ပြောသည်။

နန်းဆိုင်လူသည် သူမ နေထိုင်ခဲ့သည့် ကျေးရွာကိုပြန်ရန် မဝံ့မရဲဖြစ်နေပြီး အတိတ်က ဖြစ်ခဲ့သည့် ရင်သားကြီးထွားမှု ဝေဒနာအပေါ် ရွာမှ လူအများက ရယ်(ရီ)စရာအဖြစ် စနောက်ခံခဲ့ရသည့် စိတ်ဒဏ်ရာက သူမကို လွှမ်းမိုးနေဆဲ ဖြစ်သည်။

“ရွာကို မပြန်ချင်ဘူး။ ဒီမှာပဲ ဆက်နေချင်တယ်။ ရွာမှာလည်း ဘာမှလုပ်စရာ မရှိဘူး။ နောက် သမီးကို စနောက်ကြတယ်လေ” ဟု နန်းဆိုင်လူက ပြောပြနေသည်။

ဒေါက်တာနန္ဒဝင်းက “အရင် သူ နေမကောင်းတဲ့ ကာလတုန်းက ရွာကလူတွေက စနောက်စရာ သဘောထားခဲ့ကြတယ်။ အဲဒါကြောင့် ကလေးက သူ့အတိတ်ကို ပြန်မရင်ဆိုင်ရဲသေးဘူး” ဟု ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

နန်းဆိုင်လူအား ပတ်ဝန်းကျင်ကို ပြန်လည်စောင့်ရှောက်နိုင်မည့်သူ ဖြစ်စေချင်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောသည်။

လွန်ခဲ့သည့် တနှစ်ခန့်အထိ ခြေတလှမ်း လျှောက်ဖို့အတွက် အလွန်အားစိုက်ရပြီး လမ်းလျှောက်ဖို့ ကြောက်ရွံ့နေရသည့် နန်းဆိုင်လူတယောက် လက်ရှိအချိန်မှာတော့ ပြေးလွှား ဆော့ကစားနိုင်ခဲ့ပါပြီ။

“အခု သမီးလုပ်ချင်တာ လုပ်လို့ရပြီ၊ သွားချင်တာ သွားလို့ရပြီ။ ပြည်သူတွေကို ကူညီဖို့ပဲ ဆက်ကြိုးစားရတော့မယ်” ဟု ဝမ်းသာစွာဖြင့် သူမက ပြောသည်။

နန်းဆိုင်လူသည် လက်ရှိမှာ ဒီဇိုင်နာပညာ (အဝတ်အစားပုံစံ ထုတ်လုပ်သည့်ပညာ) ကို ဆက်လက်သင်ကြားနေပြီး သူမကို ကူညီခဲ့သည့် ပြည်သူများနှင့် ကျေးရွာဒေသမှ လူအများကို ပြန်လည်ကူညီသွားရန် စိတ်အားထက်သန်နေသည်။

“လက်ရှိမှာတော့ ဒီပိုလျှံနေတဲ့ အဝတ်ဟောင်းတွေကို ပြုပြင်ပြီး ပြည်သူတွေကို ပြန်ကူညီနိုင်တာ ဝမ်းသာတယ်။ နောက်လည်း အလုပ်တွေ အများကြီးလုပ်ပြီး ဆက်ကူညီမယ်” ဟု သူမက ယုံကြည်ချက်အပြည့်နှင့် ပျော်ရွှင်စွာ ပြောပြသည်။

နန်းဆိုင်နွမ်

(hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)


Zawgyi Version

လူတြေကျိုပန္ကူညီမယ်ဆိုတဲ့ လူထဲကသူ “နန်းဆိုင္လူ”
နန်းဆိုင်နမြ်

“သမီးကျိုပည်သူတြေက ကူညီပေးခဲ့ပြီ၊ျပည်သူတြေကို သမီျးပန္ကူညီရေတာ့မယ်” ဟု အသက် (၁၃) နွစ်အရယြ် နန်းဆိုင္လူက ပြုံးပော််ပြီးျေပာသည်။

သူမသည် အသက် (၁၁) နွစ်အရယ္ကြ ဆယ်ကော််သက် ဟ္မောုန်းျေပာင်းလဲမှုကြောင့် ရင်သားတဖက္ကို ၂၆ ပေါင်ရွိသည့် ရင်သား ကြီးထြားလြန်းသည့် ဝေဒနာကို ခံစားခဲ့ရပြီး အလြန်လေးလံသော ရင်သားနွစ္ဖက်ကြောင့် လမ်းမေလွ်ာက်နိုင်အောင်ျဖစ္ခဲ့ရသည်။

သူမအသက် ၁၃ နွစ်အရယ္တြင် သီပေါမြို့နယ္မွ ကာျးဖင့် ၄ နာရီကြာသြားရပြီး လူသိနည်းသည့် သူမတို့ရြာသို့ လူမှုကူညီရေးအသင်းမွ ရောက်သြားကာ ရင်သားမ်ား ကြီးထြားလြန်းသည့် ဝေဒနာခံစားနေရသူ သူမကို တြေ့ဆုံခဲ့ပြီး ခြဲစိတ္ကုသနိုင်ရန် ၂၀၁၈ ခုနွစ်၊ ဧပြီလ အေစာပိုင်းတြင် သီပေါမြိျု့ပည်သူ့ဆေးရုံကို ခေါ်ဆောင္ချဲ့ခင်ျးဖစ်သည်။

နန်းဆိုင္လူကို ၂၀၁၈ ခုနွစ်၊ ဧပြီလ ၉ ရက်နေ့တြင် သီပေါမြို့မွ ဆေးရုံအုပ်ျဖစ်သူ ဒေါက္တာနန္ဒဝင်း ဦးဆောင်သောအဖြဲ့က ခြဲစိတ္မျှုပုလုပ်ပေးခဲ့သည်။

နန်းဆိုင္လူသည် မိသားစုထဲတြင် သမီးကြီျးဖစ်ပြီး ကော်င်းမေနခဲ့ရဘဲ မောင်ငယ်၊ ညီမငယ္မ်ားကို ကူညီထိန်းကော်င်းပေးခဲ့ရသည်။

ကေ်းလက္ထုံးစံအရ သမီး မြေးဖြားလာပါက ပညာသင်ပေးရန် ဦးစားမေပးဘဲ အခိန္တန်ရင် အိမ်ထောင်ျပုကာ ခင္ပြန်းနောက္ကို လိုက္ပါသြားရမည့်သူအျဖစ် သေဘာထားကာ ကိုယ့္ထက်ငယ်သည့် ကေလးမ်ားကို ထိန်းကော်င်းပေးရသည့် အေလ့အထရွိသည့် ရြာတြင် နန်းဆိုင္လူ မြေးဖြားကြီျးပင်းခဲ့သည်။

ကော်င်းမေနခဲ့ရသည့် နန်းဆိုင္လူကို ရင်သားခြဲစိတ္မှု အောင်ျမင်ပြီးနောက် အသက်မြေးဝမ်းကော်င်းပညာလည်ျးဖစ်၊ သူမကိုယ္တိုင္လည်း ဝါသနာပါသည့် အပ္ခ်ုပ္ပညာ သင်ကြားရန် ဒေါက္တာနန္ဒဝင်းက စီစဉ်ပေးချဲ့ခင်ျးဖစ်သည်။

သူမသည် စက္ခ်ုပ္ပညာကို ၈ လကြာ သင်ကြားပြီးနောက် အမ်ာျးပည်သူအကိုးအတြက် တပိုင္တနိုင် လုပ်အားဒါနျပုသည့်အေနျဖင့် အဝတ်ဟောင်းမ်ားကျိုပန္လည်လွေ်္ဖာပြ်ျပင်ဆင္ခ်ုပ္လုပ်ပြီး မီးပူတိုက္ကာ လိုအပ်နေသည့် စစ်ဘေးရွောင္စခန်းမ်ား၊ ဆေးရုံတက် လူနာမ်ားကို မ်ွဝေလှူဒါန်းနေသည်။

“နယ်အသီးသီးက ပို့လာတဲ့ အဝတ်အစားတြေ ရောက္လာရင် သမီးကျပန်လွေ်္တာယ်။ျပင္ခ်ုပ္စရာရွိတျာပင္တယ်။ နောက် မီးပူတိုက်၊ ဆိုက်(အရယ်ြအစား)တြေခြဲပြီး အိတ္ထဲ ထည့်သိမ်းတယ်။ ဆေးရုံမွာ အေရးပေါ်လူနာတြေ ရောက္လာရင် လိုအပ္တဲ့ဆိုက် ခ်က္ခ်င်းပေးလို့ ရေအာင် လုပ်ပေးထားတယ်” ဟု နန်းဆိုင္လူက အဝတ္မ်ားကို ရြေးနေရင်းျေပျာပသည်။

အသက် (၁၄) နွစ်ကော််အရယြ် နန်းဆိုင္လူက မိမိလုပ်အားဒါနျဖင့် အမ်ာျးပည်သူကို ကူညီရသည္ကို ဝမ်းသာဂုဏ်ယူနေပြီး သူမ လုပ်နေသည့် တပိုင္တနိုင် အလှူအတြက် မိမိတို့၏ ပိုလွ်ံနေသည့် အဝတ္မ်ား ပေးပို့ကြပါဟု မေတ္တာရပ္ခံခဲ့သည်။

အဝတ္ပုံ၊ အဝတ်လွေ်္စာက်နွင့် အပ္ခ်ုပ္စက္မ်ားအကြား ဗ်ာမ်ားနေသည့် နန်းဆိုင္လူ တေယာက် ရင်သားခြဲစိတ်ပြီးနောက် သြက္လက္စြာ လှုပ်ရွားနေသည္ကိုလည်ျးမင်တြေ့ခဲ့ရသည်။

နန်းဆိုင္လူအတြက် ကေ်းဇူးတင္မဆုံးနိုင်သူကေတာ့ သူမကို အောင်ျမင္စြာ ခြဲစိတ္ကုသေပးပြီး အသက်မြေးဝမ်းကော်င်းပညာ သင်ကြားပေးကာ အတတ္ပညာသာမက အသိပညာပါပေးခဲ့သူ ဒေါက္တာနန္ဒဝင်ျးဖစ်သည်။

“လူဆိုတာ တေယာက္တည်း နေလို့ မရဘူး။ အမ်ားက ကိုယ့္ကို ကူညီတယ်။ ကိုယ္ကလည်း အမ်ားကို ကူညီရမယ်လေ။ အသိုင်းအဝိုင်းနဲ့ နေတဲ့အခိန္မွာ ဘယ္လျိုပန္ကူညီမလဲ” ဟု ဒေါက္တာနန္ဒဝင်းက နန်းဆိုင္လူကို မေးခဲ့သည်။

ထိုမေးခြန်းသည် နန်းဆိုင္လူ၏ အေတြးကို စိုးမိုးသြားပြီး သီပေါမြို့နယ်အတြင်း စစ်ရွောင္ဒုက္ခသည္မ်ား အဝတ်အစား မလုံလောက်ျခင်း၊ ဆေးရုံသို့ လာသည့် အေရးပေါ်လူနာမ်ား အဝတ်အစား လိုအပ္မှုရျွိခင်းမ်ားကို မကြာခဏ တြျေ့မင်ရသည့် သူမက အဝတ်ဟောင်းမ်ာျးပန္လည်ျပျုပင်ပေးကာ မ်ွဝေလိုသည်ဟု ဆိုသျဖင့် လူအမ်ား၏ ပိုလွ်ံနေသည့် အဝတ်ဟောင်းမ်ားကို ကောက္ခံကျာပန္လည်ျပင်ဆင်ပြီး လိုအပ်သူမ်ားကို ဝေငွနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု ဒေါက္တာနန္ဒဝင်းကျပန်ျေပျာပသည်။

“ဒီကေလးက ပညာက ကော်င်းစာပညာမတတ္ဘူး။ သူ့ကို ရင္ဘတ္ခြဲပြီးရင်ျပန္လွှတ္လို့ ရပြီ။ အဲဒီအခိန္မွာ သူ့ကို ဘဝမွာ ဆက်ရပ္တည္ဖို့ တခုခုသင်ပေးဖို့ က်န္တောို့ စဉ်းစားလိုက်တော့ သူကလည်း အပ္ခ်ုပ်သင္ခ်င္တယ်ဆိုလို့ သင်ပေးလိုက္တာပါ” ဟု ဒေါက္တာနန္ဒဝင်းက ဆိုသည်။

အသက် (၁၄) နွစ်ကော််အရယြ် နန်းဆိုင္လူတေယာက် ရင်သား ခြဲစိတ္ထုတ်ပြီးနောက္ပိုင်း သာမန္ဘဝကျိုပန္လည္တည်ဆောက်ရန် ခက္ခဲနိုင်ပြီး အိမ်ထောင်ျပုပြီး ကေလး မြေးဖြားလာပါကလည်း မိခင်နို့ တိုက်ကျြေးနိုင္မည္မဟုတ်ကြောင်း ဒေါက္တာနန္ဒဝင်းကျေပျာပသည်။

ထို့ကြောင့် သူမအေနျဖင့် ကိုယ့်ျေခေထာက်ပေါ် ကိုယ်ရပ္တည်နိုင်ရန်နွင့် လောကဓံကို ခံနိုင်ရန်အတြက် အသက်မြေးဝမ်းကော်င်းပညျာဖစ်သည့် စက္ခ်ုပ္ပညာ သင်ကြားပေးကာ ဒီဇိုင်းနာကောင်း (အဝတ်အစားပုံစံထုတ္လုပ်သူ) တဦျးဖစ်သည့်အထိျေမေတာင်ျေမှာက်ပေးမည်ဟုလည်း ဒေါက္တာနန္ဒဝင်းကျေပျာပသည်။

“သူ ခ်ုပ္တတ်နေပြီ။ ဆိုင္ဖြင့်နိုင်ပေမယ့် သူက (၁၅) နွစ် မျပည့်သေးဘူး။ အခုတော့ ဆေးရုံကလူတြေ လာအပ္တာပဲ လက္ခံတယ်။ အျပင်လောကနဲ့ မထိတြေ့စေခ်င်သေးဘူး။ သူ ခံနိုင်ရည်ရွိဦးမယ် မထင္ဘူး။ ကေလးက ရင္မဆိုင်နိုင်သေးဘူး။ ဒါကြောင့် မ်က္စိအောက္မွာထားပြီး လေ့က်င့်ပေးနေရေသးတယ်” ဟု နန်းဆိုင္လူကို ကူညီထောက္ပံ့ပေးနေသည့် ဒေါက္တာနန္ဒဝင်းကျေပာသည်။

နန်းဆိုင္လူသည် သူမ နေထိုင္ခဲ့သည့် ကေ်းရြာကျိုပန်ရန် မဝံ့မရျဲဖစ်နေပြီး အတိတ္ကျဖစ္ခဲ့သည့် ရင်သားကြီးထြားမှု ဝေဒနာအေပါ် ရြာမွ လူအမ်ားက ရယ်(ရီ)စရာအျဖစ် စေနာက္ခံခဲ့ရသည့် စိတ္ဒဏ်ရာက သူမကို လွှမ်းမိုးနေဆျဲဖစ်သည်။

“ရြာကို မျပန္ခ်င္ဘူး။ ဒီမွာပဲ ဆက်နေခ်င္တယ်။ ရြာမွာလည်း ဘာမွလုပ္စရာ မရွိဘူး။ နောက် သမီးကို စေနာက်ကြတယ်လေ” ဟု နန်းဆိုင္လူကျေပျာပေနသည်။

ဒေါက္တာနန္ဒဝင်းက “အရင် သူ နေမေကာင်းတဲ့ ကာလတုန်းက ရြာကလူတြေက စေနာက္စရာ သေဘာထားခဲ့ကြတယ်။ အဲဒါကြောင့် ကေလးက သူ့အတိတ္ကျိုပန္မရင်ဆိုင်ရဲသေးဘူး” ဟု ဒေါက္တာ နန္ဒဝင်းက ဆိုသည်။

နန်းဆိုင္လူအား ပတ်ဝန်းက်င္ကျိုပန္လည်စောင့်ရွောက်နိုင္မည့်သျူဖစ်စေခ်င်ကြောင်း ဒေါက္တာနန္ဒဝင်းကျေပာသည်။

လြန္ခဲ့သည့် တနွစ္ခန့်အထိျေခတလွမ်း လွော်က္ဖို့အတြက် အလြန်အားစိုက်ရပြီး လမ်းလွော်က္ဖို့ ကြောက်ရြံ့နေရသည့် နန်းဆိုင္လူတေယာက် လက်ရွိအခိန္မွာတော့ျေပးလွှား ဆော့ကစားနိုင္ခဲ့ပါပြီ။

“အခု သမီးလုပ္ခ်င္တာ လုပ္လို့ရပြီ၊ သြားခ်င္တာ သြားလို့ရပြီ။ျပည်သူတြေကို ကူညီဖို့ပဲ ဆက်ကြိုးစားရေတာ့မယ်” ဟု ဝမ်းသာစျြာဖင့် သူမကျေပာသည်။

နန်းဆိုင္လူသည် လက်ရွိမွာ ဒီဇိုင္နာပညာ (အဝတ်အစားပုံစံ ထုတ္လုပ်သည့္ပညာ) ကို ဆက္လက်သင်ကြားနေပြီး သူမကို ကူညီခဲ့သည့်ျပည်သူမ်ားနွင့် ကေ်းရြာဒေသမွ လူအမ်ားကျိုပန္လည္ကူညီသြားရန် စိတ်အားထက်သန်နေသည်။

“လက်ရွိမွာတော့ ဒီပိုလွ်ံနေတဲ့ အဝတ်ဟောင်းတြေကျိုပျုပင်ပြီျးပည်သူတြေကျိုပန္ကူညီနိုင္တာ ဝမ်းသာတယ်။ နောက္လည်း အလုပ်တြေ အမ်ားကြီးလုပ်ပြီး ဆက္ကူညီမယ်” ဟု သူမက ယုံကြည္ခ်က်အျပည့်နွင့် ပော််ရွှင္စြာျေပျာပသည်။

နန်းဆိုင်နမြ်

(hiburma.net ဝက္ဘ်ဆိုက္မျွပန္လည်ဖော်ျပသည်။)

Source : DVB