fbpx

နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းထားသည့်ကားအတွင်း သိန်း ၆၀၀၀ ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိ

ကွတ်ခိုင်မြို့နယ်မှာ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားခဲ့တဲ့ Land Cruiser ကားအတွင်းက ဘိန်းဖြူ ဘလောက်တုံး ကျပ်သိန်း ၆၂၀၀ ဖိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့၊ ကွက်ခိုင်မြို့မရဲစခန်းမှာ မယ (ပ)၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က) အမှုက တရားခံ (ကျန်ရင်းဟောင်) ရဲ့ NPW 6Q/ 7672၊ Land Cruiser ကားကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းထားခဲ့ပြီး အဲဒီကားကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနအတွက် အသုံးပြုဖို့ ထုတ်ပေးခဲ့ရာကနေ ဘိန်းဖြူ ဘလောက်တုံးတွေကို တွေ့ရှိခဲ့တာပါ။

ဖြစ်စဉ်မှာ သြဂုတ် ၅ ရက်နေ့က ကားပြုပြင်ဖို့အတွက် နေပြည်တော်၊ ဘောဂသီရိ ကားဝင်းအတွင်းက ဘုရင့်နောင်ယာဉ်ပြင်ရုံ အမှတ် (ဃ/၃၆) အလုပ်ရုံမှာ အပ်ထားခဲ့စဉ် ကားရဲ့ ဆီတိုင်ကီ အံဝှက်အတွင်းကနေ ဘိန်းဖြူဘလောက်တုံးတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ဝပ်ရှော့ဆရာက သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ဘိန်းဖြူအလေးချိန်မှာ ၃၅၀ ဂရမ်လောက်စီပါတဲ့ ဘလောက်တုံး ၈၉ တုံး စုစုပေါင်းအလေးချိန် ၃၁ ဒသမ ၁၅ ကီလိုဂရမ်နဲ့ ကာလတန်ဖိုး သိန်း ၆၂၀၀ ကျပ်လောက်ရှိတယ်လို့ သိရပါတယ်။

တရားခံ ကျန်ရင်းဟောင်ကို အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် ပျဉ်းမနားမြို့မရဲစခန်းက မယ (ပ)၈/၂၀၁၉၊ ၁၉၉၃ ခုနှစ် မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


နိုင်ငံ့ဘဏ္ဍာအျဖစ် သိမ်းထားသည့္ကားအတြင်း သိန်း ၆၀၀၀ ကေ်္ဖာိုး ဘိန်ျးဖူဘေလာက္တုံးမ်ား ဖမ်းမိ
အောင္ကိုကိုလတ် (နျေပည်တော်)

ကြတ္ခိုင်မြို့နယ္မွာ နိုင်ငံ့ဘဏ္ဍာအျဖစ် သိမ်းဆည်းထားခဲ့တဲ့ Land Cruiser ကားအတြင်းက ဘိန်ျးဖူ ဘေလာက္တုံး က်ပ်သိန်း ၆၂၀၀ ဖိုး တြေ့ရွိခဲ့တယ္လို့ သိရပါတယ်။

ရွမ်ျးပည္နယ်ျေမာက္ပိုင်း ရဲတပ္ဖြဲ့၊ ကြက္ခိုင်မြို့မရဲစခန်းမွာ မယ (ပ)၂၀၁၈၊ မူး/စိတ် ပုဒ္မ ၁၉(က) အမှုက တရားခံ (က်န်ရင်းဟောင်) ရဲ့ NPW 6Q/ 7672၊ Land Cruiser ကားကို နိုင်ငံဘဏ္ဍာအျဖစ် သိမ်းဆည်းထားခဲ့ပြီး အဲဒီကားကို ပြီးခဲ့တဲ့ရက္ပိုင်းအတြင်းက ဆောက္လုပ်ရေး ဝန်ကြီးဌာနအတြက် အသုံျးပုဖို့ ထုတ်ပေးခဲ့ရာကေန ဘိန်ျးဖူ ဘေလာက္တုံးတြေကို တြေ့ရွိခဲ့တာပါ။

ျဖစ္စဉ္မွာ သြဂုတ် ၅ ရက်နေ့က ကာျးပျုပင္ဖို့အတြက် နျေပည်တော်၊ ဘောဂသီရိ ကားဝင်းအတြင်းက ဘုရင့်နောင်ယာဉ်ျပင်ရုံ အမွတ် (ဃ/၃၆) အလုပ်ရုံမွာ အပ္ထားခဲ့စဉ် ကားရဲ့ ဆီတိုင္ကီ အံဝွက်အတြင်းကေန ဘိန်ျးဖူဘေလာက္တုံးတြေကို တြေ့ရွိခဲ့တျာဖစ်ပြီး ဝပ်ရွော့ဆရာက သက်ဆိုင်ရာကို ဆက်သြယ်အေကြာင်းကြားခဲ့တျာဖစ္ပါတယ်။

ရွာဖြေတြ့ရွိခဲ့တဲ့ ဘိန်ျးဖူအေလးခိန္မွာ ၃၅၀ ဂရမ်လောက္စီပါတဲ့ ဘေလာက္တုံး ၈၉ တုံး စုစုပေါင်းအေလးခိန် ၃၁ ဒသမ ၁၅ ကီလိုဂရမ္နဲ့ ကာလတန္ဖိုး သိန်း ၆၂၀၀ က်ပ်လောက်ရွိတယ္လို့ သိရပါတယ်။

တရားခံ က်န်ရင်းဟောင္ကို အမျှုဖစ္စဉ္နဲ့ ပတ်သက်ပြီး ဥပေဒအရ အေရးယူ ဆောင်ရက်ြနိုင္ဖို့အတြက် ပ်ဉ်းမနားမြို့မရဲစခန်းက မယ (ပ)၈/၂၀၁၉၊ ၁၉၉၃ ခုနွစ် မူး/စိတ္ပုဒ္မ ၁၉(က) နဲ့ အမှုဖြင့် အေရးယူဆောင်ရက်ြနေတယ္လို့ သိရပါတယ်။

Source : DVB