fbpx

ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချမှု အရေးမယူသည့် ဝန်ထမ်းများကို စိစစ်အရေးယူမည်ဟု စစ်ကိုင်း နယ်လုံဝန်ကြီးပြော

ယစ်မျိုးလိုင်စင် မရှိဘဲ ရောင်းချနေတဲ့ဆိုင်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထွေအုပ်၊ ရဲကို တိုင်တန်းလို့မှ ဖမ်းဆီးအရေးယူတာ မရှိရင် တိုင်းအစိုးရကို တိုင်တန်းလာပါက အရေးမယူတဲ့ ဝန်ထမ်းကို စိစစ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုင်စင်နဲ့ရောင်းချနေတဲ့ အရက်၊ ဘီယာ၊ ထန်းရည် စတဲ့ ယစ်မျိုးဆိုင်တွေရှိသလို တရားမဝင်ရောင်းချနေတဲ့ ဆိုင်အရေအတွက်ကလည်း အများအပြား ရှိနေပါတယ်။ 

သက်ဆိုင်ရာ ထွေအုပ်၊ ရဲစတဲ့ ဌာနဆိုင်ရာဝန်ထမ်းအချို့က အရက်၊ ဘီယာဆိုင်တွေကနေ လစဉ်ကြေး ယူထားတဲ့အတွက် တရားမဝင်ဆိုင်တွေကို တိုင်တန်းသူရှိပေမယ့် ဖမ်းဆီးတာမရှိတဲ့ အပြင် နိုင်ငံတော်လည်း အခွန်ဘဏ္ဍာ လျော့နည်းတာကြောင့် တိုင်းအစိုးရက စိစစ်ကြပ်မတ်ဖို့ လိုအပ်နေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ အကြိမ် ၂၀ မြောက် တိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ယစ်မျိုးလိုင်စင်အမျိုးအစား ၁၈ မျိုးအတွက် ဆိုင်ပေါင်း ၃၃၇၃ ဆိုင်ကို လိုင်စင်ချထားပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စတင်ကာ ထွေအုပ်ရုံးချုပ်ကနေ ယစ်မျိုးလိုင်စင်သစ်တွေ ခွင့်မပြုရဆိုတဲ့ အမိန့်ကြောင့် အခုအချိန်ထိ လိုင်စင်အသစ်ချထားပေးတာ မရှိဘဲ လိုင်စင်ဟောင်းကိုသာ သက်တမ်းတိုးပေးနေတာလို့ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောပါတယ်။ 

အခွန်ကိုတော့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေကို ကြည့်ပြီး ကောက်ခံနေသလို တရားမဝင်ဆိုင်တွေ ပပျောက်စေရေး လစဉ်စစ်ဆေးနေပြီး ဖမ်းဆီးတာမရှိရင် စိစစ်အရေးယူ သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

အရက်၊ ဘီယာ၊ ထန်းရည် စတဲ့ ယစ်မျိုးရောင်းချတဲ့ ဆိုင်တွေကို စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဆေးရုံ စတဲ့ အနီးပတ်ဝန်းကျင်တွေမှာ ရောင်းချတာ မလုပ်ဖို့ ညွှန်ကြားချက်တချို့ ရှိပေမယ့် မြို့တိုင်းမှာ အလွယ်တကူ ရှာဖွေ ဝယ်ယူရရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အရက်အတု ရောင်းချတာ၊ ပြည်ပက တရားမဝင် တင်သွင်းလာတဲ့ အရက်၊ ဘီယာတွေကိုလည်း စိစစ်ဖမ်းဆီးမှု အားနည်းတာကြောင့် လူငယ်တွေ အရက်၊ ဘီယာ သောက်သုံးမှု များပြားလာသလို အရွယ်မလွန်ခင် သေဆုံးမှုနှုန်းတွေလည်း များပြားလာနေတယ်လို့လည်း ကိုယ်စားလှယ်က ပြောဆိုခဲ့ပါသေးတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ယစ္မိုးလိုင္စင္မရွိဘဲ ရောင်းခ်မှု အေရးမယူသည့် ဝန္ထမ်းမ်ားကို စိစစ်အေရးယူမည်ဟု စစ္ကိုင်း နယ္လုံဝန်ကြီျးေပာ

 အောင္ကိုလတ်

ယစ္မိုးလိုင္စင် မရွိဘဲ ရောင်းခ်နေတဲ့ဆိုင်တြေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထြေအုပ်၊ ရဲကို တိုင္တန်းလို့မွ ဖမ်းဆီးအေရးယူတာ မရွိရင် တိုင်းအစိုးရကို တိုင္တန်းလာပါက အေရးမယူတဲ့ ဝန္ထမ်းကို စိစစ်ပြီး ထိထိရောက်ရောက် အေရးယူသြားမယ္လို့ စစ္ကိုင်းတိုင်း နယ္လုံဝန်ကြီးကျေပာဆိုလိုက္ပါတယ်။

စစ္ကိုင်းတိုင်းဒေသကြီးအတြင်း လိုင္စင္နဲ့ရောင်းခ်နေတဲ့ အရက်၊ ဘီယာ၊ ထန်းရည် စတဲ့ ယစ္မိုးဆိုင်တြေရွိသလို တရားမဝင်ရောင်းခ်နေတဲ့ ဆိုင်အေရအတြက္ကလည်း အမ်ားအျပား ရွိနေပါတယ်။

သက်ဆိုင်ရာ ထြေအုပ်၊ ရဲစတဲ့ ဌာနဆိုင်ရာဝန္ထမ်းအခို့က အရက်၊ ဘီယာဆိုင်တြေကေန လစဉ်ကြေး ယူထားတဲ့အတြက် တရားမဝင်ဆိုင်တြေကို တိုင္တန်းသူရွိပေမယ့် ဖမ်းဆီးတာမရွိတဲ့ အျပင် နိုင်ငံတ္လောည်း အခြန္ဘဏ္ဍာ လော့်နည်းတာကြောင့် တိုင်းအစိုးရက စိစစ်ကြပ္မတ္ဖို့ လိုအပ်နေတဲ့အတြက် စစ္ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမွတ် ၂ လွှတ်တ္ကောိုယ္စားလွယ် ဒေါ်အောင်မေရီက ပြီးခဲ့တဲ့ရက္ပိုင်းက က်င်းပတဲ့ အကြိမ် ၂၀ျေမာက် တိုင်းလွှတ်တ္မေွာာ မေးခြန်းမေျးမန်းခဲ့ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနွစ္မွာ ယစ္မိုးလိုင္စင်အမိုးအစား ၁၈ မိုးအတြက် ဆိုင်ပေါင်း ၃၃၇၃ ဆိုင္ကို လိုင္စင္ခ်ထားပေးခဲ့ပါတယ်။ ၂၀၁၄ ခုနွစ္ကေန စတင္ကာ ထြေအုပ်ရုံးခ်ုပ္ကေန ယစ္မိုးလိုင္စင်သစ်တြေ ခြင့္မျပုရဆိုတဲ့ အမိန့်ကြောင့် အခုအခိန္ထိ လိုင္စင်အသစ္ခ်ထားပေးတာ မရွိဘဲ လိုင္စင်ဟောင်းကိုသာ သက္တမ်းတိုးပေးနေတာလို့ လုံနယ်ဝန်ကြီး ဗိုလ္မှူးကြီး သန်းထြန်းအောင္ကျေပာပါတယ်။

အခြန္ကိုတော့ ရန္ကုန်၊ မန္တေလး စတဲ့မြို့ကြီးတြေကို ကြည့်ပြီး ကောက္ခံနေသလို တရားမဝင်ဆိုင်တြေ ပေပ်ာက်စေရး လစဉ္စစ်ဆေးနေပြီး ဖမ်းဆီးတာမရွိရင် စိစစ်အေရးယူ သြားမယ္လိျု့ပန္လည်ျေဖကြားခဲ့တာပါ။

အရက်၊ ဘီယာ၊ ထန်းရည် စတဲ့ ယစ္မိုးရောင်းခ်တဲ့ ဆိုင်တြေကို စာသင်ကော်င်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဆေးရုံ စတဲ့ အနီးပတ်ဝန်းက်င်တြေမွာ ရောင်းခ်တာ မလုပ္ဖို့ ညွှန်ကြားခ်က္တခို့ ရွိပေမယ့် မြို့တိုင်းမွာ အလြယ္တကူ ရွာဖြေ ဝယ်ယူရရွိနေတာလည်ျးဖစ္ပါတယ်။

ဒါ့အျပင် အရက်အတု ရောင်းခ်တာ၊ျပည္ပက တရားမဝင် တင်သြင်းလာတဲ့ အရက်၊ ဘီယာတြေကိုလည်း စိစစ္ဖမ်းဆီးမှု အားနည်းတာကြောင့် လူငယ်တြေ အရက်၊ ဘီယာ သောက်သုံးမှု မ်ာျးပားလာသလို အရယ္မြလြန္ခင် သေဆုံးမှုနှုန်းတြေလည်း မ်ာျးပားလာနေတယ္လို့လည်း ကိုယ္စားလွယ္ကျေပာဆိုခဲ့ပါသေးတယ်။

Source : DVB