fbpx

၈၈ ရဲ့ သမိုင်းမဝင် စာမတင်ခဲ့သော မှတ်စုလေးများ

၈၈ အရေးတော်ပုံဆိုတာကြီးက ကျယ်ဝန်းလွန်းတယ်။ အပြည့်အစုံ ပြောဖို့ဆိုရင် စာမျက်နှာပေါင်းများစွာ ပြောမှ ရမယ်ထင်တယ်။ မတ်လကနေ စတွက်ရင် သပိတ်ကာလဟာ ၆ လလောက် ကြာခဲ့တယ်။ ဒီကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပေါင်းက ထောင်သောင်းမက။ နေရာဒေသကလည်း တနေရာတည်းမဟုတ်။ နေရာအနှံ့၊ မြို့ကြီးမြို့လေး ကျေးရွာဇနပုဒ် မကျန် တပြည်လုံး ဟုန်းဟုန်းတောက်ခဲ့တာပေသကိုး။ ဒီတော့ ဘယ်သူတွေ ဦးဆောင်ခဲ့လဲဆိုရင် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် မဆလကို မကျေနပ်သူတွေ ဦးဆောင် ပါဝင်ခဲ့တာလို့ပဲ ဖြေရမှာပါ။ အောင်မြင်မှုမှာ ဖခင်များစွာ ရှိစမြဲပဲလေ။

၈၈ မြင်ကွင်းတွေကို ကြုံတွေ့ဖြတ်သန်းလာသူတယောက်အနေနဲ့ ပြန်ပြောချင်တယ်။ အထူးသဖြင့် စက်တင်ဘာ ၁၉ ရက်နေ့ပေါ့။ ၁၈ ရက်နေ့ ညနေမှာ ကျနော်တို့ဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ရှိနေခဲ့တယ်။ အဲဒီနေ့က တနေ့လုံး အစည်းအဝေး ထိုင်ကြတာ။ မှတ်မိသမျှ ကိုကြီး (ယခု ပြည်သူ့ပါတီဥက္ကဋ္ဌ)၊ ကိုဇော်မင်း (မကသ)၊ ကိုမင်းဇေယျ (မကသ)၊ ဆရာကြီးဦးစံတင် (တကသဆရာအသင်း)၊ ကိုမြင့်လှိုင် (တကသဆရာအသင်း)၊ ကိုဌေးလွင် (တကသဆရာအသင်း)၊ ယုယုမော်၊ ကိုလေး (၈၈ရွေးကောက်ပွဲကော်မရှင်)၊ ဦးမျိုးညွန့် (ရှေ့နေ)၊ ဦးသန်းညွန့် (GSC အထွေထွေသပိတ်ကော်မတီ) တို့ပါပဲ။ တခြားသူတွေလည်း ရှိပါသေးတယ်။ မှတ်မိသလောက် ပြောတာပါ။ အပြည့်အစုံတော့ မဟုတ်ဘူး။

အဲဒီနေ့က တနေကုန် ငြင်းခုံလို့ မပြီးဘူး။ ကျနော်လည်း စိတ်ညစ်ညူးလာတာနဲ့ ဝိဇ္ဇာအဆောက်အုံမှာ ကျနော့်အတွက် ပေးထားတဲ့အခန်းမှာ သော့ဖွင့်ပြီး ဆေးလိပ်သောက်နေလိုက်တယ်။ ညနေ သုံးနာရီခွဲလောက်ရောက်တော့ ကျနော် အခန်းပိတ်နေစဉ် အစောင့်ရောက်လာရင်း သူက “ဆရာရေ တညနေလုံး ရေဒီယိုကနေ ထူးထူးခြးခြား စစ်ချီတက်တဲ့ သီချင်းတွေပဲ ထပ်ကာထပ်ကာ လာနေတယ်” တဲ့။ ဟုတ်လားဗျ။ အာဏာသိမ်းတော့မယ် ထင်တယ်လို့ ပြောတော့ သူက “ဟုတ်တယ် ဆရာရေ၊ ကင်တင်းမှာလည်း ကိုအောင်ရင် (လက်ဖက်ရည်ဆိုင်) တို့လည်း အဲဒီအတိုင်း ပြောနေကြတယ်” တဲ့။ ကျနော်လည်း ဘွဲ့နှင်းသဘင်ခန်းမဆီ အမြန်သွားပြီး ဆရာကြီးဦးစံတင်ကို ခေါ်ထုတ်လိုက်တယ်။ ကိုမြင့်လှိုင်လည်း လိုက်လာတ,်။

“ဆရာကြီး ကျနော်တို့ ပြန်ရအောင်။ ဒီနေ့ည အာဏာသိမ်းတော့မယ် ထင်တယ်။ တချိန်လုံး စစ်ချီသီချင်းတွေပဲ ရေဒီယိုကနေ ဖွင့်နေတယ်” လို့ ပြောတော့ ဆရာကြီးက “အစည်းအဝေး ဆုံးဖြတ်ချက် မပြတ်သေးဘူးကွ” တဲ့။ ကျနော်လည်း “ဆရာကြီး ထားပစ်ခဲ့တော့ ဆရာကြီးအိမ် ပို့ပြီး ကျနော်နဲ့ ကိုမြင့်လှိုင်က သရက်တောပြန်မယ်” ဆိုပြီး ဆရာကြီးကို စမ်းချောင်းအိမ် ပြန်ပို့ပြီး သပိတ်ကော်မတီရှိရာ သရက်တောကျောင်းတိုက်ကို ပြန်လာခဲ့တယ်။ ကျောင်းတိုက်ရောက်တော့ လသာ အ.ထ.က (၂) ထဲမှာ အစည်းအဝေးပွဲ မပြတ်သေးတဲ့ဆီ ရောက်တယ်။ စုဝေးနေတဲ့ လူတွေအားလုံးမှာတော့ တီးတိုးပြောနေကာတာကတော့ တချိန်လုံး စစ်သီချင်းတွေ ဖွင့်နေတဲ့ မြန်မာ့အသံ ရေဒီယိုအကြောင်းပါပဲ။ အားလုံးကတော့ ည ၈ နာရီ သတင်းကိုပဲ စောင့်ကြည့်ရမှာပါ။

ညနေ အိမ်ပြန်ရောက်တော့ မိသားစုအသီးသီး မြန်မာ့ရုပ်မြင်သံကြားရှေ့နဲ့ ရေဒီယိုဘေးမှာ အာရုံစိုက်နေကြတယ်။ ၈ နာရီမှာတော့ အထူးသတင်းအဖြစ် တပ်မတော်က အာဏာလွှဲပြောင်းယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အားလုံး မျက်နှာမှာ စိတ်ပျက် ဝမ်းနည်းရုပ်ထွက်နေတယ်။ ကဲ… ဘာဆက်လုပ်ကြမလဲ။ အဲဒီညက ဘာမျှမစဉ်းစားတော့ဘဲ အိပ်ပစ်လိုက်တယ်။

မနက်လင်းတော့ ပဲပြုတ်နဲ့ ထမင်းစားပြီး ချီတက်မယ့် ကျောင်းသားတွေကို အချိန်မီ တားနိုင်အောင် သရက်တောကျောင်းဘက် ထွက်လာခဲ့တယ်။ အလုံလမ်းတလျှောက် ချီတက်နေတဲ့ အထက်တန်းကျောင်းသားလေးတွေနဲ့ ဆရာတချို့ တွေ့လို့ ဆက်မချီတက်ဖို့ တားပေမယ့် မရတော့ဘူး။ ကျနော် သရက်တောကျောင်းတိုက်ထဲ ရောက်တော့ ဆန္ဒပြဖို့ ချီတက်သွားကြပြီ။ မရှိကြတော့ဘူး။ အရင်နေ့က အစီအစဉ်အတိုင်း ချီတက်သွားကြပြီတဲ့။ ကျနော်လည်း တားလို့ မီလို့မီငြား ရလိုရငြား သူတို့နောက် အမီလိုက်သွားတယ်။

ကျနော် ဆူးလေလမ်းကို ကျော်ပြီးချိန်မှာတော့ နောက်လူတွေ ဆက်ကျော်လို့ မရတော့ဘူး။ ဝန်ကြီးများရုံးဘက်ဆီမှ သေနတ်သံတွေ ဆူဆူညံညံ ထွက်ပေါ်နေတယ်။ ရှေ့ဆက်သွားလို့ မရ၊ နောက်ဆုတ်လို့လည်း မရတော့။ အဲဒီအချိန် ဗိုလ်အောင်ကျော်လမ်းဘက်ဆီကနေ အမောတကော ပြေးလာတဲ့ ကျောင်းသားတယောက်က “ဆရာ.. ဆက်မသွားနဲ့။ ဆရာဦးလှတင်တော့ သေနတ်မှန်သွားပြီ။ အလောင်းလည်း ကောက်မရခဲ့ဘူး ဆရာ..” တဲ့။ ကျနော်လည်း အံ့အားသင့်ပြီး ငေးနေမိတယ်။ ပြီးမှ “သင်္ချာဌာနက ဆရာဦးလှတင်လား” လို့ မေးရင်း သူ့အဖြေ မစောင့်တော့ဘဲ ဆက်ထွက်လာတော့ သူက ကျနော့်လက်ကို ဆွဲထားရင်း ဆရာ ဆက်သွားလို့ မရတော့ဘူးလို့ ပြောချိန်မှာပဲ သေနတ်သံတွေ ဆူညံလာပြန်တယ်။

နောက်လှည့်ပြေးခဲ့ပေမယ့် ၃၃ လမ်းထက် ပိုပြေးမရတော့။ ၃၃ လမ်းထဲ ဝင်လိုက်တယ်။ ဆူးလေတလျှောက်မှာလည်း သေနတ်သံတွေ တဖောင်းဖောင်း တဒိုင်းဒိုင်းသံတွေ။ ဝှီခနဲ ဝှစ်ခနဲ ရွှီခနဲ ကျည်ဆန်တွေ ပြေးနေသံ။ ကျနော် ရေမြောင်းထဲ ဆင်းဝပ်နေတယ်။ ခေါင်းမထောင်ရဲဘူး။ ဖျောက်ခနဲ ဖျောက်ခနဲ သေနတ်သံ ကျဲသွားတော့မှ ဘေးကိုကြည့်တော့ ကျနော့်ဘေးမှာ ရုပ်ရှင်မင်းသား ထွန်းထွန်းဝင်း။ သူလည်း ကျနော့်ကို ပြုံးပြရင်း ခေါင်းညိတ်ပြီး မြောင်းထဲက ပြိုင်တူထလိုက်ကြတယ်။

ဆရာဦးလှတင် အလောင်းကောက်ဖို့ စိတ်စောပြီး သိမ်ဖြူလမ်းဆီ လျှောက်လာပေမယ့် လမ်း ၄၀ အရောက်မှာ ပစ်ခတ်သံတွေ ထွက်လာတဲ့အတွက် လမ်း ၄၀ ထဲ ဝင်ပြေးရပြန်ရော။ လမ်း ၄၀ တလျှောက် အောက်ဘက် ဆက်လျှောက်လာစဉ်မှာပဲ မဟာဗန္ဓုလမ်းတလျှောက် ပန်းခြံဘက်မှာလည်း သေနတ်သံတွေ ရပ်လိုက် ပစ်လိုက်နဲ့။ ဘားလမ်း (ပန်းခြံလမ်း) ကို ဖြတ်မရတော့။ မြင်ကွင်းက တကယ့်ဝရုန်းသုန်းကား။ ကျနော်ရောက်တော့ ပစ်ခတ်သံတွေ ကျိုးတိုးကျဲတဲ။ လဲနေသူတွေက အတုံးအရုံး။ သွေးအလိမ်းလိမ်း။ အလံတချို့ ပြန့်ကျဲ၊ တချို့က အလံ ဆုပ်ကိုင်ထားဆဲ၊ အသက်ရှိတော့ဟန် မတူ။ အဖြူအစိမ်းဝတ် ကလေးတွေ။ အလုံလမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ကလေးတွေများ ဖြစ်နေလေမလား။

သေနတ်သံ ခဏစဲသွားချိန်မှာ ကြက်ခြေနီအလံ ထူထားတဲ့ ကားတစီးနဲ့ လူငယ်တစု (နောင်တွင် ဆေးတက္ကသိုလ် ၁/၂ မှ ကျောင်းသားများဟု သိရ) တို့က အလောင်းကောက်၊ လူနာ သယ်ယူနေတယ်။ သေနတ်သံတွေကြားထဲက မကြောက်မရွံ့ ကယ်လို့ရသမျှ ကယ်နေကြဟန်ပဲ။ ကိုယ့်အသက်ကိုယ် ပဓာနမထား စွန့်ရဲသူတွေ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဒါပဲ ထင်ပါရဲ့။ အတန်ကြာ စောင့်ကြည့်နေရင်း သေနတ်သံတွေ ရပ်သွားတော့ အခြားလူတွေနဲ့အတူ အိမ်ကြိုအိမ်ကြားတွေထဲက ဖြတ်သန်းရင်း သရက်တောကျောင်းတိုက်ဆီ ပြန်ရောက်လာခဲ့တယ်။

ကျောင်းတိုက်မှာ လူသူရှင်းနေပြီ။ ဒီတော့ သက်ပြင်းတချက်ချရင်း တက္ကသိုလ်ကျောင်းဆီကို ခြေဦးလှည့် ထွက်ခွာလာခဲ့ပါတော့တယ်။ လမ်းတလျှောက်မှာတော့ ဆရာဦးလှတင် အလောင်းလည်း မကောက်နိုင်ခဲ့၊ သေနတ်ပစ်ခံရတဲ့ ကလေးတွေကိုလည်း မကယ်နိုင်ခဲ့။ ကျောင်းသားလေးတွေ ချီတက်ခြင်းကိုတောင် ရအောင် မတားနိုင်ခဲ့ခြင်းကိုပင် စိတ်မှာ မတင်မကျ ဖြစ်နေမိတယ်။ ကျနော်ဟာ သတ္တိနည်းခဲ့သူတယောက်အဖြစ် တစိမ့်စိမ့် ခံစားနေမိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ သမိုင်းမဝင် စာမတင်နိုင်ခဲ့တဲ့ အညတရ သူရဲကောင်းတို့အတွက် ဂုဏ်ပြုတင်ဆက် အလေးပြုလိုက်ရပါတယ်။

အညတရ သူရဲကောင်းအားလုံး ကောင်းရာသုဂတိ ရောက်နိုင်ကြပါစေ…။

ထွန်းဇော်ဌေး


Zawgyi Version

၈၈ ရဲ့ သမိုင်းမဝင် စာမတင္ခဲ့သော မွတ္စုလေးမ်ား
ထြန်းဇော်ဌေး

၈၈ အေရးတ္ပောုံဆိုတာကြီးက က်ယ်ဝန်းလြန်းတယ်။ အျပည့်အစုံျေပာဖို့ဆိုရင် စာမ်က်နွာပေါင်းမ်ားစြာျေပာမွ ရမယ္ထင္တယ်။ မတ္လကေန စတြက်ရင် သပိတ္ကာလဟာ ၆ လေလာက် ကြာခဲ့တယ်။ ဒီကာလေတြအတြင်ျးဖစ္ပ်က္ခဲ့တဲ့ အျဖစ်အပ်က်ပေါင်းက ထောင်သောင်းမက။ နေရာဒေသကလည်း တေနရာတည်းမဟုတ်။ နေရာအနွံ့၊ မြို့ကြီးမြို့လေး ကေ်းရြာဇနပုဒ် မက်န် တျပည္လုံး ဟုန်းဟုန်းတောက္ခဲ့တာပေသကိုး။ ဒီတော့ ဘယ်သူတြေ ဦးဆောင္ခဲ့လဲဆိုရင် ကိုယ့်အရပ္နဲ့ ကိုယ့္ဇာတ် မဆလကို မေက်နပ်သူတြေ ဦးဆောင် ပါဝင္ခဲ့တာလို့ပဲျေဖရမွာပါ။ အောင်ျမင္မှုမွာ ဖခင္မ်ားစြာ ရွိစမြဲပဲလေ။

၈၈ျမင္ကြင်းတြေကို ကြုံတြျေ့ဖတ်သန်းလာသူတေယာက်အေနနျဲ့ပန်ျေပာခ်င္တယ်။ အထူးသျဖင့် စက္တင္ဘာ ၁၉ ရက်နေ့ပေါ့။ ၁၈ ရက်နေ့ ညေနမွာ က်န္တောို့ဟာ ရန္ကုန္တက္ကသိုလ် ဘြဲ့နွင်းသဘင် ခန်းမထဲမွာ ရွိနေခဲ့တယ်။ အဲဒီနေ့က တေန့လုံး အစည်းအေဝး ထိုင်ကြတာ။ မွတ္မိသမွ် ကိုကြီး (ယချုပည်သူ့ပါတီဥက္ကဋ္ဌ)၊ ကိုဇ္မောင်း (မကသ)၊ ကိုမင်းဇေယ် (မကသ)၊ ဆရာကြီးဦးစံတင် (တကသဆရာအသင်း)၊ ကျိုမင့္လှိုင် (တကသဆရာအသင်း)၊ ကိုဌေးလြင် (တကသဆရာအသင်း)၊ ယုယုမော်၊ ကိုလေး (၈၈ရြေးကောက္ပြဲက္မောရွင်)၊ ဦးမိုးညနြ့် (ရွေ့နေ)၊ ဦးသန်းညနြ့် (GSC အေထြေထြသပိတ်က္မောတီ) တို့ပါပဲ။ တျခားသူတြေလည်း ရွိပါသေးတယ်။ မွတ္မိသေလာက်ျေပာတာပါ။ အျပည့်အစုံတော့ မဟုတ္ဘူး။

အဲဒီနေ့က တေနကုန်ျငင်းခုံလို့ မပြီးဘူး။ က်န္လောည်း စိတ်ညစ်ညူးလာတာနဲ့ ဝိဇ္ဇာအေဆာက်အုံမွာ က်နော့်အတြက် ပေးထားတဲ့အခန်းမွာ သော့ဖြင့်ပြီး ဆေးလိပ်သောက်နေလိုက္တယ်။ ညေန သုံးနာရီခြဲလောက်ရောက်တော့ က်နော် အခန်းပိတ်နေစဉ် အေစာင့်ရောက္လာရင်း သူက “ဆရာရေ တညေနလုံး ရေဒီယိုကေန ထူးထူျးချးခား စစ္ခ်ီတက္တဲ့ သီခ်င်းတြေပဲ ထပ္ကာထပ္ကာ လာနေတယ်” တဲ့။ ဟုတ္လားဗ်။ အာဏာသိမ်းတော့မယ် ထင္တယ္လို့ျေပာတော့ သူက “ဟုတ္တယ် ဆရာရေ၊ ကင္တင်းမွာလည်း ကိုအောင်ရင် (လက္ဖက်ရည်ဆိုင်) တို့လည်း အဲဒီအတိုင်းျေပာနေကြတယ်” တဲ့။ က်န္လောည်း ဘြဲ့နွင်းသဘင္ခန်းမဆီ အျမန်သြားပြီး ဆရာကြီးဦးစံတင္ကို ခေါ်ထုတ္လိုက္တယ်။ ကျိုမင့္လှိုင္လည်း လိုက္လာတ,်။

“ဆရာကြီး က်န္တောိျု့ပန်ရေအာင်။ ဒီနေ့ည အာဏာသိမ်းတော့မယ် ထင္တယ်။ တခိန္လုံး စစ္ခ်ီသီခ်င်းတြေပဲ ရေဒီယိုကေန ဖြင့်နေတယ်” လို့ျေပာတော့ ဆရာကြီးက “အစည်းအေဝး ဆုံျးဖတ္ခ်က် မျပတ်သေးဘူးကြ” တဲ့။ က်န္လောည်း “ဆရာကြီး ထားပစ္ခဲ့တော့ ဆရာကြီးအိမ် ပို့ပြီး က်န္နောဲ့ ကျိုမင့္လှိုင္က သရက်တျောပန္မယ်” ဆိုပြီး ဆရာကြီးကို စမ်းခော်င်းအိမ်ျပန္ပို့ပြီး သပိတ်က္မောတီရွိရာ သရက်တောကော်င်းတိုက္ကျိုပန္လာခဲ့တယ်။ ကော်င်းတိုက်ရောက်တော့ လသာ အ.ထ.က (၂) ထဲမွာ အစည်းအေဝးပြဲ မျပတ်သေးတဲ့ဆီ ရောက္တယ်။ စုဝေးနေတဲ့ လူတြေအားလုံးမွာတော့ တီးတိုျးေပာနေကာတာကေတာ့ တခိန္လုံး စစ်သီခ်င်းတြေ ဖြင့်နေတျဲ့မန္မာ့အသံ ရေဒီယိုအေကြာင်းပါပဲ။ အားလုံးကေတာ့ ည ၈ နာရီ သတင်းကိုပဲ စောင့်ကြည့်ရမွာပါ။

ညေန အိမ်ျပန်ရောက်တော့ မိသားစုအသီးသီျးမန္မာ့ရုပ်ျမင်သံကြားရွေ့နဲ့ ရေဒီယိုဘေးမွာ အာရုံစိုက်နေကြတယ်။ ၈ နာရီမွာတော့ အထူးသတင်းအျဖစ် တပ္မေတ္ကာ အာဏာလွှျဲေပာင်းယူလိုက်ကြောင်း ကြေညာလိုက္ပါတယ်။ အားလုံး မ်က်နွာမွာ စိတ္ပ်က် ဝမ်းနည်းရုပ္ထြက်နေတယ်။ ကဲ… ဘာဆက္လုပ်ကြမလဲ။ အဲဒီညက ဘာမ်ွမစဉ်းစားတော့ဘဲ အိပ္ပစ္လိုက္တယ်။

မနက္လင်းတော့ ပျဲပုတ္နဲ့ ထမင်းစားပြီး ခ်ီတက္မယ့် ကော်င်းသားတြေကို အခိန္မီ တားနိုင်အောင် သရက်တောကော်င်းဘက် ထြက္လာခဲ့တယ်။ အလုံလမ်းတေလွ်ာက် ခ်ီတက်နေတဲ့ အထက္တန်းကော်င်းသားလေးတြေနဲ့ ဆရာတခို့ တြေ့လို့ ဆက္မခ်ီတက္ဖို့ တားပေမယ့် မရေတာ့ဘူး။ က်နော် သရက်တောကော်င်းတိုက္ထဲ ရောက်တော့ ဆန္ဒျပဖို့ ခ်ီတက်သြားကြပြီ။ မရွိကြေတာ့ဘူး။ အရင်နေ့က အစီအစဉ်အတိုင်း ခ်ီတက်သြားကြပြီတဲ့။ က်န္လောည်း တားလို့ မီလို့မျီငား ရလိုရျငား သူတို့နောက် အမီလိုက်သြားတယ်။

က်နော် ဆူးလေလမ်းကို ကော််ပြီးခိန္မွာတော့ နောက္လူတြေ ဆက်ကေ်္လာို့ မရေတာ့ဘူး။ ဝန်ကြီးမ်ားရုံးဘက်ဆီမွ သေနတ်သံတြေ ဆူဆူညံညံ ထြက်ပေါ်နေတယ်။ ရွေ့ဆက်သြားလို့ မရ၊ နောက်ဆုတ္လို့လည်း မရေတာ့။ အဲဒီအခိန် ဗိုလ်အောင်ကေ်္လာမ်းဘက်ဆီကေန အေမာတေကာျေပးလာတဲ့ ကော်င်းသားတေယာက္က “ဆရာ.. ဆက္မသြားနဲ့။ ဆရာဦးလွတင်တော့ သေနတ္မွန်သြားပြီ။ အေလာင်းလည်း ကောက္မရခဲ့ဘူး ဆရာ..” တဲ့။ က်န္လောည်း အံ့အားသင့်ပြီး ငေးနေမိတယ်။ ပြီးမွ “သခ်င်္ာဌာနက ဆရာဦးလွတင္လား” လို့ မေးရင်း သူ့အျေဖ မေစာင့်တော့ဘဲ ဆက္ထြက္လာတော့ သူက က်နော့်လက္ကို ဆြဲထားရင်း ဆရာ ဆက်သြားလို့ မရေတာ့ဘူးလို့ျေပာခိန္မွာပဲ သေနတ်သံတြေ ဆူညံလျာပန္တယ်။

နောက္လွည့်ျေပးခဲ့ပေမယ့် ၃၃ လမ်းထက် ပိျုေပးမရေတာ့။ ၃၃ လမ်းထဲ ဝင္လိုက္တယ်။ ဆူးလေတေလွ်ာက္မွာလည်း သေနတ်သံတြေ တေဖာင်းဖောင်း တဒိုင်းဒိုင်းသံတြေ။ ဝွီခနဲ ဝွစ္ခနဲ ရွှီခနဲ က်ည်ဆန်တြေျေပးနေသံ။ က်နော် ရျေမာင်းထဲ ဆင်းဝပ်နေတယ်။ ခေါင်းမေထာင်ရဲဘူး။ ဖော်က္ခနဲ ဖော်က္ခနဲ သေနတ်သံ က်ဲသြားတော့မွ ဘေးကိုကြည့်တော့ က်နော့်ဘေးမွာ ရုပ်ရွင္မင်းသား ထြန်းထြန်းဝင်း။ သူလည်း က်နော့်ကို ပြုံျးပရင်း ခေါင်းညိတ်ပြီးျေမာင်းထဲက ပြိုင္တူထလိုက်ကြတယ်။

ဆရာဦးလွတင် အေလာင်းကောက္ဖို့ စိတ်စောပြီး သိမ်ျဖူလမ်းဆီ လွော်က္လာပေမယ့် လမ်း ၄၀ အေရာက္မွာ ပစ္ခတ်သံတြေ ထြက္လာတဲ့အတြက် လမ်း ၄၀ ထဲ ဝင်ျေပးရျပန်ရော။ လမ်း ၄၀ တေလွ်ာက် အောက္ဘက် ဆက်လွော်က္လာစဉ္မွာပဲ မဟာဗန္ဓုလမ်းတေလွ်ာက် ပန်းခြံဘက္မွာလည်း သေနတ်သံတြေ ရပ္လိုက် ပစ္လိုက္နဲ့။ ဘားလမ်း (ပန်းခြံလမ်း) ကျိုဖတ္မရေတာ့။ျမင္ကြင်းက တကယ့်ဝရုန်းသုန်းကား။ က်နော်ရောက်တော့ ပစ္ခတ်သံတြေ ကိုးတိုးက်ဲတဲ။ လဲနေသူတြေက အတုံးအရုံး။ သြေးအလိမ်းလိမ်း။ အလံတခိျု့ပန့္က်ဲ၊ တခို့က အလံ ဆုပ္ကိုင္ထားဆဲ၊ အသက်ရွိတော့ဟန် မတူ။ အျဖူအစိမ်းဝတ် ကေလးတြေ။ အလုံလမ်းတေလွ်ာက္မွာ တြေ့ခဲ့ရတဲ့ ကေလးတြေမ်ာျးဖစ်နေလမလား။

သေနတ်သံ ခဏစဲသြားခိန္မွာ ကြက်ျေခနီအလံ ထူထားတဲ့ ကားတစီးနဲ့ လူငယ္တစု (နောင္တြင် ဆေးတက္ကသိုလ် ၁/၂ မွ ကော်င်းသားမ်ားဟု သိရ) တို့က အေလာင်းကောက်၊ လူနာ သယ်ယူနေတယ်။ သေနတ်သံတြေကြားထဲက မေကြာက္မရြံ့ ကယ္လို့ရသမွ် ကယ်နေကြဟန္ပဲ။ ကိုယ့်အသက္ကိုယ် ပဓာနမထား စြန့်ရဲသူတြေ။ ရဲဘော်ရဲဘက္စိတ်ဆိုတာ ဒါပဲ ထင္ပါရဲ့။ အတန်ကြာ စောင့်ကြည့်နေရင်း သေနတ်သံတြေ ရပ်သြားတော့ အျခားလူတြေနဲ့အတူ အိမ်ကြိုအိမ်ကြားတြေထဲကျဖတ်သန်းရင်း သရက်တောကော်င်းတိုက်ဆျီပန်ရောက္လာခဲ့တယ်။

ကော်င်းတိုက္မွာ လူသူရွင်းနေပြီ။ ဒီတော့ သက်ျပင်းတခ်က္ခ်ရင်း တက္ကသိုလ်ကော်င်းဆီကိုျေခဦးလွည့် ထြက္ခြာလာခဲ့ပါတော့တယ်။ လမ်းတေလွ်ာက္မွာတော့ ဆရာဦးလွတင် အေလာင်းလည်း မေကာက်နိုင္ခဲ့၊ သေနတ္ပစ္ခံရတဲ့ ကေလးတြေကိုလည်း မကယ်နိုင္ခဲ့။ ကော်င်းသားလေးတြေ ခ်ီတက်ျခင်းကိုတောင် ရေအာင် မတားနိုင္ချဲ့ခင်းကိုပင် စိတ္မွာ မတင္မက်ျဖစ်နေမိတယ်။ က်နော်ဟာ သတ္တိနည်းခဲ့သူတေယာက်အျဖစ် တစိမ့္စိမ့် ခံစားနေမိပါတယ်။ ဘာပျဲဖစ်ျဖစ် အခုတော့ သမိုင်းမဝင် စာမတင်နိုင္ခဲ့တဲ့ အညတရ သူရဲကောင်းတို့အတြက် ဂုဏ်ျပုတင်ဆက် အေလျးပုလိုက်ရပါတယ်။

အညတရ သူရဲကောင်းအားလုံး ကောင်းရာသုဂတိ ရောက်နိုင်ကြပါစေ…။

ထြန်းဇော်ဌေး

Source : DVB