fbpx

၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ (ဓာတ်ပုံ)

ရန်ကုန်မြို့ မဟာဗန္ဓပန်းခြံမှာ ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား မစတင်ခင်မြင်ကွင်း။
ဓာတ်ပုံ – ကိုဈာန်

ရှစ်လေးလုံး သမိုင်းဖြစ်စဉ်အကျဉ်း

– ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ဗြိတိသျှထံမှ မြန်မာပြည် လွတ်လပ်ရေးရခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။

– ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် စစ်အာဏာသိမ်းခဲ့ပြီး ထိုအာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ရှိခဲ့သည်။

– အမည်ခံ ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပြီး တပါတီအာဏာရှင်ဖြင့် အုပ်ချုပ်ရန် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ၍ စစ်ဗိုလ်ချုပ်များက အရပ်ဝတ်လဲကာ အုပ်ချုပ်ခဲ့သည်။

– ယင်းသို့ အုပ်ချုပ်မှုကို လက်မခံကြောင်း အထင်ကရ အရေးအခင်းတွေဖြစ်သော ဦးသန့်၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ နှင့် မှိုင်းရာပြည့်စသည်တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

– ၁၉၇၈ စက်တင်ဘာ ၅ ရက်တွင် ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာရာမှ လူထု၏မကျေနပ်မှုများ ပေါက်ကွဲခဲ့ပြီး ကျောင်းသားများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

– ၁၉၈၈ မတ်လ ၁၃ ရက်တွင် RIT ကျောင်းဝင်းအတွင်း စုရုံးနေကြသော ကျောင်းသားထုထဲသို့ ပစ်ခတ်နှိမ်နင်း၍ အင်ဂျင်နီယာကျောင်းသား ၂ ဦး ကျဆုံးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ခဲ့ပြီး အခြား တက္ကသိုလ်ကောလိပ်များသို့ ကူးစက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းခံရပြီး ကျောင်းသားအများအပြား ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည်။

– ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းများပြန်ဖွင့်ချိန်မှ စ၍ ကျောင်းသားသပိတ်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ကျောင်းဝင်းမှ ထွက်ချိန်တွင် ပြည်သူလူထုပါ ပူးပေါင်းပါဝင်လာခဲ့သည်။

– ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မဆလ ပါတီ အရေးပေါ်ညီလာခံနှင့် အရေးပေါ်လွှတ်တော် အစည်းအဝေးများ ခေါ်ယူခဲ့ပြီး ပါတီစုံစနစ်သို့ ပြောင်းလဲ မပြောင်းလဲကို မဲခွဲဆုံးဖြတ်ရာမှာ မပြောင်းနိုင်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ သမ္မတ အပြောင်းအလဲကိုလည်း ပြုလုပ်ခဲ့သည်။

– ပြည်သူလူထု၏ မကျေနပ်မှုများ အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ၁၉၈၈ သြဂုတ်လဆန်း ၃ ရက်တွင် ရန်ကုန်မြို့ရှိ လမ်းများပေါ် ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

– ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပြည်လုံးကျွတ် သပိတ်မှောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လမ်းများပေါ်တွင် ပစ်ခတ်နှိမ်နင်းခဲ့ရာ ပြည်သူထောင်ချီ သေဆုံးခဲ့ရသည်။ နိုင်ငံ့ဝန်ထမ်းများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး ဝန်ထမ်းပေါင်းစုံ အထွေထွေသပိတ်ကြီးဖြစ်ခဲ့ရာ အစိုးရယန္တရားများ ရပ်ဆိုင်းသွားခဲ့သည်။ ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မကြာမီ ပြန်လည်ဖျက်သိမ်းခဲ့သည်။ ထို့နောက် အရေးပေါ်လွှတ်တော် ထပ်မံခေါ်ယူခဲ့ပြီး ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် သဘောတူခဲ့သည်။ သမတအပြောင်းအလဲကို ထပ်မံ ပြုလုပ်ခဲ့သည်။

– သို့ရာတွင် တစ်ပါတီအတွင်းမှ လူအပြောင်းအလဲ လုပ်ခြင်းမျှသာဖြစ်၍ ပြည်သူလူထုက လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြီး အထွေထွေသပိတ်ကြီးကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။

– ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူကြောင်း ကြေညာခဲ့ရာ ပြည်သူများက လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့စည်းကို ဆက်လက်တောင်းဆိုပြီး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ သေဆုံးခဲ့ရသည်။


Zawgyi Version

၃၁ နွစ်ျပည့် ရွစ်လေးလုံး ဒီမိုကေရစီအေရးတ္ပောုံနေ့ (ဓာတ္ပုံ)
DVB
ရန္ကုန်မြို့ မဟာဗန္ဓပန်းခြံမွာ ၃၁ နွစ်ျပည့် ရွစ်လေးလုံး ဒီမိုကေရစီအေရးတ္ပောုံနေ့ အခမ်းအနား မစတင္ခင်ျမင္ကြင်း။
ဓာတ္ပုံ – ကိုဈာန်

ရွစ်လေးလုံး သမိုင်ျးဖစ္စဉ်အက်ဉ်း

– ၁၉၄၈ ခုနွစ် ဇန္နဝါရီလ ၄ ရက္တြင် ဗြိတိသ်ွထံမျွမန္မျာပည် လြတ္လပ်ရေးရခဲ့ပြီးနောက် ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့်သုံးခဲ့သည်။

– ၁၉၆၂ ခုနွစ် မတ္လ ၂ ရက္တြင် စစ်အာဏာသိမ်းခဲ့ပြီး ထိုအာဏာသိမ်းမှုကို လက္မခံသည့် ဆန္ဒျပလှုပ်ရွားမှုမ်ား စဉ်ဆက္မျပတ်ရွိခဲ့သည်။

– အမည္ခံ ဆိုရွယ္လစ္လမ်းစဉ္ကို ကြေညာခဲ့ပြီး တပါတီအာဏာရွင်ျဖင့် အုပ္ခ်ုပ်ရန် ၁၉၇၄ ခုနွစ် ဖြဲ့စည်းပုံအျေခခံဥပေဒကို ရေးဆြဲ၍ စစ္ဗိုလ္ခ်ုပ္မ်ားက အရပ်ဝတ္လဲကာ အုပ္ခ်ုပ္ခဲ့သည်။

– ယင်းသို့ အုပ္ခ်ုပ္မှုကို လက္မခံကြောင်း အထင္ကရ အေရးအခင်းတျြေဖစ်သော ဦးသန့်၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ နွင့် မှိုင်းရျာပည့္စသည္တို့တြင် ဆန္ဒထုတ်ဖ္ခောဲ့ကြသည်။

– ၁၉၇၈ စက္တင္ဘာ ၅ ရက္တြင် ငြေစက္ကူမ်ား ဖ်က်သိမ်းကြောင်း ကြေညာရာမွ လူထု၏မေက်နပ္မှုမ်ား ပေါက္ကြဲခဲ့ပြီး ကော်င်းသားမ်ား၏ ဆန္ဒျပပြဲမ်ာျးဖစ်ပေါ်ခဲ့သည်။

– ၁၉၈၈ မတ္လ ၁၃ ရက္တြင် RIT ကော်င်းဝင်းအတြင်း စုရုံးနေကြေသာ ကော်င်းသားထုထဲသို့ ပစ္ခတ်နွိမ္နင်း၍ အင္ဂ်င္နီယာကော်င်းသား ၂ ဦး က်ဆုံးခဲ့သည်။ ရန္ကုန္တက္ကသိုလ်ကော်င်းသားမ်ား ဆန္ဒျပပြဲမ်ား ဆက္တိုက်ျဖစ္ခဲ့ပြီး အျခား တက္ကသိုလ်ကောလိပ္မ်ားသို့ ကူးစက္ခဲ့သည်။ အဆိုပါ ဆန္ဒျပပြဲမ်ားအား အကြမ်းဖက် နွိမ္နင်းခံရပြီး ကော်င်းသားအမ်ားအျပား ဖမ်းဆီးအက်ဉ်းခ် ခံခဲ့ရသည်။

– ၁၉၈၈ ခုနွစ် ဇြန္လ ကော်င်းမ်ာျးပန္ဖငြ့္ခိန္မွ စ၍ ကော်င်းသားသပိတ္တိုက္ပြဲမ်ား ထပ္မျံဖစ္ပြားခဲ့ပြီး ကော်င်းဝင်းမွ ထြက္ခိန္တငြ်ျပည်သူလူထုပါ ပူးပေါင်းပါဝင္လာခဲ့သည်။

– ၁၉၈၈ ခုနွစ် ဇူလိုင် ၂၃ ရက္တြင် မဆလ ပါတီ အေရးပေါ်ညီလာခံနွင့် အေရးပေါ်လွှတ်တော် အစည်းအေဝးမ်ား ခေါ်ယူခဲ့ပြီး ပါတီစုံစနစ်သို့ျေပာင်းလဲ မျေပာင်းလဲကို မဲခြဲဆုံျးဖတ်ရာမွာ မျေပာင်းနိုင်ကြောင်း ဆုံျးဖတ်ကြေညာခဲ့သည်။ သမ္မတ အျေပာင်းအလဲကိုလည်ျးပုလုပ္ခဲ့သည်။

–ျပည်သူလူထု၏ မေက်နပ္မှုမ်ား အျမင့်ဆုံးသို့ ရောက္ခဲ့ပြီး ၁၉၈၈ သြဂုတ္လဆန်း ၃ ရက္တြင် ရန္ကုန်မြို့ရွိ လမ်းမ်ားပေါ် ခ်ီတက်ဆန္ဒျပပြဲမ်ာျးဖစ္ပြားခဲ့သည်။

– ၁၉၈၈ ခုနွစ် သြဂုတ္လ ၈ ရက္တြင်ျပည္လုံးကျြတ် သပိတ်မွောက် ဆန္ဒျပပြဲမ်ာျးဖစ္ပြားခဲ့ပြီး လမ်းမ်ားပေါ်တြင် ပစ္ခတ်နွိမ္နင်းခဲ့ရျာပည်သူထောင္ခ်ီ သေဆုံးခဲ့ရသည်။ နိုင်ငံ့ဝန္ထမ်းမ်ားပါ ပူးပေါင်းပါဝင္လာခဲ့ပြီး ဝန္ထမ်းပေါင်းစုံ အေထြေထြသပိတ်ကြီျးဖစ္ခဲ့ရာ အစိုးရယန္တရားမ်ား ရပ်ဆိုင်းသြားခဲ့သည်။ျပည်သူ့ဆန္ဒေလ့လာစုံစမ်းရေး က္မောရွင္ကို ဖြဲ့စည်းခဲ့ပြီး မကြာမျီပန္လည္ဖ်က်သိမ်းခဲ့သည်။ ထို့နောက် အေရးပေါ်လွှတ်တော် ထပ္မံခေါ်ယူခဲ့ပြီး ပါတီစုံ ရြေးကောက္ပြဲ က်င်းပရန် သေဘာတူခဲ့သည်။ သမတအျေပာင်းအလဲကို ထပ္မျံပုလုပ္ခဲ့သည်။

– သို့ရာတြင် တစ္ပါတီအတြင်းမွ လူအျေပာင်းအလဲ လုပ်ျခင်းမ်ွသျာဖစ်၍ျပည်သူလူထုက လက္မခံဘဲ ကြာျးဖတ်အစိုးရ ဖြဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြီး အေထြေထြသပိတ်ကြီးကို ဆက္လက် ဆင်နွှဲခဲ့ကြသည်။

– ၁၉၈၈ စက္တင္ဘာ ၁၈ ရက္တြင် စစ္တပ္မွ နိုင်ငံတော်အာဏာကို လွှျဲေပာင်းရယူကြောင်း ကြေညာခဲ့ရျာပည်သူမ်ားက လက္မခံဘဲ ကြာျးဖတ်အစိုးရဖြဲ့စည်းကို ဆက္လက်တောင်းဆိုပြီး ဆန္ဒျပပြဲမ်ား ဆက္လက်ျဖစ္ပြားခဲ့ရာ အကြမ်းဖက္ပစ္ခတ်နွိမ္နင်းခဲ့သည့်အတြက် လူထောင္ခ်ီ သေဆုံးခဲ့ရသည်။

Source : DVB