fbpx

မြန်မာလုပ်သား ထုတ်လုပ်ရောင်းချသည့် မူးယစ်ဆေးရည် အဝသောက်ခန်း ထိုင်းရဲဝင်စီး

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့နယ် မဟာချိုင်မှာ မြန်မာအလုပ်သမား ထုတ်လုပ်ရောင်းချတဲ့ ဒေသအခေါ် အာဆီယံ အမည်ရ မူးယစ်ဆေးရည် အ၀သောက်ခန်းကို တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

မဟာချိုင်ရပ်ကွက် နရုန်းမစ်လမ်းရှိ အငှားအိမ်ခန်းထဲမှာ ဘိန်းစာရွက် ထုတ်လုပ်ရောင်းချကြောင်း စုံစမ်းသိရှိရတဲ့အတွက် ဆမွတ်ဆာခွန်းရဲတပ်ဖွဲ့ နဲ့ လဝက ရဲတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာပါ။

အဆိုပါ အခန်းမှာ အပြင်က တံခါးသော့ခတ်ထားတဲ့အတွက် တာဝန်ရှိသူတွေက သော့ဖျက်ပြီး ဝင်ရောက်ရာမှာတော့ အထဲမှာ အုပ်စုဖွဲ့ပြီး ဒေသအခေါ် အာဆီယံ  (ဘိန်းစာရွက်ပြုပ်ရည်) သောက်သုံးနေတဲ့သူတွေကို တွေ့ရှိခဲ့တာပါ။

သူတို့အားလုံး ၂၂ ဦးရှိပြီး  ဘိန်းစာရွက်ပြုပ်ရည် သောက်သုံးနေသူ ထိုင်း ၆ ဦး ၊ မြန်မာ ၁၅ ဦးနဲ့ ထုတ်လုပ်ရောင်းချသူ ကိုသားဆိုသူ မြန်မာအလုပ်သမား ၁ ဦးပါဝင်ပါတယ်။

အဆိုပါဆေးခြောက်ရည်တွေကို ဒေသအခေါ် အာဆီယံအမည်ရ အဲဒီမူးယစ်ဆေးရည်ကို ဘိန်းစာရွက်၊ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ရောနှောကျိုချက်ထားပြီး အိုးထဲထည့်ထားကာ တစ်ကြိမ်လျှင် ဘတ် ၅၀ နဲ့ ကြိုက်သလောက် အဝထိုင်သောက်နိုင်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက နောက်ဘက်ကအခန်းကို သွားရောက်စစ်ဆေးရာမှာတော့ ကုန်ကြမ်းတွေဖြစ်တဲ့ ဘိန်းစာရွက် အလေးချိန် ၅၆ ကီလိုဂရမ်၊ ချောင်းဆိုးပျောက်ဆေးတွေနဲ့ အသင့်ထည့်ပြီး ဘိန်းစာရွက်ပြုပ်ရည် ပုလင်းပေါင်း ၃၀၀ ကို တွေ့ရှိခဲ့ပါတယ်။

ကိုသားဆိုသူ မြန်မာအလုပ်သမားက အဆိုပါဆေးရည်ကို သူ ၁ ဦးတည်းသာ ထုတ်လုပ်ရောင်းချကြောင်း ဝန်ခံထားပါတယ်။

တာဝန်ရှိသူတွေက ကုန်ကြမ်းပစ္စည်းတွေရော သူတို့ ၂၂ ဦးလုံးကိုပါဖမ်းဆီးသွားပြီး  အမှတ် ၅ အဆင့် မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှု ၊ ထုတ်လုပ်သုံးစွဲမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကိုးကား –  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းနှင့် ထိုင်းရတ်သတင်း


ျမန္မာလုပ်သား ထုတ္လုပ်ရောင်းခ်သည့် မူးယစ်ဆေးရည် အဝေသာက္ခန်း ထိုင်းရဲဝင္စီး
ဒီဗြီဘီ

ထိုင်းနိုင်ငံအလယ္ပိုင်း ဆမြတ်ဆာခြန်းမြို့နယ် မဟာခိုင္မျွာမန္မာအလုပ်သမား ထုတ္လုပ်ရောင်းခ်တဲ့ ဒေသအေခါ် အာဆီယံ အမည်ရ မူးယစ်ဆေးရည် အ၀သောက္ခန်းကို တာဝန်ရွိသူတြေက ဝင်ရောက္စီးနင်းခဲ့တယ္လို့ သိရပါတယ်။

မဟာခိုင်ရပ္ကြက် နရုန်းမစ္လမ်းရွိ အငွားအိမ္ခန်းထဲမွာ ဘိန်းစာရကြ် ထုတ္လုပ်ရောင်းခ်ကြောင်း စုံစမ်းသိရွိရတဲ့အတြက် ဆမြတ်ဆာခြန်းရဲတပ္ဖြဲ့ နဲ့ လဝက ရဲတြေ ပူးပေါင်းပါဝင္တဲ့အဖြဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ္လ ၆ ရက်နေ့က ဝင်ရောက္စီးနင်းခဲ့တာပါ။

အဆိုပါ အခန်းမွာ အျပင္က တံခါးသော့ခတ္ထားတဲ့အတြက် တာဝန်ရွိသူတြေက သော့ဖ်က်ပြီး ဝင်ရောက်ရာမွာတော့ အထဲမွာ အုပ္စုဖြဲ့ပြီး ဒေသအေခါ် အာဆီယံ (ဘိန်းစာရကြ်ျပုပ်ရည်) သောက်သုံးနေတဲ့သူတြေကို တြေ့ရွိခဲ့တာပါ။

သူတို့အားလုံး ၂၂ ဦးရွိပြီး ဘိန်းစာရကြ်ျပုပ်ရည် သောက်သုံးနေသူ ထိုင်း ၆ ဦး ၊ျမန္မာ ၁၅ ဦးနဲ့ ထုတ္လုပ်ရောင်းခ်သူ ကိုသားဆိုသျူမန္မာအလုပ်သမား ၁ ဦးပါဝင္ပါတယ်။

အဆိုပါဆေျးေခာက်ရည်တြေကို ဒေသအေခါ် အာဆီယံအမည်ရ အဲဒီမူးယစ်ဆေးရည္ကို ဘိန်းစာရကြ်၊ ခော်င်းဆိုးပော်က်ဆေးတြေနဲ့ ရောနွောကိုခ်က္ထားပြီး အိုးထဲထည့္ထားကာ တစ်ကြိမ္လ်ွင် ဘတ် ၅၀ နဲ့ ကြိုက်သေလာက် အဝထိုင်သောက်နိုင္တယ္လို့ ဆိုပါတယ်။

တာဝန်ရွိသူတြေက နောက္ဘက္ကအခန်းကို သြားရောက္စစ်ဆေးရာမွာတော့ ကုန်ကြမ်းတျြေဖစ္တဲ့ ဘိန်းစာရကြ် အေလးခိန် ၅၆ ကီလိုဂရမ်၊ ခော်င်းဆိုးပော်က်ဆေးတြေနဲ့ အသင့္ထည့်ပြီး ဘိန်းစာရကြ်ျပုပ်ရည် ပုလင်းပေါင်း ၃၀၀ ကို တြေ့ရွိခဲ့ပါတယ်။

ကိုသားဆိုသျူမန္မာအလုပ်သမားက အဆိုပါဆေးရည္ကို သူ ၁ ဦးတည်းသာ ထုတ္လုပ်ရောင်းခ်ကြောင်း ဝန္ခံထားပါတယ်။

တာဝန်ရွိသူတြေက ကုန်ကြမ်းပစ္စည်းတြေရာ သူတို့ ၂၂ ဦးလုံးကိုပါဖမ်းဆီးသြားပြီး အမွတ် ၅ အဆင့် မူးယစ်ဆေးလက်ဝယ်တြေ့ရွိမှု ၊ ထုတ္လုပ်သုံးစြဲမှုတြေနဲ့ အေရးယူသြားမယ္လို့ ဆိုပါတယ်။
ကိုးကား – ခ်နယ္လ် ၃ ထိုင်းတီဗြီသတင်းနွင့် ထိုင်းရတ်သတင်း

Source : DVB