fbpx

Huawei က Device မ်ိဳးစံုမွာ သံုးႏုိင္တဲ့ HarmonyOS ကို ေၾကညာ

Huawei က တရုတ္မွာ Developer Conference ကို က်င္းပေနပါတယ္။ အဲဒီပြဲမွာ HarmonyOS ကို ေၾကညာလိုက္ပါတယ္။ HarmonyOS ဟာ Open-source Platform ျဖစ္ၿပီး Hongmeng OS ရဲ႕ ဖိုင္နယ္ နာမည္ ျဖစ္ပါတယ္။ HarmonyOS ကို စမတ္ဖုန္း၊ စမတ္ စပီကာ၊ ကြန္ျပဴတာ၊ စမတ္နာရီ၊ ႀကိဳးမဲ့ နားၾကပ္၊ ကား၊ တက္ဘလက္ အားလံုးမွာ အသံုးျပဳႏုိင္ပါတယ္။

Huawei CEO Richard Yu က HarmonyOS မွာ Apps မ်ိဳးစံုကို အသံုးျပဳႏုိင္တယ္လို႔ ေျပာပါတယ္။ Android Apps , HTML5 နဲ႔ Linux Apps ေတြအားလံုးကို အသံုးျပဳႏုိင္ပါတယ္။ HarmonyOS မွာ အသံုးျပဳထားတဲ့ ARK Compiler ဟာ Kotlin , Java, Javascript , C , C++ အားလံုးမွာ Run ႏုိင္မယ္လို႔ Yu က ေျပာပါတယ္။

“ HarmonyOS 1.0 ကို စမတ္ မ်က္ႏွာျပင္ ထုတ္ကုန္မွာ ပထမဆံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး ဒီႏွစ္ေႏွာင္းပိုင္းမွာ ေရာင္းခ်မွာပါ။ လာမယ့္ ၃ ႏွစ္မွာ HarmonyOS ဟာ အရမ္းကို အဆင့္ျမင့္လာၿပီး ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာ အပါအ၀င္ စမတ္ ကိရိယာမ်ိဳးစံုမွာ က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ကားေတြမွာေတာင္ ထည့္သြင္း အသံုးျပဳႏုိင္မွာပါ။ “ လို႔ Yu က ေျပာပါတယ္။

Yu က Huawei Smartphone ေတြမွာ Android အစား HarmonyOS ကို အခ်ိန္မေရြး လဲလွယ္ႏုိင္တယ္လို႔ ေျပာပါတယ္။ အနာဂတ္မွာ Android ကို သံုးခြင့္ မေပးေတာ့ရင္ HarmonyOS ကို ခ်က္ခ်င္း ေျပာင္းႏုိင္ပါတယ္။ HarmonyOS ပါတဲ့ ပထမဆံုး ထုတ္ကုန္ ျဖစ္တဲ့ Honor Vision TV ကို မနက္ျဖန္မွာ တရုတ္တြင္ ေၾကညာမွာပါ။

Ref : androidauthority

[Unicode]

Huawei က Device မျိုးစုံမှာ သုံးနိုင်တဲ့ HarmonyOS ကို ကြေညာ

Huawei က တရုတ်မှာ Developer Conference ကို ကျင်းပနေပါတယ်။ အဲဒီပွဲမှာ HarmonyOS ကို ကြေညာလိုက်ပါတယ်။ HarmonyOS ဟာ Open-source Platform ဖြစ်ပြီး Hongmeng OS ရဲ့ ဖိုင်နယ် နာမည် ဖြစ်ပါတယ်။ HarmonyOS ကို စမတ်ဖုန်း၊ စမတ် စပီကာ၊ ကွန်ပြူတာ၊ စမတ်နာရီ၊ ကြိုးမဲ့ နားကြပ်၊ ကား၊ တက်ဘလက် အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Huawei CEO Richard Yu က HarmonyOS မှာ Apps မျိုးစုံကို အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ Android Apps , HTML5 နဲ့ Linux Apps တွေအားလုံးကို အသုံးပြုနိုင်ပါတယ်။ HarmonyOS မှာ အသုံးပြုထားတဲ့ ARK Compiler ဟာ Kotlin , Java, Javascript , C , C++ အားလုံးမှာ Run နိုင်မယ်လို့ Yu က ပြောပါတယ်။

“ HarmonyOS 1.0 ကို စမတ် မျက်နှာပြင် ထုတ်ကုန်မှာ ပထမဆုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာပါ။ လာမယ့် ၃ နှစ်မှာ HarmonyOS ဟာ အရမ်းကို အဆင့်မြင့်လာပြီး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ အပါအဝင် စမတ် ကိရိယာမျိုးစုံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကားတွေမှာတောင် ထည့်သွင်း အသုံးပြုနိုင်မှာပါ။ “ လို့ Yu က ပြောပါတယ်။

Yu က Huawei Smartphone တွေမှာ Android အစား HarmonyOS ကို အချိန်မရွေး လဲလှယ်နိုင်တယ်လို့ ပြောပါတယ်။ အနာဂတ်မှာ Android ကို သုံးခွင့် မပေးတော့ရင် HarmonyOS ကို ချက်ချင်း ပြောင်းနိုင်ပါတယ်။ HarmonyOS ပါတဲ့ ပထမဆုံး ထုတ်ကုန် ဖြစ်တဲ့ Honor Vision TV ကို မနက်ဖြန်မှာ တရုတ်တွင် ကြေညာမှာပါ။

Ref : androidauthority

Source : Digital Times