fbpx

Xiaomi က Huami Amazfit Health Watch ကို ၉၉ ေဒၚလာနဲ႔ ေရာင္းၿပီ

Xiaomi ပိုင္တဲ့ Huami Company က တရုတ္မွာ Amazfit Health Watch ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ သူ႔ကို တရုတ္မွာ ဇြန္လက ေၾကညာခဲ့တာပါ။ အခုမွသာ ေစ်းႏႈန္းကို ေျပာၾကားလိုက္တာပါ။ ၉၉ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၅၀ ၀၀၀ ေလာက္ရွိပါတယ္။

သူ႔မွာ Apple Watch 4 မွာလို ECG Sensor မ်ား ထည့္သြင္းထားပါတယ္။ Amazfit Health Watch မွာ ၁.၂၈ လက္မ Color Screen ထည့္သြင္းထားၿပီး 176x176p Resolution ျဖစ္ပါတယ္။ 200mAh Battery ထည့္သြင္းထားၿပီး တစ္ခါအားအျပည့္သြင္းထားရင္ ၇ ရက္ေတာင္ အသံုးခံပါတယ္။

သူ႔ရဲ႕ အဓိက စြမ္းရည္တစ္ခုက ECG Sensor နဲ႔ Optical Heart Rate Sensor ျဖစ္ပါတယ္။ ႏွလံုးခုန္ႏႈန္း မမွန္တာေတြ၊ ႏွလံုးေရာဂါ လကၡဏာမ်ားကို သူက သတိေပးႏုိင္ပါတယ္။ သူဟာ အလြန္ ေပါ့ပါးၿပီး လက္ပတ္ႀကိဳးမပါရင္ ၂၅ ဂရမ္သာ ရွိပါတယ္။ ေရအနက္ ၃၀ မီတာအထိ ၀တ္ဆင္သြားႏုိင္ပါတယ္။ အဲဒီအတြက္ ေရခ်ိဳးရင္ ခြ်တ္စရာေတာင္ မလိုပါဘူး။ ဖန္မ်က္ႏွာျပင္ရဲ႕ ေဘးပတ္လည္မွာ သတၱဳေဘာင္ ကြပ္ထားပါတယ္။

သူ႔ရဲ႕ Specs အျပည့္အစံုကို ေအာက္မွာ ၾကည့္ပါ။

Amazfit Health Watch specifications

• 1.28-inch (176 x 176 pixels) color display with tempered glass protection
• Huangshan No. 1 processor
• BioTracker PPG heart rate sensor, 6- axis low-power IMU, ECG sensor
• Bluetooth 5.0 LE, NB-loT
• Water resistant (3 ATM or 30 meters)
• Dimensions: 42 x 35 x 12.5mm; Weight: 25 grams (without strap)
• 200mAh battery with up to 7 days of battery life

Ref : gsmarena, fonearena

[Unicode]

Xiaomi က Huami Amazfit Health Watch ကို ၉၉ ဒေါ်လာနဲ့ ရောင်းပြီ

Xiaomi ပိုင်တဲ့ Huami Company က တရုတ်မှာ Amazfit Health Watch ကို ရောင်းချပေးလိုက်ပါပြီ။ သူ့ကို တရုတ်မှာ ဇွန်လက ကြေညာခဲ့တာပါ။ အခုမှသာ ဈေးနှုန်းကို ပြောကြားလိုက်တာပါ။ ၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅၀ ၀၀၀ လောက်ရှိပါတယ်။

သူ့မှာ Apple Watch 4 မှာလို ECG Sensor များ ထည့်သွင်းထားပါတယ်။ Amazfit Health Watch မှာ ၁.၂၈ လက်မ Color Screen ထည့်သွင်းထားပြီး 176x176p Resolution ဖြစ်ပါတယ်။ 200mAh Battery ထည့်သွင်းထားပြီး တစ်ခါအားအပြည့်သွင်းထားရင် ၇ ရက်တောင် အသုံးခံပါတယ်။

သူ့ရဲ့ အဓိက စွမ်းရည်တစ်ခုက ECG Sensor နဲ့ Optical Heart Rate Sensor ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း မမှန်တာတွေ၊ နှလုံးရောဂါ လက္ခဏာများကို သူက သတိပေးနိုင်ပါတယ်။ သူဟာ အလွန် ပေါ့ပါးပြီး လက်ပတ်ကြိုးမပါရင် ၂၅ ဂရမ်သာ ရှိပါတယ်။ ရေအနက် ၃၀ မီတာအထိ ဝတ်ဆင်သွားနိုင်ပါတယ်။ အဲဒီအတွက် ရေချိုးရင် ချွတ်စရာတောင် မလိုပါဘူး။ ဖန်မျက်နှာပြင်ရဲ့ ဘေးပတ်လည်မှာ သတ္တုဘောင် ကွပ်ထားပါတယ်။

သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ ကြည့်ပါ။

Amazfit Health Watch specifications

• 1.28-inch (176 x 176 pixels) color display with tempered glass protection
• Huangshan No. 1 processor
• BioTracker PPG heart rate sensor, 6- axis low-power IMU, ECG sensor
• Bluetooth 5.0 LE, NB-loT
• Water resistant (3 ATM or 30 meters)
• Dimensions: 42 x 35 x 12.5mm; Weight: 25 grams (without strap)
• 200mAh battery with up to 7 days of battery life

Ref : gsmarena, fonearena

Source : Digital Times