fbpx

Google Pixel 4 နဲ႔ Pixel 4 XL မွာ 90Hz Display ပါမည္

Google က ေအာက္တိုဘာလမွာ သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြကို ေၾကညာေတာ့မွာပါ။ အခုေတာ့ Google Pixel 4 နဲ႔ Pixel 4 XL မွာ 90Hz Display ပါမယ္လို႔ သတင္းထြက္လာပါတယ္။ အရြယ္ေသး Pixel 4 မွာ ၅.၇ လက္မ FHD+ Display နဲ႔ အရြယ္ႀကီး Pixel 4 XL မွာ ၆.၃ လက္မ QHD+ Display ပါလာမွာပါ။

Pixel 4 နဲ႔ Pixel 4 XL ရဲ႕ အေနာက္ဘက္မွာ ပထမဆံုး အေနနဲ႔ ကင္မရာ ၂ လံုး ထည့္သြင္းထားမွာပါ။ ပင္မ ကင္မရာက 12MP ျဖစ္ၿပီး အပို ကင္မရာက 16MP Telephoto Lens ျဖစ္ပါတယ္။ Pixel 4 မွာ 2800mAh Battery နဲ႔ Pixel 4 XL မွာ 3700mAh Battery ေတြ ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီႏွစ္မွာ Google က RAM ကို တိုးေပးထားမွာျဖစ္ၿပီး အရင္ႏွစ္က 4GB RAM ကေန ဒီႏွစ္မွာ 6GB RAM ထည့္ေပးထားမွာပါ။

အေျခခံ ေမာ္ဒယ္မွာ 64GB ပါလာမွာပါ။ 128GB Storage ကိုလည္း ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ Chipset က Snapdragon 855 ျဖစ္မွာပါ။ သူ႔ကို အားသြင္းေပးမယ့္ Pixel Stand ကိုလည္း ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Pixel Stand မွာ Google Assistant ပါလာႏုိင္ပါတယ္။ သေဘာက သင့္ဖုန္းကို Pixel Stand မွာ စိုက္ထားၿပီး Lock လုပ္ထားခ်ိန္မွာ Google Assistant ကို ေမးခြန္းမ်ား ေမးႏုိင္မွာပါ။

Ref : gsmarena

[Unicode]

Google Pixel 4 နဲ့ Pixel 4 XL မှာ 90Hz Display ပါမည်

Google က အောက်တိုဘာလမှာ သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေကို ကြေညာတော့မှာပါ။ အခုတော့ Google Pixel 4 နဲ့ Pixel 4 XL မှာ 90Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။ အရွယ်သေး Pixel 4 မှာ ၅.၇ လက်မ FHD+ Display နဲ့ အရွယ်ကြီး Pixel 4 XL မှာ ၆.၃ လက်မ QHD+ Display ပါလာမှာပါ။

Pixel 4 နဲ့ Pixel 4 XL ရဲ့ အနောက်ဘက်မှာ ပထမဆုံး အနေနဲ့ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။ ပင်မ ကင်မရာက 12MP ဖြစ်ပြီး အပို ကင်မရာက 16MP Telephoto Lens ဖြစ်ပါတယ်။ Pixel 4 မှာ 2800mAh Battery နဲ့ Pixel 4 XL မှာ 3700mAh Battery တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒီနှစ်မှာ Google က RAM ကို တိုးပေးထားမှာဖြစ်ပြီး အရင်နှစ်က 4GB RAM ကနေ ဒီနှစ်မှာ 6GB RAM ထည့်ပေးထားမှာပါ။

အခြေခံ မော်ဒယ်မှာ 64GB ပါလာမှာပါ။ 128GB Storage ကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Chipset က Snapdragon 855 ဖြစ်မှာပါ။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။

Ref : gsmarena

Source : Digital Times