fbpx

တန့်ယန်းတွင် တိုက်ပွဲကြောင့်  ရွာသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့  မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလို့ ရွာ ၄ ရွာက ရွာသာ ၃၀၀ ကျော် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်နေကြရပါတယ်။

တန်းယန်းမြို့နယ် ဟိုမန်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုဖြစ်တာကြောင့် နောက်ထပ်တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး ကွန်ဟုန်း၊ နမ့်ပတ်၊ လုံကိန်၊ နမ့်ပိုင် စတဲ့ ကျေးရွာက ရွာသားပေါင်း ၃၀၀ ကျော်ဟာ တော်လောက်၊ ဟိုမန်း၊ လုံမု၊ နမ့်ပိုင် စတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်ခိုလှုံနေတာလို့  စစ်ပြေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ တန့်ယန်းမြို့နယ် ရှမ်းလူငယ်အဖွဲ့ TYN မှ စိုင်းဘက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနေက ကျနော်တို့ တန့်ယန်းနဲ့ လားရှိုးက TYN ဝင်တွေ၊ နောက်ပြီး မေတ္တာဖောင်ဒေးရှင်း၊ ဝုန်းမေတ္တာ၊ မိုင်းကောင်လူငယ်အဖွဲ့နဲ့ ရှမ်း SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ရော စုစုပေါင်း လူ ၅၀ ကျော် အဲဒီစစ်ပြေးရှောင်တွေဆီ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ သွားလှူခဲ့ပါတယ်ခင်ဗျ။ ရွာသားတွေက တော်လောက်ကျောင်းမှာ ၇၀ ကျော်၊ ဟိုမန်းကျောင်းမှာ ၉၀ ကျော်၊ လုံမုကျောင်းမှာ ၁၀၀ ကျော်၊ နမ့်ပိုင်ကျောင်းတိုက်မှာ ၁၇၀ ကျော် ရောက်နေတယ်။ တိုက်ပွဲကြောင့် လူနဲ့ အိမ်တွေ ဘာမှထိခိုက်မှု မရှိပေမယ့် သူတို့ရွာအနီးမှာရော ရွာထဲမှာပါ မြန်မာ့တပ်မတော်စစ်ကြောင်းတွေ လာပြီးနေနေလို့ ကြောက်ပြီး ထွက်ပြေးလာကြတာတဲ့၊ သူတို့ရွာက လွိုင်ကျေး တောင်ကြောမှာရှိတာ၊ တောင်ထိပ်မှာ ရှမ်းတပ်စခန်းရှိတယ်၊ ဒါကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်ပေါ့နော်၊ ပြီးတော့ စစ်ကြောင်းက လမ်းသွားလမ်း လာရွာသား တွေကို ခေါ်ယူစစ်ဆေးတာရှိတယ်။ ၇ ရက်နေ့က နမ့်ပိုင်ရွာနားမှာ ကားတစ်စီးကို တားတာ အဲဒီကားက ရပ်မပေးလို့ စစ်တပ်က သေနတ်နဲ့ပစ်ပြီး ခြိမ်းခြောက်တယ်၊ သေနတ်သံကြားတော့ ပိုကြောက်ကြတာပေါ့။”

ထွက်ပြေးလာတဲ့ သူတွေဟာ အများအားဖြင့် သက်ကြီးရွယ်အို၊ မိခင်နဲ့ကလေးတွေဖြစ်ပြီး အမျိုးသားတွေကတော့ ရွာမှာကျန်ခဲ့တဲ့ အိမ်ရာ၊ ကျွဲနွားတွေ စိတ်မချလို့ သွားလိုက်လာလိုက် လုပ်နေရကြောင်း ၊ ရွာမူလတန်းကျောင်းတွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ပ်ဆိုက်မှာ SSA (ဝမ်ဟိုင်း) အဖွဲ့ဟာ နယ်မြေကျော်လွန်လှုပ်ရှားသွားလာခြင်း၊ နောင်မိန်း၊ ကွန်ဟုန်း၊ တော်လောက်နဲ့ မိုင်းကောင်ရှိ ရွာသားနဲ့ ခရီးသွားပြည်သူ စုစုပေါင်း ၃၇ ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားတာကြောင့် သူတို့နောက်ကို လိုက်လံ ရှင်းလင်းရင်းနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က နမ့်ပိန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ပြည်သူ ၃၇ ဦး ပြန်လွတ်မြောက်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်ကတော့ သူတို့တပ်ဟာ ယခင်ကတည်းက တန့်ယန်းမှာလည်းရှိတဲ့အတွက် နယ်မြေကျော်လွန်တယ်ဆိုတာ တပ်မတော်ကစွပ်စွဲခြင်း သာဖြစ်ကြောင်း၊ သူတို့ဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်ကို နယ်မြေထဲကွင်းဆင်းဆောင်ရွက်နေပြီး ဖမ်းဆီးထားသူ ၃၇ ဦးမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေသာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

၆ ရက်နေ့နောက်ပိုင်း ပစ်ခတ်မှုတွေမရှိပေမယ့်လည်း  ခမရ ၅၂၃ နဲ့ ခလရ ၁၂၇ မြန်မာ့တပ်မတော် စစ်ကြောင်းတွေဟာ ဟိုမန်းနဲ့ လုံမုံကျေးရွာအုပ်စုကြားမှာ ဖြန့်ခွဲနေရာယူထားတာကြောင့် ထိပ်တိုက် ရင်ဆိုင်မိရင် တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသွားပါတယ်။


Zawgyi Version

တန့်ယန်းတြင် တိုက္ပြဲကြောင့်  ရြာသား ၃၀၀ ကော်် ထြက်ျေပးတိမ်းရွောင်

နန်ျးမနဒီ

ရွမ်ျးပည်ျေမာက္ပိုင်း တန့်ယန်းမြို့နယ္ထဲမွာ ပြီးခဲ့တဲ့ ရက္ပိုင်းက ရွမ်ျးပည္တပ္မေတာ် SSPP/SSA နျဲ့မန္မာ့တပ္မေတ္တာို့ တိုက္ပျြဲဖစ္ပြားလို့ ရြာ ၄ ရြာက ရြာသာ ၃၀၀ ကော်် နီးစပ်ရာ ကေ်းရြာဘုန်းကြီးကော်င်းတြေမွာ သြားရောက္တိမ်းရွောင်နေကြရပါတယ်။

တန်းယန်းမြို့နယ် ဟိုမန်းကေ်းရြာအုပ္စုထဲမွာ ပြီးခဲ့တဲ့ သြဂုတ္လ ၆ ရက်နေ့ ညေနပိုင်းက ရွမ်ျးပည္တပ္မေတ္နာဲ့ အစိုးရတပ်ကြား ပစ္ခတ္မျှုဖစ္တာကြောင့် နောက္ထပ္တိုက္ပျြဲဖစ္ပြားမွာ စိုးရိမ်ပြီး ကြန်ဟုန်း၊ နမ့္ပတ်၊ လုံကိန်၊ နမ့္ပိုင် စတဲ့ ကေ်းရြာက ရြာသားပေါင်း ၃၀၀ ကော််ဟာ တော်လောက်၊ ဟိုမန်း၊ လုံမု၊ နမ့္ပိုင် စတဲ့ ဘုန်းကြီးကော်င်းတြေမွာ ဝင်ရောက္ခိုလှုံနေတာလို့  စစ်ျေပးရွောင်တြေကို သြားရောက္ကူညီခဲ့တဲ့ တန့်ယန်းမြို့နယ် ရွမ်းလူငယ်အဖြဲ့ TYN မွ စိုင်းဘက ဒီဗြီဘီကိုျေပာပါတယ်။

“မေန့ညေနက က်န္တောို့ တန့်ယန်းနဲ့ လားရှိုးက TYN ဝင်တြေ၊ နောက်ပြီး မေတ္တာဖောင်ဒေးရွင်း၊ ဝုန်းမေတ္တာ၊ မိုင်းကောင္လူငယ်အဖြဲ့နဲ့ ရွမ်း SNLD ပါတီက လွှတ်တ္ကောိုယ္စားလွယ်ရော စုစုပေါင်း လူ ၅၀ ကော်် အဲဒီစစ်ျေပးရွောင်တြေဆီ စားနပ်ရိက္ခာနဲ့ အသုံးအေဆာင္ပစ္စည်းတြေ သြားလှူခဲ့ပါတယ္ခင္ဗ်။ ရြာသားတြေက တော်လောက်ကော်င်းမွာ ၇၀ ကော််၊ ဟိုမန်းကော်င်းမွာ ၉၀ ကော််၊ လုံမုကော်င်းမွာ ၁၀၀ ကော််၊ နမ့္ပိုင်ကော်င်းတိုက္မွာ ၁၇၀ ကော်် ရောက်နေတယ်။ တိုက္ပြဲကြောင့် လူနဲ့ အိမ်တြေ ဘာမွထိခိုက္မှု မရွိပေမယ့် သူတို့ရြာအနီးမွာရော ရြာထဲမွာပျါမန္မာ့တပ္မေတ္စာစ်ကြောင်းတြေ လာပြီးနေနလို့ ကြောက်ပြီး ထြက်ျေပးလာကြတာတဲ့၊ သူတို့ရြာက လြိုင်ကေ်း တောင်ကြောမွာရွိတာ၊ တောင္ထိပ္မွာ ရွမ်းတပ္စခန်းရွိတယ်၊ ဒါကြောင့် အခိန္မေရြးတိုက္ပျြဲဖစ်နိုင္တယ်ပေါ့နော်၊ ပြီးတော့ စစ်ကြောင်းက လမ်းသြားလမ်း လာရြာသား တြေကို ခေါ်ယူစစ်ဆေးတာရွိတယ်။ ၇ ရက်နေ့က နမ့္ပိုင်ရြာနားမွာ ကားတစ္စီးကို တားတာ အဲဒီကားက ရပ္မေပးလို့ စစ္တပ္က သေနတ္နဲ့ပစ်ပြီး ခြိမ်ျးေခာက္တယ်၊ သေနတ်သံကြားတော့ ပိုကြောက်ကြတာပေါ့။”

ထြက်ျေပးလာတဲ့ သူတြေဟာ အမ်ားအာျးဖင့် သက်ကြီးရယ်ြအို၊ မိခင္နဲ့ကေလးတျြေဖစ်ပြီး အမိုးသားတြေကေတာ့ ရြာမွာက်န္ခဲ့တဲ့ အိမ်ရာ၊ ကျြဲနြားတြေ စိတ္မခ်လို့ သြားလိုက္လာလိုက် လုပ်နေရေကြာင်း ၊ ရြာမူလတန်းကော်င်းတြေလည်း ပိတ္ထားတယ္လို့ ဆိုပါတယ်။

အဆိုပါ ပစ္ခတ္မှုတြေနဲ့ ပတ်သက်ပြီး တပ္မေတ္ကာာကြယ်ရေးဦးစီးခ်ုပ်ရုံးဝက္ပ်ဆိုက္မွာ SSA (ဝမ်ဟိုင်း) အဖြဲ့ဟာ နယ်ျေမေက်္လာန္လြှုပ်ရွားသြားလျာခင်း၊ နောင္မိန်း၊ ကြန်ဟုန်း၊ တော်လောက္နဲ့ မိုင်းကောင်ရွိ ရြာသားနဲ့ ခရီးသြာျးပည်သူ စုစုပေါင်း ၃၇ ဦးကို အေကြာင်းမဲ့ဖမ်းဆီးသြားတာကြောင့် သူတို့နောက္ကို လိုက္လံ ရွင်းလင်းရင်းနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က နမ့္ပိန်ကေ်းရြာအနီးမွာ တိုက္ပျြဲဖစ္ခဲ့တယ္လို့ ဖော်ျပထားပါတယ်။

ျပည်သူ ၃၇ ဦျးပန္လတြ်ျေမာက်ရေးအတြက် အမိုးသာျးပန္လည်သင့်ျမတ်ရေးနဲ့ ငြိမ်းခ်မ်းရေး ဗဟိုဌာန (NRPC) ကို အေကြာင်းကြားထားတယ္လို့ ဆိုပါတယ်။

ဝမ်ဟိုင်းအျေခစိုက် ရွမ်ျးပည္တပ္မေတာ် SSPP/SSAျေပာခြင့်ရ ဗိုလ္မှူး စိုင်းဖုန်းဟန္ကေတာ့ သူတို့တပ်ဟာ ယခင္ကတည်းက တန့်ယန်းမွာလည်းရွိတဲ့အတြက် နယ်ျေမေက်္လာန္တြယ်ဆိုတာ တပ္မေတ္ကာစြပ္စျြဲခင်း သျာဖစ်ကြောင်း၊ သူတို့ဟာ မူးယစ်ဆေးဝါးနွိမ္နင်းရေးစီမံခ်က္ကို နယ်ျေမထဲကြင်းဆင်းဆောင်ရက်ြနေပြီး ဖမ်းဆီးထားသူ ၃၇ ဦးမွာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတြေသျာဖစ္တယ္လို့ ဒီဗြီဘီကိုျေပာပါတယ်။

၆ ရက်နေ့နောက္ပိုင်း ပစ္ခတ္မှုတြေမရွိပေမယ့္လည်း  ခမရ ၅၂၃ နဲ့ ခလရ ၁၂၇ျမန္မာ့တပ္မေတာ် စစ်ကြောင်းတြေဟာ ဟိုမန်းနဲ့ လုံမုံကေ်းရြာအုပ္စုကြားမျွာဖန့္ခြဲနေရာယူထားတာကြောင့် ထိပ္တိုက် ရင်ဆိုင္မိရင် တိုက္ပျြဲပန်ျဖစ်နိုင္တယ္လို့ ဗိုလ္မှူး စိုင်းဖုန်းဟန္ကျေပာသြားပါတယ်။

 

Source : DVB