fbpx

Xiaomi Mi 9S (5G) ကို မွတ္ပံုတင္ထားၿပီ

Xiaomi Mi 9 ရဲ႕ 5G Version ကို တရုတ္ဆက္သြယ္ေရး ေကာ္မရွင္(TENAA) မွာ မွတ္ပံုတင္ထားပါတယ္။ သူ႔ရဲ႕ Specifications အျပည့္အစံုကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ အခ်ိဳ႕ Specifications ေတြကို ေဖာ္ျပထားၿပီး ဓါတ္ပံုအခ်ိဳ႕ကိုလည္း ေတြ႕ရပါတယ္။

သူဟာ မူလ Mi 9 ထက္ အနည္းငယ္ ပိုထူလာၿပီး ၇.၆ မီလီမီတာကေန ၈.၉၅ မီလီမီတာအထိ ရွိလာပါတယ္။ ဘက္ထရီကိုလည္း 3300mAh ကေန 4000mAh အထိ တိုးျမွင့္ေပးလိုက္ပါတယ္။ ဘက္ထရီမွာ 45W Fast Charging ပါလာႏုိင္ၿပီး 27W ထက္ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။

TENAA မွ သတင္းအခ်က္အလက္ေတြအရ မ်က္ႏွာျပင္ အရြယ္အစားကေတာ့ ၆.၃၉ လက္မ ျဖစ္ၿပီး မူလ Mi 9 နဲ႔ တူညီပါတယ္။ ဒါေပမယ့္ အခ်ိဳ႕သတင္းေတြအရ မ်က္ႏွာျပင္ အရည္အေသြးဟာ 1440p+ ျဖစ္မယ္လို႔ သိရပါတယ္။

Xiaomi က Mi 9S 5G မွာ Snapdragon 855+ Chipset နဲ႔ အဆင့္ျမွင့္ထားႏုိင္ၿပီး အေနာက္ဘက္မွ ပင္မ ကင္မရာမွာ OIS နည္းပညာ ပါလာႏုိင္ပါတယ္။ Mi Mix 3 5G မွာလို သူ႔မွာ Dual SIM Card Slot (Dual Standby) ပါလာမွာ ျဖစ္ပါတယ္။ China Unicorn က အဲဒီ ဖုန္းကို Xiaomi Mi 9S လို႔ နာမည္ေပးထားမွာ ျဖစ္ၿပီး စက္တင္ဘာလမွာ ေရာင္းခ်ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi 9S (5G) ကို မှတ်ပုံတင်ထားပြီ

Xiaomi Mi 9 ရဲ့ 5G Version ကို တရုတ်ဆက်သွယ်ရေး ကော်မရှင်(TENAA) မှာ မှတ်ပုံတင်ထားပါတယ်။ သူ့ရဲ့ Specifications အပြည့်အစုံကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အချို့ Specifications တွေကို ဖော်ပြထားပြီး ဓါတ်ပုံအချို့ကိုလည်း တွေ့ရပါတယ်။

သူဟာ မူလ Mi 9 ထက် အနည်းငယ် ပိုထူလာပြီး ၇.၆ မီလီမီတာကနေ ၈.၉၅ မီလီမီတာအထိ ရှိလာပါတယ်။ ဘက်ထရီကိုလည်း 3300mAh ကနေ 4000mAh အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ ဘက်ထရီမှာ 45W Fast Charging ပါလာနိုင်ပြီး 27W ထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။

TENAA မှ သတင်းအချက်အလက်တွေအရ မျက်နှာပြင် အရွယ်အစားကတော့ ၆.၃၉ လက်မ ဖြစ်ပြီး မူလ Mi 9 နဲ့ တူညီပါတယ်။ ဒါပေမယ့် အချို့သတင်းတွေအရ မျက်နှာပြင် အရည်အသွေးဟာ 1440p+ ဖြစ်မယ်လို့ သိရပါတယ်။

Xiaomi က Mi 9S 5G မှာ Snapdragon 855+ Chipset နဲ့ အဆင့်မြှင့်ထားနိုင်ပြီး အနောက်ဘက်မှ ပင်မ ကင်မရာမှာ OIS နည်းပညာ ပါလာနိုင်ပါတယ်။ Mi Mix 3 5G မှာလို သူ့မှာ Dual SIM Card Slot (Dual Standby) ပါလာမှာ ဖြစ်ပါတယ်။ China Unicorn က အဲဒီ ဖုန်းကို Xiaomi Mi 9S လို့ နာမည်ပေးထားမှာ ဖြစ်ပြီး စက်တင်ဘာလမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

Source : Digital Times