fbpx

PUBG Mobile Lite ကို အေရွ႕ေတာင္အာရွအတြက္ ျဖန္႔ခ်ီလိုက္ၿပီ

PUBG Mobile Lite ကို အရင္ႏွစ္ ၾသဂုတ္လက ျဖန္႔ခ်ီေပးခဲ့ေပမယ့္ ႏုိင္ငံ အနည္းငယ္မွာသာ ကစားႏုိင္ပါတယ္။ အခုေတာ့ အေရွ႕ေတာင္အာရွ၊ ေတာင္အာရွ၊ ေျမာက္ အာဖရိကနဲ႔ ေတာင္အေမရိက ႏုိင္ငံေတြအတြက္ Google Play Store မွာ ရယူ ကစားႏုိင္ပါၿပီ။ စြမ္းေဆာင္ရည္နိမ့္တဲ့ ဖုန္းေတြမွာ Lite Vesion က လွ်င္ျမန္သြက္လက္ေစမွာပါ။

ဂိမး္ရဲ႕မူရင္းရည္ရြယ္ခ်က္ကိုမေပ်ာက္ေအာင္ ဖန္တီးထားတဲ့အတြက္ ပံုမွန္ PUBG ဂိမ္းကိုေဆာ့ရတဲ့အတိုင္းခံစားခ်က္မ်ိဳး ဒီ PUBG Lite က ေပးပါလိမ့္မယ္။ High-Quality Graphics ေတြ HD audio ေတြကို ေလွ်ာ့ခ်ထားတာမ်ိဳးမဟုတ္တဲ့အျပင္ သူငယ္ခ်ငး္ေတြနဲ႔လည္း Team ဖြဲ႔ျပီး Squad ေဆာ့လို႔လည္းရပါမယ္။ ေျပာရရင္ Lite ဗားရွင္းသာဆိုတာလံုးဝ ထပ္တူနီးပါးေလာက္တူတူပဲလို႔ေျပာရမွာပါ။

ဒီ Lite ဗားရွင္းမွာေတာ့ အရင္ဗားရွင္းလို Player အေယာက္ ၁၀၀ မဟုတ္ေတာ့ဘဲ အေယာက္ ၆၀ နဲ႔ပဲကန္႔သတ္ထားပါတယ္။ ေျမပံုက 2km x 2km ဆိုိေတာ့ နည္းနည္းပိုေသးသြားတဲ့အတြက္ ေျပးတာေတြေလွ်ာ့ တိုက္ရမွာမ်ားလာမယ့္ပံုပါ။ အင္တာနက္လိုင္း ေႏွးတဲ့ ေဒသေတြမွာ ေသနတ္ပစ္တာ ပိုတိက်ေအာင္ ပိုေကာင္းတဲ့ Aim Assist ကို ထည့္သြင္းထားပါတယ္။

PUBG Mobile Lite ကို တရုတ္ နည္းပညာ ဘီလူးႀကီး တန္းစန္႔က ဖန္တီးထားတာ ျဖစ္ၿပီး ဖိုိင္အရြယ္အစားက 490MB သာရွိပါတယ္။ PUBG Mobile ကေတာ့ 1.6GB ေတာင္ ရွိပါတယ္။ Lite Version ဟာ 2GB RAM သာရွိတဲ့ဖုန္းေတြမွာေတာင္ ကစားႏုိင္ေအာင္ ဖန္တီးထားတာပါ။ တန္းစန္႔က မၾကာခင္မွာ ဥေရာနဲ႔ ေျမာက္ပိုင္း၊ အလယ္ပိုင္း အေမရိကေတြမွာ ျဖန္႔ခ်ီမယ္လို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

PUBG Mobile Lite ကို အရှေ့တောင်အာရှအတွက် ဖြန့်ချီလိုက်ပြီ

PUBG Mobile Lite ကို အရင်နှစ် သြဂုတ်လက ဖြန့်ချီပေးခဲ့ပေမယ့် နိုင်ငံ အနည်းငယ်မှာသာ ကစားနိုင်ပါတယ်။ အခုတော့ အရှေ့တောင်အာရှ၊ တောင်အာရှ၊ မြောက် အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေအတွက် Google Play Store မှာ ရယူ ကစားနိုင်ပါပြီ။ စွမ်းဆောင်ရည်နိမ့်တဲ့ ဖုန်းတွေမှာ Lite Vesion က လျှင်မြန်သွက်လက်စေမှာပါ။

ဂိမ်းရဲ့မူရင်းရည်ရွယ်ချက်ကိုမပျောက်အောင် ဖန်တီးထားတဲ့အတွက် ပုံမှန် PUBG ဂိမ်းကိုဆော့ရတဲ့အတိုင်းခံစားချက်မျိုး ဒီ PUBG Lite က ပေးပါလိမ့်မယ်။ High-Quality Graphics တွေ HD audio တွေကို လျှော့ချထားတာမျိုးမဟုတ်တဲ့အပြင် သူငယ်ချင်းတွေနဲ့လည်း Team ဖွဲ့ပြီး Squad ဆော့လို့လည်းရပါမယ်။ ပြောရရင် Lite ဗားရှင်းသာဆိုတာလုံးဝ ထပ်တူနီးပါးလောက်တူတူပဲလို့ပြောရမှာပါ။

ဒီ Lite ဗားရှင်းမှာတော့ အရင်ဗားရှင်းလို Player အယောက် ၁၀၀ မဟုတ်တော့ဘဲ အယောက် ၆၀ နဲ့ပဲကန့်သတ်ထားပါတယ်။ မြေပုံက 2km x 2km ဆိုတော့ နည်းနည်းပိုသေးသွားတဲ့အတွက် ပြေးတာတွေလျှော့ တိုက်ရမှာများလာမယ့်ပုံပါ။ အင်တာနက်လိုင်း နှေးတဲ့ ဒေသတွေမှာ သေနတ်ပစ်တာ ပိုတိကျအောင် ပိုကောင်းတဲ့ Aim Assist ကို ထည့်သွင်းထားပါတယ်။

PUBG Mobile Lite ကို တရုတ် နည်းပညာ ဘီလူးကြီး တန်းစန့်က ဖန်တီးထားတာ ဖြစ်ပြီး ဖိုင်အရွယ်အစားက 490MB သာရှိပါတယ်။ PUBG Mobile ကတော့ 1.6GB တောင် ရှိပါတယ်။ Lite Version ဟာ 2GB RAM သာရှိတဲ့ဖုန်းတွေမှာတောင် ကစားနိုင်အောင် ဖန်တီးထားတာပါ။ တန်းစန့်က မကြာခင်မှာ ဥရောနဲ့ မြောက်ပိုင်း၊ အလယ်ပိုင်း အမေရိကတွေမှာ ဖြန့်ချီမယ်လို့ ပြောပါတယ်။

Ref : theverge

Source : Digital Times