fbpx

Honor က Pop-up Camera နဲ့ HarmonyOS ပါတဲ့ Smart TV ကို ကြေညာ





Ref : tnw

[Unicode]

Honor က Pop-up Camera နဲ့ HarmonyOS ပါတဲ့ Smart TV ကို ကွညော

Huawei က HarmonyOS ကို ကြေညာပြီး နောက်တစ်ရက်မှာပဲ အဲဒီ OS ထည့်ထားတဲ့ ပထမဆုံး TV ကို ကြေညာလိုက်ပါတယ်။ Honor Brand အနေနဲ့ ထွက်လာတာ ဖြစ်ပြီး Honor Vision Pro လို့ နာမည်ပေးထားပါတယ်။ သူ့မှာ 4K UHD Screen ထည့်သွင်းထားပြီး 178-degrees Of Viewing Angle ပါပါတယ်။ အမြင့်ဆုံး အနေနဲ့ 400 nits of Brightness ကို ထုတ်လုပ်ပေးပါတယ်။ အထူက ၆.၉ မီလီမီတာသာ ရှိပြီး အရမ်းကို ပါးလွှာလှပပါတယ်။

သူ့မှာ Pop-up Camera ထည့်သွင်းထားပြီး 1080p Video Quality နဲ့ Video Call တွေ ပြုလုပ်နိုင်ပါတယ်။ Video Call ပြုလုပ်တဲ့ အချိန်နဲ့ အမိန့်ပေးလိုက်တဲ့ အချိန်တွေမှာသာ ကင်မရာက ထွက်လာမှာပါ။ Honghu 818 CPU ပါပြီး Image-processing Engine အသစ် ထည့်သွင်းထားပါတယ်။ High Dynamic Range Imaging (HDR), Super-Resolution, Noise Reduction, Dynamic Contrast Improvement, Auto Color Management နဲ့ Local Dimming လုပ်ဆောင်ချက်တွေ ပါပါတယ်။

Apps နဲ့ Content တွေကို လွယ်ကူစွာ ပြောင်းလဲကြည့်ရှုနိုင်တဲ့ Magazine-style UI ထည့်ထားပါတယ်။ YoYo လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။ ၅ မီတာ အကွာအဝေးအတွင်းမှာ အလုပ်လုပ်တဲ့ မိုက်ကရိုဖုန်း ၆ လုံး ပါပါတယ်။ 10W Speakers ၆ လုံးပါပြီး Hi-Res Wireless Audio (HWA) ကို ထောက်ပံ့ပါတယ်။ Bluetooth 5.0 ပါတဲ့ အတွက် Remote, Headphones , Phone တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

ယွမ် ၄၇၉၉ (၆၈၀ ဒေါ်လာ) သတ်မှတ်ထားပြီး Camera မပါရင်တော့ ယွမ် ၃၉၉၉ (၅၄၀ ဒေါ်လာ)သာ ကျသင့်ပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၈ သိန်းလောက် တန်ကြေးရှိပါတယ်။ လက်ရှိမှာ တရုတ်မှာပဲ ရောင်းပေးမှာပါ။

Ref : tnw

Source : Digital Times