fbpx
Ref : gsmarena
[Unicode]
သြဂုတ်လ ၂၃ ရက်မှာ ကြေညာတော့မယ့် Motorola One Action
Motorola One Action ရဲ့ သတင်းနဲ့ ဓါတ်ပုံတွေ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ သူ့ကို ကြေညာမယ့်နေ့ကို သိရပါပြီ။ သြဂုတ်လ ၂၃ ရက်မှာ အိန္ဒိယတွင် ကြေညာတော့မှာ ဖြစ်ပါတယ်။ စွမ်းရည်အမြင့်ဆုံး 4GB RAM / 128GB Storage Model ကို ယူရို ၂၉၉ သတ်မှတ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ 3GB/32GB နဲ့ 4GB/64GB Model တွေကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။
အရင် သတင်းတွေအရ သူဟာ One Vision ရဲ့ စွမ်းရည်နိမ့် မော်ဒယ် ဖြစ်ပါတယ်။ သူတို့ နှစ်လုံးရဲ့ Specs အများစုက တူညီကြမှာပါ။ ဖုန်း နှစ်လုံးစလုံးမှာ ၆.၃ လက်မ 1080p Display များပါလာမှာ ဖြစ်ပြီး မျက်နှာပြင် အချိုးက 21:9 ပါ။ Octa-core Exynos 9609 Processor ပါပါတယ်။ တူညီတဲ့ RAM နဲ့ Storage များ ပါလာမှာပါ။ ဘက်ထရီက 3500mAh ပါ။ သူတို့ဟာ Android One Phone များ ဖြစ်ပါတယ်။
ကင်မရာ အပိုင်းမှာတော့ ကွဲပြားကြပါတယ်။ One Vision မှာ အမြင့်ဆုံး အနေနဲ့ 48MP ထည့်ထားပါတယ်။ One Action မှာတော့ အမြင့်ဆုံး အနေနဲ့ 12.6MP ပါလာမှာပါ။ နောက်နှစ်လုံးထဲက တစ်လုံးက ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက အနောက်ရဲ့ ပင်မ ကင်မရာနဲ့ တူညီနိုင်ပါတယ်။
အပြာ၊ ရွှေနဲ့ အဖြူရောင်များ ထုတ်လုပ်ထားမှာပါ။ Motorola က One Pro ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များတော့ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။
Ref : gsmarena
Source : Digital Times