fbpx

ပစ္စည်းလွှဲပြောင်းခြင်း (ဥပဒေရေးရာအမေးအဖြေ)

ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးကျော်ဇေယျ (ဥပဒေပညာရှင် ၊စာရေးဆရာ ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတဦးကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ်၊ ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစုံတယောက်ကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ၊ ကာလရှည် ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူး ဆိုတဲ့ ဥပဒေရှိသလိုလို၊ စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ်။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ။

ဖြေ – ဒါက အရပ်ထဲမှာ ပြောနေကြတာ… အခုတလောပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့။ နှစ်ရှည် မငှားထားနဲ့၊ နှင်လို့ မရဘူး ဖြစ်သွားမယ်။ အိမ်ငှားလည်း ကြာကြာမငှားနဲ့၊ နှင်လို့ မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ်။ အိမ်ငှားက အိမ်ပိုင် ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့ သတိထားစရာ တခုတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ဘယ်နှနစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ခွင့်ပြုချက်နဲ့ ထားတာပဲ၊ သူက အိမ်ပိုင်သွားစရာ အကြောင်းမရှိဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှား ဆိုရင်လည်း သူ့ကို ငှားထားတယ်။ ဘယ်နှနှစ် ငှားငှား၊ ဆယ်နှစ်ငှားငှား၊ အနှစ် နှစ်ဆယ် ငှားငှား၊ အိမ်ငှားက အိမ်ပိုင် ဖြစ်မလာနိုင်ဘူး။

ဒါပေမဲ့ အမှားအယွင်းလေးတခု ဖြစ်သွားရင် စိုးရိမ်စရာလေးတခု ရှိတယ်။ အဲဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြပါစို့။ ခွင့်ပြုချက်နဲ့ ထားတယ်။ အဲဒီခွင့်ပြုချက်နဲ့ ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မ ဖယ်ပေးပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ်ထုတ်ရတာပေါ့။ နို့တစ်ထုတ်တယ် ဆိုတဲ့အခါကျတော့ ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူ သိအောင် ပြောရတာ၊ အဲဒီလို ခွင့်ပြုချက်နဲ့ ထားတာကို ခွင့်ပြုချက်နဲ့ ရုပ်သိမ်းပြီးပြီးဆိုမှ တရားက စွဲလို့ရတယ်။ ခွင့်ပြုချက်ကို မရုပ်သိမ်းဘဲနဲ့ တရားတဘောင် စွဲလို့မရဘူး။

အဲဒီတော့ တချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲမယ့်အချိန်ကျတော့မှ မစွဲဖြစ်ဘူး ဖြစ်သွားတယ်။ အဲဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင်။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေက လူတိုင်း သိသင့်တာ။ အမှန်က အဲဒါကို သတိမထားမိရင်တော့ သူက အမှားအယွင်း ဖြစ်တတ်တယ်။ ဆိုတော့ အဲဒီ ကာလစည်းကမ်းသတ် ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆ နှစ်အတွင်း စွဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နှစ်အတွင်း စွဲရမယ် ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ၊ ပထမဇယား၊ စာတိုင်မှာ ၁၂၀ မှာ ဒီလို ဆိုထားတာပေါ့။ ၆ နှစ် ကျော်သွားပြီးဆိုရင် ဘာဖြစ်လဲ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့ မရတော့ဘူး။ ဒါက သတိထားရမယ့် အချက်ပါ။

ဒီလိုပဲ အိမ်ရှင် အိမ်ငှား ဆိုတော့လည်း အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လည်း အိမ်ငှားပဲ ၊ အိမ်ပိုင် မဖြစ်လာနိုင်ဘူး။ သို့သော် အိမ်ငှားတယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့။ နို့တစ်စာပေးတယ် ဆိုတာကတော့ အိမ်ငှားအဖြစ် ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ်ဆိုတာ သူ သိအောင်လို့ ပြောရတာ။ ဘယ်နေ့၊ ဘယ်ရက်မှာတော့ ဆင်းပေးတော့ ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ်။ ဘယ်နေ့မှာ ငှားရမ်းခ ကုန်ဆုံးတယ်။ အဲဒီနေ့ ည ၁၂ နာရီကျော်လို့ရှိရင် ဒီဥစ္စာ လက်ရောက်ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။

အဲဒီလို ထုတ်ပြီးပြီ၊ ငှားရမ်းခ ဖြတ်တောက်ပြီးပြီဆိုရင် တရားစွဲရမယ်လေ။ အဲဒီလို တရားမစွဲဘဲသွားရင် ကာလစည်းကမ်းသတ်ဥပဒေမှာ ပါတာပေါ့၊ စောစောက ပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာ ပါတယ်။ အိမ်ငှားတယောက်ကို ငှားရမ်းမှု ဖြတ်တောက်ပြီး ၁၂ နှစ်အတွင်း သူက စွဲရတာ။ ၁၂ နှစ်အတွင်းမှ မစွဲရင် အဲဒီအိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီ။ ဒါက သတိပြုရမှာပေါ့။ အဲဒီမှာ သတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတယ်တော့ကွယ်။ နို့တစ်ထုတ်လိုက်တယ်၊ မစွဲဖြစ်ဘူးဆိုရင် အဲဒီထုတ်ထားတဲ့ နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ ရတယ်။ တရားဝင် ပြန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလ စည်းကမ်းသတ်နဲ့ အကျုံးမဝင်တော့ဘူး။ သို့သော် အဲဒီလို ရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံးဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆ နှစ်အတွင်းစွဲ၊ မစွဲရင် နောက်ထပ်စွဲလို့ မရတော့ဘူး။ နှင်လို့ မရတော့ဘူး။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီဆိုရင် ၁၂ နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ်တောက်ပြီးပြီ ဆိုရင်စွဲတော့။ မစွဲဖြစ်ရင်လည်း ပြန်ရုပ်သိမ်းလိုက်။ ဒီနို့တစ်စာကို အဲဒီလို မရုပ်သိမ်းဘဲ ထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲ နှင်လို့မရတဲ့အတွက် အဲဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲ ဖြေကြားချင်ပါတယ်။

မေး – ကျွန်တော်တို့ မိသားစုသည် ၁၉၆၅ ခုနှစ်ကတည်းက မြေပိုင်ထံက မြေငှားပြီး အိမ်ဆောက် နေထိုင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ မြေရှင်က မြေနေရာမှ ဖယ်ရှားပေးစေလိုမှုနဲ့ တရားစွဲခဲ့ပြီးနောက် ၁၉၈၄ မှာ တိုင်းတရားရုံးက အိမ်ရှင်ကို လက်ရှိ မြေနေရာမှ ဖယ်ရှားပေးဖို့ မလိုကြောင်း အနိုင်ဒီကရီ ချပေးခဲ့ပါတယ်။ အနိုင်ဒီကရီရပြီးနောက် ၁၄ နှစ်ဆက်တိုက် မြေလခ ပေးခဲ့ပေမယ့် မြေလခ မယူတာ နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့ပြီ။ လတ်တလောမှာ မြေရှင်က ဒီမြေမှာ ကန်ထရိုက်တိုက်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် တိုက်ဆောက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လို အကျိုးခံစားခွင့် ရနိုင်မလဲ ဆိုတာကို သိပါရစေ။

ဖြေ – သူက မြေငှားကွဲ့။ မြေငှားပြီးတော့ သူ့က သူ့အိမ်ကို သူဆောက်နေတာ ဆောက်နေတာ ဆိုတော့ ဟိုက နှင်တာပေါ့။ နှင်တဲ့အခါကျတော့ ဒါက အိမ်ရှင် ရှုံးသွားတာပေါ့။ မြေရှင် ရှုံးသွားတယ်။ ၁၄ နှစ် သူက အိမ်လခပေးတယ်။ နှစ် ၂၀ အိမ်လခမပေးခဲ့ဘူး။ အခု မြေရှင်က တိုက်သစ် ဆောက်မယ်။ သူ ဘာအကျိုးခံစားခွင့်ရှိမလဲ သူ သိချင်လို့ မေးတယ်။

ဆိုတော့ ဒီနေရာမှာ သတိပြုရမယ့်အချက်က မြေငှားတဲ့သူက အနှစ် ၂၀ လုံးလုံး မြေငှားခ မပေးဘူးဆိုတာ မြေငှားဘက်က ပျက်ကွက်တဲ့ ပျက်ကွက်မှုတခုပေါ့။ ဘာပဲဖြစ်ဖြစ် သူ ငှားရမ်းခပေးရမှာ သူ့ရဲ့ တာဝန်ပဲလေ။ မပေးဘူး။ ယူတာ မယူဘူး။ ပေးတာကို မယူဘူးဆိုရင် သက်ဆိုင်ရာ ငှားရမ်းခ ကြီးကြပ်မှုရုံးမှာ သွားပြီးတော့ ဆယ့်ခြောက်တစ်အရ ဒါကို သွားပြီးတော့ ပေးနေမယ်ဆိုရင် သူရဲ့ ပျက်ကွက်မှု မရှိနိုင်ဘူး။ အဲဒီတော့ ပျက်ကွက်မှု မရှိဘူးဆိုရင် မြေရှင်က တရားစွဲလို့ မရဘူး။ ပျက်ကွက်လို့ရှိရင် မြေရှင်က ဒါကို ထောက်ပြီးတော့ အရေးဆိုနိုင်တယ်။ နှင်လိုမှုလည်း သူ စွဲချင်ရင်စွဲမှာပေါ့။ ဒါနဲ့ပတ်သက်ပြီး ဒီဥစ္စာမြေရှင်ကတော့ ဘာမှ တရားစွဲတာ မရှိဘူး။ ဒါပေမဲ့ တိုက်သစ်ဆောက်တော့မယ်။ သူ ဘာခံစားရမလဲ သူ သိချင်တာ။

များသောအားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ တိုက်က မြေရှင် ပိုင်တယ်၊ မြေကြီးကလည်း မြေရှင် ပိုင်တယ်။ အခန်းမှာ ငှားနေကြတယ်၊ အပျောက်စနစ်နဲ့ ဝယ်တာတွေရှိတယ်။ ဒီဘီကျပြီး ဒီဥစ္စာအန္တရာယ်ရှိ အဆောက်အဦ ပြန်ပြင်ရမယ်ဆိုလို့ရှိရင် များသောအားဖြင့် ပြန်ရတာက တိုက်ခန်းကို အပျောက်စနစ်နဲ့ ဝယ်ယူထားတဲ့ ပုဂ္ဂိုလ်များကျတော့ အခန်း ပြန်အစားပေးတယ်။ သာမန် နှစ်ချုပ်တို့ ၊ လချုပ်တို့နဲ့ စပေါ်တို့နဲ့ ငှားတဲ့ အိမ်ငှားကတော့ ပြန်ရလေ့မရှိဘူး။

ဒါပေမဲ့ ဒီသဘာဝ မတူဘူး။  သူက မြေငှားပြီး တိုက်ဆောက်ထားတာ ဆိုတော့ သူ့မှာတော့ အခွင့်အရေးရှိတာပေါ့။ သူရဲ့အခွင့်အရေးက ဘာလဲ။ သူက လက်ရှိ ဖြစ်နေတာလေ။ အမှုလည်း သူက အရင်တုန်းက နိုင်ထားတယ်။ ဆိုတော့ ဒါက ဘယ်အပေါ်သွားပြီးတော့ မူတည်လဲဆိုလို့ရှိရင် တကယ်လို့ မြေရှင်ကနေ တိုက်သစ် ဆောက်မယ်ဆိုရင် သူနဲ့ အပေးအယူလုပ်ရတော့မှာ။ အဲဒီ အပေးအယူ လုပ်တဲ့အခါမှာ သူ တောင်းဆိုပေါ့။ သူ ရထိုက်တဲ့ဟာကို သင့်တင့်လျောက်ပတ်တဲ့ အချက်ကို သူ တောင်းနိုင်မယ်ဆိုရင် အခွင့်အရေးရပါတယ်။ လက်လွတ်စပယ်ကြီးတော့ ဖယ်ရှားရမယ့် အခြေအနေမျိုး မရှိဘူးလို့ ဖြေကြားချင်ပါတယ်။

မေး – ကျွန်တော့်ဦးလေးဟာ သူ့ဇနီးသည်နှင့် အိမ်ထောင်ကွဲနေတာ နှစ်ပေါင်း ၄၀ နီးပါး ရှိနေပါပြီ။ သူ နေထိုင်တဲ့အိမ်ကို မကြာခင်က တူတော်သူတဦးကို အရပ်ကတိစာချုပ်ဖြင့် ရောင်းချခဲ့ပါတယ်။ ဒီလို ရောင်းချတာ တရားဝင်မှု ရှိ၊ မရှိနဲ့ ဦးလေး ကွယ်လွန်သွားရင် ဇနီးဖြစ်သူက တရားစွဲလို့ ရ၊ မရ ဆိုတာကို သိလိုပါတယ်။

ဖြေ – ဒီနေရာမှာ မေးခွန်းလေးက နည်းနည်းလေး အိမ်ထောင်ကွဲနေတယ် ဆိုတဲ့ အချက်လေးက မရှင်းဘူးပေါ့ကွယ်။ ကွဲနေတယ် ဆိုတာက တရားဝင် ကွာရှင်းတာကို ပြောတာလား။ ဒါမှမဟုတ် ခွဲခွာပြီး နေကြတာကို ဆိုလိုတာလား။ ဒါလေးကတော့ တိတိကျကျ သိရင် အဖြေက တိကျနိုင်တယ်။ အခုဟာက အိမ်ထောင်ကွဲနေကြတယ် ဆိုတော့ တရားဝင် ကွဲသွားတာလား။ တရားဝင် ကွဲသွားတယ် ဆိုရင်တော့ ဒီဥစ္စာက အဲဒီတုန်းထဲက ပစ္စည်းခန်းက ခွဲပြီးပြီ။ နှစ် ၄၀ လည်း ကြာလာပြီ ဆိုလို့ရှိရင်တော့ ဒီပစ္စည်းဟာ ဇနီးနဲ့ မဆိုင်တော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် အမွေက ခွဲပြီးသွားပြီး လင်မယားလည်း ပြတ်စဲပြီးပြီ၊ ပစ္စည်းခန်း သူနဲ့ ဘာနဲ့ ကိုယ်နဲ့ မဆိုင်တော့ဘူး။ ဒါ တပိုင်းပေါ့။

ဒီလိုမှ မဟုတ်ဘဲနဲ့ စိတ်ကောက်ကြပြီး မတည့်လို့  ခွဲနေလိုက်ကြပြီး living spared တရားဝင် မကွာသေးဘူး။ တရားဝင် မကွာသေးဘူးဆိုရင် နှစ်ဘယ်လောက်ကြာကြာ တရားဝင် မကွာသေးရင် တည်မြဲခိုင်မာတဲ့ အိမ်ထောင်ရေးက ဖြစ်နေတုန်းပဲ။ ဒီလိုဆိုရင် လင်ယောက်ျား သေလို့ရှိရင် ပစ္စည်းက မယားက ရတာပဲ။ ဒါက ထုံးစံပေါ့၊ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ပြောတာပေါ့ကွယ်။ အဲဒီတော့ ဒီအမျိုးသားကနေပြီးတော့ အဲဒီကြားထဲမှာ တူဖြစ်သူကို သူက ဒီမရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အရပ်စာချုပ်နဲ့ ရောင်းတယ် ဆိုတာကတော့ ဥပဒေနဲ့မညီဘူး။ စာချုပ်စာတမ်း ဥပဒေပုဒ်မ ၁၆(က) အရနော်၊ ဒီဘက်က (ခ) အရ ဆိုတာက တန်ဖိုး တသိန်းနဲ့အထက် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း လွှဲပြောင်းမယ်ဆိုရင် မှတ်ပုံတင်ရမယ် ပြောထားတယ်။ မှတ်ပုံမတင်ရင် ဒီဥစ္စာက ပျက်ပြယ်တာပေါ့ကွယ်။ ဥပဒေနဲ့မညီဘူး။ ဒါကြောင့်မို့လို့ ဒီပစ္စည်းက စောစောက ပြောသလို တရားဝင် ကွာထားတာ မဟုတ်ဘူး။ ကွဲနေတာဆိုလို့ရှိရင်တော့ ဇနီးတယောက်အနေနဲ့ ဒီပစ္စည်းအပေါ်မှာ အကျိုးခံစားခွင့်ရှိတယ်လို့ပဲ ဖြေချင်ပါတယ်။

မေး – ဆရာခင်ဗျား။ ကျွန်တော့်ရဲ့ အဒေါ်ဖြစ်သူဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတာ ဖြစ်ပါတယ်။ သားသမီးလည်း ထွန်းကားခြင်း မရှိပါဘူး။ အဒေါ်ကလည်း ကျန်းမာရေး သိပ်မကောင်းပါ။ အကယ်၍များ အဒေါ် ကွယ်လွန်သွားရင် နိုင်ငံခြားသားဖြစ်သူ လင်ယောက်ျားအနေနဲ့ အမွေဆက်ခံခွင့် ရှိပါသလား။ ကျန်တဲ့ညီအကို မောင်နှမအနေနဲ့ အမွေဆက်ခံနိုင်ပါသလား ဆိုတာကို သိပါရစေ ။

ဖြေ – ဒီနေရာမှာ နိုင်ငံခြားသား ဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ လိုတယ်။ နိုင်ငံခြားသားဆိုတာ ဥပမာ ကိုယ့်နိုင်ငံသား၊ ဒီနိုင်ငံသား ဒီမှာပဲ မွေးတယ်။ ပြီးတော့မှ ပြည်ပထွက်ပြီး နိုင်ငံခြားသားအဖြစ် ခံယူလိုက်တဲ့ နိုင်ငံခြားသားလည်း ရှိတယ်။ ဒါက တမျိုး။ မူလကတည်းကိုက နိုင်ငံခြားသားကြီး အခြားပြည်က လာတဲ့ နိုင်ငံခြားသား။ အဲဒီလူက တမျိုးပေါ့။ ဥပမာ ဒီနိုင်ငံကနေပြီးတော့ ဒီနိုင်ငံသားမိဘက မွေးဖွားတယ်။ ဒီနိုင်ငံသားဖြစ်ပြီးတော့မှ နိုင်ငံခြားသားအဖြစ် ခံယူလိုက်တဲ့ ပုဂ္ဂိုလ်နဲ့ စုလျားရစ်ပတ် လက်ထပ်ကြမယ်ဆိုရင်  ဇနီးမယား ဆုံးပါးသွားမယ်ဆိုရင် ဒီပစ္စည်းက လင်၊ နိုင်ငံခြားသား ဖြစ်ပေမယ့် သူ့မှာ ခံစားခွင့်ရှိတယ်။ ဒါက သဘာဝတမျိုး။ ဘာဖြစ်လို့လဲ သူက မွေးရာပါ အခွင့်အရေး ခေါ်တာပေါ့။ အင်ဗက် အင်ဒရက် ခေါ်တယ်။ မွေးရာပါ အခွင့်အရေးအရ သူ အမွေဆက်ခံခွင့် ရှိတယ်။ ဒါနဲ့ပတ်သက်လို့က ဦးအန်ကူး(ခေါ်) ဦးအောင်တဲ့။ ဒါ နာမည်ကြီး စီရင်ထုံးပေါ့။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၂၂၄ မှာလည်း ဒီလိုပဲ ထုံးဖွဲ့ထားတာပေါ့။ ဒါက တမျိုး။

နောက်နိုင်ငံခြားသား ဆိုတာက မူလကတည်းကိုက ပြည်ပနိုင်ငံက လာတဲ့ နိုင်ငံခြားသားကြီး။ အဲဒီက ဆင်းသက်လာတဲ့ နိုင်ငံခြားသားပေါ့။ အဲဒီနိုင်ငံခြားသားနဲ့ ဒီအဒေါ်ဖြစ်သူနဲ့ ဥပမာ လက်ထပ်ကြမယ်ဆိုလို့ရှိရင် ဒီအဒေါ်ဖြစ်တဲ့သူ ဆုံးပါးသွားလို့ရှိရင် အဒေါ်ဖြစ်သူရဲ့ ပစ္စည်းကို အဲဒီနိုင်ငံခြားသားက ဆက်ခံပိုင်ခွင့် မရှိပါဘူးကွယ်။ ဒါနဲ့ပတ်သက်လို့ကတော့ (ခွန်ဆူးပေါက်ဖန်နှင့် ဒေါ်ဟန် ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁၆ မှာ ဒီလို ဆိုထားတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားသား ဆိုတာ ဘယ်လို နိုင်ငံခြားသားမျိုးကို ဆိုလိုတာလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ အဲဒီလို သိရှိနားလည်ဖို့ကိုပဲ ဖြေကြားချင်ပါတယ်။ 

မေး – အသက် ၉၀ ကျော် အဘိုး အဘွားမှာ သားသမီး ၄ ယောက် ရှိပါတယ်။ အပျိုကြီးတယောက်က အဘိုး အဘွားနဲ့အတူ နေပြီး စက်ချုပ်ကျွေးနေသူပါ။ သားတဦးကတော့ ဒီအိမ်ဝိုင်းထဲမှာပဲ သီးခြားအိမ်လေး ဆောက်ပြီး နေထိုင်ပါတယ်။ ကျန်တဲ့ သမီးနှစ်ယောက်ကတော့ ရပ်ဝေးမှာပါ။ လွန်ခဲ့တဲ့ ဧပြီလအတွင်းမှာ ရပ်ဝေးမှာ နေတဲ့ သမီး နှစ်ယောက်နဲ့ သမက်က မပြန်တော့ဘဲ ဒီအိမ်မှာပဲ နေထိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့က ဒီအိမ်နဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေကို သူတို့အမည်နဲ့ ပေါက်အောင် လုပ်ထားပါတယ်။ ဒီကိစ္စကို ကျန်တဲ့သားသမီးတွေက အမှုဖွင့်ထားပါတယ်။ အမှုက ဥပဒေအကြံပေးဆီမှာ ရှိနေပါသေးတယ်။ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၉ နဲ့ တရားစွဲနိုင်ပါသလား။ စွဲမယ်ဆိုရင် ဘာတွေ လိုအပ်မလဲ ဆိုတာကို သိရပါရစေ ။

ဖြေ -အဘိုး အဘွား ဆိုတော့ အဖေ၊ အမေ နာမည်ပေါက်တာပေါ့ကွယ်။ အဘွားဆိုတော့ အမေပေါ့နော်။ အမေနဲ့ တယောက် နေတယ်။ ကျန်တဲ့တစ်ယောက်က အိမ်မှာ နေတယ်။ နှစ်ယောက် အပြင်မှာ နေတာကနေ ဒီမှာ လာနေတယ်။ ဒီမှာ လာနေပြီးတော့မှ သူတို့ အမည်ပေါက်အောင်လို့ ဆောင်ရွက်တာကို တရားစွဲထားတယ်။ အဲဒီအပိုင်းတော့ မပြောတော့ဘူး။ တရားစွဲထားတယ် ဆိုတော့ တရားရုံးက ဆက်ဆုံးဖြတ်မှာပေါ့။ သူ မေးထားတာက သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၉နဲ့ တရားစွဲလို့ရသလား ဆိုတာလေးပေါ့။

သီးခြားသက်သာခွင့် ၉ ဆိုတာကတော့ သူကတော့ လက်ရှိပေါ့။ လက်ရှိ ရှိနေတဲ့ နေရာမှာ ဝင်ရောက်ပြီးတော့ သူက ကျူးကျော်တာကို ပြောတာ။ ကျူးတယ်ဆိုတော့ လက်ရှိက ပိုင်ရှင် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့ နေရာမှာ တခြားလူကနေ ဝင်ရောက်ပြီးတော့ ကျူးကျော်နေတယ်ဆိုလို့ရှိရင် သီးခြားသက်သာခွင့် ၉ နဲ့ စွဲတာပေါ့။ ၈ နဲ့ စွဲတယ် ဆိုတာကတော့ ပိုင်ဆိုင်မှုရှိတဲ့သူကိုက စွဲတာပေါ့။ ၈ ရဲ့သဘောကတော့ မြေကွက်တကွက် ရှိမယ်။ အဲဒီမှာ ဒီဥပစာကို ပိုင်ရှင်ရှိတယ်။ ပိုင်ရှင်ရှိရဲ့သားနဲ့ အခြားလူက ဝင်ပြီးတော့ ဝင်ရောက်နေထိုင်တယ် ဆိုရင် ဒါ ပိုင်ရှင်ကိုယ်တိုင် စွဲရင် သီးခြားသက်သာခွင့် ၈ နဲ့ စွဲရတာပေါ့။ ၉ ဆိုတာကတော့ ပိုင်ဆိုင်ခွင့်နဲ့မဆိုင်ဘူး။ လက်ရှိ ရှိနေတဲ့သူက စွဲရမှာ။ လက်ရှိ ရှိနေတဲ့သူက စွဲရင်တော့ ဘယ်လောက်အတွင်း စွဲရမလဲ ဆိုလို့ရှိရင်တော့ သီးခြားသက်သာခွင့်ဥပဒေအရ ဆိုရင်တော့ ၆ လအတွင်း စွဲရမယ်။ လာပြီး ကျူးကျော်တဲ့နေ့က စပြီး ၆ လအတွင်း စွဲရမယ်။

ဒီကိစ္စမှာ ပြန်စဉ်းစားတဲ့အခါကျတော့ သူကတော့ ၆ လ မကတော့ဘူး နေနေတာ။ အဲဒီလိုဆိုတော့ သူ့တို့ ဒီမှာ လာနေတယ်။ သူတို့ အမည်ပေါက်အောင် လုပ်ဆောင်နေတယ်။ ၆ လ ကျော်ရင် စွဲလို့မရဘူး။ နောက်တခုက ၆ လမကျော်သည့်တိုင်အောင်လည်း သီးခြား ၉ နဲ့ အကျုံးမဝင်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျူးကျော်လာတာ မဟုတ်ဘူး။ လာနေတာ ခွင့်ပြုထားတာ။ ခွင့်ပြုထားတာကနေ မပြန်တော့တာပေါ့။ သီးခြားနဲ့ မဆိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သီးခြားဆိုတာက ကျူးကျော်ပြီး လာမှ သဘောမတူဘဲနဲ့ လက်ရှိ ရှိနေတဲ့ သူ သဘောမတူဘဲ ဝင်ရောက်လာပြီး နေမှ သူက ကျူးကျော်ဖြစ်တာ။ သူတို့က လက်ခံထားပြီးသား။ လက်ခံထားပြီးသားမှ သူကနေ မပြန်တော့လို့ တရားစွဲမယ်ဆိုရင် သီးခြားသက်သာခွင့် ၉ နဲ့ အကျုံးမဝင်ပါဘူး။ အကျုံးဝင်ရင်လည်း ၆ လအတွင်း စွဲရပါမယ်။ ၆ လကျော်ရင် စွဲခွင့်မရှိပါဘူးလို့ပဲ ဖြေချင်တယ်။


Zawgyi Version

ပစ္စည်းလွှျဲေပာင်ျးခင်း (ဥပေဒေရးရာအေမးအျေဖ)

ပစ္စည်းလွှျဲေပာင်ျးခင်းဆိုင်ရာ ဥပေဒနဲ့ ပတ်သက်ပြီး လူမှုကြန်ရက်ပေါ်က မေျးမန်းလာတာတြေကို ဦးကော််ဇေယ် (ဥပေဒပညာရွင် ၊စာရေးဆရာ ) အား ဒီဗြီဘီက တြေ့ဆုံမေျးမန်းထားပါတယ်။

(၁) ကျြန်တော့် ကိုယ္ပိုင်ခြံထဲမွာ မေနနိုင္လို့ အျခား လူတဦးကို အခမဲ့ နေထိုင္ခြင့်ျပုထားတာ ၁၅ နွစ်ရွိပါပြီ။ တခို့သူတြေက ပိုင်ရွင်ျဖစ်သူဟာ သူ့အိမ်၊ ဒါမွမဟုတ် သူ့ျေမကြက္ထဲမွာ တစုံတေယာက္ကို အခမဲ့ နေထိုင္ခြင့်ျပုထားတာ၊ ကာလရွည် ငွားရမ်းထားတာ ၁၂ နွစ်ကော််ရင် ဖယ်ရွားလို့ မရေတာ့ဘူး ဆိုတဲ့ ဥပေဒရွိသလိုလို၊ စီရင္ထုံး ရွိသလိုလိုျေပာဆိုနေကြတာတြေ ရွိပါတယ်။ ဥပေဒေကြာင်းအရ ရွင်းရွင်းလင်းလင်း သိပါရေစ။

ဒါက အရပ္ထဲမွာျေပာနေကြတာ… အခုတေလာပေါ့နော်။ ဘျာဖစ္လို့လဲဆိုတော့ တျခားလူကို သြားပြီးတော့ ကိုယ့်အိမ္မွာပေါ့။ နွစ်ရွည် မငွားထားနဲ့၊ နွင္လို့ မရဘူျးဖစ်သြားမယ်။ အိမ်ငွားလည်း ကြာကြာမငွားနဲ့၊ နွင္လို့ မရဘူျးဖစ်သြားမွာ စိုးရိမ္တယ်။ တခို့ကလည်း နွစ်ကြာသြားရင် ပိုင်သြားတယ်။ အိမ်ငွားက အိမ္ပိုင်ျဖစ်သြားတယ္လို့ ဒီလိုလည်းျေပာကြတယ်။ ဒါနဲ့ပတ်သက္လို့ သတိထားစရာ တခုတော့ ရွိတာပေါ့။ ဘျာဖစ္လို့လဲဆိုတော့ ခြင့်ျပုခ်က္နဲ့ ထားတဲ့သူက ဘယ်နွနစ္ပဲကြာကြာ ခြင့်ျပုခ်က္နဲ့ ထားတဲ့သူက ခြင့်ျပုခ်က္နဲ့ ထားတာပဲ၊ သူက အိမ္ပိုင်သြားစရာ အေကြာင်းမရွိဘူး။ ငွားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငွား ဆိုရင္လည်း သူ့ကို ငွားထားတယ်။ ဘယ်နွနွစ် ငွားငွား၊ ဆယ်နွစ်ငွားငွား၊ အနွစ် နွစ်ဆယ် ငွားငွား၊ အိမ်ငွားက အိမ္ပိုင်ျဖစ္မလာနိုင္ဘူး။

ဒါပေမဲ့ အမွားအယြင်းလေးတချုဖစ်သြားရင် စိုးရိမ္စရာလေးတခု ရွိတယ်။ အဲဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြပါစို့။ ခြင့်ျပုခ်က္နဲ့ ထားတယ်။ အဲဒီခြင့်ျပုခ်က္နဲ့ ထားတဲ့သူကို ကိုယ့္က ဖယ္ခ်င်ပြီဆိုရင် အစ္မ ဖယ်ပေးပါလို့ျေပာလိုက္လို့ရွိရင်ျပဿနာမရွိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ္ထုတ်ရတာပေါ့။ နို့တစ္ထုတ္တယ် ဆိုတဲ့အခါက်တော့ ခြင့်ျပုခ်က္ထားတဲ့ဟာကျိုပန်ရုပ်သိမ်းလိုက္ပါပြီ ဆိုတာကို သူ သိအောင်ျေပာရတာ၊ အဲဒီလို ခြင့်ျပုခ်က္နဲ့ ထားတာကို ခြင့်ျပုခ်က္နဲ့ ရုပ်သိမ်းပြီးပြီးဆိုမွ တရားက စြဲလို့ရတယ်။ ခြင့်ျပုခ်က္ကို မရုပ်သိမ်းဘဲနဲ့ တရားတေဘာင် စြဲလို့မရဘူး။

အဲဒီတော့ တခို့က ခြင့်ျပုခ်က္ကို ရုပ်သိမ်းလိုက္တယ်ပေါ့။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါက်တော့ အမှုစြဲမယ့်အခိန္က်တော့မွ မစျြဲဖစ္ဘူျးဖစ်သြားတယ်။ အဲဒီလို မစျြဲဖစ္ဘူျးဖစ်သြားရင်။ သူက ကာလစည်းကမ်းသတ် ဥပေဒ ဆိုတာက ရွိသေးတယ်။ ဘယ်အခိန္မွာ အမှုက စြဲရမယ်။ မစြဲလို့ရွိရင် အခြင့်အေရးက ဆုံးရှုံးတယ် စသျဖင့် ကာလစည်းကမ်းသတ်ဥပေဒက လူတိုင်း သိသင့္တာ။ အမွန္က အဲဒါကို သတိမထားမိရင်တော့ သူက အမွားအယြင်ျးဖစ္တတ္တယ်။ ဆိုတော့ အဲဒီ ကာလစည်းကမ်းသတ် ဥပေဒက ဆိုလို့ရွိရင် ခြင့်ျပုခ်က္နဲ့ထားတာကျိုပန်ရုပ်သိမ်းပြီး ဆိုရင္တဲ့ ၆ နွစ်အတြင်း စြဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နွစ်အတြင်း စြဲရမယ် ဆိုတာကေတာ့ ကာလ စည်းကမ်းသတ်ဥပေဒ၊ ပထမဇယား၊ စာတိုင္မွာ ၁၂၀ မွာ ဒီလို ဆိုထားတာပေါ့။ ၆ နွစ် ကော််သြားပြီးဆိုရင် ဘျာဖစ္လဲ။ ခြင့်ျပုခ်က္နဲ့ ထားတဲ့သူကို နွင္လို့ မရေတာ့ဘူး။ တရားစြဲလို့ မရေတာ့ဘူး။ ဒါက သတိထားရမယ့် အခ်က္ပါ။

ဒီလိုပဲ အိမ်ရွင် အိမ်ငွား ဆိုတော့လည်း အိမ်ငွားထားတယ်။ သူ့ဘာသာသူ ဆယ်နွစ္လည်း အိမ်ငွားပဲ ၊ အိမ္ပိုင် မျဖစ္လာနိုင္ဘူး။ သို့သော် အိမ်ငွားတေယာက္ကို နွင်တော့မယ်ဆိုလို့ရွိရင် သူက ပထမဆုံး ဘာလုပ်ရလဲ။ ပစ္စည်းလွှျဲေပာင်ျးခင်းဥပေဒ ပုဒ္မ ၁၀၆ နဲ့အညီ နို့တစ္စာ ပေးရတာပေါ့။ နို့တစ္စာပေးတယ် ဆိုတာကေတာ့ အိမ်ငွားအျဖစ်ျဖတ်တောက္လိုက်ပြီး ဒီတာမနိတ် လုပ္လိုက္တယ်ဆိုတာ သူ သိအောင္လို့ျေပာရတာ။ ဘယ်နေ့၊ ဘယ်ရက္မွာတော့ ဆင်းပေးတော့ ဆိုတာ ဒီနို့တစ္စာမွာ ပါရတယ်။ ဘယ်နေ့မွာ ငွားရမ်းခ ကုန်ဆုံးတယ်။ အဲဒီနေ့ ည ၁၂ နာရီကေ်္လာို့ရွိရင် ဒီဥစ္စာ လက်ရောက်ပေးအပ္ပါတော့.. ဒါမိုးက နို့တစ္စာ ထုတ်လေ့ရွိတယ်။

အဲဒီလို ထုတ်ပြီးပြီ၊ ငွားရမ်းချဖတ်တောက်ပြီးပြီဆိုရင် တရားစြဲရမယ်လေ။ အဲဒီလို တရားမစြဲဘဲသြားရင် ကာလစည်းကမ်းသတ်ဥပေဒမွာ ပါတာပေါ့၊ စောစောကျေပာတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မွာ ပါတယ်။ အိမ်ငွားတေယာက္ကို ငွားရမ်းမျှုဖတ်တောက်ပြီး ၁၂ နွစ်အတြင်း သူက စြဲရတာ။ ၁၂ နွစ်အတြင်းမွ မစြဲရင် အဲဒီအိမ်ငွားကို နောက္တရားစြဲပြီး နွင္ထုတ္ဖို့ ခက္ခဲသြားပြီ။ ဒါက သတျိပုရမွာပေါ့။ အဲဒီမွာ သတျိပုဖို့ကေတာ့ ဥပမာ မစျြဲဖစ္ဘူး ဆိုပါတယ်တော့ကြယ်။ နို့တစ္ထုတ္လိုက္တယ်၊ မစျြဲဖစ္ဘူးဆိုရင် အဲဒီထုတ္ထားတဲ့ နို့တစ္ကျိုပန်ရုပ်သိမ်းလိုက္လို့ ရတယ်။ တရားဝင်ျပန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလ စည်းကမ်းသတ္နဲ့ အက်ုံးမဝင်တော့ဘူး။ သို့သော် အဲဒီလို ရုပ်သိမ်းရာမွာ ပ်က္ကြက်သြားရင်တော့ ဒီကာလစည်းကမ်းဥပေဒနဲ့ အက်ုံးဝင်သြားလို့ ဟိုခြင့်ျပုခ်က္နဲ့ ထားတဲ့သူဆိုရင် ၆ နွစ်အတြင်းစြဲ၊ မစြဲရင် နောက္ထပ္စြဲလို့ မရေတာ့ဘူး။ နွင္လို့ မရေတာ့ဘူး။ အိမ်ငွားဆိုလည်း ဒီလိုပဲ နို့တစ္စာ ပေးပြီးပြီဆိုရင် ၁၂ နွစ်အတြင်း စြဲရင် စြဲ နို့တစ်ပေးပြီျးဖတ်တောက်ပြီးပြီ ဆိုရင္စြဲတော့။ မစျြဲဖစ်ရင္လည်ျးပန်ရုပ်သိမ်းလိုက်။ ဒီနို့တစ္စာကို အဲဒီလို မရုပ်သိမ်းဘဲ ထားရင်တော့ ၁၂ နွစ် ကော််ရင် တရားစြဲ နွင္လို့မရတဲ့အတြက် အဲဒီအခ်က္ကေတာ့ အထူးသတျိပုရမယ္လို့ပဲျေဖကြားခ်င္ပါတယ်။

(၂) ကျြန်တ္တောို့ မိသားစုသည် ၁၉၆၅ ခုနွစ္ကတည်းက ေ်မပိုငၳံက ေ်မငြားၿပီး အိမ်ဆောက် နေထိုင္ခဲ့ပါတယ်။ ၁၉၇၉ ခုနွစ္မွာျေမရွင္ကျေမေနရာမွ ဖယ်ရွားပေးစေလိုမှုနဲ့ တရားစြဲခဲ့ပြီးနောက် ၁၉၈၄ မွာ တိုင်းတရားရုံးက အိမ်ရွင္ကို လက်ရွိျေမေနရာမွ ဖယ်ရွားပေးဖို့ မလိုကြောင်း အနိုင္ဒီကရီ ခ်ပေးခဲ့ပါတယ်။ အနိုင္ဒီကရီရပြီးနောက် ၁၄ နွစ်ဆက္တိုက်ျေမလခ ပေးခဲ့ပေမယ့်ျေမလခ မယူတာ နွစ်ပေါင်း ၂၀ ကော််ရွိခဲ့ပြီ။ လတ္တေလာမွာျေမရွင္က ဒျီေမမွာ ကန္ထရိုက္တိုက်ဆောက္ဖို့ ကြိုးပမ်းနေတဲ့အတြက် တိုက်ဆောက္မယ်ဆိုရင် ကျြန်တ္တောို့အေနနဲ့ ဘယ္လို အကိုးခံစားခြင့် ရနိုင္မလဲ ဆိုတာကို သိပါရေစ။

သူကျေမငွားကြဲ့။ျေမငွားပြီးတော့ သူ့က သူ့အိမ္ကို သူဆောက်နေတာ ဆောက်နေတာ ဆိုတော့ ဟိုက နွင္တာပေါ့။ နွင္တဲ့အခါက်တော့ ဒါက အိမ်ရွင် ရှုံးသြားတာပေါ့။ျေမရွင် ရှုံးသြားတယ်။ ၁၄ နွစ် သူက အိမ္လခေပးတယ်။ နွစ် ၂၀ အိမ္လခမေပးခဲ့ဘူး။ အခုျေမရွင္က တိုက်သစ် ဆောက္မယ်။ သူ ဘာအကိုးခံစားခြင့်ရွိမလဲ သူ သိခ်င္လို့ မေးတယ်။

ဆိုတော့ ဒီနေရာမွာ သတျိပုရမယ့်အခ်က္ကျေမငွားတဲ့သူက အနွစ် ၂၀ လုံးလုံးျေမငွားခ မေပးဘူးဆိုတာျေမငွားဘက္က ပ်က္ကြက္တဲ့ ပ်က္ကြက္မှုတခုပေါ့။ ဘာပျဲဖစ်ျဖစ် သူ ငွားရမ်းခေပးရမွာ သူ့ရဲ့ တာဝန္ပဲလေ။ မေပးဘူး။ ယူတာ မယူဘူး။ ပေးတာကို မယူဘူးဆိုရင် သက်ဆိုင်ရာ ငွားရမ်းခ ကြီးကြပ္မှုရုံးမွာ သြားပြီးတော့ ဆယ့်ျေခာက္တစ်အရ ဒါကို သြားပြီးတော့ ပေးနေမယ်ဆိုရင် သူရဲ့ ပ်က္ကြက္မှု မရွိနိုင္ဘူး။ အဲဒီတော့ ပ်က္ကြက္မှု မရွိဘူးဆိုရင်ျေမရွင္က တရားစြဲလို့ မရဘူး။ ပ်က္ကြက္လို့ရွိရင်ျေမရွင္က ဒါကို ထောက်ပြီးတော့ အေရးဆိုနိုင္တယ်။ နွင္လိုမှုလည်း သူ စြဲခ်င်ရင္စြဲမွာပေါ့။ ဒါနဲ့ပတ်သက်ပြီး ဒီဥစ္စျာေမရွင္ကေတာ့ ဘာမွ တရားစြဲတာ မရွိဘူး။ ဒါပေမဲ့ တိုက်သစ်ဆောက်တော့မယ်။ သူ ဘာခံစားရမလဲ သူ သိခ်င္တာ။

မ်ားသောအာျးဖင့်ျဖစ်လျေ့ဖစ္ထ ရွိတာကေတာ့ တိုက္ကျေမရွင် ပိုင္တယ်၊ျေမကြီးကလည်းျေမရွင် ပိုင္တယ်။ အခန်းမွာ ငွားနေကြတယ်၊ အေပ်ာက္စနစ္နဲ့ ဝယ္တာတြေရွိတယ်။ ဒီဘီက်ပြီး ဒီဥစ္စာအန္တရာယ်ရွိ အေဆာက်အဦျပန်ျပင်ရမယ်ဆိုလို့ရွိရင် မ်ားသောအာျးဖင့်ျပန်ရတာက တိုက္ခန်းကို အေပ်ာက္စနစ္နဲ့ ဝယ်ယူထားတဲ့ ပုဂ္ဂိုလ္မ်ားက်တော့ အခန်ျးပန်အစားပေးတယ်။ သာမန် နွစ္ခ်ုပ္တို့ ၊ လခ်ုပ္တို့နဲ့ စေပ်ါတို့နဲ့ ငွားတဲ့ အိမ်ငွားကေတျာ့ပန်ရေလ့မရွိဘူး။

ဒါပေမဲ့ ဒီသဘာဝ မတူဘူး။  သူကျေမငွားပြီး တိုက်ဆောက္ထားတာ ဆိုတော့ သူ့မွာတော့ အခြင့်အေရးရွိတာပေါ့။ သူရဲ့အခြင့်အေရးက ဘာလဲ။ သူက လက်ရျွိဖစ်နေတာလေ။ အမှုလည်း သူက အရင္တုန်းက နိုင္ထားတယ်။ ဆိုတော့ ဒါက ဘယ်အေပ်ါသြားပြီးတော့ မူတည္လဲဆိုလို့ရွိရင် တကယ္လို့ျေမရွင္ကေန တိုက်သစ် ဆောက္မယ်ဆိုရင် သူနဲ့ အေပးအယူလုပ်ရေတာ့မွာ။ အဲဒီ အေပးအယူ လုပ္တဲ့အခါမွာ သူ တောင်းဆိုပေါ့။ သူ ရထိုက္တဲ့ဟာကို သင့္တင့်လော်က္ပတ္တဲ့ အခ်က္ကို သူ တောင်းနိုင္မယ်ဆိုရင် အခြင့်အေရးရပါတယ်။ လက္လြတ္စပယ်ကြီးတော့ ဖယ်ရွားရမယ့် အျေခအေနမိုး မရွိဘူးလို့ျေဖကြားခ်င္ပါတယ်။

(၃) ကျြန်တော့်ဦးလေးဟာ သူ့ဇနီးသည်နွင့် အိမ်ထောင္ကြဲနေတာ နွစ်ပေါင်း ၄၀ နီးပါး ရွိနေပါပြီ။ သူ နေထိုင္တဲ့အိမ္ကို မကြာခင္က တူတော်သူတဦးကို အရပ္ကတိစာခ်ုပ်ျဖင့် ရောင်းခ်ခဲ့ပါတယ်။ ဒီလို ရောင်းခ်တာ တရားဝင္မှု ရွိ၊ မရွိနဲ့ ဦးလေး ကြယ္လြန်သြားရင် ဇနီျးဖစ်သူက တရားစြဲလို့ ရ၊ မရ ဆိုတာကို သိလိုပါတယ်။

ဒီနေရာမွာ မေးခြန်းလေးက နည်းနည်းလေး အိမ်ထောင္ကြဲနေတယ် ဆိုတဲ့ အခ်က်လေးက မရွင်းဘူးပေါ့ကြယ်။ ကြဲနေတယ် ဆိုတာက တရားဝင် ကြာရွင်းတာကိုျေပာတာလား။ ဒါမွမဟုတ် ခြဲခြာပြီး နေကြတာကို ဆိုလိုတာလား။ ဒါလေးကေတာ့ တိတိက်က် သိရင် အျေဖက တိက်နိုင္တယ်။ အခုဟာက အိမ်ထောင္ကြဲနေကြတယ် ဆိုတော့ တရားဝင် ကြဲသြားတာလား။ တရားဝင် ကြဲသြားတယ် ဆိုရင်တော့ ဒီဥစ္စာက အဲဒီတုန်းထဲက ပစ္စည်းခန်းက ခြဲပြီးပြီ။ နွစ် ၄၀ လည်း ကြာလာပြီ ဆိုလို့ရွိရင်တော့ ဒီပစ္စည်းဟာ ဇနီးနဲ့ မဆိုင်တော့ဘူးပေါ့။ ဘျာဖစ္လို့လဲဆိုရင် အေမြက ခြဲပြီးသြားပြီး လင္မယားလည်ျးပတ္စဲပြီးပြီ၊ ပစ္စည်းခန်း သူနဲ့ ဘာနဲ့ ကိုယ္နဲ့ မဆိုင်တော့ဘူး။ ဒါ တပိုင်းပေါ့။

ဒီလိုမွ မဟုတ္ဘဲနဲ့ စိတ်ကောက်ကြပြီး မတည့္လို့  ခြဲနေလိုက်ကြပြီး living spared တရားဝင် မကြာသေးဘူး။ တရားဝင် မကြာသေးဘူးဆိုရင် နွစ္ဘယ်လောက်ကြာကြာ တရားဝင် မကြာသေးရင် တည်မြဲခိုင္မာတဲ့ အိမ်ထောင်ရေးကျဖစ်နေတုန်းပဲ။ ဒီလိုဆိုရင် လင်ယောက်ား သေလို့ရွိရင် ပစ္စည်းက မယားက ရတာပဲ။ ဒါက ထုံးစံပေါ့၊ျမန္မာဓေလ့ထုံးတမ်းဥပေဒအရျေပာတာပေါ့ကြယ်။ အဲဒီတော့ ဒီအမိုးသားကေနပြီးတော့ အဲဒီကြားထဲမွာ တျူဖစ်သူကို သူက ဒီမေရွှ့ျေပာင်းနိုင္တဲ့ ပစ္စည်းကို အရပ္စာခ်ုပ္နဲ့ ရောင်းတယ် ဆိုတာကေတာ့ ဥပေဒနဲ့မညီဘူး။ စာခ်ုပ္စာတမ်း ဥပေဒပုဒ္မ ၁၆(က) အရေနာ်၊ ဒီဘက္က (ခ) အရ ဆိုတာက တန္ဖိုး တသိန်းနဲ့အထက် မေရွှ့မျေပာင်းနိုင္တဲ့ပစ္စည်း လွှျဲေပာင်းမယ်ဆိုရင် မွတ္ပုံတင်ရမယ်ျေပာထားတယ်။ မွတ္ပုံမတင်ရင် ဒီဥစ္စာက ပ်က်ျပယ္တာပေါ့ကြယ်။ ဥပေဒနဲ့မညီဘူး။ ဒါကြောင့္မို့လို့ ဒီပစ္စည်းက စောစောကျေပာသလို တရားဝင် ကြာထားတာ မဟုတ္ဘူး။ ကြဲနေတာဆိုလို့ရွိရင်တော့ ဇနီးတေယာက်အေနနဲ့ ဒီပစ္စည်းအေပ်ါမွာ အကိုးခံစားခြင့်ရွိတယ္လို့ပဲျေဖခ်င္ပါတယ်။

(၄) ဆရာခင္ဗ်ား။ ကျြန်တော့်ရဲ့ အေဒါ်ျဖစ်သူဟာ နိုင်ငျံခားသားနဲ့ အိမ်ထောင်ျပုထားတျာဖစ္ပါတယ်။ သားသမီးလည်း ထြန်းကာျးခင်း မရွိပါဘူး။ အေဒ်ါကလည်း က်န်းမာရေး သိပ္မေကာင်းပါ။ အကယ်၍မ်ား အေဒါ် ကြယ္လြန်သြားရင် နိုင်ငျံခားသာျးဖစ်သူ လင်ယောက်ားအေနနဲ့ အေမြဆက္ခံခြင့် ရွိပါသလား။ က်န္တဲ့ညီအကို မောင်နွမအေနနဲ့ အေမြဆက္ခံနိုင္ပါသလား ဆိုတာကို သိပါရေစ ။

ဒီနေရာမွာ နိုင်ငျံခားသား ဆိုတာကို အဓိပ္ပာယ္ဖြင့္ဖို့ လိုတယ်။ နိုင်ငျံခားသားဆိုတာ ဥပမာ ကိုယ့်နိုင်ငံသား၊ ဒီနိုင်ငံသား ဒီမွာပဲ မြေးတယ်။ ပြီးတော့မျွပည္ပထြက်ပြီး နိုင်ငျံခားသားအျဖစ် ခံယူလိုက္တဲ့ နိုင်ငျံခားသားလည်း ရွိတယ်။ ဒါက တမိုး။ မူလကတည်းကိုက နိုင်ငျံခားသားကြီး အျခာျးပည္က လာတဲ့ နိုင်ငျံခားသား။ အဲဒီလူက တမိုးပေါ့။ ဥပမာ ဒီနိုင်ငံကေနပြီးတော့ ဒီနိုင်ငံသားမိဘက မြေးဖြားတယ်။ ဒီနိုင်ငံသာျးဖစ်ပြီးတော့မွ နိုင်ငျံခားသားအျဖစ် ခံယူလိုက္တဲ့ ပုဂ္ဂိုလ္နဲ့ စုလ်ားရစ္ပတ် လက္ထပ်ကြမယ်ဆိုရင်  ဇနီးမယား ဆုံးပါးသြားမယ်ဆိုရင် ဒီပစ္စည်းက လင်၊ နိုင်ငျံခားသာျးဖစ်ပေမယ့် သူ့မွာ ခံစားခြင့်ရွိတယ်။ ဒါက သဘာဝတမိုး။ ဘျာဖစ္လို့လဲ သူက မြေးရာပါ အခြင့်အေရး ခေါ်တာပေါ့။ အင္ဗက် အင္ဒရက် ခေါ်တယ်။ မြေးရာပါ အခြင့်အေရးအရ သူ အေမြဆက္ခံခြင့် ရွိတယ်။ ဒါနဲ့ပတ်သက္လို့က ဦးအန္ကူး(ခေါ်) ဦးအောင္တဲ့။ ဒါ နာမည်ကြီး စီရင္ထုံးပေါ့။ ၁၉၉၀ျပည့်နွစ်ျမန္မာနိုင်ငံ စီရင္ထုံး စာမ်က်နွာ ၂၂၄ မွာလည်း ဒီလိုပဲ ထုံးဖြဲ့ထားတာပေါ့။ ဒါက တမိုး။

နောက်နိုင်ငျံခားသား ဆိုတာက မူလကတည်းကိုကျပည္ပနိုင်ငံက လာတဲ့ နိုင်ငျံခားသားကြီး။ အဲဒီက ဆင်းသက္လာတဲ့ နိုင်ငျံခားသားပေါ့။ အဲဒီနိုင်ငျံခားသားနဲ့ ဒီအေဒါ်ျဖစ်သူနဲ့ ဥပမာ လက္ထပ်ကြမယ်ဆိုလို့ရွိရင် ဒီအေဒါ်ျဖစ္တဲ့သူ ဆုံးပါးသြားလို့ရွိရင် အေဒါ်ျဖစ်သူရဲ့ ပစ္စည်းကို အဲဒီနိုင်ငျံခားသားက ဆက္ခံပိုင္ခြင့် မရွိပါဘူးကြယ်။ ဒါနဲ့ပတ်သက္လို့ကေတာ့ (ခြန်ဆူးပေါက္ဖန်နွင့် ဒေါ်ဟန် ၁၉၉၁ ခုနွစ်ျမန္မာနိုင်ငံ စီရင္ထုံး စာမ်က်နွာ ၁၆ မွာ ဒီလို ဆိုထားတယ်။ ဒါကြောင့္မို့လို့ နိုင်ငျံခားသား ဆိုတာ ဘယ္လို နိုင်ငျံခားသားမိုးကို ဆိုလိုတာလဲ ဆိုတဲ့အေပါ် မူတည်ပြီးတော့ အဲဒီလို သိရွိနားလည္ဖို့ကိုပဲျေဖကြားခ်င္ပါတယ်။

(၅) အသက် ၉၀ ကော်် အဘိုး အဘြားမွာ သားသမီး ၄ ယောက် ရွိပါတယ်။ အပိုကြီးတေယာက္က အဘိုး အဘြားနဲ့အတူ နေပြီး စက္ခ်ုပ်ကျြေးနေသူပါ။ သားတဦးကေတာ့ ဒီအိမ်ဝိုင်းထဲမွာပဲ သီျးခားအိမ်လေး ဆောက်ပြီး နေထိုင္ပါတယ်။ က်န္တဲ့ သမီးနွစ်ယောက္ကေတာ့ ရပ်ဝေးမွာပါ။ လြန္ခဲ့တဲ့ ဧပြီလအတြင်းမွာ ရပ်ဝေးမွာ နေတဲ့ သမီး နွစ်ယောက္နဲ့ သမက္က မျပန်တော့ဘဲ ဒီအိမ္မွာပဲ နေထိုင္ပါတယ်။ အဲဒီနောက္ပိုင်းမွာ သူတို့က ဒီအိမ္နဲ့ ပတ်သက္တဲ့ စာခ်ုပ္စာတမ်းတြေကို သူတို့အမည္နဲ့ ပေါက်အောင် လုပ္ထားပါတယ်။ ဒီကိစ္စကို က်န္တဲ့သားသမီးတြေက အမှုဖြင့္ထားပါတယ်။ အမှုက ဥပေဒအကြံပေးဆီမွာ ရွိနေပါသေးတယ်။ သီျးခားသက်သာခြင့် အက်ဥပေဒပုဒ္မ ၉ နဲ့ တရားစြဲနိုင္ပါသလား။ စြဲမယ်ဆိုရင် ဘာတြေ လိုအပ္မလဲ ဆိုတာကို သိရပါရေစ ။

အဘိုး အဘြား ဆိုတော့ အေဖ၊ အေမ နာမည်ပေါက္တာပေါ့ကြယ်။ အဘြားဆိုတော့ အေမေပါ့နော်။ အေမနဲ့ တေယာက် နေတယ်။ က်န္တဲ့တစ်ယောက္က အိမ္မွာ နေတယ်။ နွစ်ယောက် အျပင္မွာ နေတာကေန ဒီမွာ လာနေတယ်။ ဒီမွာ လာနေပြီးတော့မွ သူတို့ အမည်ပေါက်အောင္လို့ ဆောင်ရက္တြာကို တရားစြဲထားတယ်။ အဲဒီအပိုင်းတော့ မျေပာတော့ဘူး။ တရားစြဲထားတယ် ဆိုတော့ တရားရုံးက ဆက်ဆုံျးဖတ္မွာပေါ့။ သူ မေးထားတာက သီျးခားသက်သာခြင့် ဥပေဒပုဒ္မ ၉နဲ့ တရားစြဲလို့ရသလား ဆိုတာလေးပေါ့။

သီျးခားသက်သာခြင့် ၉ ဆိုတာကေတာ့ သူကေတာ့ လက်ရွိပေါ့။ လက်ရွိ ရွိနေတဲ့ နေရာမွာ ဝင်ရောက်ပြီးတော့ သူက က်ူးကေ်္တာာကိုျေပာတာ။ က်ူးတယ်ဆိုတော့ လက်ရွိက ပိုင်ရွင် ဟုတ္ခ်င္လည်း ဟုတ္မယ်၊ မဟုတ္ခ်င္လည်း မဟုတ္ဘူး။ လက်ရွိ ရွိနေတဲ့ နေရာမွာ တျခားလူကေန ဝင်ရောက်ပြီးတော့ က်ူးကော််နေတယ်ဆိုလို့ရွိရင် သီျးခားသက်သာခြင့် ၉ နဲ့ စြဲတာပေါ့။ ၈ နဲ့ စြဲတယ် ဆိုတာကေတာ့ ပိုင်ဆိုင္မှုရွိတဲ့သူကိုက စြဲတာပေါ့။ ၈ ရဲ့သေဘာကေတာ့ျေမကြက္တကြက် ရွိမယ်။ အဲဒီမွာ ဒီဥပစာကို ပိုင်ရွင်ရွိတယ်။ ပိုင်ရွင်ရွိရဲ့သားနဲ့ အျခားလူက ဝင်ပြီးတော့ ဝင်ရောက်နေထိုင္တယ် ဆိုရင် ဒါ ပိုင်ရွင္ကိုယ္တိုင် စြဲရင် သီျးခားသက်သာခြင့် ၈ နဲ့ စြဲရတာပေါ့။ ၉ ဆိုတာကေတာ့ ပိုင်ဆိုင္ခြင့္နဲ့မဆိုင္ဘူး။ လက်ရွိ ရွိနေတဲ့သူက စြဲရမွာ။ လက်ရွိ ရွိနေတဲ့သူက စြဲရင်တော့ ဘယ်လောက်အတြင်း စြဲရမလဲ ဆိုလို့ရွိရင်တော့ သီျးခားသက်သာခြင့်ဥပေဒအရ ဆိုရင်တော့ ၆ လအတြင်း စြဲရမယ်။ လာပြီး က်ူးကေ်္တာဲ့နေ့က စပြီး ၆ လအတြင်း စြဲရမယ်။

ဒီကိစ္စမျွာပန္စဉ်းစားတဲ့အခါက်တော့ သူကေတာ့ ၆ လ မကေတာ့ဘူး နေနတာ။ အဲဒီလိုဆိုတော့ သူ့တို့ ဒီမွာ လာနေတယ်။ သူတို့ အမည်ပေါက်အောင် လုပ်ဆောင်နေတယ်။ ၆ လ ကော််ရင် စြဲလို့မရဘူး။ နောက္တခုက ၆ လမေက်ာ်သည့္တိုင်အောင္လည်း သီျးခား ၉ နဲ့ အက်ုံးမဝင်နိုင္ဘူး။ ဘျာဖစ္လို့လဲ ဆိုတော့ သူတို့က က်ူးကေ်္လာာတာ မဟုတ္ဘူး။ လာနေတာ ခြင့်ျပုထားတာ။ ခြင့်ျပုထားတာကေန မျပန်တော့တာပေါ့။ သီျးခားနဲ့ မဆိုင္ဘူးပေါ့။ ဘျာဖစ္လို့လဲ ဆိုတော့ သီျးခားဆိုတာက က်ူးကော််ပြီး လာမွ သေဘာမတူဘဲနဲ့ လက်ရွိ ရွိနေတဲ့ သူ သေဘာမတူဘဲ ဝင်ရောက္လာပြီး နေမွ သူက က်ူးကော််ျဖစ္တာ။ သူတို့က လက္ခံထားပြီးသား။ လက္ခံထားပြီးသားမွ သူကေန မျပန်တော့လို့ တရားစြဲမယ်ဆိုရင် သီျးခားသက်သာခြင့် ၉ နဲ့ အက်ုံးမဝင္ပါဘူး။ အက်ုံးဝင်ရင္လည်း ၆ လအတြင်း စြဲရပါမယ်။ ၆ လေက်ာ်ရင် စြဲခြင့္မရွိပါဘူးလို့ပဲျေဖခ်င္တယ်။

Source : DVB