fbpx

အေနာက္ကင္မရာ ၃ လံုး ပါလာမယ့္ iPad Pro အသစ္

Apple ေနာက္ထုတ္မယ့္ iPad Pro အသစ္မွာ အေနာက္ကင္မရာ ၃ လံုးပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ AppleInsider က ဒီသတင္းကို ေျပာၾကားလိုက္တာ ျဖစ္ၿပီး တရုတ္ကေန ဒီသတင္းထြက္လာတာ ျဖစ္ပါတယ္။ ၁၀.၂ လက္မ စြမ္းရည္နိမ့္ iPad မွာေတာ့ iPhone XS မွာလို အေနာက္ကင္မရာ ၂ လံုး ပါလာမွာ ျဖစ္ပါတယ္။ အဲဒီ ေမာ္ဒယ္ ၂ ခုစလံုးကို ေအာက္တိုဘာလမွာ ေရာင္းခ်ႏုိင္ပါတယ္။

Apple က ေနာက္ဆံုးထုတ္ iPhone Models ေတြမွာ အေနာက္ကင္မရာ ၂ လံုးထည့္သြင္းေပးထားပါတယ္။ ဒါေပမယ့္ တက္ဘလက္ေတြမွာေတာ့ အေနာက္ကင္မရာ ၂ လံုး ထည့္သြင္းထားျခင္း မရွိပါဘူး။ ေနာက္ဆံုးထုတ္ iPad Pro မွာ 12MP Camera ၁ လံုးသာ ပါပါတယ္။ ေနာက္ဆံုးထုတ္ iPad Mini , iPad Air နဲ႔ iPad ေတြမွာ 8MP Camera ၁ လံုးသာ ထည့္သြင္းထားပါတယ္။

Apple က အေနာက္ကင္မရာမ်ားစြာ ထည့္သြင္းတာဟာ Augmented Reality (AR) အေတြ႕အၾကံဳေတြကို ခံစားႏုိင္ေအာင္ ျဖစ္ပါတယ္။ Bloomberg က ေနာက္ထုတ္မယ့္ iPhones ေတြမွာ အေနာက္ကင္မရာ ၃ လံုး ထည့္သြင္းထားႏိုင္ၿပီး AR Apps ေတြကို အသံုးျပဳႏုိင္မွာ ျဖစ္တယ္လို႔ ဒီႏွစ္ အေစာပိုင္းက ေျပာထားပါတယ္။ iPad Pro မွာလည္း အလားတူ စနစ္ ပါလာမွာပါ။

Ref : theverge

[Unicode]

အနောက်ကင်မရာ ၃ လုံး ပါလာမယ့် iPad Pro အသစ်

Apple နောက်ထုတ်မယ့် iPad Pro အသစ်မှာ အနောက်ကင်မရာ ၃ လုံးပါလာမယ်လို့ သတင်းထွက်လာပါတယ်။ AppleInsider က ဒီသတင်းကို ပြောကြားလိုက်တာ ဖြစ်ပြီး တရုတ်ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ ၁၀.၂ လက်မ စွမ်းရည်နိမ့် iPad မှာတော့ iPhone XS မှာလို အနောက်ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ် ၂ ခုစလုံးကို အောက်တိုဘာလမှာ ရောင်းချနိုင်ပါတယ်။

Apple က နောက်ဆုံးထုတ် iPhone Models တွေမှာ အနောက်ကင်မရာ ၂ လုံးထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် တက်ဘလက်တွေမှာတော့ အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားခြင်း မရှိပါဘူး။ နောက်ဆုံးထုတ် iPad Pro မှာ 12MP Camera ၁ လုံးသာ ပါပါတယ်။ နောက်ဆုံးထုတ် iPad Mini , iPad Air နဲ့ iPad တွေမှာ 8MP Camera ၁ လုံးသာ ထည့်သွင်းထားပါတယ်။

Apple က အနောက်ကင်မရာများစွာ ထည့်သွင်းတာဟာ Augmented Reality (AR) အတွေ့အကြုံတွေကို ခံစားနိုင်အောင် ဖြစ်ပါတယ်။ Bloomberg က နောက်ထုတ်မယ့် iPhones တွေမှာ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပြီး AR Apps တွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဒီနှစ် အစောပိုင်းက ပြောထားပါတယ်။ iPad Pro မှာလည်း အလားတူ စနစ် ပါလာမှာပါ။

Ref : theverge

Source : Digital Times