fbpx

တရားမဝင် သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်း တသိန်းကျော် တရုတ်အစိုးရ ဖျက်ဆီး

တရုတ်နိုင်ငံတလွှား မြို့ပေါင်း ၁၅၄ မြို့က တရားမဝင် သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်း တသိန်းကျော်ကို တရုတ်အစိုးရက သြဂုတ် ၁၂ ရက်မှာ ဖျက်ဆီးခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။

ဒီလက်နက်တွေဟာ မနှစ်က သိမ်းဆည်းရမိတဲ့ ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို လာအပ်တဲ့ ပစ္စည်းတွေ လို့လည်း ပြောပါတယ်။

လေသေနတ်၊ ပြောင်းချောသေနတ်၊ ဒိုင်းနမိုက်နဲ့ ဗုံးသီး အပါအဝင် ဖောက်ခွဲရေးပစ္စည်း အများအပြား အပါအဝင် တရားမဝင် လက်နက်ပေါင်း ၁ သိန်း ၇ ထောင်ကို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက နိုင်ငံတလွှားမှာ အခမ်းအနားနဲ့ ဖျက်ဆီးခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။

တရုတ်ရဲ့ အဓိက စီးပွားရေးပြိုင်ဘက်နဲ့ ကုန်သွယ်ရေး စစ်ပွဲအတွင်း ခါးသီးတဲ့ရန်ဘက် အမေရိကန်နိုင်ငံထဲမှာ လူအုပ်ကို ပစ်ခတ်မှုတွေ အတော်များများ ကြုံအပြီး သေနတ်ပိုင်ဆိုင်မှု ပိုထိန်းချုပ်ရေးကို လူကြိုက်များမှု တိုးလာနေပါတယ်။

တရုတ်နိုင်ငံအတွင်း ကိုယ်ရေးကိုယ်တာ သေနတ်ပိုင်ဆိုင်မှုကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင် ထားလို့ နိုင်ငံတွင်းမှာ သေနတ်ကိုင် အကြမ်းဖက်မှု အင်မတန် နည်းပါးတယ်လို့လည်း အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။


Zawgyi Version

တရားမဝင် သေနတ်နွင့် ဖောက္ခြဲရေးပစ္စည်း တသိန်းကော်် တရုတ်အစိုးရ ဖ်က်ဆီး
DVB

တရုတ်နိုင်ငံတလွှား မြို့ပေါင်း ၁၅၄ မြို့က တရားမဝင် သေနတ္နဲ့ ဖောက္ခြဲရေးပစ္စည်း တသိန်းကေ်္ကာို တရုတ်အစိုးရက သြဂုတ် ၁၂ ရက္မွာ ဖ်က်ဆီးခဲ့တယ္လို့ အစိုးရမီဒီယာကျေပာပါတယ်။

ဒီလက္နက်တြေဟာ မနွစ္က သိမ်းဆည်းရမိတဲ့ ဒါမွမဟုတ် ရဲတပ္ဖြဲ့ကို လာအပ္တဲ့ ပစ္စည်းတြေ လို့လည်းျေပာပါတယ်။

လေသနတ်၊ျေပာင်းခော်သေနတ်၊ ဒိုင်းနမိုက္နဲ့ ဗုံးသီး အပါအဝင် ဖောက္ခြဲရေးပစ္စည်း အမ်ားအျပား အပါအဝင် တရားမဝင် လက္နက်ပေါင်း ၁ သိန်း ၇ ထောင္ကျိုပည်သူ့လုံခြုံရေး ဝန်ကြီးဌာနက နိုင်ငံတလွှားမွာ အခမ်းအနားနဲ့ ဖ်က်ဆီးခဲ့တယ္လို့ အစိုးရမီဒီယာကျေပာပါတယ်။

တရုတ်ရဲ့ အဓိက စီးပြားရေးပြိုင္ဘက္နဲ့ ကုန်သြယ်ရေး စစ္ပြဲအတြင်း ခါးသီးတဲ့ရန္ဘက် အေမရိကန်နိုင်ငံထဲမွာ လူအုပ္ကို ပစ္ခတ္မှုတြေ အေတ္မာ်ားမ်ား ကြုံအပြီး သေနတ္ပိုင်ဆိုင္မှု ပိုထိန်းခ်ုပ်ရေးကို လူကြိုက္မ်ားမှု တိုးလာနေပါတယ်။

တရုတ်နိုင်ငံအတြင်း ကိုယ်ရေးကိုယ္တာ သေနတ္ပိုင်ဆိုင္မှုကို တင်းတင်းက်ပ္က်ပ် တာျးမစ္ပိတ္ပင် ထားလို့ နိုင်ငံတြင်းမွာ သေနတ္ကိုင် အကြမ်းဖက္မှု အင္မတန် နည်းပါးတယ္လို့လည်း အစိုးရမီဒီယာက ထုတ်ျပန္ပါတယ်။

Source : DVB