fbpx

မြန်မာနိုင်ငံတွင် လူဦးရေ ၈၀၀၀၀ ကျော် ရေဘေးသင့်နေဟု ကုလ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း မုတ်သုံမိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး လူဦးရေ ၈၀၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၉ ရက်  က မွန်ပြည်နယ် ပေါင်မြို့နယ်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၅၀ ကျော်သေဆုံးခဲ့ကာ လူအများအပြား ပျောက်ဆုံးနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနဦး ရေကြီးခဲ့တဲ့ ကချင်၊ ရခိုင်နဲ့  ချင်းပြည်နယ်တို့မှာတော့ ရေကျဆင်းသွားပြီး ရေဘေးရှောင်ပြည်သူတွေဟာ နေအိမ်တွေဆီ  ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်  မြစ်အောက်ပိုင်းအရပ်တွေဆီကို့ ရေတွေ စီးဆင်းသွားပြီး  မိုးလည်း အဆက်မပြတ် ရွာသွန်းနေတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ မြစ်တွေမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအချိန်မှာ  မွန်ပြည်နယ်ဟာ ရေဘေးကို အဆိုးဆုံး ထိခိုက်ခံစားနေရပြီး လူဦးရေ ၂၆,၀၀၀ ကျော် ရေဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။

ပဲခူးတိုင်းမှာလည်း ရေဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော်ရှိနေပြီး ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း မိုးကြီးရေလျှံမှုတွေေ ကြာင့် ထိခိုက်ခံစားနေရပါတယ်။

မိုးလေဝသဌာနက  လာမယ့် ရက်တွေမှာ  မိုးဆက်လက်အားကောင်းနိုင်တယ်လို့  ခန့်မှန်းထားတာကြောင့် ရေဆက်လက်ကြီးမှာကို စိုးရိမ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရဲ့  စာရင်းတွေအရ ဇွန်လနှောင်းပိုင်း ရေကြီးမှုစတင်ချိန်ကစပြီး  လူဦးရေ စုစုပေါင်း ၁၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ရေဘေးရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရေဘေးသင့်သူတွေအတွက် UNICEF အဖွဲ့က  ရေသိုလှောင်ဖို့ ပုံးတွေ ထောက်ပံ့တာ၊ ရေသန့်စင်ဖို့  လိုအပ်တဲ့ ပစ္စည်းတွေနဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေ ထောက်ပံ့ပေးနေပါတယ်။

 WHO ကလည်း ရေသန့်ဆေးပြားတွေ ၊ ဆေးစိမ်ခြင်ထောင်တွေ ပံ့ပိုးတာ၊ ရွှေ့လျားဝန်ဆောင်မှု ဆေးပေးခန်းတွေ၊ မြွေဆိပ်ဖြေဆေးနဲ့  မြွေအန္တရာယ်ကာကွယ်ဆေးဆိုင်ရာ အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။

အလားတူ WFP အဖွဲ့ကလည်း ဆန်မရတဲ့ အခြေအနေ၊ ထမင်းချက်ပြုတ်ဖို့ အိုးခွက် မပြည့်စုံ/ရေမရှိလို့ အခက်အခဲရှိတဲ့ အခြေအနေတွေမှာ အဆင်သင့်စားနိုင်တဲ့ အာဟာရဖြည့် အစားအစာတွေထောက်ပံ့ဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ 

ဒီနေ့ သြဂုတ် ၁၃ ရက်မှာတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့  အဖွဲ့အစည်းတွေက လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်တဲ့အဖွဲ့တခု  မွန်ပြည်နယ်ကို စေလွှတ်ပြီး ဘယ်ကဏ္ဍတွေမှာ အထောက်အပံ့တွေ လိုအပ်နေသလဲဆိုတာ လေ့လာဆန်းစစ်ချက်တွေ လုပ်ဆောင်ဖို့ရှိပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ အစိုးရ တာဝန်ရှိသူတွေလည်း လတ်တလော ရေဘေးဒဏ်အပြင်းအထန် ခံစားနေရတဲ့ မွန်ပြည်နယ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကြေးငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားခဲ့လို့ မနေ့ညနေအထိ သေဆုံးသူ စုစုပေါင်း ၅၉ ဦးအထိရှိနေပြီး  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

မုတ်သုံမိုး ဆက်တိုက်ရွာသွန်းနေတာကြောင့် မြန်မာအပါအဝင် တောင်အာရှနိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွား မြေပြိုတာတွေကြောင့် ရာနဲ့ချီတဲ့ လူသေဆုံး ထိခိုက်တာတွေ ဖြစ်ပွားနေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာနိုင်ငံတြင် လူဦးရေ ၈၀၀၀၀ ကော်် ရေဘးသင့်နေဟု ကုလ ထုတ်ျပန်

ျမန္မာနိုင်ငံတဝန်း မုတ်သုံမိုျးပင်းထန္စြာ ရြာသြန်းမှုကြောင့် ရေကြီးရေလွ်ံမှုတျြေဖစ္ပြားပြီး လူဦးရေ ၈၀၀၀၀ ကော်် ရေဘးကယ်ဆယ်ရေးစခန်းတြေမွာ ခိုလှုံနေရတယ္လို့ ကုလသမဂ္ဂ လူသားခ်င်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ျပန္ပါတယ်။

သြဂုတ္လ ၉ ရက်  က မြန်ျပည္နယ် ပေါင်မြို့နယ္မွာျေမပြိုမျှုဖစ္ပြားခဲ့ပြီး လူ ၅၀ ကော််သေဆုံးခဲ့ကာ လူအမ်ားအျပား ပော်က်ဆုံးနေတယ္လို့လည်း သတင်းထုတ်ျပန္ခ်က္မွာ ဖော်ျပပါတယ်။

ကနဦး ရေကြီးခဲ့တဲ့ ကခ်င်၊ ရခိုင္နဲ့  ခ်င်ျးပည္နယ္တို့မွာတော့ ရေက်ဆင်းသြားပြီး ရေဘးရွောင်ျပည်သူတြေဟာ နေအိမ်တြေဆျီပန္လည္ထက္ခြာသြားခဲ့ကြတယ္လို့ ဆိုပါတယ်။

ဒါပေမယ့်ျမစ်အောက္ပိုင်းအရပ်တြေဆီကို့ ရေတြ စီးဆင်းသြားပြီး  မိုးလည်း အဆက္မျပတ် ရြာသြန်းနေတာကြောင့်ျမန္မာနိုင်ငံအောက္ပိုင်းဒေသမ်ားရျွိမစ်တြေမွာ  ရေကြီးရေလွ်ံမှုတျြေဖစ်ပေါ်နေပါတယ်။

လက်ရွိအခိန္မွာ  မြန်ျပည္နယ်ဟာ ရေဘးကို အဆိုးဆုံး ထိခိုက္ခံစားနေရပြီး လူဦးရေ ၂၆,၀၀၀ ကော်် ရေဘးရွောင္စခန်းတြေမွာ သြားရောက္ခိုလှုံနေရပါတယ်။

ပဲခူးတိုင်းမွာလည်း ရေဘးရွောင်ျပည်သူ ၂၀,၀၀၀ ကော််ရွိနေပြီး ကရင်ျပည္နယ္နဲ့ စစ္ကိုင်းတိုင်းတို့မွာလည်း မိုးကြီးရေလွ်ံမှုတြေ ကြာင့် ထိခိုက္ခံစားနေရပါတယ်။

မိုးလေဝသဌာနက  လာမယ့် ရက်တြေမွာ  မိုးဆက္လက်အားကောင်းနိုင္တယ္လို့  ခန့္မွန်းထားတာကြောင့် ရေဆက္လက်ကြီးမွာကို စိုးရိမ်ရမယ့် အျေခအေနမွာ ရွိနေပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့္ခြဲမှု ဦးစီးဌာနရဲ့  စာရင်းတြေအရ ဇြန္လေနွာင်းပိုင်း ရေကြီးမှုစတင္ခိန္ကစပြီး  လူဦးရေ စုစုပေါင်း ၁၅၀,၀၀၀ ကော်် အိုးအိမ္စြန့္ခြာပြီး ရေဘးရွောင္ခဲ့ရတယ္လို့ ဆိုပါတယ်။

ရေဘးသင့်သူတြေအတြက် UNICEF အဖြဲ့က  ရေသိုလွောင္ဖို့ ပုံးတြေ ထောက္ပံ့တာ၊ ရေသန့္စင္ဖို့  လိုအပ္တဲ့ ပစ္စည်းတြေနဲ့ တကိုယ်ရေ သန့်ရွင်းရေးသုံး ပစ္စည်းတြေ ထောက္ပံ့ပေးနေပါတယ်။

WHO ကလည်း ရေသန့်ဆေျးပားတြေ ၊ ဆေးစိမ်ျခင်ထောင်တြေ ပံ့ပိုးတာ၊ ရွှေ့လ်ားဝန်ဆောင္မှု ဆေးပေးခန်းတြေ၊ မြေဆိပ်ျေဖေဆးနဲ့  မြေအန္တရာယ္ကာကြယ်ဆေးဆိုင်ရာ အသိပညာပေးတာတြေ လုပ်ဆောင်နေပါတယ်။

အလားတူ WFP အဖြဲ့ကလည်း ဆန္မရတဲ့ အျေခအေန၊ ထမင်းခ်က်ျပုတ္ဖို့ အိုးခြက် မျပည့္စုံ/ရေမရွိလို့ အခက်အခဲရွိတဲ့ အျေခအေနေတြမွာ အဆင်သင့္စားနိုင္တဲ့ အာဟာရျဖည့် အစားအစာတြေထာက္ပံ့ဖို့ အသင့်ျပင္ထားတယ္လို့ ဆိုပါတယ်။

ဒီနေ့ သြဂုတ် ၁၃ ရက္မွာတော့ ကုလသမဂ္ဂ ဦးဆောင္တဲ့  အဖြဲ့အစည်းတြေက လိုအပ္ခ်က္မ်ား အကျဲဖတ်ဆန်းစစ္တဲ့အဖြဲ့တခု  မြန်ျပည္နယ္ကို စေလွှတ်ပြီး ဘယ္ကဏ္ဍတြေမွာ အေထာက်အပံ့တြေ လိုအပ်နေသလဲဆိုတာ လေ့လာဆန်းစစ္ခ်က်တြေ လုပ်ဆောင္ဖို့ရွိပါတယ်။

ဒုတိယသမ္မတ ဦးဟင္နရီဗန္ထီးယူ၊ လူကယ်ျပန်ဝန်ကြီး ဒေါက္တာ ဝင်ျးမတ်အေး၊ မြန်ျပည္နယ်ဝန်ကြီးခ်ုပ် ဒေါက္တာအေးဇံနဲ့ အစိုးရ တာဝန်ရွိသူတြေလည်း လတ္တေလာ ရေဘးဒဏ်အျပင်းအထန် ခံစားနေရတဲ့ မြန်ျပည္နယ္ကို သြားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘးသင့်ျပည်သူတြေကို ထောက္ပံ့ကြေးငြေတြ ပေးအပ္ခ်ီျးမှင့္ခဲ့ပါတယ်။

မြန်ျပည္နယ်၊ ပေါင်မြို့နယ်၊ သျဲဖူကုန်းကေ်းရြာျေမပြိုမျှုဖစ္ပြားခဲ့လို့ မေန့ညေနအထိ သေဆုံးသူ စုစုပေါင်း ၅၉ ဦးအထိရွိနေပြီး  ရွာဖြေကယ်ဆယ်ရေးလုပ်ငန်းတြေ ဆက္လက္လုပ်ဆောင်နေပါတယ်။

မုတ်သုံမိုး ဆက္တိုက်ရြာသြန်းနေတာကြောင့်ျမန္မာအပါအဝင် တောင်အာရွနိုင်ငံတြေမွာ ရေကြီးရေလွ်ံမှုတျြေဖစ္ပြားျေမပြိုတာတြေကြာင့် ရာနဲ့ခ်ီတဲ့ လူသေဆုံး ထိခိုက္တာတျြေဖစ္ပြားနေပါတယ်။

Source : DVB