fbpx

ဖလုံရွာမကျေးရွာတွင် တောင်ကျရေကြောင့်  နေအိမ်နှင့်စပါးခင်းများ ရေနစ်မြုပ်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံရွာမကျေးရွာမှာ ဩဂုတ် ၁၁ ရက်က စတင်ပြီး တောင်ကျရေတွေ ဝင်ရောက်ပြီး ရေပြန်မကျသေးဘဲ နေအိမ် ၇၀ လောက်နဲ့ စပါးစိုက်ဧက ၅၀၀ လောက် ရေနစ်မြုပ်နေပါတယ်။

လက်ရှိအချိန်ထိ ရေပြန်ကျတာ မရှိသေးဘဲ ဆက်လက်တက်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေတာ‌ကြောင့် ရေပြန်ကျနိုင်ဖို့မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရေတက်နေတာကြောင့် လက်ရှိအချိန်မှာ ကျေးရွာနေ မိသားစုတချို့ နီးစပ်ရာဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေရတယ်လို့ ရပ်မိရပ်ဖဦးကျော်နိုင်ကပြောပါတယ်။

 “ပြီးခဲ့တဲ့ ၈ ရက်နေ့က ရေတခါတက်တယ်။ နောက်နေ့ ရေပြန်ကျတော့ ကျနော်တို့ ရွာသားတွေ အစည်းအဝေးထိုင်ပြီး ကမ်းပြိုထားတဲ့နေရာကို သဲအိတ်ဖို့ လို့ရအောင် တက်နိုင်တဲ့မိသားစုတွေကို ၅၀၀၀ ကျပ်ကောက်ပြီး စုထားပါတယ်။ အခုလိုတောင်ကျရေကျပြီး တနှစ်ကို သုံးခါလောက် ရေဘေးခံစားနေရတယ်။ ကိုယ့်ရွာသားတွေ စုပေါင်းပြီး တတ်နိုင်သလောက်လေးနဲ့ ပြန်လုပ်နေရတယ်။ ရေတက်ရင်သက်ဆိုင်ရာ အဖွဲ့အစည်းတွေတော့ လာကြည့်တာတွေရှိတယ်”လို့ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေရသူမမိုးမိုးဆန်းက “မနက်က ကောက်စိုက်သွားပြီး နေ့ခင်းပြန်လာတော့ ရေကတော်တော်တက်နေပြီ။ အိမ်အဆင့်ကိုရောက်ဖို့ တစ်ထွာလောက်ပဲ လိုတော့တယ်။ အခုမိုးက ရွာနေတော့ ထပ်တက်မှာလေ။ ဒါကြောင့်ပြောင်းလာတာပါ။ ရွာထဲမှာတော့ အိမ်ထောင်စု ၂စု ပြောင်းတယ်ပြောတယ်။ တစုကတော့ မြို့တက်သွားပြီး တစုကတော့ အမျိုးတွေအိမ်မှာ သွားနေတယ်ကြားတယ်”လို့ပြောပါတယ်။

ဖလုံရွာမကျေးရွာမှာ တောင်ကျရေကြောင့် မာဂရီချောင်းကျိုးပြီး ရွာထဲကို ရေဝင်ရောက်ခဲ့တာပါ။ လက်ရှိအချိန်မှာ မိုးဆက်လက်ရွာသွန်းနေပြီး တောင်ကျရေ ဆက်တိုက်စီးကျနေတာကြောင့် အိမ်ထောင်စု ၇၀ ခန်နဲ့ စပါးစိုက်ဧက ၁၀၀ ခန့် ရေဝင်ရောက်နေပါတယ်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးကတော့ “သဘာဝဘေးနဲ့ပတ်သတ်လာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တင်ပြလာရင်ကူညီပေးပါမယ်”လို့ပြောပါတယ်။

သတင်း – မေသွယ်


ဖလုံရြာမေက်းရြာတြင် တောင္က်ရေကြာင့် နေအိမ်နွင့္စပါးခင်းမ်ား ရေနစ်ျမုပ်
DVB
ရန္ကုန္တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံရြာမေက်းရြာမွာ ဩဂုတ် ၁၁ ရက္က စတင်ပြီး တောင္က်ရေတြ ဝင်ရောက်ပြီး ရျေပန္မက်သေးဘဲ နေအိမ် ၇၀ လောက္နဲ့ စပါးစိုက်ဧက ၅၀၀ လောက် ရေနစ်ျမုပ်နေပါတယ်။

လက်ရွိအခိန္ထိ ရျေပန္က်တာ မရွိသေးဘဲ ဆက္လက္တက်နေပြီး မိုးသည်းထန္စြာ ရြာသြန်းနေတာ‌ကြောင့် ရျေပန္က်နိုင္ဖို့မရွိဘူးလို့ ဒေသခံတြေရဲ့ျေပာကြားခ်က်အရ သိရပါတယ်။

ရေတက်နေတာကြောင့် လက်ရွိအခိန္မွာ ကေ်းရြာနေ မိသားစုတခို့ နီးစပ်ရာဘုန်းကြီးကော်င်းမွာျေပာင်းရွှေ့နေရတယ္လို့ ရပ္မိရပ္ဖဦးကော််နိုင္ကျေပာပါတယ်။

“ပြီးခဲ့တဲ့ ၈ ရက်နေ့က ရေတခါတက္တယ်။ နောက်နေ့ ရျေပန္က်တော့ က်န္တောို့ ရြာသားတြေ အစည်းအေဝးထိုင်ပြီး ကမ်းပြိုထားတဲ့နေရာကို သဲအိတ္ဖို့ လို့ရေအာင် တက်နိုင္တဲ့မိသားစုတြေကို ၅၀၀၀ က်ပ်ကောက်ပြီး စုထားပါတယ်။ အခုလိုတောင္က်ရေက်ပြီး တနွစ္ကို သုံးခါလောက် ရေဘးခံစားနေရတယ်။ ကိုယ့်ရြာသားတြေ စုပေါင်းပြီး တတ်နိုင်သေလာက်လေးနျဲ့ပန္လုပ်နေရတယ်။ ရေတက်ရင်သက်ဆိုင်ရာ အဖြဲ့အစည်းတြေတာ့ လာကြည့္တာတြေရွိတယ်”လို့ျေပာပါတယ်။

ဘုန်းကြီးကော်င်းမွာျေပာင်းရွှေ့နေရသူမမိုးမိုးဆန်းက “မနက္က ကောက္စိုက်သြားပြီး နေ့ခင်ျးပန္လာတော့ ရေကေတ်ာတ္တောက်နေပြီ။ အိမ်အဆင့္ကိုရောက္ဖို့ တစ္ထြာလောက္ပဲ လိုတော့တယ်။ အခုမိုးက ရြာနေတာ့ ထပ္တက္မွာလေ။ ဒါကြောင့်ျေပာင်းလာတာပါ။ ရြာထဲမွာတော့ အိမ်ထောင္စု ၂စုျေပာင်းတယ်ျေပာတယ်။

တစုကေတာ့ မြို့တက်သြားပြီး တစုကေတာ့ အမိုးတြေအိမ္မွာ သြားနေတယ်ကြားတယ်”လို့ျေပာပါတယ်။

ဖလုံရြာမေက်းရြာမွာ တောင္က်ရေကြာင့် မာဂရီခော်င်းကိုးပြီး ရြာထဲကို ရေဝင်ရောက္ခဲ့တာပါ။ လက်ရွိအခိန္မွာ မိုးဆက္လက်ရြာသြန်းနေပြီး တောင္က်ရေ ဆက္တိုက္စီးက်နေတာကြောင့် အိမ်ထောင္စု ၇၀ ခန္နဲ့ စပါးစိုက်ဧက ၁၀၀ ခန့် ရေဝင်ရောက်နေပါတယ်။

ကယ်ဆယ်ရေးနွင့်ျပန္လည်နေရာခ်ထားရေးဦးစီးဌာန၊ ရန္ကုန္တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးကေတာ့ “သဘာဝေဘးနဲ့ပတ်သတ္လာရင် သက်ဆိုင်ရာ အုပ္ခ်ုပ်ရေးအဖြဲ့အစည်းတြေက တင်ျပလာရင္ကူညီပေးပါမယ်”လို့ျေပာပါတယ်။

သတင်း – မေသြယ်

Source : DVB