fbpx

ပုသိမ်မြို့တွင် ကရင်ရိုးရာ လက်ချည်ပွဲကျင်းပ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တော်ခန်းမမှာ ကရင်ရိုးရာလက်ချည်ပွဲ (ချည်ဖြူဖွဲ့မင်္ဂလာ) အခမ်းအနားကို သြဂုတ် ၁၃ ရက်မနက်က ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်နဲ့ တိုင်းအစိုးရအဖွဲဝင်တွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ကရင်တိုင်းရင်းသားတွေ ဆွေမျိုးအချင်းချင်း သိုက်သိုက်ဝန်းဝန်း ရိုးရာအစားအစာတွေနဲ့ ဧည့်ခံကျွေးမွေးကြပြီး အဖိုးအဖွားတွေက ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေကို ချည်ဖြူစကိုင်ပြီး ကျန်းမာချမ်းသာစေကြောင်း မကောင်းဆိုးဝါးဘေးဥပါဒ် အန္တရာယ်အသွယ်သွယ်ကနေ ကင်းဝေးပါစေကြောင်း စားနပ်ရိက္ခာစီးပွားဥစ္စာတိုးပွားပြီး အင်အားဗလသန်မာစေကြောင်း ဆုတောင်းကာ လက်ကိုချည်ဖြူစနဲ့ ရစ်ချည်ဖွဲ့ပေးတာကို ရိုးရာဓလေ့နဲ့ အညီ ကျင်းပခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက “စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးကျင်းပတာအပြင် မိမိတို့ရဲ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မိုးသည်းထန်ပြီး ရောဂါဘယထူပြောတဲ့ ဝါခေါင်လမှာ အစာရေစာတွေပေါများပြီး ကျန်းမာစေဖို့ရည်ရွယ်ပြီး ကရင့်ရိုးရာနဲ့အညီကျင်းပရတာ ဖြစ်တယ်လို့ ပွဲကို ဦးဆောင်ကျင်းပသူတွေက ဆိုပါတယ်။

ကရင်ရိုးရာ လက်ချည်ပွဲ(ချည်ဖြူဖွဲ့မင်္ဂလာ)အခမ်းအနားကို ပုသိမ်မြို့မှာ ကျင်းပတာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၈ ခုနှစ်က ပုသိမ်မြို့တော်ခန်းမမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြမင်းဦး(ပုသိမ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပုသိမ်မြို့တြင် ကရင်ရိုးရာ လက္ခ်ည္ပြဲက်င်းပ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တ္ခောန်းမမွာ ကရင်ရိုးရာလက္ခ်ည္ပြဲ (ခ်ည်ျဖူဖြဲ့မဂင်္လာ) အခမ်းအနားကို သြဂုတ် ၁၃ ရက္မနက္က က်င်းပခဲ့ပြီး ဝန်ကြီးခ်ုပ်ဦးလွမိုးအောင္နဲ့ တိုင်းအစိုးရအဖြဲဝင်တြေ တက်ရောက္ခဲ့ပါတယ်။

အခမ်းအနားမွာ ကရင္တိုင်းရင်းသားတြေ ဆြေမိုးအခ်င်းခ်င်း သိုက်သိုက်ဝန်းဝန်း ရိုးရာအစားအစာတြေနဲ့ ဧည့္ခံကျြေးမြေးကြပြီး အဖိုးအဖြားတြေက ကိုယ့်ရဲ့သားသမီျးေမျးမစ်တြေကို ခ်ည်ျဖူစကိုင်ပြီး က်န်းမာခ်မ်းသာစေကြာင်း မေကာင်းဆိုးဝါးဘေးဥပါဒ် အန္တရာယ်အသြယ်သြယ္ကေန ကင်းဝေးပါစေကြာင်း စားနပ်ရိက္ခာစီးပြားဥစ္စာတိုးပြားပြီး အင်အားဗလသန္မာစေကြာင်း ဆုတောင်းကာ လက္ကိုခ်ည်ျဖူစနဲ့ ရစ္ခ်ည္ဖြဲ့ပေးတာကို ရိုးရာဓေလ့နဲ့ အညီ က်င်းပခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကရင္တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုျးမတ်ျမတ်သူက “စုစုစည်းစည်းညီညီညတ်ြညတ္နြဲ့ ဧရာဝတီတိုင်းဒေသကြီး ဖြံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင္ဖို့ ရည်ရယ်ြပြီးက်င်းပတာအျပင် မိမိတို့ရဲ့ရိုးရာ ယဉ်ကေ်းမှုကို ဖ္ထောုတ်ျခင်ျးဖစ္ပါတယ်”လို့ျေပာပါတယ်။

ခ်ည်ျဖူဖြဲ့မဂင်္လာအခမ်းအနားကို မိုးသည်းထန်ပြီး ရောဂါဘယထျူေပာတဲ့ ဝါခေါင္လမွာ အစာရေစာတြေပါမ်ားပြီး က်န်းမာစေဖို့ရည်ရယ်ြပြီး ကရင့်ရိုးရာနဲ့အညီက်င်းပရတျာဖစ္တယ္လို့ ပြဲကို ဦးဆောင္က်င်းပသူတြေက ဆိုပါတယ်။

ကရင်ရိုးရာ လက္ခ်ည္ပြဲ(ခ်ည်ျဖူဖြဲ့မဂင်္လာ)အခမ်းအနားကို ပုသိမ်မြို့မွာ က်င်းပတာ ဒုတိယအကြိမ်ျဖစ်ပြီး ပထမအကြိမ္ကို ၂၀၁၈ ခုနွစ္က ပုသိမ်မြို့တ္ခောန်းမမွာပဲ က်င်းပခဲ့တျာဖစ္ပါတယ်။

ျမမင်းဦး(ပုသိမ်)

Source : DVB