fbpx

ခင်ပွန်းဖြစ်သူကို ဇနီးနှင့် မိသားစုဝင်များက သတ်၍ အလောင်းဖျောက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်မှာ ခင်ပွန်းဖြစ်သူကို ဇနီးနဲ့သမီးအပါအဝင် မိသားစုဝင်တွေက သတ်ဖြတ်အလောင်းဖျောက်ခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းမိထားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက ကဝမြို့နယ်၊ ကမ်းမြောင်ရွာနား ဆည်မချောင်းကမ်းစပ် သမန်းချုံပင်တွေအကြား ရေထဲမှာ လက်နှစ်ဖက် ကြိုးချည်ထားတဲ့ အမျိုးသား အလောင်းတလောင်းကို ဦးခေါင်းငယ်ထိပ်နဲ့ နောက်စေ့တို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာပါ။

ကဝမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး စုံစမ်းတဲ့အခါ သေဆုံးသူဟာ အထုံရွာက အသက် ၄၆ နှစ်အရွယ် ဦးခင်မောင်ကြည်ဖြစ်တယ်လို့ သြဂုတ် ၅ ရက်မှာ သိခဲ့ရပါတယ်။

သတင်းစုံစမ်းရေးအဖွဲ့က လိုက်လံစုံစမ်းခဲ့ရာမှာ သေဆုံးသူရဲ့ သမီးဖြစ်သူ မသက်မာခိုင်ဟာ သေဆုံးသူ အဲဒီနေ့က စီးခဲ့တဲ့ ဆိုင်ကယ်ကို နောက်နေ့မှာပဲ ရန်ကုန်တိုင်းခရမ်းမှာ ရောင်းချခဲ့တယ်လို့ စုံစမ်းသိခဲ့ရပါတယ်။

ကဝမြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်းနဲ့ အမှုစစ်အဖွဲ့က သြဂုတ် ၁၀ ရက်မှာ မသက်မာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ရန်နိုင်အောင်တို့ကို အဖွဲ့ခွဲပြီး စစ်ဆေးရာမှာတော့ သြဂုတ် ၃ ရက်နေ့က သူတို့ဆီကို မိခင်ဖြစ်သူ ဒေါ်အမာကြည်ရောက်လာခဲ့ပြီးတော့ ခင်ပွန်း ဦးခင်မောင်ကြည် က သူ့ကို အရှက်ခွဲအနိုင်ကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ပြောဆို အကူအညီတောင်းခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ဆိုင်ကယ်နဲ့လာတဲ့ ဦးခင်မောင်ကြည်ကို ခရုဘုရားနဲ့ကံဘဲ့ရွာကြားက ကြက်ရိုး ရေချမ်းစင်နားမှာ ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ဖြစ်သူ ဝက်ကြီးတို့က ပေါက်တူး၊ ဝါးစိမ်းတုတ်၊ သစ်သားတုတ်တို့နဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ ဦးခင်မောင်ကြည်သေဆုံးခဲ့ပါတယ်။

ပြီးတော့ ရန်နိုင်အောင်နဲ့ သက်မာခိုင်တို့ငှားလာတဲ့စက်လှေမှာ ဒေါ်အမာကြည်နဲ့ ဝက်ကြီးတို့က အလောင်းကို စက်လှေမှာချည်ပြီး ဆည်မချောင်းအတိုင်း ကမ်းမြောင်ရွာဘက်ကို မောင်းနှင်ခဲ့ပြီးနောက် အလောင်းကို စွန့်ပစ် ဖျောက်ဖျက်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သူတို့ကို သြဂုတ် ၁၀ ရက်မှာ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးမိခဲ့ပြီး ဥပဒေနဲ့အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ခင္ပြန်ျးဖစ်သူကို ဇနီးနွင့် မိသားစုဝင္မ်ားက သတ်၍ အေလာင်းဖော်က္မျှုဖစ္ပြား
DVB
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ္မွာ ခင္ပြန်ျးဖစ်သူကို ဇနီးနဲ့သမီးအပါအဝင် မိသားစုဝင်တြေက သတ်ျဖတ်အေလာင်းဖော်က္ခဲ့ပြီး က်ူးလြန်သူတြေကို ဖမ်းမိထားပြီလို့ ရဲတပ္ဖြဲ့ကျေပာပါတယ်။

သြဂုတ် ၄ ရက် နေ့လယ္ပိုင်းက ကဝမြို့နယ်၊ ကမ်ျးေမာင်ရြာနား ဆည္မခော်င်းကမ်းစပ် သမန်းခ်ုံပင်တြေအကြား ရေထဲမွာ လက်နွစ္ဖက် ကြိုးခ်ည္ထားတဲ့ အမိုးသား အေလာင်းတေလာင်းကို ဦးခေါင်းငယ္ထိပ္နဲ့ နောက်စေ့တို့မွာ ပေါက်ပြဲဒဏ်ရာတြေနဲ့ တြေ့ခဲ့ရတာပါ။

ကဝမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ္မ ၃၀၂ နဲ့ အမှုဖြင့်ပြီး စုံစမ်းတဲ့အခါ သေဆုံးသူဟာ အထုံရြာက အသက် ၄၆ နွစ်အရယြ် ဦးခင်မောင်ကြည်ျဖစ္တယ္လို့ သြဂုတ် ၅ ရက္မွာ သိခဲ့ရပါတယ်။

သတင်းစုံစမ်းရေးအဖြဲ့က လိုက္လံစုံစမ်းခဲ့ရာမွာ သေဆုံးသူရဲ့ သမီျးဖစ်သူ မသက္မာခိုင်ဟာ သေဆုံးသူ အဲဒီနေ့က စီးခဲ့တဲ့ ဆိုင္ကယ္ကို နောက်နေ့မွာပဲ ရန္ကုန္တိုင်းခရမ်းမွာ ရောင်းခ်ခဲ့တယ္လို့ စုံစမ်းသိခဲ့ရပါတယ်။

ကဝမြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်းနဲ့ အမှုစစ်အဖြဲ့က သြဂုတ် ၁၀ ရက္မွာ မသက္မာခိုင္နဲ့ ခင္ပြန်ျးဖစ်သူ ရန်နိုင်အောင္တို့ကို အဖြဲ့ခြဲပြီး စစ်ဆေးရာမွာတော့ သြဂုတ် ၃ ရက်နေ့က သူတို့ဆီကို မိခင်ျဖစ်သူ ဒေါ်အမာကြည်ရောက္လာခဲ့ပြီးတော့ ခင္ပြန်း ဦးခင်မောင်ကြည် က သူ့ကို အရွက္ခြဲအနိုင္က်င့္တာ၊ ညှဉ်းပန်းနွိပ္စက္တာတြေကိုျေပာဆို အကူအညီတောင်းခဲ့တယ္လို့ဆိုပါတယ်။

ဒါကြောင့် ဆိုင္ကယ္နဲ့လာတဲ့ ဦးခင်မောင်ကြည္ကို ခရုဘုရားနဲ့ကံဘဲ့ရြာကြားက ကြက်ရိုး ရေခ်မ်းစင္နားမွာ ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ျဖစ်သူ ဝက်ကြီးတို့က ပေါက္တူး၊ ဝါးစိမ်းတုတ်၊ သစ်သားတုတ္တို့နဲ့ ဝိုင်းဝန်းရိုက်နွက္ခဲ့လို့ ဦးခင်မောင်ကြည်သေဆုံးခဲ့ပါတယ်။

ပြီးတော့ ရန်နိုင်အောင္နဲ့ သက္မာခိုင္တို့ငွားလာတဲ့စက်လွေမွာ ဒေါ်အမာကြည္နဲ့ ဝက်ကြီးတို့က အေလာင်းကို စက်လွေမွာခ်ည်ပြီး ဆည္မခော်င်းအတိုင်း ကမ်ျးေမာင်ရြာဘက္ကို မောင်းနွင္ခဲ့ပြီးနောက် အေလာင်းကို စြန့္ပစ် ဖော်က္ဖ်က္ခဲ့တယ္လို့ စစ်ဆေးပေါ်ပေါက္ခဲ့ပါတယ်။

သူတို့ကို သြဂုတ် ၁၀ ရက္မွာ ရဲတပ္ဖြဲ့က ဖ္ထောုတ္ဖမ်းဆီးမိခဲ့ပြီး ဥပေဒနဲ့အညီ အျမန် တရားစြဲ တင္ပို့နိုင်ရေး ဆောင်ရက်ြနေတယ္လို့ ပဲခူးတိုင်း ရဲတပ္ဖြဲ့က ထုတ်ျပန္ထားပါတယ်။

Source : DVB