fbpx

ပြည်ကြီးတခွန်မြို့နယ် စူပါဝင်း ဘီစကစ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတခွန်မြို့နယ်ရှိ စူပါဝင်း ဘီစကစ်စက်ရုံက အလုပ်သမားတွေဟာ မတရားအလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ ပန်းအိဖြူ က “ကျမတို့ မနေ့က အလုပ်သမားတွေ စုပြီးစကားပြောဖြစ်ကြ တယ်။ ကျန်တဲ့ စက်ရုံတွေမှာဆိုရင် ဒီနေ့လို အစ်နေ့မျိုးနဲ့ နေ့ကြီးရက်ကြီးတွေမှာဆို နားမယ်ဆိုလည်း နားခွင့်ရတယ်။ အလုပ်ဆင်းမယ်ဆိုလည်း ၂ ဆ ရတယ်ဆိုတာကို ပြောလို့ဆိုပြီး အလုပ်သမားသမားတွေကို စည်းရုံးနေတယ်ဆိုပြီး ကျမပန်းအိဖြူနဲ့ ပပခိုင်တို့ကို ဒီနေ့မနက်က ခေါ်ပြီးအလုပ်ထုတ်လိုက်တယ်။ အဲဒါကို မကျေနပ်လို့ အခုဆန္ဒထုတ်ဖော်ရတာ”လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ပြည့်မီစွာရရှိရေး၊ အများပြည်သူအလုပ်ပိတ်ရက်များ ရရှိရေး၊ အချိန်ပို ကြေးများရရှိရေး၊ လုပ်သက်ခွင့်ရရှိရေး၊ ရှောင်တခင်ခွင့်များရရှိရေး၊ ယူနီဖောင်းများရရှိရေး၊ တနေ့အလုပ်ချိန် ၈နာရီရရှိရေး၊ အပြစ်မရှိဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ပြန်လည်ခန့်ထား ပေးရေး စတဲ့ အချက် ၁၆ ချက်ကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စူပါဝင်း ဘီစကစ်စက်ရုံကအလုပ်သမား နှစ်ဦးအလုပ်ထုတ်ခံခဲ့ကြရတဲ့အတွက် အီလန်ဆပ်ပြာစက်ရုံ၊ ပါဝါဓါတ်ခဲစက်ရုံ၊ အေသုံးလုံးဘိလပ်မြေစက်ရုံက အလုပ်သမားတွေကလည်း လာရောက်ဝန်းရံခဲ့ ကြပါတယ်။

ပြည်ကြီးတခွန်မြို့နယ်အတွင်းမှာ စက်ရုံပေါင်း ၁၀၇၇ ရုံရှိပြီး အလုပ်သမားပေါင်း လေးသိန်းကျော်ရှိပါတယ်။

စူပါဝင်း ဘီစကစ်စက်ရုံမှာတော့ အလုပ်သမားပေါင်း ၂၀၀ ကျော်ရှိတဲ့ စက်ရုံတရုံလည်း ဖြစ်ပါတယ်။


ျပည်ကြီးတခြန်မြို့နယ် စူပါဝင်း ဘီစကစ္စက်ရုံ အလုပ်သမားမ်ား ဆန္ဒျပ
DVB
မန္တေလးတိုင်း၊ျပည်ကြီးတခြန်မြို့နယ်ရွိ စူပါဝင်း ဘီစကစ္စက်ရုံက အလုပ်သမားတြေဟာ မတရားအလုပ္ထုတ္ခံရတဲ့ အလုပ်သမားတြေကို အလုပ်ျပန္ခန့်ပေးဖို့ ဒီကေန့ ဆန္ဒျပေတာင်းဆိုကြပါတယ်။

အလုပ်ျဖုတ္ခံရတဲ့ ပန်းအျိဖူ က “က်မတို့ မေန့က အလုပ်သမားတြေ စုပြီးစကာျးေပျာဖစ်ကြ တယ်။ က်န္တဲ့ စက်ရုံတြေမွာဆိုရင် ဒီနေ့လို အစ်နေ့မိုးနဲ့ နေ့ကြီးရက်ကြီးတြေမွာဆို နားမယ်ဆိုလည်း နားခြင့်ရတယ်။ အလုပ်ဆင်းမယ်ဆိုလည်း ၂ ဆ ရတယ်ဆိုတာကိုျေပာလို့ဆိုပြီး အလုပ်သမားသမားတြေကို စည်းရုံးနေတယ်ဆိုပြီး က်မပန်းအျိဖူနဲ့ ပပခိုင္တို့ကို ဒီနေ့မနက္က ခေါ်ပြီးအလုပ္ထုတ္လိုက္တယ်။ အဲဒါကို မေက်နပ္လို့ အခုဆန္ဒထုတ်ဖော်ရတာ”လို့ျေပာပါတယ်။

အနည်းဆုံးအခေကြးငျြေပည့္မီစြာရရွိရေး၊ အမ်ာျးပည်သူအလုပ္ပိတ်ရက္မ်ား ရရွိရေး၊ အခိန္ပို ကြေးမ်ားရရွိရေး၊ လုပ်သက္ခြင့်ရရွိရေး၊ ရွောင္တခင္ခြင့္မ်ားရရွိရေး၊ ယူနီဖောင်းမ်ားရရွိရေး၊ တေန့အလုပ္ခိန် ၈နာရီရရွိရေး၊ အျပစ္မရွိဘဲ အလုပ္ထုတ္ခံရတဲ့ အလုပ်သမားတြေကျိုပန္လည္ခန့္ထား ပေးရေး စတဲ့ အခ်က် ၁၆ ခ်က္ကို တောင်းဆို ဆန္ဒထုတ်ဖ္ခောဲ့ကြပါတယ်။

စူပါဝင်း ဘီစကစ္စက်ရုံကအလုပ်သမား နွစ်ဦးအလုပ္ထုတ္ခံခဲ့ကြရတဲ့အတြက် အီလန်ဆပ်ျပာစက်ရုံ၊ ပါဝါဓါတ္ခဲစက်ရုံ၊ အေသုံးလုံးဘိလပ်ျေမစက်ရုံက အလုပ်သမားတြေကလည်း လာရောက်ဝန်းရံခဲ့ ကြပါတယ်။

ျပည်ကြီးတခြန်မြို့နယ်အတြင်းမွာ စက်ရုံပေါင်း ၁၀၇၇ ရုံရွိပြီး အလုပ်သမားပေါင်း လေးသိန်းကော််ရွိပါတယ်။

စူပါဝင်း ဘီစကစ္စက်ရုံမွာတော့ အလုပ်သမားပေါင်း ၂၀၀ ကော််ရွိတဲ့ စက်ရုံတရုံလည်ျးဖစ္ပါတယ်။

Source : DVB