fbpx

ပညာရေးစနစ် ပြောင်းလဲရေးတွင် လူငယ်များပါဝင် အကြံပြုရန်တိုက်တွန်း 

ပညာရေးစနစ် ပြောင်းလဲရေးမှာ လူငယ်တွေ ပါဝင်ပြီး အကြံပြုကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ  တိုက်တွန်း ပြောပါတယ်။

“လူငယ်များ ပါဝင်ပြီး ပညာရေးစနစ်ကို ပြောင်းလဲမယ်ဆိုရင်၊ လူငယ်များက အချိန်ကို မှန်မှန်ကန်ကန်နဲ့ တန်ဖိုးအရှိဆုံးဖြစ်အောင်သုံးဖို့ ဘာတွေ လိုအပ်နေသလဲဆိုတာကို ကျမတို့ အစိုးရကို တင်ပြစေချင်ပါတယ်။ ဒါတွေကတော့ လူငယ်များရဲ့ အမြင်ပါ။ အမြင်ဆိုရာမှာလည်း အမြင်တခုရှိရုံနဲ့ မှန်သွားတယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ အားလုံးက ဆွေးနွေးပြီး တယောက်နဲ့ တယောက် နှီးနှောဖလှယ်ပြီး အဖြေကိုရှာရမှာ ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တကယ်ပြောင်းလဲချင်စိတ်ရှိရင် မြန်မြန်ဆန်ဆန် ပြောင်းလဲလို့ရပြီး မြန်မာတက္ကသိုလ်ရဲ့ တိုးတက်မှုနှုန်းဟာ ဒေသတွင်းမှာ နှေးနေတယ်လို့ သူက ဆိုပါတယ်။

“ကျမတို့တက္ကသိုလ်တွေရဲ့ ပညာရေးက ဘယ်အဆင့်ရှိလဲ ဆိုတာကို ကြည့်လိုက်တဲ့အခါမှာ ဒီ ၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ တက်လာတယ်။ ကျမတို့ တိုးတက်တယ်ဆိုတာ မှန်တယ်၊ သို့သော်လည်း ကျမတို့ရဲ့ ဒေသအတွင်းက တခြားတက္ကသိုလ်တွေရဲ့ တိုးတက်မှုနှုန်းနဲ့စာရင် ကျမတို့ရဲ့ တိုးတက်မှုနှုန်းက နှေးတယ်။ ဘာကြောင့်နှေးတယ်ဆိုတာ အဓိက စဉ်းစားရမယ့်ကိစ္စပါ။ ဘယ်ဟာတွေမှာ အားနည်းချက်တွေရှိလဲ ဆိုတော့ ကျမတို့ဟာ သုသေသနလုပ်တဲ့ဘက်မှာလည်း အားနည်းနေတယ်။ ဘာသာစကားဘက်မှာလည်း အားနည်းနေတယ်။ Website တွေသုံးတဲ့ နေရာမှာလည်း ကျမတို့ရဲ့ တက္ကသိုလ်တွေက အားနည်းနေတယ်။ ဒီသုံးခုစလုံးက ဆက်နွှယ်နေပါတယ်” လို့ ပြောပါတယ်။

အစိုးရကျောင်းတွေကို အများကြီး တိုးတက်စေချင်တယ်လို့လည်း သူက ဆိုပါတယ်။

“ဘယ်အလွှာကပဲလာလာ ပညာရှာချင်တဲ့သူတွေ ပညာရှာလို့ရနိုင်တဲ့ ပညာရေးစနစ်တခုကို ကျမတို့ ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ပုဂ္ဂလိကကျောင်းတွေ ရှိတယ်၊ အစိုးရကျောင်းတွေရှိ တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ရဲ့ အစိုးရကျောင်းတွေကို အများကြီး တိုးတက်စေချင်တယ်။ ပိုက်ဆံရှိတဲ့ မိဘများဟာ သူတို့ရဲ့သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်ဆိုတဲ့ အစဉ်အလာကို ကျမ အားမပေးချင်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်နေဆဲဖြစ်လို့ ပညာရေးစနစ် အတွက် သုံးချင်သလောက်၊ အကုန်အကျခံချင်သလောက် ခံနိုင်တဲ့ အနေအထားမှာ မရှိသေးဘဲ လူငယ်တွေက မိမိတို့ ပညာရရှိရေးအတွက် တာဝန်ယူရမှာ ဖြစ်ပြီး အစိုးရပိုင်းကလည်း အကောင်းဆုံး ပညာရေးစနစ်တခု ထူထောင်ဖို့အတွက်ကို တာဝန်ယူရမယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ- အတိုင်ပင်ခံရုံး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပညာရေးစနစ်ျေပာင်းလဲရေးတြင် လူငယ္မ်ားပါဝင် အကျြံပုရန္တိုက္တြန်း 

ပညာရေးစနစ်ျေပာင်းလဲရေးမွာ လူငယ်တြေ ပါဝင်ပြီး အကျြံပုကြဖို့ နိုင်ငံတော်အတိုင္ပင္ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည္က မေန့က နျေပည်တ္မေွာာလုပ္တဲ့ အျပည်ျပည်ဆိုင်ရာ လူငယ္မ်ားနေ့ အခမ်းအနားမွာ  တိုက္တြန်းျေပာပါတယ်။

“လူငယ္မ်ား ပါဝင်ပြီး ပညာရေးစနစ္ကိုျေပာင်းလဲမယ်ဆိုရင်၊ လူငယ္မ်ားက အခိန္ကို မွန္မွန္ကန္ကန္နဲ့ တန္ဖိုးအရွိဆုံျးဖစ်အောင်သုံးဖို့ ဘာတြေ လိုအပ်နေသလဲဆိုတာကို က်မတို့ အစိုးရကို တင်ျပေစခ်င္ပါတယ်။ ဒါတြေကေတာ့ လူငယ္မ်ားရဲ့ အျမင္ပါ။ အျမင်ဆိုရာမွာလည်း အျမင္တခုရွိရုံနဲ့ မွန်သြားတယ္လို့ ဆုံျးဖတ္လို့မရပါဘူး။ အားလုံးက ဆြေးနြေးပြီး တေယာက္နဲ့ တေယာက် နွီးနွောဖလွယ်ပြီး အျေဖကိုရွာရမျွာဖစ္ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည္ကျေပာပါတယ်။

တကယ်ျေပာင်းလဲခ်င္စိတ်ရွိရင်ျမန်ျမန်ဆန်ဆန်ျေပာင်းလဲလို့ရပြီျးမန္မာတက္ကသိုလ်ရဲ့ တိုးတက္မှုနှုန်းဟာ ဒေသတြင်းမွာ နွေးနေတယ္လို့ သူက ဆိုပါတယ်။

“က်မတို့တက္ကသိုလ်တြေရဲ့ ပညာရေးက ဘယ်အဆင့်ရွိလဲ ဆိုတာကို ကြည့္လိုက္တဲ့အခါမွာ ဒီ ၂ နွစ်ကော်် ၃ နွစ်အတြင်းမွာ တက္လာတယ်။ က်မတို့ တိုးတက္တယ်ဆိုတာ မွန္တယ်၊ သို့သ္လောည်း က်မတို့ရဲ့ ဒေသအတြင်းက တျခားတက္ကသိုလ်တြေရဲ့ တိုးတက္မှုနှုန်းနဲ့စာရင် က်မတို့ရဲ့ တိုးတက္မှုနှုန်းက နွေးတယ်။ ဘာကြောင့်နွေးတယ်ဆိုတာ အဓိက စဉ်းစားရမယ့္ကိစ္စပါ။ ဘယ်ဟာတြေမွာ အားနည်းခ်က်တြေရွိလဲ ဆိုတော့ က်မတို့ဟာ သုသေသနလုပ္တဲ့ဘက္မွာလည်း အားနည်းနေတယ်။ ဘာသာစကားဘက္မွာလည်း အားနည်းနေတယ်။ Website တြေသုံးတဲ့ နေရာမွာလည်း က်မတို့ရဲ့ တက္ကသိုလ်တြေက အားနည်းနေတယ်။ ဒီသုံးခုစလုံးက ဆက်နွှယ်နေပါတယ်” လို့ျေပာပါတယ်။

အစိုးရေက်ာင်းတြေကို အမ်ားကြီး တိုးတက်စေခ်င္တယ္လို့လည်း သူက ဆိုပါတယ်။

“ဘယ်အလွှာကပဲလာလာ ပညာရွာခ်င္တဲ့သူတြေ ပညာရွာလို့ရနိုင္တဲ့ ပညာရေးစနစ္တခုကို က်မတို့ ထူထောင်နိုင္ဖို့ လိုအပ္ပါတယ်။ အခုဆိုရင် ပုဂ္ဂလိကေက်ာင်းတြေ ရွိတယ်၊ အစိုးရေက်ာင်းတြေရွိ တယ်။ ပြင့္ပငြ့္လင်းလင်ျးေပာရရင် က်မတို့ရဲ့ အစိုးရေက်ာင်းတြေကို အမ်ားကြီး တိုးတက်စေခ်င္တယ်။ ပိုက်ဆံရွိတဲ့ မိဘမ်ားဟာ သူတို့ရဲ့သားသမီးတြေကို ပုဂ္ဂလိကေက်ာင်းတြေကို လွှတ္တယ်ဆိုတဲ့ အစဉ်အလာကို က်မ အားမေပးခ်င္ပါဘူး” လို့ျေပာပါတယ်။

လက်ရွိမွာတော့ နိုင်ငံဟာ ဖြံ့ဖြိုးတိုးတက်ရေးအတြက် ရုန်းကန်နေဆျဲဖစ္လို့ ပညာရေးစနစ် အတြက် သုံးခ်င်သေလာက်၊ အကုန်အက်ခံခ်င်သေလာက် ခံနိုင္တဲ့ အေနအထားမွာ မရွိသေးဘဲ လူငယ်တြေက မိမိတို့ ပညာရရွိရေးအတြက် တာဝန်ယူရမျွာဖစ်ပြီး အစိုးရပိုင်းကလည်း အေကာင်းဆုံး ပညာရေးစနစ္တခု ထူထောင္ဖို့အတြက္ကို တာဝန်ယူရမယ္လို့ သူက ဆိုပါတယ်။

ဓာတ္ပုံ- အတိုင္ပင္ခံရုံး

Source : DVB