fbpx

ကွန်ဂိုတွင် အီဘိုလာရောဂါ ကုသနိုင်သည့် ဆေး ၂ မျိုး ထုတ်လုပ်နိုင်မှု WHO ချီးကျူး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်း ကူးစက်နေတဲ့ အီဘိုလာရောဂါအတွက် ဆေးကုသရာမှာ ရှင်သန်မှု ၉၀ ရာခိုင်နှုန်းထိရှိကြောင်း ပြနိုင်တဲ့ ဆေးနှစ်မျိုးကို စမ်းသပ်ထုတ်လုပ် ကုသနိုင်ပြီဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သြဂုတ် ၁၃ ရက်မှာ ချီးကျူးလိုက်ပါတယ်။

ရေဂျီနီရွန် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ရှာတွေ့ခဲ့တဲ့ REGN-EB3 လို့ ခေါ်တဲ့ အန်တီဘော်ဒီနဲ့ mAb114 လို့ခေါ်တဲ့ မိုနိုကလိုနယ် အန်တီဘော်ဒီ စမ်းသပ်ဆေးဝါးတွေကြောင့် သွေးလွန် အဖျားရောဂါ အီဘိုလာကို သိပ္ပံပညာရှင်တွေက ကုသနိုင်ဖို့ နီးစပ်လာပါပြီ။

ဒီဆေးတွေကို ကွန်ဂိုနိုင်ငံအတွင်းက အီဘိုလာကူးစက်ခံ လူနာအားလုံးကို ပေးဖို့ ကုသရေးဌာန ၁၄ ခုကို ဝေပေးတော့မှာပါ။

ဒီဆေးတွေဟာ အရင်က စမ်းသပ်ကုသပေးနေတဲ့ ZMapp နဲ့ ရမ်ဒေစီဗီယာ ဆေးတွေထက် ပိုပြီး လူနာရှင်သန်နှုန်းများလို့ တခြား ဆေးကုသမှုပုံစံနှစ်မျိုးကို အခု ရပ်တန့်တော့မှာ ဖြစ်ပါတယ်။

စစ်တမ်းအရ REGN- EB3 ဆေးတိုက်ထားတဲ့ လူနာ ၉၄ ရာခိုင်နှုန်း အသက်ရှင်ပြီး mAb114 ဆေးတိုက်ထားတဲ့ လူနာ ၈၉ ရာခိုင်နှုန်း အသက်ရှင်ခဲ့ပါတယ်။

ZMapp ဆေးတိုက်ထားတဲ့ လူနာ ၅၁ ရာခိုင်နှုန်း အသက်ရှင်ပြီး ရမ်ဒေစီဗီယာဆေး တိုက်ထားတဲ့ လူနာ ၄၇ ရာခိုင်နှုန်း အသက်ရှင်ပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရအပြီး ပထမ ၃ ရက်အတွင်း ဆေးကုသမှုခံယူတဲ့ လူနာဟာ အကောင်းဆုံး အသက်ရှည်နိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

၃ ရက်အတွင်း ဆေးကုသခံယူတဲ့ လူနာ သေဆုံးနှုန်းက ၆ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းသာ ရှိတာပါ။ ဒါကြောင့် စောနိုင်သမျှ စောစော ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၁၈ သြဂုတ်လကတည်းက အီဘိုလာဗိုင်းရပ်စ် ကူးစက်နေခဲ့လို့ လူအယောက် ၁၈၀၀ သေဆုံးခဲ့ပြီးပါပြီ။

စစ်သွေးကြွ အကြမ်းဖက်မှုနဲ့ ဒေသခံတချို့က ပြင်ပအကူအညီ လက်ခံဖို့ ငြင်းဆန်နေတာတွေကြောင့် ရောဂါထိန်းချုပ်ရေး အားထုတ်မှုတွေ အနှောင့်အယှက် ဖြစ်နေတာပါ။

WHO က ညှိုနှိုင်း ဆောင်ရွက်ပေးတဲ့ နိုင်ငံတကာ သုတေသနအဖွဲ့က မနှစ် နိုဝင်ဘာကစပြီး ကွန်ဂိုနိုင်ငံအတွင်း စမ်းသပ် ဆေးကုသပေးခဲ့ပါတယ်။

၂၀၁၃ ကနေ ၂၀၁၆ ကြား အနောက်အာဖရိကမှာ အီဘိုလာကူးစက်မှုဟာ ကမ္ဘာ့အကြီးဆုံး ကူးစက်မှု ဖြစ်ခဲ့ပြီး ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယွန် နိုင်ငံတွေထိ ကူးစက်ခဲ့လို့ လူအယောက် ၁၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။


Zawgyi Version

ကြန္ဂိုတြင် အီဘိုလာရောဂါ ကုသနိုင်သည့် ဆေး ၂ မိုး ထုတ္လုပ်နိုင္မှု WHO ခ်ီးက်ူး
DVB

ကြန္ဂိုဒီမိုကရက္တစ်သမ္မတနိုင်ငံအတြင်း ကူးစက်နေတဲ့ အီဘိုလာရောဂါအတြက် ဆေးကုသရာမွာ ရွင်သန္မှု ၉၀ ရာခိုင်နှုန်းထိရွိကြောင်ျးပနိုင္တဲ့ ဆေးနွစ္မိုးကို စမ်းသပ္ထုတ္လုပ် ကုသနိုင်ပျြီဖစ္လို့ ကမ္ဘာ့က်န်းမာရေးအဖြဲ့ကြီး (WHO) က သြဂုတ် ၁၃ ရက္မွာ ခ်ီးက်ူးလိုက္ပါတယ်။

ရေဂ်ီနီရြန် ဆေးဝါးထုတ္လုပ်ရေးလုပ်ငန်းက ရွာတြေ့ခဲ့တဲ့ REGN-EB3 လို့ ခေါ်တဲ့ အန္တီဘ္ဒောီနဲ့ mAb114 လို့ခေါ်တဲ့ မိုနိုကလိုနယ် အန္တီဘ္ဒောီ စမ်းသပ်ဆေးဝါးတြေကြာင့် သြေးလြန် အဖ်ားရောဂါ အီဘိုလာကို သိပ္ပံပညာရွင်တြေက ကုသနိုင္ဖို့ နီးစပ္လာပါပြီ။

ဒီဆေးတြေကို ကြန္ဂိုနိုင်ငံအတြင်းက အီဘိုလာကူးစက္ခံ လူနာအားလုံးကို ပေးဖို့ ကုသေရးဌာန ၁၄ ခုကို ဝေပးတော့မွာပါ။

ဒီဆေးတြေဟာ အရင္က စမ်းသပ္ကုသေပးနေတဲ့ ZMapp နဲ့ ရမ်ဒေစီဗီယာ ဆေးတြေထက် ပိုပြီး လူနာရွင်သန်နှုန်းမ်ားလို့ တျခား ဆေးကုသမှုပုံစံနွစ္မိုးကို အခု ရပ္တန့်တော့မျွာဖစ္ပါတယ်။

စစ္တမ်းအရ REGN- EB3 ဆေးတိုက္ထားတဲ့ လူနာ ၉၄ ရာခိုင်နှုန်း အသက်ရွင်ပြီး mAb114 ဆေးတိုက္ထားတဲ့ လူနာ ၈၉ ရာခိုင်နှုန်း အသက်ရွင္ခဲ့ပါတယ်။

ZMapp ဆေးတိုက္ထားတဲ့ လူနာ ၅၁ ရာခိုင်နှုန်း အသက်ရွင်ပြီး ရမ်ဒေစီဗီယာဆေး တိုက္ထားတဲ့ လူနာ ၄၇ ရာခိုင်နှုန်း အသက်ရွင္ပါတယ်။

ဗိုင်းရပ္စ် ကူးစက္ခံရအပြီး ပထမ ၃ ရက်အတြင်း ဆေးကုသမှုခံယူတဲ့ လူနာဟာ အေကာင်းဆုံး အသက်ရွည်နိုင္တယ္လို့ WHO က သတိပေးထားပါတယ်။

၃ ရက်အတြင်း ဆေးကုသခံယူတဲ့ လူနာ သေဆုံးနှုန်းက ၆ ရာခိုင်နှုန်းကေန ၁၁ ရာခိုင်နှုန်းသာ ရွိတာပါ။ ဒါကြောင့် စောနိုင်သမွ် စောစော ကုသမှုခံယူဖို့ အေရးကြီးပါတယ်။

ကြန္ဂိုနိုင်ငံ အေရွ့ပိုင်းမွာ ၂၀၁၈ သြဂုတ္လကတည်းက အီဘိုလာဗိုင်းရပ္စ် ကူးစက်နေခဲ့လို့ လူအေယာက် ၁၈၀၀ သေဆုံးခဲ့ပြီးပါပြီ။

စစ်သြေးကြ အကြမ်းဖက္မှုနဲ့ ဒေသခံတခို့ကျပင္ပအကူအညီ လက္ခံဖိျု့ငင်းဆန်နေတာတြေကြာင့် ရောဂါထိန်းခ်ုပ်ရေး အားထုတ္မှုတြေ အေနွာင့်အယွက်ျဖစ်နေတာပါ။

WHO က ညှိုနှိုင်း ဆောင်ရက်ြပေးတဲ့ နိုင်ငံတကာ သုတေသနအဖြဲ့က မနွစ် နိုဝင္ဘာကစပြီး ကြန္ဂိုနိုင်ငံအတြင်း စမ်းသပ် ဆေးကုသေပးခဲ့ပါတယ်။

၂၀၁၃ ကေန ၂၀၁၆ ကြား အေနာက်အာဖရိကမွာ အီဘိုလာကူးစက္မှုဟာ ကမ္ဘာ့အကြီးဆုံး ကူးစက္မျှုဖစ္ခဲ့ပြီး ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယြန် နိုင်ငံတြေထိ ကူးစက္ခဲ့လို့ လူအေယာက် ၁၁၃၀၀ ကော်် သေဆုံးခဲ့ပါတယ်။

Source : DVB