fbpx

ဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားမှု မန္တလေးပညာရေးကောလိပ်ကျောင်းတွင် ပြုလုပ်

ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံတာတွေ မရှိစေဖို့အတွက် မန္တလေး ပညာရေးကောလိပ်က ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖဲကြိုးစိမ်း ကမ်ပိန်းကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၆၆ လမ်းမှာ သြဂုတ် ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မန္တလေးပညာရေးကောလိပ် ‌ကျောင်းသားများသမဂ္ဂ ကျောင်းသား ညီညီဇင်က “ပညာရေး ဝန်ကြီးဌာနအနေနဲ့ B.A (Edu) နဲ့ B.Sc(Edu) ဘွဲ့ပေးဖို့ သင်တန်းတွေ ဖွင့်လှစ်မယ်ဆိုပြီး တနှစ်နီးပါး ကြာလာပေမယ့် ဘွဲ့အရည်အသွေး အာမခံမူများနဲ့ တိကျတဲ့မူဝါဒတွေ မရှိသေးတာရယ်၊ ပညာရေးကောလိပ်ဆင်းများအနေနဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှာ အဝေးသင် တက်ရောက်ရာမှာလည်း လစာဖြတ်တာတွေ လုံလောက်တဲ့ ခွင့်ရက်မပေးတာတွေ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံတာတွေ ရှိနေလို့ အခုလို ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ပညာရေးကောလိပ်ကျောင်းများ အပါအဝင် တက္ကသိုလ် ကျောင်းအသီးသီးက ကျောင်းတွေက တရက် ၂ ကျောင်းနှုန်းနဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ဆက်လက်ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

အခုတောင်းဆိုချက်တွေဟာ နိုင်ငံအဝှမ်းက ကောလိပ်ကျောင်းသူကျောင်းသားတွေနဲ့ တိုက်ရိုက် သက်ဆိုင်ရုံသာမက ပညာရေးကောလိပ်ဆင်းတွေ၊ အခြေခံဆရာ၊ ဆရာမတွေနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများအားလုံးက ပူးပေါင်းပါဝင်ပေးဖို့ ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းထားပါတယ်။

ဖဲကြိုးစိမ်း ကမ်ပိန်းကို မန္တလေး ပညာရေးကောလိပ်ကျောင်းဝင်းအတွင်းမှာ အင်အား ၁၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့ပြီး မုံရွာ ပညာရေးကောလိပ်ကျောင်းနဲ့အတူ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဖဲကြိုးစိမ်းကမ္ပိန်း လှုပ်ရွားမှု မန္တေလးပညာရေးကောလိပ်ကော်င်းတြင်ျပုလုပ်

ပညာရေးကောလိပ် ကော်င်းသားသမဂ္ဂမ်ားအေပါ် ဖိနွိပ္မှုတြေ၊ ချြဲခားဆက်ဆံတာတြေ မရွိစေဖို့အတြက် မန္တေလး ပညာရေးကောလိပ္က ကော်င်းသားမ်ားသမဂ္ဂက ဦးဆောင်ပြီး ဖဲကြိုးစိမ်း ကမ္ပိန်းကို မန္တေလးတိုင်း၊ ခ်မ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၆၆ လမ်းမွာ သြဂုတ် ၁၉ ရက်နေ့ကျပုလုပ္ခဲ့ပါတယ်။

မန္တေလးပညာရေးကောလိပ် ‌ကော်င်းသားမ်ားသမဂ္ဂ ကော်င်းသား ညီညီဇင္က “ပညာရေး ဝန်ကြီးဌာနအေနနဲ့ B.A (Edu) နဲ့ B.Sc(Edu) ဘြဲ့ပေးဖို့ သင္တန်းတြေ ဖြင့္လွစ္မယ်ဆိုပြီး တနွစ္နီးပါး ကြာလာပေမယ့် ဘြဲ့အရည်အေသြး အာမခံမူမ်ားနဲ့ တိက်တဲ့မူဝါဒေတြ မရွိသေးတာရယ်၊ ပညာရေးကောလိပ်ဆင်းမ်ားအေနနဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ္မ်ားမွာ အေဝးသင် တက်ရောက်ရာမွာလည်း လဈာဖတ္တာတြေ လုံလောက္တဲ့ ခြင့်ရက္မေပးတာတြေ ပညာရေးကောလိပ် ကော်င်းသားသမဂ္ဂမ်ားအေပါ် ဖိနွိပ္မှုတြေ ချြဲခားဆက်ဆံတာတြေ ရွိနေလို့ အခုလို ဖဲကြိုးစိမ်းကမ္ပိန်ျးပုလုပ်ရတျာဖစ္တယ်”လို့ျေပာပါတယ်။

ပညာရေးကောလိပ်ကော်င်းမ်ား အပါအဝင် တက္ကသိုလ် ကော်င်းအသီးသီးက ကော်င်းတြေက တရက် ၂ ကော်င်းနှုန်းနဲ့ ဖဲကြိုးစိမ်းကမ္ပိန်း ဆက္လက်ျပုလုပ်သြားကြမျွာဖစ္ပါတယ်။

အခုတောင်းဆိုခ်က်တြေဟာ နိုင်ငံအဝွမ်းက ကောလိပ်ကော်င်းသူကော်င်းသားတြေနဲ့ တိုက်ရိုက် သက်ဆိုင်ရုံသာမက ပညာရေးကောလိပ်ဆင်းတြေ၊ အျေခခံဆရာ၊ ဆရာမေတြနဲ့လည်း သက်ဆိုင်နေတဲ့အတြက် က်ယ္က်ယ်ျပန့်ျပန့်ျဖစ်အောင် ဆောင်ရက်ြနိုင္ဖို့ ကော်င်းသား ကော်င်းသူမ်ား၊ အျေခခံပညာကော်င်းမ်ားက ဆရာ၊ ဆရာမမ်ားအားလုံးက ပူးပေါင်းပါဝင်ပေးဖို့ ပညာရေးကောလိပ် ကော်င်းသားမ်ားသမဂ္ဂက တိုက္တြန်းထားပါတယ်။

ဖဲကြိုးစိမ်း ကမ္ပိန်းကို မန္တေလး ပညာရေးကောလိပ်ကော်င်းဝင်းအတြင်းမွာ အင်အား ၁၀၀ နီးပါးနျဲ့ပုလုပ္ခဲ့ပြီး မုံရြာ ပညာရေးကောလိပ်ကော်င်းနဲ့အတူ တပြိုင္တည်ျးပုလုပ္ခဲ့ပါတယ်။

Source : DVB