fbpx

တိုက်ပွဲများနှင့် ၈ နှစ်ပြည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာ – ဦးလှမောင်ရွှေကို မေးမြန်းချက်

အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု ၈ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေလည်း အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ၈ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှု ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အားနည်းချက်၊ အားသာချက် ဒါတွေနဲ့ပတ်သက်လို့ အစိုးရငြိမ်းရေးရေးကိုယ်စားလှယ်အဖွဲ့က ဦးလှမောင်ရွှေကို ဒီဗွီဘီသတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှု ၈ နှစ်ပြည့်ပြီဆိုတော့ အခုချိန်ထိ မြန်မာနိုင်ငံ ငြိမ်းမှုဆွေးနွေးမှု ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ။

ဖြေ။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ အရင်အစိုးရသမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာ တွေ့ရတယ်။ လက်မှတ်ထိုးပြီး ၃ လအကြာ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်အစိုးရက အောင်နိုင်သူဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရ တက်လာတဲ့အတွက် နောက်ပိုင်းမှာ နောက်အစိုးရက တာဝန်ယူ ဆက်လုပ်တယ်။ အားသာချက်က အရင်တုန်းကလို စုစည်းပြီးတော့ ညှိနှိုင်းမှု မရှိတာကနေ ၂၀၁၃ မှာရှိလာတယ်။ ၂၀၁၅ မှာ ၁၉၄၇ ပင်လုံစာချုပ် ပြီးရင် ဒုတိယ လက်မှတ်ထိုးထားတဲ့ NCA စာချုပ်ဆိုတာ ရှိလာတယ်။ NCA အကောင်အထည်ဖော်မှုတွေ ရှိလာတယ်၊ ဒါတွေက အားသာချက်တွေပဲ။ အားနည်းချက်က အဖြူရောင်နယ်မြေ ဖြစ်ခဲ့တဲ့ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်နေတာ တွေ့ရတယ်။ အရှေ့မြောက်မှာလည်း ၂၀၁၁ တုန်းက ပြင်းပြင်းထန်ထန် မရှိခဲ့တဲ့ အခုတော့ တိုက်ပွဲတွေ ပျံ့နှံ့ပြီးတော့ လူထုပါ စိုးရိမ်မှုတွေရှိလာတဲ့ အခြေအနေမျိုးတွေ ရောက်လာတာပေါ့။ ကျနော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းမှု အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တပြိုင်နက်တည်းပဲ ဆောင်ရွက်ရမယ့်လုပ်ငန်းက  ၃ ခုရှိနေတယ်လို့ ကျနော် နားလည်သလို သုံးသပ်ရရင် နံပါတ် ၁ ကတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက လမ်းကြောင်းတခု၊ ဒုတိယ တခုကတော့ ကျနော်တို့ရဲ့ ပညာရေး ဆင်ခြင်တုံတရား ပိုင်းဖြတ်နိုင်တဲ့ အရည်အသွေးမြှင့်တင်နိုင်တဲ့ လုပ်ငန်းနဲ့ တတိယတခုကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒီ ၃ ခုစလုံးက တပြိုင်နက်တည်း လုပ်မှရမယ်၊ တခုခုက နောက်ကျနေရင်လည်း ကြာမှာပဲ။ ၃ ခုစလုံး တပြိုင်နက်တည်း လုပ်နိုင်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ငြိမ်းချမ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတွေက ရှိလာမယ်လို့ ထင်တယ်။ အဲဒါကိုတော့ တခြားနည်းလမ်းမရှိဘူး ဒီနည်းလမ်းနဲ့ပဲ ဆက်ပြီး ကြိုးစား ဆောင်ရွက်ကြရမှာပဲ။ နှေးတာ မြန်တာကတော့ အဲဒီ ၃ ခု တပြိုင်နက်တည်း အကောင်အထည်ဖော်နိုင်တဲ့အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

မေး။ ၂၀၁၀ နိုင်ငံရေးပြောင်းလဲမှုအရ ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက အရှိန်နဲ့သွားနိုင်ပြီး အန်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုက အရှေ့ကို မရောက်နိုင်ဘဲ တုံ့ဆိုင်းနေတော့ ဒီအစိုးရနှစ်ခုကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုက ဘာကြောင့် ကွာဟနေရတာလဲ။

ဖြေ။ တူတာတွေလည်း ရှိပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ  ရွေးကောက်ပွဲတွေမှာ အားလုံး ဝင်မပြိုင်ခဲ့တဲ့ အကန့်အသတ်ပေါ့။ အထူးသဖြင့် အကြီးဆုံး အတိုက်အခံပါတီက ဝင်မပြိုင်ခဲ့တဲ့ အကန့်အသတ်တွေရှိတော့ တရားဝင်မှုနဲ့ ဂုဏ်သရေရှိမှုကတော့ အဲအချိန်မှာ မေးခွန်းတခု မေးဖို့ရှိခဲ့တာပေါ့။ အန်အယ်လ်ဒီလက်ထက်မှာတော့ အားလုံး ဝင်ပြိုင်ပြီး တော့ လူထုက အများအပြား မဲထည့်ပြီးတော့ နိုင်တာမျိုးရှိတော့ သူရဲ့ Legitimacy က ပိုကောင်းတယ်။ ဒါပေမဲ့ ဦးသိန်းစိန် လုပ်တုန်းကတော့ မထင်ထားဘဲနဲ့ ဖိတ်ခေါ်ပြီးတော့ အင်တိုက်အားတိုက်နဲ့ ဆွေးနွေးပြီးတော့ အဲဒီအဆင့်တခုထိတော့ ရောက်ခဲ့တယ်။ အခုကတော့ နိုင်ငံရေးဆွေးနွေးမှုက နောက်တဆင့် ဖြစ်တယ်ဆိုတော့ နိုင်ငံရေး သဘောတူညီချက်ရဖို့ဆိုတဲ့ ကိစ္စကတော့  အပစ်အခပ် ရပ်စဲတာလောက်တော့ မလွယ်ဘူး။ မမြန်ဘူးဆိုတဲ့ သဘောကတော့ နိုင်ငံတကာမှာလည်း ရှိတာပါပဲ။ ဒါကို ဆက်ပြီး ကြိုးစားလုပ်ဖို့ပါပဲ။ 

မေး။ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဘာပြောလာတာ ရှိလဲဆိုတော့ အရင်အစိုးရလက်ထက်က ကတိကဝတ်တွေကို လက်ရှိအစိုးရက ဆက်ပြီးဖော်ဆောင်တာ မရှိဖူးတာကြောင့် နှောင့်နှေးလာတာဆိုတဲ့ သုံးသပ်ချက်တွေရှိတော့ ဒီသုံးသပ်ချက်တွေက လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မှန်ကန်သလား။

ဖြေ။ တချို့အရာတွေက မမှန်ပါဘူး။ အဲတုန်းက ကျနော်တို့ သတိထားမိတာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် Bilateral လက်မှတ်ထိုးထားတာတွေ ရှိတယ်။ အဲအချိန်အဲဒီအခါက နှစ်ဖက် ပြောခဲ့ပေမယ့် တချို့ကိစ္စရပ်တွေက လက်တွေ့ဘဝမှာ လုပ်ငန်းဆောင်ရွက်ဖို့ အင်မတန်ကို ခက်တာရှိတယ်။ ချက်ချင်း လုပ်လို့မရဘူး။ ဆိုလိုတာကတော့ တချို့ကိစ္စတွေက အကောင်အထည်မဖော်ဘူး ဆိုတာက နှစ်ဖက်ကြားမှာ ညှိနှိုင်းဖို့လိုသလို ယုံကြည်မှုတည်ဆောက်တာလည်း ဒီထက် ပိုမြင့်ဖို့လိုတယ်။ အဲဒါမှာ အခုလုပ်လို့ ရတယ်၊ မရဘူးဆိုတာ ပြောလို့ရမှာဖြစ်တော့ အဲဒီသုံးသပ်ချက်ကတော့ အားလုံး မှန်တယ်လို့တော့ ပြောလို့မရဘူး၊ တချို့အစိတ်အပိုင်းမှာတော့ မှန်ပါတယ်။

မေး။ တချို့သုံးသပ်ကြတာက သမ္မတဦးသိန်းစိန် အစိုးရက အရပ်သားအစိုးရလို့ ပြောကြပေမယ့် စစ်တပ်ကနေလာလို့ စစ်တပ်ထောက်ခံမှု ရှိတာကြောင့် အောင်မြင်တာ၊ အန်အယ်လ်ဒီအစိုးရနဲ့ စစ်တပ်ကြား ဆက်ဆံရေးကြောင့် ရှေ့မရောက်တာလို့ သုံးသပ်တာတွေ ရှိတော့ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ အဲဒီအချိန်တုန်းကတော့ အခုအစိုးရထက် အဆင်ပြေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရပဲ တာဝန်ယူယူ ကျနော်တို့လို နိုင်ငံမျိုးမှာတော့ တပ်မတော်ရဲ့ ပါဝင်မှုကတော့ အရေးကြီးနေဆဲ ဖြစ်ဦးမှာပါပဲ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေး လိုချင်တယ်လို့ ကျနော် ယုံတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဓိကဆောင်ရွက်ခဲ့တာက နိုင်ငံရေးဆွေးနွေးမှုထက် အပစ်အခတ်ရပ်စဲရေးနဲ့ အန်စီအေ လက်မှတ်ထိုရေးကို အဓိက ဆောင်ရွက်ခဲ့တာ။ အခုအစိုးရပဲဖြစ်ဖြစ် ၂၀၂၀ နောက်ပိုင်းမှာ တာဝန်ယူမယ့် အစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ ညှိနှိုင်းဖို့ အဆင်ပြေ ချောမွေ့ဖို့ဆိုတာကလည်း အမှန်ပဲ။ ဒါတွေက  နှစ်ဖက် ယုံကြည်မှု တည်ဆောက်ပြီးတော့ ညှိနှိုင်းနိုင်မယ်ဆိုရင် နောက်အစိုးရတွေလည်း သမ္မတဦးသိန်းစိန် အစိုးရထက်ပိုပြီးတော့ အရှေ့ကို ရောက်သွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

မေး။ ဒါဆိုရင် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရှေ့ကို မရောက်နိုင်ဖြစ်နေတာက အဓိက အခက်ခဲက ဘာဖြစ်မလဲ။

ဖြေ။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဖော်ဆောင်နေတာက လုပ်ငန်းစဉ် ၂ ခု ရှိတယ်။ တခုက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအပါအဝင် ၂၁ ရာစုပင်လုံနဲ့ နိုင်ငံရေး သဘောတူညီချက်တွေရဖို့ လုပ်နေတာရှိသလို ကျန်တဲ့တခြားဘက်မှာတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ Bilateral မထိုးရသေး ရင် Bilateral ထိုးမယ်။ NCA မထိုးရသေးတဲ့သူက NCA ထိုးမယ်ဆိုတဲ့ ကြိုးစားမှုရှိတယ်။ အဲဒီ ၂ ခုက  တပြိုင်နက်တည်း သွားနေတယ်။ အဲဒီ ၂ ခုလုံးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်။ ကြိုးစားပြီးတော့လည်း ဆောင်ရွက်နေတယ်။ ဒါကတော့ နှစ်ဖက်ကြားမှာ မြန်မြန်တွေ့ရမယ်၊ များများတွေ့ရမယ်၊ ညှိနှိုင်းမှုတွေ များများလုပ်မယ်ဆိုရင်တော့ ပိုပြီး နားလည်မှုရှိလာပြီးတော့ သူရဲ့လိုရင်းတွေလည်း ရောက်နိုင်ပါတယ်။ အခုချိန်မှာ နှေးနေပေမယ့် လာမယ့်ကာလတွေမှာတော့ မြန်လည်း မြန်လာနိုင်ပါတယ်။ ဒါက ပါဝင်ပတ်သတ်သူတွေ Keyplayer တွေအားလုံးပေါ်မှာ မူတည်ပါတယ်။

မေး။ ဖက်ဒရယ်လို့ပြောရင် အစိုးရ တပ်မတော်အပါအဝင် တဖွဲ့ချင်းက ပြောတာတွေက မတူညီကြဘူး။ အဲဒီလိုပဲ အားလုံးက ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတဲ့အပေါ်မှာရော ဘယ်လိုမျိုး ငြိမ်းချမ်းရေးမျိုးကို လိုချင်နေကြတာလဲ။

ဖြေ။ ယေဘုယျအားဖြင့် အားလုံး နားလည်ထားကြတာက ငြိမ်းချမ်းရေးဆိုတာက အခုရှိနေတဲ့ ပဋိပက္ခကို လက်နက်ကိုင်ပြီး မဖြေရှင်းဘူး၊ လက်နက်ကိုတော့ ခဏကိုင်ထားမယ်၊ အပစ်အခတ်ရပ်မယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်၊ နိုင်ငံရေး သဘောတူညီချက်တွေရရင် လက်နက်ကိုင်ထားတာကို ပုံစံပြောင်းရမယ်၊ ဒါမှမဟုတ် လက်နက်ကိုင်ထားတာကို စွန့်မယ်။ ပြီးရင် ဒါတွေကို အကောင်အထည်ဖော်ပြီးတော့ လက်နက်ကို ပဋိပက္ခမရှိတဲ့ ကာလတခုကို သွားတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို့ နားလည်ထားကြတယ်။ အားလုံးက ရှင်းပါတယ်။ ဒါပေမဲ့ လိုလားမှု မတူတာတော့ ရှိတယ်။ တချို့က ဖက်ဒရယ်လို့ ပြောပေမယ့် ကွန်ဖက်ဒရေးရှင်း အတော်ကို များများလိုချင်တာရှိတယ်။ တချို့ကတော့ ဖြစ်သင့်တဲ့ ဖြစ်နိုင်တဲ့ အနေထားလောက်မှာပဲ ညှိနှိုင်းပြီးတော့ သွားချင်တယ်ဆိုတာရှိတော့ ဒါတွေက သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေပေါ်မှာလည်း မူတည်နေတယ်ဗျ။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ တနိုင်ငံလုံးနဲ့ ခြုံပြီး စဉ်းစားပြီးတော့ ဖြစ်သင့်တဲ့ ဖြစ်နိုင်တာကိုပဲ ဦးတည်ပြီး ဆွေးနွေးမှာပဲဗျ။

မေး။ အခုဆို KNU ကလည်း တရားဝင် ဆွေးနွေးပွဲတွေကို ပြန်လာတော့မယ့်ဆိုတော့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ဆက်သွားဖို့ အားကောင်းလာနိုင်လား။

ဖြေ။ ၂၀၁၈ အောက်တိုဘာမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ တွေ့ခဲ့တာကနေ ရေတွက်ရင် ၁၀ လနီးပါး အချိန်တွေဆုံးရှုံးခဲ့ပြီ။ NCA မှာ ပြဋ္ဌာန်းထားတာက လက်မှတ်ရေးထိုးတဲ့သူတွေဟာ အခက်အခဲ ရှိတယ်၊ အိုင်ဒီယာတွေ မတူဘူးဆိုရင် သူတို့ ညှိနှိုင်းရမယ့် ပလက်ဖောင်းကတော့ JICM မှာ ညှိနှိုင်းရမှာဗျ။ NCA အတိုင်း သွားမယ်၊ အကောင်ထည်ဖော်မယ်ဆိုရင် အဲလို အစည်းအဝေးတွေမှာ တင်ပြကြရမှာ။ အခုကတော့ ၉ လ၊ ၁၀ လလောက် အချိန်တွေကုန်နေပြီ။ နောက်အခါတွေမှာ ဆွေးနွေးပွဲတွေ၊ စားပွဲဝိုင်းတွေမှာ NCA  မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ညှိနှိုင်းတိုင်ပင်ဖို့ ကျနော်တို့ဘက်ကတော့ မျှော်လင့်တယ်။ အဲဒီအတွက် ကျနော်တို့အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေ ချင်းမိုင်တို့မှာ သွားပြီး ယုံကြည်မှုတွေ တည်ဆောက်ဖို့ အလွတ်သဘော ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ ပြင်ဆင်နေတာပါပဲ။ 

မေး။ မြောက်ပိုင်းအဖွဲ့တွေကို Bilateral မူကြမ်းတွေ ပေးပြီးခဲ့ပေမယ့် ဆွေးနွေးမယ့် နေရာအခက်ခဲတွေ အခုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် သူတို့နဲ့ဆွေးနွေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘယ်လောက် ထိခိုက်နိုင်လဲ။

ဖြေ။ ၁၅ ရက်နေ့က နေစပြီး ပြန်ပြီးဖြစ်တဲ့ ရှမ်းအရှေ့မြောက်ဒေသမှာ ရှိတဲ့ တိုက်ခိုက်မှုတွေကတော့ အခု လက်ရှိဆွေးနွေးနေတဲ့ ၄ ဖွဲ့နဲ့ ဆွေးနွေးနေတဲ့ Bilateral တွေအတွက်ကတော့ အတော့်ကို ထိခိုက်မှု ရှိမှာပါပဲ။ ဒီအရာတွေကြောင့် ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေ ပိုကြာနိုင်တယ်။ စားပွဲဝိုင်းပေါ် ရောက်ဖို့လည်း ပိုကြာနိုင်တယ် ရလဒ်တွေ ထွက်ဖို့လည်း ပိုခက်နိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဆက်လုပ်မယ် ဆိုရင်တော့ တွေ့ဆုံညှိနှိုင်းရေးကတော့ တကြိမ်မဟုတ် တကြိမ် လုပ်ရမှာပါပဲ။

မေး။ ဒါဆိုရင် အခုတိုက်ပွဲတွေက နောက်ဆွေးနွေးမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိခိုက်မှု ရှိနိုင်တာပေါ့။

ဖြေ။ အစိုးရကိုယ်စားလှယ်တွေဘက်ကလည်း ဆွေးနွေးနိုင်မယ့်နေရာတွေကို ကမ်းလှမ်းထားတာ ရှိပါတယ်။ တချို့အဖွဲ့တွေ့ကလည်း ဒီနေရာကို အဆင်ပြေတယ်လို့ အကြောင်းပြန်ပေမယ့် တချို့အဖွဲ့တွေကလည်း မတုံ့ပြန်တာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ဆက်ပြီးကြိုးစားပြီးတော့ စားပွဲဝိုင်းပေါ် ဆွေးနွေးနိုင်ဖို့ ပြင်ဆင်ရမှာပါပဲ။

မေး။ ဝ အဖွဲ့အပါအဝင် မိုင်းလားအဖွဲ့တွေနဲ့ အစိုးရဘက်က ဆွေးနွေးတာတွေက အားရကျေနပ်စရာကောင်းတဲ့ ရလဒ်တွေ ထွက်နေပြီလား။

ဖြေ။ အခုချိန်ထိ နှစ်ပေါင်း ၃၀ အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းထားနိုင်တာက ကောင်းပါတယ်။ ပဋိပက္ခမရှိဘူး ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ချက်ချင်း မဆွေးနွေးနိုင်ဘူး ဆိုရင်တောင်မှ ဘယ်သူမှ မနစ်နာဘူးပေါ့။ အထူးသဖြင့် လူထုမနစ်နာဘူးပေါ့။ အခု ရှမ်းအရှေ့မြောက်ဒေသမှာရှိတဲ့ တိုက်ခိုက်မှုတွေက ၃ ရက်တာအတွင်းမှာဆိုရင် လူထု ၄ ယောက်လောက် သေဆုံးသွားပြီ၊ ကုန်သွယ်မှုတွေပါ ပြတ်တောက်သွားပြီ။ သွားလာရေး ပြတ်တောက်တယ်၊ လူထုက စိုးရိမ်မှုများလာတယ်။ ဒါတွေကတော့ မကောင်းဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပဋိပက္ခမရှိဘူး ဆိုရင်တော့ ကောင်းပါတယ်။

မေး။ အန်အယ်လ်ဒီ အစိုးရ သက်တမ်းအတွင်း ၂၀၂၀ မတိုင်ခင်မှာ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံက ဖြစ်လာနိုင်သလား။

ဖြေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တာဝန်အရှိဆုံးက UPDJC လို့ခေါ်တဲ့ ပြည်ထောင်စုဆွေးနွေးမှုပူးတွဲကော်မတီက တာဝန်အရှိဆုံးလို ဖြစ်နေတယ်။ အဲဒီမှာရှိနေတဲ့ တာဝန်ရှိဆုံးသူ အကုန်လုံးလိုလိုက NCA မှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၉ ခုနှစ်အတွင်း ဒါမှမဟုတ် ၂၀၂၀ ဇန်နဝါရီလမှာ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက လက်နက်ကိုင်ပဋိပက္ခအစား စားပွဲဝိုင်းပေါ်ကနေ အောင်မြင်တဲ့ နှစ်ဖက် သဘောတူတဲ့ ရလဒ်တွေအရ ဒါတွေကို ဆက်ပြီးအကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေ ဆက်ရှိဖို့ လိုတယ်။ ဆွေးနွေးပွဲတွေက လာမယ့်လတွေအတွင်းမှာ ဖြစ်နိုင်ဖို့အတွက် မျှော်လင့်ထားတယ်။ ဒါကို တာဝန်အရှိဆုံးသူတွေအပြင် တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေအားလုံး ကူညီမှ ဒီလိုလုပ်ငန်းစဉ်က ပိုပြီး မြန်မြန်ဆန်ဆန် အောင်မြင်မှာပါ။ ဒါကြောင့် ငြိမ်းချမ်းရေးနည်းလမ်းက တခြားနည်းလမ်း မရှိဘူး။ ညှိနှိုင်းဆွေးနွေးတဲ့ လမ်းကြောင်းက ဆက်ပြီး အားလုံးက ဆက်ပြီး လျှောက်ရမှာပါပဲ။ ဒါကို အောင်မြင်အောင် လျှောက်နိုင်ဖို့ အားလုံးက မေတ္တာရပ်ခံလိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

တိုက္ပြဲမ်ားနွင့် ၈ နွစ်ျပည့် ငြိမ်းခ်မ်းရေးဆြေးနြေးမှုအလားအလာ – ဦးလွေမာင်ရွှေကို မေျးမန်းခ်က်

အရပ်သားအစိုးရလက္ထက္မွာ ငြိမ်းခ်မ်းရေးဆြေးနြေးမှု ၈ နွစ်ျပည့်ျေမာက္ခဲ့ပျြီဖစ္ပါတယ်။ လက်ရွိမွာ တိုက္ပြဲတြေလည်း အျပင်းအထန်ျဖစ္ပြားနေပါတယ်။ ၈ နွစ္တာကာလအတြင်း ငြိမ်းခ်မ်းရေးဆြေးနြေးမှု ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ၊ ငြိမ်းခ်မ်းရေးဆြေးနြေးမှုတြေမွာ အားနည်းခ်က်၊ အားသာခ်က် ဒါတြေနဲ့ပတ်သက္လို့ အစိုးရငြိမ်းရေးရေးကိုယ္စားလွယ်အဖြဲ့က ဦးလွေမာင်ရွှေကို ဒီဗြီဘီသတင်းထောက် အောင်သူက ဆက်သြယ်မေျးမန်းထားပါတယ်။

မေး။ အရပ်သားအစိုးရလက္ထက္မွာ ငြိမ်းခ်မ်းရေးဆြေးနြေးမှု ၈ နွစ်ျပည့်ပြီဆိုတော့ အခုခိန္ထျိမန္မာနိုင်ငံ ငြိမ်းမှုဆြေးနြေးမှု ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ။

ေ်ဖ။ ၂၀၁၁ ခုနွစ် သြဂုတ္လ ၁၈ ရက်နေ့မွာ အရင်အစိုးရသမ္မတ ဦးသိန်းစိန္က တနိုင်ငံလုံးကို ငြိမ်းခ်မ်းရေး ဆြေးနြေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ၂၀၁၅ အောက္တိုဘာ ၁၅ ရက်နေ့မွာ NCA စာခ်ုပ် လက္မွတ်ရေးထိုးခဲ့ကြတာ တြေ့ရတယ်။ လက္မွတ္ထိုးပြီး ၃ လအကြာ ရြေးကောက္ပြဲမွာ သမ္မတဦးသိန်းစိန်အစိုးရက အောင်နိုင်သျူဖစ္တဲ့ အမိုးသားဒီမိုကေရစီအစိုးရ တက္လာတဲ့အတြက် နောက္ပိုင်းမွာ နောက်အစိုးရက တာဝန်ယူ ဆက္လုပ္တယ်။ အားသာခ်က္က အရင္တုန်းကလို စုစည်းပြီးတော့ ညှိနှိုင်းမှု မရွိတာကေန ၂၀၁၃ မွာရွိလာတယ်။ ၂၀၁၅ မွာ ၁၉၄၇ ပင္လုံစာခ်ုပ် ပြီးရင် ဒုတိယ လက္မွတ္ထိုးထားတဲ့ NCA စာခ်ုပ်ဆိုတာ ရွိလာတယ်။ NCA အေကာင်အထည်ဖ္မေှာုတြေ ရွိလာတယ်၊ ဒါတြေက အားသာခ်က်တြေပဲ။ အားနည်းခ်က္က အျဖူရောင္နယ်ျေမျဖစ္ခဲ့တဲ့ ရခိုင္မွာ တိုက္ပြဲတျြေဖစ်နေတာ တြေ့ရတယ်။ အေရွ့ျေမာက္မွာလည်း ၂၀၁၁ တုန်းကျပင်ျးပင်းထန္ထန် မရွိခဲ့တဲ့ အခုတော့ တိုက္ပြဲတြေ ပ်ံ့နွံ့ပြီးတော့ လူထုပါ စိုးရိမ္မှုတြေရွိလာတဲ့ အျေခအေနမိုးတြေ ရောက္လာတာပေါ့။ က်န္တောို့နိုင်ငံရဲ့ အသြင္ကူျးေပာင်းမှု အထူးသျဖင့် ဒီမိုကေရစီ အသြင္ကူျးေပာင်းမှုမွာ တပြိုင္နက္တည်းပဲ ဆောင်ရက်ြရမယ့္လုပ်ငန်းက  ၃ ခုရွိနေတယ္လို့ က်နော် နားလည်သလို သုံးသပ်ရရင် နံပါတ် ၁ ကေတာ့ စီးပြားရေး ဖြံ့ဖြိုးတိုးတက္မှုက လမ်းကြောင်းတခု၊ ဒုတိယ တခုကေတာ့ က်န္တောို့ရဲ့ ပညာရေး ဆင်ျခင္တုံတရား ပိုင်ျးဖတ်နိုင္တဲ့ အရည်အေသြျးမှင့္တင်နိုင္တဲ့ လုပ်ငန်းနဲ့ တတိယတခုကေတာ့ ငြိမ်းခ်မ်းရေးနဲ့ အမိုးသာျးပန္လည်သင့်ျမတ်ရေး အဲဒီ ၃ ခုစလုံးက တပြိုင္နက္တည်း လုပ္မွရမယ်၊ တခုခုက နောက္က်နေရင္လည်း ကြာမွာပဲ။ ၃ ခုစလုံး တပြိုင္နက္တည်း လုပ်နိုင်ရင်တော့ က်န္တောို့နိုင်ငံရဲ့ အသြင္ကူျးေပာင်းရေး ငြိမ်းခ်မ်ရေး ဖြံ့ဖြိုးတိုးတက်ရေးတြေက ရွိလာမယ္လို့ ထင္တယ်။ အဲဒါကိုတော့ တျခားနည်းလမ်းမရွိဘူး ဒီနည်းလမ်းနဲ့ပဲ ဆက်ပြီး ကြိုးစား ဆောင်ရက်ြကြရမွာပဲ။ နွေးတျာမန္တာကေတာ့ အဲဒီ ၃ ခု တပြိုင္နက္တည်း အေကာင်အထည်ဖော်နိုင္တဲ့အေပ်ါမွာ မူတည္မယ္လို့ ထင္ပါတယ်။

မေး။ ၂၀၁၀ နိုင်ငံရေျးေပာင်းလဲမှုအရ ဦးသိန်းစိန္လက္ထက္မွာ ငြိမ်းခ်မ်းရေး ဖော်ဆောင္မှုက အရွိန္နဲ့သြားနိုင်ပြီး အန်အယ္လ္ဒီ အစိုးရလက္ထက် ငြိမ်းခ်မ်းရေးဖော်ဆောင္မှုက အေရွ့ကို မေရာက်နိုင္ဘဲ တုံ့ဆိုင်းနေတာ့ ဒီအစိုးရနွစ္ခုကြား ငြိမ်းခ်မ်းရေးဖော်ဆောင္မှုက ဘာကြောင့် ကြာဟေနရတာလဲ။

ေ်ဖ။ တူတာတြေလည်း ရွိပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရ လက္ထက္မွာ  ရြေးကောက္ပြဲတြေမွာ အားလုံး ဝင္မပြိုင္ခဲ့တဲ့ အကန့်အသတ်ပေါ့။ အထူးသျဖင့် အကြီးဆုံး အတိုက်အခံပါတီက ဝင္မပြိုင္ခဲ့တဲ့ အကန့်အသတ်တြေရွိတော့ တရားဝင္မှုနဲ့ ဂုဏ်သေရရွိမှုကေတာ့ အဲအခိန္မွာ မေးခြန်းတခု မေးဖို့ရွိခဲ့တာပေါ့။ အန်အယ္လ္ဒီလက္ထက္မွာတော့ အားလုံး ဝင်ပြိုင်ပြီး တော့ လူထုက အမ်ားအျပား မဲထည့်ပြီးတော့ နိုင္တာမိုးရွိတော့ သူရဲ့ Legitimacy က ပိုကောင်းတယ်။ ဒါပေမဲ့ ဦးသိန်းစိန် လုပ္တုန်းကေတာ့ မထင္ထားဘဲနဲ့ ဖိတ်ခေါ်ပြီးတော့ အင္တိုက်အားတိုက္နဲ့ ဆြေးနြေးပြီးတော့ အဲဒီအဆင့္တခုထိတော့ ရောက္ခဲ့တယ်။ အခုကေတာ့ နိုင်ငံရေးဆြေးနြေးမှုက နောက္တဆင့်ျဖစ္တယ်ဆိုတော့ နိုင်ငံရေး သေဘာတူညီခ်က်ရဖို့ဆိုတဲ့ ကိစ္စကေတာ့  အပစ်အခပ် ရပ္စဲတာလောက်တော့ မလြယ္ဘူး။ မျမန္ဘူးဆိုတဲ့ သေဘာကေတာ့ နိုင်ငံတကာမွာလည်း ရွိတာပါပဲ။ ဒါကို ဆက်ပြီး ကြိုးစားလုပ္ဖို့ပါပဲ။

မေး။ တခို့တိုင်းရင်းသားလက္နက္ကိုင်အဖြဲ့အစည်းတြေက ဘျာေပာလာတာ ရွိလဲဆိုတော့ အရင်အစိုးရလက္ထက္က ကတိကဝတ်တြေကို လက်ရွိအစိုးရက ဆက်ပြီးဖော်ဆောင္တာ မရွိဖူးတာကြောင့် နွောင့်နွေးလာတာဆိုတဲ့ သုံးသပ္ခ်က်တြေရွိတော့ ဒီသုံးသပ္ခ်က်တြေက လက်ရွိ ငြိမ်းခ်မ်းရေး ဖော်ဆောင်ရေးအတြက် မွန္ကန်သလား။

ေ်ဖ။ တခို့အရာတြေက မမွန္ပါဘူး။ အဲတုန်းက က်န္တောို့ သတိထားမိတာက အစိုးရနဲ့ တိုင်းရင်းသား လက္နက္ကိုင်အဖြဲ့တြေကြားမျွာပည္နယ်အဆင့်ျပည်ထောင္စုအဆင့် Bilateral လက္မွတ္ထိုးထားတာတြေ ရွိတယ်။ အဲအခိန်အဲဒီအခါက နွစ္ဖက်ျေပာခဲ့ပေမယ့် တခို့ကိစ္စရပ်တြေက လက်တြေ့ဘဝမွာ လုပ်ငန်းဆောင်ရက္ဖြို့ အင္မတန္ကို ခက္တာရွိတယ်။ ခ်က္ခ်င်း လုပ္လို့မရဘူး။ ဆိုလိုတာကေတာ့ တခို့ကိစ္စေတြက အေကာင်အထည္မဖ္ဘောူး ဆိုတာက နွစ္ဖက်ကြားမွာ ညှိနှိုင်းဖို့လိုသလို ယုံကြည္မှုတည်ဆောက္တာလည်း ဒီထက် ပျိုမင့္ဖို့လိုတယ်။ အဲဒါမွာ အခုလုပ္လို့ ရတယ်၊ မရဘူးဆိုတာျေပာလို့ရမျွာဖစ်တော့ အဲဒီသုံးသပ္ခ်က္ကေတာ့ အားလုံး မွန္တယ္လို့တော့ျေပာလို့မရဘူး၊ တခို့အစိတ်အပိုင်းမွာတော့ မွန္ပါတယ်။

မေး။ တခို့သုံးသပ်ကြတာက သမ္မတဦးသိန်းစိန် အစိုးရက အရပ်သားအစိုးရလို့ျေပာကြေပမယ့် စစ္တပ္ကေနလာလို့ စစ္တပ်ထောက္ခံမှု ရွိတာကြောင့် အောင်ျမင္တာ၊ အန်အယ္လ္ဒီအစိုးရနဲ့ စစ္တပ်ကြား ဆက်ဆံရေးကြောင့် ရွေ့မေရာက္တာလို့ သုံးသပ္တာတြေ ရွိတော့ အဲဒီအေပါ် ဘယ္လျိုမင္လဲ။

ေ်ဖ။ အဲဒီအခိန္တုန်းကေတာ့ အခုအစိုးရထက် အဆင်ျေပနိုင္တာတြေလည်း ရွိနိုင္ပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရပဲ တာဝန်ယူယူ က်န္တောို့လို နိုင်ငံမိုးမွာတော့ တပ္မေတ်ာရဲ့ ပါဝင္မှုကေတာ့ အေရးကြီးနေဆျဲဖစ်ဦးမွာပါပဲ။ တပ္မေတ္ကာတော့ ငြိမ်းခ်မ်းရေး လိုခ်င္တယ္လို့ က်နော် ယုံတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက္ထက္မွာ အဓိကေဆာင်ရက္ခြဲ့တာက နိုင်ငံရေးဆြေးနြေးမှုထက် အပစ်အခတ်ရပ္စဲရေးနဲ့ အန္စီအေ လက္မွတ္ထိုရေးကို အဓိက ဆောင်ရက္ခြဲ့တာ။ အခုအစိုးရပျဲဖစ်ျဖစ် ၂၀၂၀ နောက္ပိုင်းမွာ တာဝန်ယူမယ့် အစိုးရပျဲဖစ်ျဖစ်၊ တပ္မေတ္နာဲ့ ညှိနှိုင်းဖို့ အဆင်ျေပ ခော်မြေ့ဖို့ဆိုတာကလည်း အမွန္ပဲ။ ဒါတြေက  နွစ္ဖက် ယုံကြည္မှု တည်ဆောက်ပြီးတော့ ညှိနှိုင်းနိုင္မယ်ဆိုရင် နောက်အစိုးရေတြလည်း သမ္မတဦးသိန်းစိန် အစိုးရထက္ပိုပြီးတော့ အေရွ့ကို ရောက်သြားနိုင္တာလည်ျးဖစ်နိုင္ပါတယ်။

မေး။ ဒါဆိုရင် အန်အယ္လ္ဒီ အစိုးရလက္ထက္မွာ ဖော်ဆောင်နေတဲ့ ငြိမ်းခ်မ်းရေး လုပ်ငန်းစဉ်အေရွ့ကို မေရာက်နိုင်ျဖစ်နေတာက အဓိက အခက္ခဲက ဘာ်ဖစၼလဲ။

ေ်ဖ။ လက်ရွိ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ်အစိုးရ ဖော်ဆောင်နေတာက လုပ်ငန်းစဉ် ၂ ခု ရွိတယ်။ တခုက NCA လက္မွတ္ထိုးထားတဲ့ အဖြဲ့တြေအပါအဝင် ၂၁ ရာစုပင္လုံနဲ့ နိုင်ငံရေး သေဘာတူညီခ်က်တြေရဖို့ လုပ်နေတာရွိသလို က်န္တဲ့တျခားဘက္မွာတော့ လက္မွတ္မထိုးရေသးတဲ့ အဖြဲ့တြေနဲ့ Bilateral မထိုးရေသး ရင် Bilateral ထိုးမယ်။ NCA မထိုးရေသးတဲ့သူက NCA ထိုးမယ်ဆိုတဲ့ ကြိုးစားမှုရွိတယ်။ အဲဒီ ၂ ခုက  တပြိုင္နက္တည်း သြားနေတယ်။ အဲဒီ ၂ ခုလုံးမွာ စိန်ခေါ်မှုတြေ ရွိနေတယ်။ ကြိုးစားပြီးတော့လည်း ဆောင်ရက်ြနေတယ်။ ဒါကေတာ့ နွစ္ဖက်ကြားမျွာမန်ျမန်တြေ့ရမယ်၊ မ်ားမ်ားတြေ့ရမယ်၊ ညှိနှိုင်းမှုတြေ မ်ားမ်ားလုပ္မယ်ဆိုရင်တော့ ပိုပြီး နားလည္မှုရွိလာပြီးတော့ သူရဲ့လိုရင်းတြေလည်း ရောက်နိုင္ပါတယ်။ အခုခိန္မွာ နွေးနေပမယ့် လာမယ့္ကာလေတြမွာတေျာ့မန္လည်ျးမန္လာနိုင္ပါတယ်။ ဒါက ပါဝင္ပတ်သတ်သူတြေ Keyplayer တြေအားလုံးပေါ်မွာ မူတည္ပါတယ်။

မေး။ ဖက္ဒရယ္လို့ျေပာရင် အစိုးရ တပ္မေတ်ာအပါအဝင် တဖြဲ့ခ်င်းကျေပာတာတြေက မတူညီကြဘူး။ အဲဒီလိုပဲ အားလုံးက ငြိမ်းခ်မ်းရေး လိုခ်င္တယ်ဆိုတဲ့အေပ်ါမွာရော ဘယ္လိုမိုး ငြိမ်းခ်မ်းရေးမိုးကို လိုခ်င်နေကြတာလဲ။

ေ်ဖ။ ယေဘုယ်အာျးဖင့် အားလုံး နားလည္ထားကြတာက ငြိမ်းခ်မ်းရေးဆိုတာက အခုရွိနေတဲ့ ပဋိပက္ခကို လက္နက္ကိုင်ပြီး မျေဖရွင်းဘူး၊ လက္နက္ကိုတော့ ခဏကိုင္ထားမယ်၊ အပစ်အခတ်ရပ္မယ်၊ ပြီးရင် နိုင်ငံရေး ဆြေးနြေးပြဲတြေ လုပ္မယ်၊ နိုင်ငံရေး သေဘာတူညီခ်က်တြေရရင် လက္နက္ကိုင္ထားတာကို ပုံစံျေပာင်းရမယ်၊ ဒါမွမဟုတ် လက္နက္ကိုင္ထားတာကို စြန့္မယ်။ ပြီးရင် ဒါတြေကို အေကာင်အထည်ဖော်ပြီးတော့ လက္နက္ကို ပဋိပက္ခမရွိတဲ့ ကာလတခုကို သြားတာ ငြိမ်းခ်မ်းရေးလုပ်ငန်းစဉ္လို့ နားလည္ထားကြတယ်။ အားလုံးက ရွင်းပါတယ်။ ဒါပေမဲ့ လိုလားမှု မတူတာတော့ ရွိတယ်။ တခို့က ဖက္ဒရယ္လို့ျေပာပေမယ့် ကြန္ဖက္ဒေရးရွင်း အေတ္ကာို မ်ားမ်ားလိုခ်င္တာရွိတယ်။ တခို့ကေတျာ့ဖစ်သင့္တျဲ့ဖစ်နိုင္တဲ့ အေနထားလောက္မွာပဲ ညှိနှိုင်းပြီးတော့ သြားခ်င္တယ်ဆိုတာရွိတော့ ဒါတြေက သက်ဆိုင်ရာ တိုင်းရင်းသားလက္နက္ကိုင် ခေါင်းဆောင်တြေပ်ါမွာလည်း မူတည်နေတယ္ဗ်။ အစိုးရနဲ့ တပ္မေတ္ဘာက္ကေတာ့ တနိုင်ငံလုံးနဲ့ ခြုံပြီး စဉ်းစားပြီးတေျာ့ဖစ်သင့္တျဲ့ဖစ်နိုင္တာကိုပဲ ဦးတည်ပြီး ဆြေးနြေးမွာပဲဗ်။

မေး။ အခုဆို KNU ကလည်း တရားဝင် ဆြေးနြေးပြဲတြေကျိုပန္လာတော့မယ့်ဆိုတော့ ရပ္တန့်နေတဲ့ ငြိမ်းခ်မ်းရေး လုပ်ငန်းစဉ္က ရွေ့ဆက်သြားဖို့ အားကောင်းလာနိုင္လား။

ေ်ဖ။ ၂၀၁၈ အောက္တိုဘာမွာ အစိုးရနဲ့ တိုင်းရင်းသားတြေ တြေ့ခဲ့တာကေန ရေတြက်ရင် ၁၀ လနီးပါး အခိန်တြေဆုံးရှုံးခဲ့ပြီ။ NCA မျွာပဋ္ဌာန်းထားတာက လက္မွတ်ရေးထိုးတဲ့သူတြေဟာ အခက်အခဲ ရွိတယ်၊ အိုင္ဒီယာတြေ မတူဘူးဆိုရင် သူတို့ ညှိနှိုင်းရမယ့် ပလက်ဖောင်းကေတာ့ JICM မွာ ညှိနှိုင်းရမွာဗ်။ NCA အတိုင်း သြားမယ်၊ အေကာင္ထည်ဖ္မောယ်ဆိုရင် အဲလို အစည်းအေဝးတြေမွာ တင်ျပကြရမွာ။ အခုကေတာ့ ၉ လ၊ ၁၀ လေလာက် အခိန်တြေကုန်နေပြီ။ နောက်အခါတြေမွာ ဆြေးနြေးပြဲတြေ၊ စားပြဲဝိုင်းတြေမွာ NCA  မျွာပဋ္ဌာန်းထားတဲ့အတိုင်း ညှိနှိုင်းတိုင္ပင္ဖို့ က်န္တောို့ဘက္ကေတာ့ မွေ်္လာင့္တယ်။ အဲဒီအတြက် က်န္တောို့အစိုးရ ကိုယ္စားလွယ်အဖြဲ့တြေ ခ်င်းမိုင္တို့မွာ သြားပြီး ယုံကြည္မှုတြေ တည်ဆောက္ဖို့ အလြတ်သေဘာ ဆြေးနြေးမှုတြေ ထပ္လုပ္ဖိျု့ပင်ဆင်နေတာပါပဲ။

မေး။ျေမာက္ပိုင်းအဖြဲ့တြေကို Bilateral မူကြမ်းတြေ ပေးပြီးခဲ့ပေမယ့် ဆြေးနြေးမယ့် နေရာအခက္ခဲတြေ အချုပင်းထန္လာတဲ့ တိုက္ပြဲတြေကြာင့် သူတို့နဲ့ဆြေးနြေးမယ့် ငြိမ်းခ်မ်းရေးလုပ်ငန်းစဉ်အတြက် ဘယ်လောက် ထိခိုက်နိုင္လဲ။

ေ်ဖ။ ၁၅ ရက်နေ့က နေစပြီျးပန်ပြီျးဖစ္တဲ့ ရွမ်းအေရွ့ျေမာက်ဒေသမွာ ရွိတဲ့ တိုက္ခိုက္မှုတြေကေတာ့ အခု လက်ရွိဆြေးနြေးနေတဲ့ ၄ ဖြဲ့နဲ့ ဆြေးနြေးနေတဲ့ Bilateral တြေအတြက္ကေတာ့ အေတာ့္ကို ထိခိုက္မှု ရွိမွာပါပဲ။ ဒီအရာတြေကြာင့် က်န္တောို့ရဲ့ ဆြေးနြေးပြဲတြေ ပိုကြာနိုင္တယ်။ စားပြဲဝိုင်းပေါ် ရောက္ဖို့လည်း ပိုကြာနိုင္တယ် ရလဒ်တြေ ထြက္ဖို့လည်း ပိုခက်နိုင္တယ္လို့ ထင္တယ်။ ဒါပေမဲ့ က်န္တောို့ ငြိမ်းခ်မ်းရေး ဆက္လုပ္မယ် ဆိုရင်တော့ တြေ့ဆုံညှိနှိုင်းရေးကေတာ့ တကြိမ္မဟုတ် တကြိမ် လုပ်ရမွာပါပဲ။

မေး။ ဒါဆိုရင် အခုတိုက္ပြဲတြေက နောက်ဆြေးနြေးမယ့် ငြိမ်းခ်မ်းရေးလုပ်ငန်းစဉ်အတြက် ထိခိုက္မှု ရွိနိုင္တာပေါ့။

ေ်ဖ။ အစိုးရကိုယ္စားလွယ်တြေဘက္ကလည်း ဆြေးနြေးနိုင္မယ့်နေရာတြေကို ကမ်းလွမ်းထားတာ ရွိပါတယ်။ တခို့အဖြဲ့တြေ့ကလည်း ဒီနေရာကို အဆင်ျေပတယ္လို့ အေကြာင်ျးပန်ပေမယ့် တခို့အဖြဲ့တြေကလည်း မတုံျ့ပန္တာတြေလည်း ရွိပါတယ်။ ဘယ္လိုပျဲဖစ်ျဖစ် က်န္တောို့ကေတာ့ ဆက်ပြီးကြိုးစားပြီးတော့ စားပြဲဝိုင်းပေါ် ဆြေးနြေးနိုင္ဖိျု့ပင်ဆင်ရမွာပါပဲ။

မေး။ ဝ အဖြဲ့အပါအဝင် မိုင်းလားအဖြဲ့တြေနဲ့ အစိုးရဘက္က ဆြေးနြေးတာတြေက အားရေက်နပ္စရာကောင်းတဲ့ ရလဒ်တြေ ထြက်နေပြီလား။

ေ်ဖ။ အခုခိန္ထိ နွစ်ပေါင်း ၃၀ အတြင်းမွာ ပစ္ခတ္တိုက္ခိုက္မှုတြေ မရွိအောင် ထိန်းထားနိုင္တာက ကောင်းပါတယ်။ ပဋိပက္ခမရွိဘူး ဆိုရင် ငြိမ်းခ်မ်းရေးဆြေးနြေးပြဲတြေက ခ်က္ခ်င်း မေဆြးနြေးနိုင္ဘူး ဆိုရင်တောင္မွ ဘယ်သူမွ မနစ္နာဘူးပေါ့။ အထူးသျဖင့် လူထုမနစ္နာဘူးပေါ့။ အခု ရွမ်းအေရွ့ျေမာက်ဒေသမွာရွိတဲ့ တိုက္ခိုက္မှုတြေက ၃ ရက္တာအတြင်းမွာဆိုရင် လူထု ၄ ယောက်လောက် သေဆုံးသြားပြီ၊ ကုန်သြယ္မှုတြေပျါပတ်တောက်သြားပြီ။ သြားလာရေျးပတ်တောက္တယ်၊ လူထုက စိုးရိမ္မှုမ်ားလာတယ်။ ဒါတြေကေတာ့ မေကာင်းဘူးပေါ့။ ဘယ္လိုပျဲဖစ်ျဖစ် ပဋိပက္ခမရွိဘူး ဆိုရင်တော့ ကောင်းပါတယ်။

မေး။ အန်အယ္လ္ဒီ အစိုးရ သက္တမ်းအတြင်း ၂၀၂၀ မတိုင္ခင္မွာ စတုတ္ထအကြိမ် ၂၁ ရာစု ပင္လုံညီလာခံကျဖစ္လာနိုင်သလား။

ေ်ဖ။ ငြိမ်းခ်မ်းရေးဆြေးနြေးပြဲတြေမွာ တာဝန်အရွိဆုံးက UPDJC လို့ခေါ်တျဲ့ပည်ထောင္စုဆြေးနြေးမှုပူးတြဲက္မောတီက တာဝန်အရွိဆုံးလျိုဖစ်နေတယ်။ အဲဒီမွာရွိနေတဲ့ တာဝန်ရွိဆုံးသူ အကုန္လုံးလိုလိုက NCA မျွာပဋ္ဌာန်းထားတျဲ့ပည်ထောင္စု ငြိမ်းခ်မ်းရေးညီလာခံကို ၂၀၁၉ ခုနွစ်အတြင်း ဒါမွမဟုတ် ၂၀၂၀ ဇန္နဝါရီလမွာ ဆောင်ရက်ြနိုင္ဖို့အတြက် ကြိုးစားနေပါတယ်။ျဖစ္လိမ့္မယ္လို့တော့ ယုံကြည္ပါတယ်။ ငြိမ်းခ်မ်းရေး ဆိုတာက လက္နက္ကိုင္ပဋိပက္ခအစား စားပြဲဝိုင်းပေါ်ကေန အောင်ျမင္တဲ့ နွစ္ဖက် သေဘာတူတဲ့ ရလဒ်တြေအရ ဒါတြေကို ဆက်ပြီးအေကာင်အထည်ဖ္ဖောို့ လိုပါတယ်။ ဒါကြောင့် ဆြေးနြေးပြဲတြေ ဆက်ရွိဖို့ လိုတယ်။ ဆြေးနြေးပြဲတြေက လာမယ့္လတြေအတြင်းမျွာဖစ်နိုင္ဖို့အတြက် မွေ်္လာင့္ထားတယ်။ ဒါကို တာဝန်အရွိဆုံးသူတြေအျပင် တနိုင်ငံလုံးမွာ ရွိတျဲ့ပည်သူတြေအားလုံး ကူညီမွ ဒီလိုလုပ်ငန်းစဉ္က ပိုပြီျးမန်ျမန်ဆန်ဆန် အောင်ျမင္မွာပါ။ ဒါကြောင့် ငြိမ်းခ်မ်းရေးနည်းလမ်းက တျခားနည်းလမ်း မရွိဘူး။ ညှိနှိုင်းဆြေးနြေးတဲ့ လမ်းကြောင်းက ဆက်ပြီး အားလုံးက ဆက်ပြီး လွော်က်ရမွာပါပဲ။ ဒါကို အောင်ျမင်အောင် လွော်က်နိုင္ဖို့ အားလုံးက မေတ္တာရပ္ခံလိုပါတယ်။

Source : DVB