fbpx

စိုးရိမ်သောကတွေ ခံစားခဲ့တဲ့ ယီအွန်ဝူး

အမျိုးသမီးကေပေါ့ပ် Momoland အဖွဲ့ဝင် ယီအွန်ဝူးက ၎င်းအနေဖြင့် လူမှုရေးသောက ဗျာပါရ ခံစားခဲ့ရသဖြင့် အဖွဲ့၏ အနုပညာလှုပ်ရှားမှုများတွင် တစ်လခန့် ပျက်ကွက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

ယီအွန်ဝူးအနေဖြင့် အင်တာ နက်ပေါ်တွင် မှတ်ချက်အမြောက် အမြား ဖတ်ရှုခဲ့ပြီးနောက် စိုးရိမ် သောက ပိုမိုကြီးထွားခဲ့သည်။

ယင်းသို့စိုးရိမ်သောက ကြီး  ထွားခဲ့သောကြောင့် Mung Bean Chronicles ဒရာမာ ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် ကမ်း လှမ်းခံရသော်လည်း ပါဝင်သရုပ် ဆောင်နိုင်စွမ်းမရှိခဲ့ပေ။

သို့သော် ယီအွန်ဝူးအနေဖြင့် စိုးရိမ်မှုများကို ကျော်လွှားနိုင်ခဲ့ ကြောင်းနှင့် Cheap Chollima Mart ဇာတ်လမ်းတွဲသစ်တွင် ပါ ၀င်သရုပ်ဆောင်မည်ဖြစ်ကြောင်း Momoland ၏ အေဂျင်စီ MLD က အတည်ပြုခဲ့သည်။

Ref:allkpop

Source : 7 Day Daily