fbpx

အဆင်မပြေတဲ့ အနုပညာရှင်တွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ မေကဗျာ

 ဗီဒီယိုဈေးကွက်ပျက် သွားသောကြောင့် အဆင်မပြေ ဖြစ်နေသည့် လောကသားများ အကြောင်းကို ကြားတိုင်းစိတ်မ ကောင်းဖြစ်မိကြောင်း မေကဗျာ ကပြောသည်။

‘‘အစည်းအရုံးက ဇာတ်ပို့  ဇာတ်ရံအလွှာနဲ့ စက်အဖွဲ့တွေ အလုပ်ရအောင် ဗီဒီယိုလေးတွေ တောက်လျှောက်ရိုက်နေတယ်။   အစ်မတောင်ရိုက်ပေးဖို့ရှိတယ်။   အစ်မတို့ကတော့ မေတ္တာနဲ့ရိုက် ပေးတာ။ ကိုယ့်လောကသားတွေ ရော ဈေးကွက်လေးဖြစ်လာ အောင်အားလုံးကတော့ကြိုးစား ပြီးလုပ်နေကြပါတယ်’’ ဟု မေက ဗျာကပြောသည်။

ထို့အပြင် တီဗီချန်နယ်လိုင်း များကလည်း  ဗီဒီယိုဇာတ်ကား  များကို ရိုက်ကူးလာသောကြောင့်  ဇာတ်ကားအချို့ပြန်လည် ရိုက် ကူးနေရသည်ဟု ၎င်းကဆိုသည်။

‘‘အဆင်မပြေတဲ့ အနုပညာ ရှင်တွေအများကြီးတွေ့ရတယ်။ တချို့က ဆိုက်ကားနင်းနေကြ တယ်တဲ့။ အခုမှလာပြန်ရိုက်ကြ တာ။ စိတ်မကောင်းဘူး။ အဲဒီလို တွေ့ရတော့။  ကိုယ်လည်းအများ ကြီးမထောက်ပံ့နိုင်ဘူး။ အခုလို ကူညီခွင့်ရတာကိုပဲ ကျေးဇူး တင်တယ်။ နောက်လည်း ကူညီ ဖို့အသင့်ပါ’’ ဟု ဗီဒီယိုဈေးကွက် ပြန်ကောင်းလာရေးတတ်နိုင် သည့်ဘက်မှ ကူညီရန် ရှိကြောင်း မေကဗျာက ပြောသည်။

ဗီဒီယိုဈေးကွက်ပြန်လည် အဆင်ပြေလာပါက ရုပ်ရှင်လော ကသားများအတွက် အလုပ်အ ကိုင်အခွင့်အလမ်းအဆင်ပြေနိုင် သောကြောင့် ဈေးကွက်ပြန် ကောင်းလာရန် မျှော်လင့်နေ ကြောင်း ၎င်းကဆိုသည်။

ရိုက်ကူးထားသည့် ရုပ်ရှင်  လေးကားရှိပြီး ၎င်းပါဝင်သရုပ် ဆောင်ထားသည့် ကမ္ဘာနှစ်ထပ် ဇာတ်ကားရုံတင်ပြသမည်ဖြစ် ကြောင်း မေကဗျာကပြောသည်

‘‘ကမ္ဘာနှစ်ထပ်က ကလေး လေးရဲ့ဇာတ်။ အစ်မကတော့က လေးလေးရဲ့ အမေ။ ကိုနိုင်းရဲ့ ဇနီးနေရာက သရုပ်ဆောင်ထား တယ်။ အခန်းတော့အရမ်းမများ ပါဘူး’’ ဟု မေကဗျာကပြော သည်။

ထို့အပြင် နှင်းဆီအဖွဲ့အနေ ဖြင့်လည်း လတ်တလောကြုံနေ ရသည့် သဘာဝဘေးအတွက် ပရဟိတပွဲတစ်ပွဲကပြရန် ရှိ ကြောင်း ၎င်းကဆိုသည်။

‘‘နှင်းဆီကတော့ အောက် တိုဘာမှာကဖို့လုပ်နေတယ်။ရက် အပြောင်းအရွှေ့တော့ရှိမယ်ထင် တယ်။ ပထမတော့မန္တလေးမှာ နှစ်ရက်ကဖို့လုပ်ထားတာ။ အခု တော့ရန်ကုန်တစ်ရက်၊ မန္တလေး  တစ်ရက်ဖြစ်မယ်ထင်တယ်’’ ဟု  မေကဗျာကပြောသည်။

Source : 7 Day Daily