fbpx

ချစ်သူနဲ့လမ်းခွဲတဲ့အကြောင်းပြောတဲ့ နေခြည်ဦး

ဓာတ်ပုံ− Nay M'n Tun (Amazing Grace)

 ချစ်သူသက်တမ်း ၂ နှစ်တွင် ချစ်သူ အောင်နွေဦးနှင့် အချစ်ရေးကို ကောင်းကောင်းမွန်မွန် အဆုံးသတ်လိုက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်နေခြည်ဦးက ပြော သည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရ ရင် အချစ်ရေးနဲ့ပတ်သက်ပြီး နေခြည်လည်း ချမပြချင်ဘူး။ ဘာလို့လဲဆိုတော့ သံယောဇဉ်တစ်ခုက တော်တော်လေးလည်း သံယောဇဉ်ဖြစ်လာပြီဆိုတော့ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ် မယ်ထင်လို့ နေခြည်တို့ လုပ်လိုက် တာပါ။ နေခြည်ဆိုရင်လည်း သူ့မိသားစုဝင်၊ သူ့မောင်နှမတွေနဲ့ လည်း အရမ်းရင်းနှီးနေပြီ။ ဘာကြောင့်ရယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် နေခြည်မပြောချင်ဘူး။ နေခြည် အခုရင်ထဲမှာ ရှိနေတာ နေခြည်တစ်ခုခုပြော လိုက်လို့ သူ့မိသားစု၊ သူကိုယ်တိုင် ကို ၀ိုင်းပြီးပြောကြမှာကို နေခြည် မခံစားနိုင်ဘူး။ နှစ်ယောက်စလုံး ကလည်း ဒီထက်ပိုပြီးကောင်းတဲ့ ဘ၀လမ်းကြောင်းတွေကို ရွေးချယ်ထားပြီးပြီဆိုတော့ အဓိကက တော့ အချစ်ပေါ်မှာ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူ တော့တဲ့အတွက် လမ်းခွဲလိုက်တာ ပါ’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အချစ်ရေး ကြောင့် ခံစားနေရသော်လည်း နှစ်ဦးစလုံးအတွက် အဆင်ပြေ မည့် လမ်းကို ရွေးချယ်ခြင်းဖြစ်သ ဖြင့် နှစ်ယောက်စလုံး နောင်တမရ ကြောင်း နေခြည်ဦးက ပြောသည်။‘‘အခုကတော့ တစ်ယောက် တည်းဖြစ်သွားတော့ မန်နေဂျာက အလုပ်တွေစွတ်ခိုင်းတယ်။ ၀ိတ်တွေလည်း လျှော့ခိုင်းတယ်။ အခုအချိန်ကတော့ အဆင်ပြေပါ တယ်။ အမုန်းနဲ့လမ်းခွဲတာတော့ မဟုတ်ပါဘူး။ တစ်ယောက်တည်း နေချင်လို့ပါ။ နေခြည့်ကို ပိုချစ်ကြ ပါလို့ ပြောချင်ပါတယ်’’ ဟု ၎င်းကပြောသည်။

၎င်းတို့၏အချစ်ရေး လမ်းခွဲ ပြတ်စဲခြင်းနှင့်ပတ်သက်ပြီး အချို့သောပရိသတ်များက သြဂုတ် ၁၂ ရက်က တင်ခဲ့သည့် ထိုင်းမော်ဒယ် နှင့် ကြော်ငြာရိုက်ကူးရေးကြောင့် ဟု ထင်ကြေးပေးနေသော်လည်း မဟုတ်မှန်ကြောင်း နေခြည်ဦး က ပြောသည်။  

‘‘အဲဒီကြော်ငြာက ရိုက်ထား တာ နှစ်လလောက်ရှိပြီ။ ဒီကြော် ငြာရိုက်လို့ ပြတ်တာလို့ ထင်ကြ တယ်။ မဟုတ်ပါဘူးလို့။ ဒါလေးက ရိုက်ထားတာကြာပါပြီ။ ဒါလေးရိုက်တော့လည်း အရမ်းအခက် အခဲမရှိဘူး။ ရည်းစားရှိပေမယ့် ဒါက နှစ်ယောက်တည်း ပလူးနေ တာမဟုတ်ဘူးလေ။ ဘေးနားမှာ လူတွေအများကြီးရှိတယ်။ ကြော် ငြာလေးပေါက်အောင် အားလုံးကြိုးစားခဲ့ကြတာပါ’’ ဟု ၎င်းက ပြောသည်။

သြဂုတ်နောက်ဆုံးပတ်တွင် ဒါရိုက်တာမီးပွားရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား၌  မင်းသားဒေါင်း နှင့် တွဲဖက်ရိုက်ကူးရန်ရှိကြောင်း သရုပ်ဆောင်နေခြည်ဦးက ပြော သည်။

Source : 7 Day Daily