fbpx

ဘာကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားရတာလဲ

ဒီရက်ပိုင်းမှာ သတင်းစာ၊ ဂျာနယ်ပဲ ဖတ်ဖတ်၊ အွန်လိုင်းပဲ ကြည့်ကြည့် မမြင်ချင်၊ မဖတ်ချင် တော့လောက်အောင် မြင်တွေ့ နေရတဲ့ သတင်းတွေကတော့ ရေ ကြီးရေလျှံမှု၊ မြေပြိုကျမှုနဲ့သဘာ ၀ဘေးဆိုင်ရာ သတင်းတွေပါပဲ။ ရေကြီးရေလျှံမှု၊ မြေပြိုမှုနဲ့သဘာ ၀ဘေးတွေကြောင့် ပြည်သူတွေ ထိခိုက်သေကျေ ပျက်စီးနေကြရ တယ်။ စားဝတ်နေရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေးစ တဲ့ အရေးပေါင်းများစွာမှာ အရေး နိမ့်နေရတယ်။ အဲဒီသတင်း တွေကို နေ့စဉ် မြင်တွေ့နေရတော့ ကျွန်တော့် စိတ်ထဲကြေကွဲဝမ်း နည်းမိတယ်။ တတ်နိုင်သလောက် ကူညီဖို့လည်း ကြိုးစားခဲ့တယ်။ ဒီပြဿနာတွေက အခုတစ်နှစ် တည်း ဖြစ်တာလည်း မဟုတ်ဘူး။ သိသိသာသာ ပြင်းပြင်းထန်ထန် ဖြစ်လာတာဆိုရင် ၂၀၁၅ ခုနှစ်က နေ ဒီကနေ့အထိပဲ။ အဲဒီပြဿနာ ကိုသာ ဖြေရှင်းနိုင်ခဲ့ရင် ပြည်သူ တွေ ရေဘေးကြောင့်၊ သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုတွေ အများကြီးလျော့ကျသွား မှာပါ။


ပြဿနာတစ်ခုကို ဖြေရှင်း တဲ့အခါ ပြဿနာရဲ့ဇာစ်မြစ်၊ပြဿနာဖြစ်ပွားရတဲ့ အကြောင်း ရင်းကို ရှာဖွေရတယ်။ ဇာစ်မြစ်ကို တွေ့မှ ပြဿနာကိုသေသေချာ ချာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မ ဟုတ်လား။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် တွေက ရေကြီး ရေလျှံမှုနဲ့ တခြား သော သဘာဝဘေးအန္တရာယ် တွေ ဖြစ်ပွားရခြင်းရဲ့ ဇာစ်မြစ်ကို ရှာဖွေခဲ့ကြတယ်။ ပြီးတော့ ရေ ကြီး ရေလျှံမှုရဲ့ဇာစ်မြစ်၊ ရေကြီး ရေလျှံမှုဖြစ်ပွားရတဲ့ အကြောင်း ရင်းကို ဖော်ထုတ်ပြီး ဘယ်လို ပြင်ဆင်ဆောင်ရွက်ရမလဲ အကြံ ပေးခဲ့ကြတယ်။

မြန်မာနိုင်ငံမှာ ရေကြီးရေ လျှံမှု၊ တောင်မြေပြိုမှုတွေ ဖြစ် ပွားနေစဉ်မှာပဲ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်မှာ တင်ထားတဲ့ ပို့စ်တစ်ခု  တွေ့တယ်။ ကျွန်တော်က တိုက် ရိုက်တွေ့တာတော့ မဟုတ်ဘူး။ မိတ်ဆွေတစ်ယောက်က ဖေ့စ် ဘွတ်ခ်လင့်ခ်ပို့ပေးလို့ တွေ့ရ၊ ဖတ်ရတာပါ။ အဲဒီစာကိုဖတ်ပြီး  ဘ၀င်မကျသလို ဖြစ်သွားတယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်ကို မပြောလို ပါဘူး။ ကျွန်တော်ဖတ်လိုက်တဲ့ ပို့စ်ကိုပဲ အခြေခံပြောချင်တာပါ။ ပို့စ်မှာ ပထမဆုံး ဖတ်လိုက်ရတာ က ‘လတ်တလော ဖြစ်နေသည့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့၏ အ ကြောင်းရင်းမှာ သစ်ပင်၊သစ်တော ပြုန်းတီး၍ဖြစ်သည်ဟု အတော် များများက ထင်မှတ်မှားနေကြ သည်။ အကြောင်းရင်းခံ အစစ်အ မှန် ပုံမှန်ထက်များသော မိုးဖြစ် သည်။ ပုံမှန်ထက် မိုးများခြင်း သည် ရာသီဥတုပြောင်းလဲမှု ကြောင့် ဖြစ်သည်’တဲ့။ ကျွန်တော့်  စိတ်ထဲတော်တော် မရှင်းမလင်း ဖြစ်သွားတယ်။ ဒါပေမဲ့စာကို ဆက်ဖတ်မိတယ်။

 ‘ရာသီဥတုပြောင်းလဲခြင်း ၏ ပထမအကြောင်းရင်းမှာ ကမ္ဘာ့လေထုတွင်းသို့ ကာဗွန်ဒိုင် အောက်ဆိုက် အဓိကဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များ အဆမ တန်ဝင်လာ၍ ဖြစ်သည်။ သစ် ပင်၊ သစ်တောပြုန်းတီးခြင်းက ဒုတိယလိုက်သည်။ သစ်ပင်၊ သစ်တောများဖြင့် ဝေဆာနေ သော မြေပြင်ဖြစ်စေကာမူ တစ် ရက်တည်းနှင့် ၁၀ လက်မကျော် အောင်ရွာသော မိုးရေများကိုမစုပ် ယူ မထိန်းသိမ်းနိုင်ပါ။ ရေမကြီး အောင် မစွမ်းဆောင်နိုင်ပါ။ ရေ ကြီးခြင်း၊ မြေပြိုခြင်းတို့သည် ဒေ သအလိုက် ပေါ်ပေါက်သောဘေး ဒုက္ခဖြစ်ပြီး ရာသီဥတုပြောင်းလဲ ခြင်းသည် တစ်ကမ္ဘာလုံးပေါ် ပေါက်နေသော ဘေးဒုက္ခဖြစ် သည်။ ရာသီဥတုပြောင်းလဲခြင်း ကို လျော့ပါးအောင်လုပ်နိုင်လျှင် ရေကြီးခြင်းစသည့် ဘေးဒုက္ခများ ကို လျော့ပါးအောင်လုပ်နိုင်မည်။ ကြောင်းကျိုးဆက် နိယာမအရ မိမိတို့လိုချင်သည့်အကျိုးကို ရယူ လိုပါက အကြောင်းရင်းအမှန်ကို ဦးစွာ သဘောပေါက်ရပါမည်’ တဲ့။ စာဆုံးသွားမှဆိုလိုရင်း ကျွန် တော် သဘောပေါက်သွားတယ်။ ဆိုလိုရင်းကတော့ ရေကြီးရေလျှံ မှုနဲ့ မြေပြိုမှုတွေဖြစ်နေတာ ရာ သီဥတု ပြောင်းလဲမှုကြောင့်ဆိုတာ ပါပဲ။ ‘သစ်ပင်၊ သစ်တောတွေရှိ နေလည်း ရေကြီးတာပဲ၊ ရာသီဥ တု ပြောင်းလဲမှုကို လျော့ပါး အောင်လုပ်နိုင်မှ ရေကြီးမှုတွေ လျော့ပါးမယ်’လို့ ပြောချင်တာ။

သူ့စာရဲ့အနှစ်ချုပ်က ‘ရာ သီဥတု ပြောင်းလဲမှုကြောင့် ရေ ကြီးတာ၊ ကာဗွန်ဒိုင်အောက်ဆိုက် တွေ ထုတ်လွှတ်လို့ ရာသီဥတု ပြောင်းလဲတာ၊ သစ်ပင်တွေက သိပ်ပြီး အဓိကမကျဘူး’ ဆိုတာ ပါပဲ။ ဒီတော့ရာသီဥတုကိုပြောင်း လဲစေတဲ့ အဓိကအကြောင်း ရင်းဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေက လေထုထဲ ဘာလို့တိုးပွားလာရသလဲလို့ မေးရတော့မယ်။ ဒါလည်း ရှင်းရှင်းလေးပါ၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်တဲ့ လုပ်ငန်းတွေကြောင့်ပေါ့လို့ပဲ လွယ်လွယ်ဖြေလိုက်မယ်။ အဲဒါကို တားဆီးကာကွယ်၊ လျှော့ချပေးနိုင်တာ သစ်ပင်တွေ မဟုတ်ဘူးလား။ သစ်ပင်တွေက  ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးတာလို့ ငယ်ငယ်ကတည်းက ကျွန်တော်တို့ ရင်ထဲအသည်းထဲမှာ စွဲစွဲမြဲမြဲမှတ်သားခဲ့ဖူးတယ်။ သစ်ပင်တွေသာ လုံလုံလောက်လောက်ရှိရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ လေထဲကိုကြိုးလွတ်၊ တိုင်လွတ် ရောက်လာစရာ မရှိပါဘူး။

နောက်ပြီး ‘ဥတုရာသီတော ကိုမှီ’ ဆိုသလို ရာသီဥတုဆိုတာ သစ်ပင်၊ သစ်တောတွေကို မှီခိုနေ တယ်။ သစ်ပင်သစ်တောတွေသာ  ရှိနေရင် ရာသီဥတုလည်း ထင်သ လိုပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ သစ်ပင်၊ သစ်တောတွေမရှိလို့ သာ ကာဗွန်ဒိုင်အောက်ဆိုက်ကို မထိန်းချုပ်နိုင်ဘဲ ရာသီဥတု ပြောင်းလဲလာတာကို ခွင့်ပြုနေရ တာ၊ ရာသီဥတုပြောင်းတော့ မိုး ကလည်း အစွန်းရောက်ဖြစ်သွား တယ်။ မိုးရေချိန်တွေများလွန်း တယ်။ မိုးရေချိန်တွေများတော့ ရေကြီးပြီပေါ့။ အဲဒီအဆင့်ကိုအ လွယ်တကူ ရောက်ရတာကလည်း သစ်ပင်၊ သစ်တောတွေ ပြုန်းတီး ကုန်လို့ မဟုတ်လား။ သစ်ပင်၊ သစ်တောက အရေးအကြီးဆုံး ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရား ပဲ။ ရေကြီးရေလျှံမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ကြည့် တဲ့အခါမှာ မိုးသည်းထန်စွာ အ ဆက်မပြတ် ရွာသွန်းခြင်း၊ ရေစီး ဆင်းမှုစနစ် ညံ့ဖျင်းခြင်း၊ မြစ် ကြောင်းများ တိမ်ကောပိတ်ဆို့ ခြင်း၊ ရေလမ်းကြောင်းပြောင်း ခြင်း၊ ဆည်မြောင်း၊ တမံနဲ့ မြစ် ကူးတံတားတွေ တည်ဆောက်ရာ မှာ နည်းပညာပိုင်း အားနည်းခြင်း၊  သစ်တောပြုန်းတီးခြင်း၊ သယံဇာ တတွင်းထွက်တွေကို စည်းကမ်းမဲ့  ထုတ်ယူခြင်း၊ သဘာဝပတ်ဝန်း ကျင်ပျက်စီးခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း စတဲ့အချက်တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေရဲ့ အခြေခံအကြောင်းတရားကို ပြန်လိုက်ရင်လည်း သစ်ပင်၊ သစ်တောတွေ ပြုန်းတီးလို့၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့ဆိုတာပဲ တွေ့ရပါလိမ့်မယ်။

သစ်ပင်၊သစ်တောတွေပြုန်း တီးလို့ ရာသီဥတုတွေ ပြောင်းလဲ တယ်။ ရာသီဥတုတွေ ပြောင်းလဲ တော့ မိုးရွာသွန်းမှုတွေ ပြင်းထန် တယ်။ အဲဒီအချိန်မှာ ရေကြီးမှုကို  ပိုမို ပြင်းထန်စေပြန်တယ်။ သစ် တောတွေ ပြုန်းတီးပျက်စီးလာ တော့ အောက်ကမြေသားတွေ ဟာ မိုးတွင်းကျရင် မိုးရေကြောင့်  ပျော့လာတယ်။ နွေကျရင် နေ ဒဏ်ကြောင့် ပပ်ကြားအက်လာ  တယ်။ အအေးဒဏ်တစ်လှည့်၊ အပူဒဏ်ကိုတစ်ခါ ခံလာရတယ်။ အဲဒီအခါမြေတွေဟာ မွကြေနေ ပြီး မိုးပြင်းပြင်း ရွာချတဲ့အခါ အ လွယ်တကူ မျောပါသွားတယ်။ အမေရိကန် မြေသိပ္ပံပညာရှင်တွေ ရဲ့ စမ်းသပ်ချက်တွေအရ မိုးသက် လေပြင်းနဲ့အတူ ရွာချတဲ့ မိုးရေ  တစ်စက်ဟာ အချင်းတစ်လက်မ ရဲ့ လေးပုံတစ်ပုံအထိ ကြီးမား တယ်လို့သိရတယ်။ အဲဒီမိုးရေ တစ်စက်ဟာ မြေပြင်ကိုတစ်စက္ကန့် ပေ ၃၀ နှုန်း အလျင်နဲ့ လာရောက် ရိုက်ပုတ်တယ်။ အဲဒီလိုမိုးရေစက် တွေအများကြီးနဲ့ အချိန်ကြာကြာ အရိုက်ခံရတဲ့မြေဟာ အစိတ်စိတ် ကွဲပြီး ရေသယ်ယူရာကို မျောပါ သွားရတော့တယ်။ လေပြင်းနဲ့အ တူ ရွာချတဲ့မိုး‌ရေဟာ သစ်ပင်၊ သစ်တော အကာအကွယ်မရှိတဲ့ မြေတစ်ဟက်တာပေါ်က အပေါ် ယံမြေဆီလွှာတန်ချိန် ၂၅၀ ကို တစ်နာရီအတွင်း တိုက်စားနိုင်သ တဲ့။

အဲဒီတိုက်စားခံရတဲ့ မြေ တွေဟာ မိုးရေနဲ့အတူ မြစ်ချောင်း တွေထဲရောက်လာပြီး အနည်ထိုင် ကြတယ်။ ကြာတော့ မြစ်ချောင်း တွေ ကောလာတယ်။ ဒီတော့ ရေ မျက်နှာပြင်ဟာ မြင့်တက်လာ တယ်။ မိုးများများရွာရင် ကျလာ တဲ့ရေကို မြစ်ချောင်းတွေက လက်မခံနိုင်တော့တာကြောင့်  ကမ်းပါးပေါ်ကို လျှံတက်လာ တယ်။ အဲဒီအခါ ရေကြီးခြင်းဆို တာ ဖြစ်လာတယ်။ တကယ်လို့ သာ သစ်ပင်၊ သစ်တောတွေရှိနေ ရင် မြေဆီလွှာတိုက်စားမှုကိုလျော့ ကျစေနိုင်တယ်။ မြေဆီလွှာတိုက် စားမှုလျော့ကျတော့ မြစ်တွေ၊ ချောင်းတွေ တိမ်ကောမှုကို လျော့ နည်းစေတယ်။ မိုးရွာတဲ့အခါ မိုး ရေကို သစ်ပင်ရဲ့အရွက်တွေဟာ မြေပြင်ပေါ် ကျရောက်တဲ့ မိုးရေပ မာဏကို ထိန်းကွပ်ပေးတယ်။ အရွက်ပေါ်မှာတင်နေတဲ့ မိုးရေ တွေဟာ အငွေ့ပြန်ပြီး လေထုကို ပြန်လည်တက်သွားတယ်။ မိုးရေ တွေကို မြစ်တွေ၊ ချောင်းတွေထဲ ဒလဟော မရောက်စေတော့ဘူး။

ပြီးတော့ အရွက်တွေဟာ  မြေပြင်ပေါ်ကျရောက်တဲ့ မိုးရေရဲ့ အရှိန်နဲ့ ပြင်းအားကို လျှော့ချပေး တယ်။ ညင်သာစွာကျရောက်တဲ့  မိုးရေက မြေတိုက်စားခြင်းကို အ လွန်အကျွံ မဖြစ်စေတော့ဘူး။နောက်ပြီး တစ်ခုနဲ့တစ်ခုကပ်လျက် ရှိနေတဲ့ ပင်စည်တွေက တောင် ကျရေ (သို့မဟုတ်) အရှိန်နဲ့လာတဲ့  ရေတွေကို အားပျော့အောင် လုပ် ပေးတယ်။ သစ်ပင်ရဲ့အမြစ်တွေ ကလည်း မြေကြီးတွေကို ကုပ် တွယ်ထားတဲ့အတွက် မြေတိုက် စားမှုကို ရုတ်တရက် မဖြစ်ပေါ်စေ ပါဘူး။ ဒါတွေကို ကြည့်ခြင်းအား ဖြင့်လည်း ရေကြီးရေလျှံခြင်းဖြစ် စဉ်မှာ သစ်ပင်၊ သစ်တောတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေး ကြီးကြောင်း လယ်ပြင်မှာဆင် သွားသလို ထင်ထင်ရှားရှားတွေ့ရ မှာပါ။

အချုပ်ဆိုရရင် အခုလက်ရှိ ရေကြီးရေလျှံမှု၊ မြေပြိုမှုနဲ့သဘာ ၀ဘေးအန္တရာယ်တွေ ဖြစ်ပွားနေ ရတာ သစ်ပင်၊ သစ်တောတွေ မရှိတော့လို့၊ သဘာဝပတ်ဝန်း ကျင် ပျက်စီးလို့ပါပဲ။ ဘယ်ရှု ထောင့်ကကြည့်ကြည့် မလွတ်ပါ ဘူး။ သစ်ပင်၊ သစ်တောတွေ လျော့နည်းသွားလို့ရာသီဥတု ပိုဖောက်ပြန်လာပြီး မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာ၊ ရာသီဥတုတွေ ပိုအစွန်းရောက်လာပါတယ်။ဒီတော့ လက်ရှိရေကြီးရေလျှံမှုတွေ၊ သဘာဝဘေးအန္တ ရာယ်တွေကို လျှော့ချဖို့အတွက် သစ်ပင်၊ သစ်တောတွေကို စနစ် တကျ ထိန်းသိမ်းရမယ်။ ပြန် လည် ပြုစုပျိုးထောင်ရမယ်။ လူ တိုင်းက နိုင်သလောက် သစ်ပင် စိုက်ရပါမယ်။ လေထုထဲကို ကာ ဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု မြင့်မားစေတဲ့လုပ်ငန်း၊ သဘာဝ  ပတ်ဝန်းကျင် ပျက်စီးစေတဲ့ လုပ် ငန်းတွေကို သေသေချာချာ ကြပ် မတ်စစ်ဆေးပြီး ထိခိုက်မှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်ရမယ်။ နောက်ပြီးအထက်မှာ ကျွန်တော် ဖော်ပြခဲ့တဲ့ ရေကြီးရေလျှံမှု ဖြစ် ပွားစေတဲ့ အကြောင်းရင်းတစ် ခုချင်းစီအတွက်လည်း စနစ်တကျ  ပြင်ဆင်ဆောင်ရွက်ဖို့ လိုပါ တယ်။ အဲဒီအခါ မြန်မာပြည်သူ အားလုံး ရေကြီးရေလျှံမှု၊ မြေပြိုမှု နဲ့ သဘာဝဘေးအန္တရာယ်တွေ ကြားကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။။

(ဆောင်းပါးရှင် ရွှေလက်သည် သဘာဝ ပတ်ဝန်းကျင်ရေးရာ ဆောင်းပါးများရေးသားနေသူဖြစ် သည်)

Source : 7 Day Daily