fbpx

တိုက်ပွဲကြားမှာ ပရဟိတလုပ်မည်ဆိုလျှင်

မြန်မာတို့၏ ပရဟိတစိတ်မှာ အလွန်မွန်မြတ်လှသည်။ ပရဟိတ လုပ်ဆောင်မှုမှာလည်း အခြားသောကမ္ဘာ့နိုင်ငံများထက်ပင် ပိုများသည်ကို တွေ့ရသည်။ ဤသည်မှာ မြန်မာတို့၏ မွန်မြတ်သောစိတ်ဓာတ်ကို‌ ‌ဖော်ပြနေသည်ဟု ဆိုနိုင်သည်။

ပရဟိတဟုဆိုရာတွင် ကြက်ခြေနီ၊ အရန်မီးသတ်တို့မျှသာမက ဘေးအန္တရာယ် ကျရောက်သည့်အချိန်တိုင်း လူထု၏ ကူညီရိုင်းပင်းစိတ်ဖြင့် အကျိုးဆောင်လေ့ရှိသော အသင်းအပင်း အဖွဲ့အစည်းများလည်းပါဝင်ပါသည်။ ပရဟိတသမားတို့၏ စိတ်၌ ကူညီရိုင်းပင်းလိုမှုသည် နယ်ပယ်ကန့်သတ်ချက်မရှိ၊ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားခဲ့ကြသည်။

ကြက်ခြေနီနှင့် အရန်မီးသတ်တို့မှာမူ ကျန်ပရဟိတအဖွဲ့များနှင့် မတူ၊ သူ့နယ်နှင့်သူ အကန့်အသတ် ရှိကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ၎င်းအဖွဲ့တို့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှစ၍ နိုင်ငံတော် အရေးအရာများနှင့် ပွဲလမ်းသဘင်များလောက်တွင်သာ အတွေ့များခဲ့သည်။ ဤသည်ကြောင့်ပင် မြန်မာတို့၏စိတ်၌ ယင်းအဖွဲ့များအပေါ်တွင် အထင်အမြင် လွဲမှားခဲ့သည်မှာ နှစ်များစွာ ကြာမြင့်လာခဲ့ပြီ။ ထိုသို့သော ကာလမျိုးတွင် နယ်စည်းမခြား ပရဟိတများ ဝင်ရောက်လှုပ်ရှားလာခဲ့ကြတော့သည်။
အဆိုပါ ပရဟိတအဖွဲ့များသည် မိမိတို့နီးစပ်ရာ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း၊ စနစ်တကျ လေ့ကျင့်ထားသူများလည်း မဟုတ်။ ကူညီလိုစိတ် တခုတည်းဖြင့် လုပ်ဆောင်ခဲ့ကြခြင်းမျှသာ။ ဤသည်တို့ကြောင့်လည်း မကြာမီရက်များအတွင်းက ပရဟိတအဖွဲ့တခု၏ ဥက္ကဋ္ဌဖြစ်သူမှာ မည်သူ့လက်ချက်မှန်းမသိ အသက်ဆုံးရှုံးခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့လိုက်ရသည်။

ကူညီကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေရာအတွင်း သွားရောက်၍ ဒဏ်ရာရသူကိုကယ်မည်ဆိုလျှင်လည်း မြင်သာထင်ရှားသော ကြက်ခြေနီတံဆိပ်သော်လည်းကောင်း၊ အလံသော်လည်းကောင်း ထောင်ထားသင့်သည်။ သို့မှသာ ရန်သူမိတ်ဆွေ ကွဲကွဲပြားပြား သိနိုင်ပေမည်။ ထိုသို့ မလုပ်ဆောင်ခဲ့ပါက အထင်လွဲမှုများ ဖြစ်လာနိုင်သည်။

တဖန် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြသော နှစ်ဖက်စစ်အုပ်စုများ အနေဖြင့်လည်း ကြက်ခြေနီနှင့်ပရဟိတအဖွဲ့သုံး ယာဉ်များ၊ တံဆိပ်များ၊ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် အမှတ်အသားများကို စစ်ပွဲအတွက် အသုံးပြုခြင်းမျိုးကို ရှောင်ရှားသင့်လှပေသည်။ ထိုကဲ့သို့ ကြက်ခြေနီအဖွဲ့ကို စစ်ပွဲများ အကြမ်းဖက်နှိမ်နင်းရေးအတွက် လွဲမှားစွာ အသုံးပြုခဲ့သဖြင့် တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခြင်း ခံခဲ့သောဖြစ်ရပ်များ ရှိခဲ့သည်ကို နမူနာယူနိုင်ကြစေရန် တင်ပြလိုပါသည်။

၁၉၇၂ ခုနှစ်ထဲတွင် ဘိုးရင်း ၇၀၇ ခရီးသည်တင် လေယာဉ်တစီးသည် ဘရပ်ဆဲမြို့မှ တဲအဗစ်မြို့သို့ ပျံသန်းလာစဉ် ဘလက်စက်တင်ဘာခေါ် ပါလက်စတိုင်း မိုးမှောင်ဂိုဏ်း ပြောက်ကျားအသေခံအဖွဲ့မှ လေယာဉ်ပြန်ပေးသမား ၄ ဦးတို့က အပိုင်စီးမှုဖြစ်ခဲ့သည်။

သူတို့၏ တောင်းဆိုချက်မှာ ပါလက်စတိုင်း အကျဉ်းသား ၃၁၇ ယောက်အား ပြန်လွှတ်ပေးပြီး လေယာဉ်ဖြင့် အာရပ်နိုင်ငံတွေထံ ပို့ပေးရန်ဖြစ်သည်။ ယင်းအချက်ကို အစ္စရေးကာကွယ်ရေးမှ မိုရှေဒါယန်းက လက်မခံနိုင်။ အကြမ်းဖက်အဖွဲ့အား ထိုသို့ ခွင့်မပြုနိုင်ခဲ့ပေ။ သို့အတွက် မိုရှေဒါယန်းက သူ၏ ကွန်မန်ဒိုအဖွဲ့အား လေယာဉ်ပုံစံတည်ဆောက်၍ စက္ကန့် ၉၀ အတွင်း အပြီးစီးလုပ်ဆောင်နိုင်ရန် အထပ်ထပ် လေ့ကျင့်စေခဲ့သည်။

လေ့ကျင့်နေဆဲမှာပင် ပြန်ပေးသမားတို့အား လေယာဉ်စစ်ဆေးခွင့်တောင်းရာ ခွင့်ပြုချက်ရသဖြင့် မက္ကင်းနစ်များကို စေလွှတ်ကာ လေယာဉ်ဘီးအား လေလျှော့ခြင်း၊ အင်ဂျင်ပါဝါစွမ်းအင် လျော့ချခြင်းတို့ ပြုလုပ်လိုက်သည်။ ထို့နောက် မိုရှေဒါယန်းက ပါလက်စတိုင်း အကျဉ်းသားများအား လွှတ်ပေးတော့မှာ ဖြစ်သည့်အတွက် လေယာဉ်တစင်းအား အသင့်ပြင်ဆင်ထားကြောင်း ပြန်ပေးသမားတို့ထံ သတင်းပို့လိုက်သည်။ ပြန်ပေးသမားတို့ ယုံကြည်စေရန် အာရပ်စကားကို ပီပီသသပြောနိုင်သူ တဦးအား ထိုသတင်းမှန်ကြောင်း ပြောပြစေသည်။

ဤသည်ကို ပြန်ပေးသမားတို့ ယုံကြည်မှုရှိပြီး ၎င်းတို့က သို့ဆိုလျှင် လေယာဉ်အား ပြန်ပြင်ပေးရန်အတွက် မက္ကင်းနစ်တဖွဲ့ လွှတ်ပေးရန်နှင့် ထိုအဖွဲ့တွင် လက်နက်ပါမပါ စစ်ဆေးရန်အတွက် ကြက်ခြေနီတဖွဲ့ စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဤအတွက် မိုရှေဒါယန်း‌က အစ္စရေးကြက်ခြေနီအဖွဲ့ကို ခေါ်ယူတာဝန်ပေး မှာကြားလိုက်သည်။ အစ္စရေး ကြက်ခြေနီအဖွဲ့၏ စစ်ဆေးနေမှုကို ပြန်ပေးသမားတဦးက လေယာဉ်ပြတင်းပေါက်က စောင့်ကြည့်နေသည်။ ကြက်ခြေနီတို့ကလည်း မက္ကင်းနစ်များကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြသည်။ စစ်ဆေးပြီး လက်နက်မပါကြောင်း လေယာဉ်ပြတင်းပေါက်မှ ကြည့်နေသူထံ ခေါင်းညိတ် အချက်ပြလိုက်သည်။ ထို့နောက် ပြန်ပေးသမားတို့က လေယာဉ်အားပြုပြင်ရန် ခွင့်ပြုလိုက်တော့သည်။

မက္ကင်းနစ်တို့ စစ်ဆေးခွင့်ပြုပြီး စက္ကန့် ၉၀ အတွင်းမှာပင် လေယာဉ်ပြန်ပေးသမား နှစ်ယောက် သေခဲ့သည်။ ကျန်နှစ်ယောက် ဒဏ်ရာဖြင့် အရှင်မိခဲ့သည်။ လေယာဉ်ပေါ်တွင်ပါသော အစ္စရေး ဓားစာခံ ၉၀ ကို ကယ်တင်နိုင်ခဲ့သည်။

တကမ္ဘာလုံး အံ့ဘနန်းဖြစ်ခဲ့သည်။ ချီးကျူးသူက ချီးကျူး၊ ဂုဏ်ပြုသူက ဂုဏ်ပြုခဲ့သည်တို့ ရှိသကဲ့သို့ ရှုတ်ချပြစ်တင်သူတို့လည်း ရှိခဲ့သည်။ နိုင်ငံတကာ လေယာဉ်မှူးများ အဖွဲ့ချုပ်ကလည်း လေယာဉ်ပေါ်တွင် အကြမ်းဖက်ပစ်ခတ်မှုကို ခွင့်ပြုခဲ့သည့် လေယာဉ်မှူး လဲဗီးအား ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် အစ္စရေး ကြက်ခြေနီအဖွဲ့အားလည်း မိမိတို့၏ ပဋိဉာဉ်ကို ဖျက်၍ ကွန်မန်ဒိုအဖွဲ့ဘက်က လိမ်ညာပေးခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီတို့၏ ပြစ်တင်ရှုတ်ချဝေဖန်ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် တိုက်ပွဲကြားသို့ သွားရောက်ကူညီလိုသူတို့ အနေဖြင့်လည်း ကြက်ခြေနီအမှတ်တံဆိပ်များ၊ အလံများတို့ကို သိသာထင်ရှားစွာ ပြုလုပ်ထားရန် လိုအပ်ပါသည်။

လက်နက်ကိုင် တိုက်ပွဲဝင်နေကြသူတို့မှလည်း ထိုသို့သော အဖွဲ့များအား အန္တရာယ်မှ ကင်းလွတ်ခွင့်ပေးရမည်ကို အစဉ်သတိချပ်သင့်သကဲ့သို့ ကြက်ခြေနီနှင့် အလားတူ ပရဟိတအဖွဲ့များ၏ ယာဉ်များ၊ လူပုဂ္ဂိုလ်များ၊ အမှတ်တံဆိပ်များအား မိမိလက်နက်ကိုင်အဖွဲ့ အကျိုးအတွက် အသုံးမပြုမိကြစေရန် လိုပါကြောင်း တင်ပြလိုက်ရပါသည်။

ထွန်းဇော်ဌေး


Zawgyi Version

တိုက္ပြဲကြားမွာ ပရဟိတလုပ္မည်ဆိုလ်ွင်

ျမန္မာတို့၏ ပရဟိတစိတ္မွာ အလြန္မနြ်ျမတ္လွသည်။ ပရဟိတ လုပ်ဆောင္မှုမွာလည်း အျခားသောကမ္ဘာ့နိုင်ငံမ်ားထက္ပင် ပိုမ်ားသည္ကို တြေ့ရသည်။ ဤသည္မျွာမန္မာတို့၏ မြန်ျမတ်သောစိတ္ဓာတ္ကို‌ ‌ဖော်ျပေနသည်ဟု ဆိုနိုင်သည်။

ပရဟိတဟုဆိုရာတြင် ကြက်ျေခနီ၊ အရန္မီးသတ္တို့မ်ွသာမက ဘေးအန္တရာယ် က်ရောက်သည့်အခိန္တိုင်း လူထု၏ ကူညီရိုင်းပင်းစိတ်ျဖင့် အကိုးဆောင်လေ့ရွိသော အသင်းအပင်း အဖြဲ့အစည်းမ်ားလည်းပါဝင္ပါသည်။ ပရဟိတသမားတို့၏ စိတ်၌ ကူညီရိုင်းပင်းလိုမှုသည် နယ္ပယ္ကန့်သတ္ခ်က္မရွိ၊ က်ယ္က်ယ်ျပန့်ျပန့် ဖြင့္ထားခဲ့ကြသည်။

ကြက်ျေခနီနွင့် အရန္မီးသတ္တို့မွာမူ က်န္ပရဟိတအဖြဲ့မ်ားနွင့် မတူ၊ သူ့နယ်နွင့်သူ အကန့်အသတ် ရွိကြသည်။ သို့ရာတြင်ျမန္မာနိုင်ငံ၌ ၎င်းအဖြဲ့တို့မျွာမန္မာ့ဆိုရွယ္လစ္လမ်းစဉ္ပါတီ ခေတ္မွစ၍ နိုင်ငံတော် အေရးအရာမ်ားနွင့် ပြဲလမ်းသဘင္မ်ားလောက္တြင်သာ အေတြ့မ်ားခဲ့သည်။ ဤသည်ကြောင့္ပင်ျမန္မာတို့၏စိတ်၌ ယင်းအဖြဲ့မ်ားအေပ်ါတြင် အထင်အျမင် လြဲမွားခဲ့သည္မွာ နွစ္မ်ားစြာ ကျြာမင့္လာခဲ့ပြီ။ ထိုသို့သော ကာလမိုးတြင် နယ္စည်းမျခား ပရဟိတမ်ား ဝင်ရောက္လှုပ်ရွားလာခဲ့ကြေတာ့သည်။
အဆိုပါ ပရဟိတအဖြဲ့မ်ားသည် မိမိတို့နီးစပ်ရာ ပူးပေါင်းလုပ်ဆောင္ချဲ့ခင်း၊ စနစ္တက် လေ့က်င့္ထားသူမ်ားလည်း မဟုတ်။ ကူညီလိုစိတ် တခုတည်ျးဖင့် လုပ်ဆောင္ခဲ့ကျြခင်းမ်ွသာ။ ဤသည္တို့ကြောင့္လည်း မကြာမီရက္မ်ားအတြင်းက ပရဟိတအဖြဲ့တခု၏ ဥက္ကဋ္ဌျဖစ်သူမွာ မည်သူ့လက္ခ်က္မွန်းမသိ အသက်ဆုံးရှုံးခဲ့ရေကြာင်းကို လူမှုကြန်ရက် စာမ်က်နွာမ်ားတြင် တြေ့လိုက်ရသည်။

ကူညီကယ်ဆယ်ရေး အဖြဲ့မ်ားအေနျဖင့် တိုက္ပျြဲဖစ္ပြားနေရာအတြင်း သြားရောက်၍ ဒဏ်ရာရသူကိုကယ္မည်ဆိုလ်ွင္လည်ျးမင်သာထင်ရွားသော ကြက်ျေခနီတံဆိပ်သ္လောည်းကောင်း၊ အလံသ္လောည်းကောင်း ထောင္ထားသင့်သည်။ သို့မွသာ ရန်သူမိတ်ဆြေ ကြဲကျြဲပာျးပား သိနိုင်ပေမည်။ ထိုသို့ မလုပ်ဆောင္ခဲ့ပါက အထင္လြဲမှုမ်ာျးဖစ္လာနိုင်သည်။

တဖန် စစ္ပြဲတြင် ပါဝင္တိုက္ခိုက်နေကြေသာ နွစ္ဖက္စစ်အုပ္စုမ်ား အေနျဖင့္လည်း ကြက်ျေခနီနွင့္ပရဟိတအဖြဲ့သုံး ယာဉ္မ်ား၊ တံဆိပ္မ်ား၊ ထင်ယောင္ထင္မွာျးဖစ်စေနိုင်သည့် အမွတ်အသားမ်ားကို စစ္ပြဲအတြက် အသုံျးပျုခင်းမိုးကို ရွောင်ရွားသင့္လွပေသည်။ ထိုကဲ့သို့ ကြက်ျေခနီအဖြဲ့ကို စစ္ပြဲမ်ား အကြမ်းဖက်နွိမ္နင်းရေးအတြက် လြဲမွားစြာ အသုံျးပုခဲ့သျဖင့် တကမ္ဘာလုံးကျပစ္တင်ရှုတ္ခ်ျခင်း ခံခဲ့သျောဖစ်ရပ္မ်ား ရွိခဲ့သည္ကို နမူနာယူနိုင်ကြေစရန် တင်ျပလိုပါသည်။

၁၉၇၂ ခုနွစ္ထဲတြင် ဘိုးရင်း ၇၀၇ ခရီးသည္တင် လေယာဉ္တစီးသည် ဘရပ်ဆဲမြို့မွ တဲအဗစ်မြို့သို့ ပ်ံသန်းလာစဉ် ဘလက္စက္တင္ဘာခေါ် ပါလက္စတိုင်း မိုးမွောင္ဂိုဏ်းျေပာက္က်ားအေသခံအဖြဲ့မွ လေယာဉ်ျပန်ပေးသမား ၄ ဦးတို့က အပိုင္စီးမျှုဖစ္ခဲ့သည်။

သူတို့၏ တောင်းဆိုခ်က္မွာ ပါလက္စတိုင်း အက်ဉ်းသား ၃၁၇ ယောက်အာျးပန္လွှတ်ပေးပြီး လေယာဉ်ျဖင့် အာရပ်နိုင်ငံတြေထံ ပို့ပေးရန်ျဖစ်သည်။ ယင်းအခ်က္ကို အစ္စေရးကာကြယ်ရေးမွ မိုရွေဒါယန်းက လက္မခံနိုင်။ အကြမ်းဖက်အဖြဲ့အား ထိုသို့ ခြင့္မျပုနိုင္ခဲ့ပေ။ သို့အတြက် မိုရွေဒါယန်းက သူ၏ ကြန္မန္ဒိုအဖြဲ့အား လေယာဉ္ပုံစံတည်ဆောက်၍ စက္ကန့် ၉၀ အတြင်း အပြီးစီးလုပ်ဆောင်နိုင်ရန် အထပ္ထပ် လေ့က်င့်စေခဲ့သည်။

လေ့က်င့်နေဆဲမွာပင်ျပန်ပေးသမားတို့အား လေယာဉ္စစ်ဆေးခြင့်တောင်းရာ ခြင့်ျပုခ်က်ရသျဖင့် မက္ကင်းနစ္မ်ားကို စေလွှတ္ကာ လေယာဉ္ဘီးအား လေလွ်ျာ့ခင်း၊ အင္ဂ်င္ပါဝါစြမ်းအင် လော့်ခ်ျခင်းတိျု့ပုလုပ္လိုက်သည်။ ထို့နောက် မိုရွေဒါယန်းက ပါလက္စတိုင်း အက်ဉ်းသားမ်ားအား လွှတ်ပေးတော့မျွာဖစ်သည့်အတြက် လေယာဉ္တစင်းအား အသင့်ျပင်ဆင္ထားကြောင်ျးပန်ပေးသမားတို့ထံ သတင်းပို့လိုက်သည်။ျပန်ပေးသမားတို့ ယုံကြည်စေရန် အာရပ္စကားကို ပီပီသသျေပာနိုင်သူ တဦးအား ထိုသတင်းမွန်ကြောင်းျေပျာပေစသည်။

ဤသည္ကျိုပန်ပေးသမားတို့ ယုံကြည္မှုရွိပြီး ၎င်းတို့က သို့ဆိုလ်ွင် လေယာဉ်အာျးပန်ျပင်ပေးရန်အတြက် မက္ကင်းနစ္တဖြဲ့ လွှတ်ပေးရန်နွင့် ထိုအဖြဲ့တြင် လက္နက္ပါမပါ စစ်ဆေးရန်အတြက် ကြက်ျေခနီတဖြဲ့ စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဤအတြက် မိုရွေဒါယန်း‌က အစ္စေရးကြက်ျေခနီအဖြဲ့ကို ခေါ်ယူတာဝန်ပေး မွာကြားလိုက်သည်။ အစ္စေရး ကြက်ျေခနီအဖြဲ့၏ စစ်ဆေးနေမှုကျိုပန်ပေးသမားတဦးက လေယာဉ်ျပတင်းပေါက္က စောင့်ကြည့်နေသည်။ ကြက်ျေခနီတို့ကလည်း မက္ကင်းနစ္မ်ားကိုျေခဆုံးခေါင်းဆုံး စစ်ဆေးကြသည်။ စစ်ဆေးပြီး လက္နက္မပါကြောင်း လေယာဉ်ျပတင်းပေါက္မွ ကြည့်နေသူထံ ခေါင်းညိတ် အခ်က်ျပလိုက်သည်။ ထို့နောက်ျပန်ပေးသမားတို့က လေယာဉ်အာျးပျုပင်ရန် ခြင့်ျပုလိုက်တော့သည်။

မက္ကင်းနစ္တို့ စစ်ဆေးခြင့်ျပုပြီး စက္ကန့် ၉၀ အတြင်းမွာပင် လေယာဉ်ျပန်ပေးသမား နွစ်ယောက် သေခဲ့သည်။ က်န်နွစ်ယောက် ဒဏ်ရျာဖင့် အရွင္မိခဲ့သည်။ လေယာဉ်ပေါ်တြင္ပါသော အစ္စေရး ဓားစာခံ ၉၀ ကို ကယ္တင်နိုင္ခဲ့သည်။

တကမ္ဘာလုံး အံ့ဘနန်ျးဖစ္ခဲ့သည်။ ခ်ီးက်ူးသူက ခ်ီးက်ူး၊ ဂုဏ်ျပုသူက ဂုဏ်ျပုခဲ့သည္တို့ ရွိသကဲ့သို့ ရှုတ္ခ်ျပစ္တင်သူတို့လည်း ရွိခဲ့သည်။ နိုင်ငံတကာ လေယာဉ္မှူးမ်ား အဖြဲ့ခ်ုပ္ကလည်း လေယာဉ်ပေါ်တြင် အကြမ်းဖက္ပစ္ခတ္မှုကို ခြင့်ျပုခဲ့သည့် လေယာဉ္မှူး လဲဗီးအာျးပစ္တင်ရှုတ္ခ်ခဲ့သည်။ ထို့အျပင် အစ္စေရး ကြက်ျေခနီအဖြဲ့အားလည်း မိမိတို့၏ ပဋိဉာဉ္ကို ဖ်က်၍ ကြန္မန္ဒိုအဖြဲ့ဘက္က လိမ်ညာပေးခဲ့သည့်အတြက် အျပည်ျပည်ဆိုင်ရာ ကြက်ျေခနီတို့၏ျပစ္တင်ရှုတ္ခ်ဝေဖန်ျခင်း ခံခဲ့ရသည်။

ထို့ကြောင့် တိုက္ပြဲကြားသို့ သြားရောက္ကူညီလိုသူတို့ အေနျဖင့္လည်း ကြက်ျေခနီအမွတ္တံဆိပ္မ်ား၊ အလံမ်ားတို့ကို သိသာထင်ရွားစျြာပုလုပ္ထားရန် လိုအပ္ပါသည်။

လက္နက္ကိုင် တိုက္ပြဲဝင်နေကြသူတို့မွလည်း ထိုသို့သော အဖြဲ့မ်ားအား အန္တရာယ္မွ ကင်းလြတ္ခြင့်ပေးရမည္ကို အစဉ်သတိခ်ပ်သင့်သကဲ့သို့ ကြက်ျေခနီနွင့် အလားတူ ပရဟိတအဖြဲ့မ်ား၏ ယာဉ္မ်ား၊ လူပုဂ္ဂိုလ္မ်ား၊ အမွတ္တံဆိပ္မ်ားအား မိမိလက္နက္ကိုင်အဖြဲ့ အကိုးအတြက် အသုံးမျပုမိကြေစရန် လိုပါကြောင်း တင်ျပလိုက်ရပါသည်။

ထြန်းဇော်ဌေး

Source : DVB