fbpx

ထိုင်ဝမ်ကို လက်နက်ရောင်းမည့် အမေရိကန်ကုမ္ပဏီများအား တရုတ် အရေးယူပိတ်ဆို့မည်

အမေရိကန်က ထိုင်ဝမ်အစိုးရကို လက်နက်ရောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့သွားမယ်လို့ တရုတ်အစိုးရက သြဂုတ် ၂၁ ရက်နေ့မှာ ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။ 

အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အစီအစဉ် မဖျက်သိမ်းပါက နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ရမယ်လို့ တရုတ်က ထပ်လောင်း သတိပေးခဲ့ပါသေးတယ်။ 

အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ F-16 အမျိုးအစား ဂျက်လေယာဉ်တွေ ထိုင်ဝမ် ကို ရောင်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပြီးပြီလို့ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးတွဲအေဂျင်စီက သြဂုတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။ 

လေယာဉ် ၆၆ စီးအပါအဝင် တခြားအင်ဂျင်တွေ၊ နည်းပညာစနစ်တွေကိုလည်း ရောင်းချသွားမယ့် အဲဒီအစီအစဉ်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ ကူညီရာ ရောက်တယ်လို့ အေဂျင်စီက ဆက်ပြောပါတယ်။ 

တရုတ်တနိုင်ငံတည်း မူဝါဒအရ ဘေဂျင်းအစိုးရဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ သင်းကွဲပြည်နယ်တခုဖြစ် သတ်မှတ်ထားတာကြောင့် တခြားနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေးကိုလည်း တားမြစ်ထားပါတယ်။ 

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းတာနဲ့ ပတ်သက်လို့ တရုတ်အစိုးရဟာ အရင်ကလည်း ကန့်ကွက်ခဲ့ပါတယ်။ 

တရုတ်ပြည်မကြီး အစိုးရနဲ့ ထိုင်ဝမ်အကြား စစ်ရေးတင်းမာနေချိန်မှာပဲ ထိုင်ဝမ်ဟာ ၁၀ နှစ်အတွင်း အများဆုံး ကာကွယ်ရေးအသုံးစရိတ် မြှင့်တင့်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ခဲ့ပါတယ်။

ထိုင်ဝမ္ကို လက္နက်ရောင်းမည့် အေမရိကန္ကုမ္ပဏီမ်ားအား တရုတ် အေရးယူပိတ်ဆို့မည်
DVB
အေမရိကန္က ထိုင်ဝမ်အစိုးရကို လက္နက်ရောင်းမယ့် အစီအစဉ္နဲ့ ပတ်သက်ပြီး အေမရိကန် ကုမ္ပဏီတြေကို အေရးယူပိတ်ဆို့သြားမယ္လို့ တရုတ်အစိုးရက သြဂုတ် ၂၁ ရက်နေ့မွာ ခြိမ်ျးေခာက်ျေပာကြားလိုက္ပါတယ်။
အေမရိကန်အေနနဲ့ ထိုင်ဝမ္ကို လက္နက်ရောင်းမယ့် အစီအစဉ် မဖ်က်သိမ်းပါက နောက်ဆက္တျြဲပဿနာတြေကို ရင်ဆိုင်ရမယ္လို့ တရုတ္က ထပ်လောင်း သတိပေးခဲ့ပါသေးတယ်။
အေမရိကန်ဒေါ်လာ ၈ ဘီလီယံ တန္ဖိုးရွိတဲ့ F-16 အမိုးအစား ဂ်က်လေယာဉ်တြေ ထိုင်ဝမ် ကို ရောင်းဖို့ အေမရိကန်နိုင်ငျံခားရေး ဝန်ကြီးဌာနက အတည်ျပုပြီးပြီလို့ ကာကြယ်ရေးနဲ့ လုံခြုံရေး ပူးတြဲအေဂ်င္စီက သြဂုတ် ၂၀ ရက်နေ့မွာျေပာပါတယ်။
လေယာဉ် ၆၆ စီးအပါအဝင် တျခားအင္ဂ်င်တြေ၊ နည်းပညာစနစ်တြေကိုလည်း ရောင်းခ်သြားမယ့် အဲဒီအစီအစဉ်ဟာ ထိုင်ဝမ်ရဲ့ ကာကြယ်ရေးစြမ်းရည်ျမှင့္တင္ဖို့ ကူညီရာ ရောက္တယ္လို့ အေဂ်င္စီက ဆက်ျေပာပါတယ်။
တရုတ္တနိုင်ငံတည်း မူဝါဒအရ ဘေဂ်င်းအစိုးရဟာ ထိုင်ဝမ္ကျြန်းကို သူတို့ရဲ့ သင်းကျြဲပည္နယ္တချုဖစ် သတ္မွတ္ထားတာကြောင့် တျခားနိုင်ငံတြေနဲ့ သံတမန် ဆက်ဆံရေးကိုလည်း တာျးမစ္ထားပါတယ်။
အေမရိကန္က ထိုင်ဝမ္ကို လက္နက်ရောင်းတာနဲ့ ပတ်သက္လို့ တရုတ်အစိုးရဟာ အရင္ကလည်း ကန့္ကက္ခြဲ့ပါတယ်။
တရုတ်ျပည္မကြီး အစိုးရနဲ့ ထိုင်ဝမ်အကြား စစ်ရေးတင်းမာနေခိန္မွာပဲ ထိုင်ဝမ်ဟာ ၁၀ နွစ်အတြင်း အမ်ားဆုံး ကာကြယ်ရေးအသုံးစရိတ်ျမှင့္တင့္မယ့် အစီအစဉ္ကို ပြီးခဲ့တဲ့ သီတင်းပတ္က ထုတ်ဖ္ခောဲ့ပါတယ်။

Source : DVB