fbpx

ဒီမိုကရေစီ အနှစ်သာရသိရှိစေရန် စာစီစာကုံး၊ ကဗျာ ပန်းချီပြိုင်ပွဲ ဘားအံတွင် ကျင်းပ

ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝနားလည်ပြီး ဒီမိုကရေစီရဲ့ စံနှုန်းတွေကို သိရှိနားလည်စေဖို့ ရည်ရွယ်ပြီး ၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ဘားအံမြို့၊ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ ပထမဆုံးအကြိမ် သြဂုတ် ၂၄ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြိုင်ပွဲကို နိုင်ငံသားအားလုံးရဲ့ လူမှုဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ တန်းတူညီမျှ ပြောဆိုရပိုင်ခွင့်တွေကို သိရှိစေဖို့၊ ကျောင်းသူကျောင်းသားတွေ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ နားလည်ပြီး ဒီမိုကရေစီရဲ့ စံနှုန်းတွေကို သိရှိနားလည်စေဖို့ ရည်ရွယ်ကျင်းပတာပါ။

တက္ကသိုလ်အဆင့်ပြိုင်ပွဲမှာ တွဲလက်ညီညီ ဖက်ဒရယ်ပြည်ထောင်စုဆီ၊ အထက်တန်းအဆင့်မှာ ပြည်သူ့ဘဝငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့၊ အလယ်တန်းအဆင့်မှာ ဒီမိုကရေစီ အားကောင်းရေး တို့လူငယ်များဝန်းရံပေး ခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဘားအံမြို့နယ်ပညာရေးမှူးရုံး၊ လက်ထောက်ပညာရေးမှူး၊ ဒေါ်ပြုံးပြုံးခိုင်က “ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ လိုက်နာပြီးတော့ ကျင့်သုံးတတ်ဖို့ ဒီမိုကရေစီရဲ့စံနှုန်းတွေကို ကိုယ်တိုင် သိရှိနားလည်ပြီးတော့ ကျမတို့နိုင်ငံကို ရှေ့လျှောက်ပြီး အောင်အောင်မြင်မြင် ဖော်ဆောင်သွားနိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းပါဝင်ကူညီပေးကြပါ။ ပူးပေါင်းပေးကြပါ”လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၊ မချောသန္တာမိုးမြင့်က “မြန်မာဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့က ပြည်သူတွေအားလုံးက ဝိုင်းဝန်းဆောင်ရွက်မှသာလျှင် မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာဝဖြိုးပြီး တိုးတက်ဖွံ့ဖြိုးလာမယ်” လို့ ပြောပါတယ်။

ပြိုင်ပွဲကို အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသားကျောင်းသူ ၄၃ ဦးက စာစီစာကုံး၊ ကဗျာနဲ့ ပန်းချီတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြည်နယ်အဆင့်ပြိုင်ပွဲမှာ ဆုရ ကျောင်းသားကျောင်းသူတွေကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဆုချီးမြှင့်ပေးသွားမှာပါ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်၊ ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံတွေက ၂၀၀၈ ခုနှစ်မှစတင်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားတွေကို ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်က စတင်ပြီး ကျင်းပလာခဲ့တာပါ။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒီမိုကေရစီ အနွစ်သာရသိရွိစေရန် စာစီစာကုံး၊ ကဗ်ာ ပန်းခ်ီပြိုင္ပြဲ ဘားအံတြင် က်င်းပ

ဒီမိုကေရစီရဲ့အနွစ်သာရကျိုပည့်ျပည့်ဝဝနားလည်ပြီး ဒီမိုကေရစီရဲ့ စံနှုန်းတြေကို သိရွိနားလည်စေဖို့ ရည်ရယ်ြပြီး ၉ ကြိမ်ျေမာက် အျပည်ျပည်ဆိုင်ရာ ဒီမိုကေရစီနေ့အထိမ်းအမွတ် စာစီစာကုံး၊ ကဗ်ာ၊ ပန်းခ်ီပြိုင္ပြဲကို ဘားအံမြို့၊ အမွတ် ၁ အျေခခံပညာ အထက္တန်းကော်င်းမွာ ပထမဆုံးအကြိမ် သြဂုတ် ၂၄ ရက် မနက္ပိုင်းက က်င်းပျပုလုပ္ခဲ့ပါတယ်။

ပြိုင္ပြဲကို နိုင်ငံသားအားလုံးရဲ့ လူမှုဘဝနဲ့ပတ်သက္တဲ့ ဆုံျးဖတ္ခ်က်တြေမွာ တန်းတူညီမွ်ျေပာဆိုရပိုင္ခြင့်တြေကို သိရွိစေဖို့၊ ကော်င်းသူကော်င်းသားတြေ ဒီမိုကေရစီရဲ့ အနွစ်သာရကျိုပည့်ျပည့်ဝဝ နားလည်ပြီး ဒီမိုကေရစီရဲ့ စံနှုန်းတြေကို သိရွိနားလည်စေဖို့ ရည်ရယ္က်ြင်းပတာပါ။

တက္ကသိုလ်အဆင့်ပြိုင္ပြဲမွာ တြဲလက်ညီညီ ဖက္ဒရယ်ျပည်ထောင္စုဆီ၊ အထက္တန်းအဆင့္မျွာပည်သူ့ဘဝငြိမ်းခ်မ်းဖို့ ဒီမိုကေရစီဖော်ဆောင္စို့၊ အလယ္တန်းအဆင့္မွာ ဒီမိုကေရစီ အားကောင်းရေး တို့လူငယ္မ်ားဝန်းရံပေး ခေါင်းစဉ်တြေနဲ့ ယွဉ်ပြိုင္ခဲ့ကြတာပါ။

ဘားအံမြို့နယ္ပညာရေးမှူးရုံး၊ လက်ထောက္ပညာရေးမှူး၊ ဒေါ်ပြုံးပြုံးခိုင္က “ဒီမိုကေရစီနဲ့ ပတ်သက်ပြီးတော့ ဒီမိုကေရစီရဲ့ အနွစ်သာရကျိုပည့်ျပည့်ဝဝ လိုက္နာပြီးတော့ က်င့်သုံးတတ္ဖို့ ဒီမိုကေရစီရဲ့စံနှုန်းတြေကို ကိုယ္တိုင် သိရွိနားလည်ပြီးတော့ က်မတို့နိုင်ငံကို ရွေ့လွော်က်ပြီး အောင်အောင်ျမင်ျမင် ဖော်ဆောင်သြားနိုင္ဖို့အတြက် အားလုံးက ဝိုင်းဝန်းပါဝင္ကူညီပေးကြပါ။ ပူးပေါင်းပေးကြပါ”လို့ျေပာပါတယ်။

ဘားအံမြို့၊ အမွတ် ၄ အျေခခံပညာအထက္တန်းကော်င်း၊ မေခ်ာသန္တာမိုျးမင့္က “ျမန္မာဒီမိုကေရစီစနစ်ဖော်ဆောင္ဖို့ကျပည်သူတြေအားလုံးက ဝိုင်းဝန်းဆောင်ရက္မြွသာလ်ွင်ျမန္မာနိုင်ငံတော်ကြီး စည္ပင်သာယာဝဖြိုးပြီး တိုးတက္ဖြံ့ဖြိုးလာမယ်” လို့ျေပာပါတယ်။

ပြိုင္ပြဲကို အျေခခံပညာကော်င်းပေါင်းစုံက ကော်င်းသားကော်င်းသူ ၄၃ ဦးက စာစီစာကုံး၊ ကဗ်ာနဲ့ ပန်းခ်ီတြေကို ဝင်ရောက်ယွဉ်ပြိုင္ခဲ့ကြပြီး၊ျပည္နယ်အဆင့်ပြိုင္ပြဲမွာ ဆုရ ကော်င်းသားကော်င်းသူတြေကို အျပည်ျပည်ဆိုင်ရာ ဒီမိုကေရစီနေ့ အခမ်းအနားမွာ ဆုခ်ီျးမှင့်ပေးသြားမွာပါ။

ကမ္ဘာ့ကုလသမဂ္ဂအဖြဲ့ဝင်၊ ဒီမိုကေရစီက်င့်သုံးနေတဲ့ နိုင်ငံတြေက ၂၀၀၈ ခုနွစ္မွစတင်ပြီး စက္တင္ဘာလ ၁၅ ရက်နေ့ရောက္တိုင်း အျပည်ျပည်ဆိုင်ရာဒီမိုကေရစီနေ့ အခမ်းအနားတြေကို က်င်းပခဲ့ကြသလျိုမန္မာနိုင်ငံက ၂၀၁၁ ခုနွစ္က စတင်ပြီး က်င်းပလာခဲ့တာပါ။

ရဲမင်းခေါင်

Source : DVB