fbpx

ရနောင်းတွင် ဥပဒေနှင့်မညီသည့် မြန်မာ ဆရာ၊ ဆရာမ ၃၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား ရင်သွေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတကျောင်းကို  သက်ဆိုင်ရာ အာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခဲ့ပါတယ်။

ရနောင်းခရိုင် လ.ဝ‌.က၊ နယ်မြေခံရဲ၊ အလုပ်သမားရုံး၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သြဂုတ် ၂၄ ရက် မနက် ၉ နာရီလောက်က ရနောင်းဌာနီလို့ အမည်ပေးထားတဲ့ ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းကို လာရောက်စစ်ဆေးပြီး  ဥပဒေနဲ့မညီတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းသွားတာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆရာ၊ ဆရာမတွေ အဖမ်းခံရတဲ့အကြောင်း မနေ့က အလုပ်သမားသံအရာရှိက ကျနော်တို့ဆီ ဖုန်းဆက်တယ်၊ ဘယ်လို လုပ်ကြရင် ကောင်းမလဲပေါ့နော်။ ဒါနဲ့ ကျနော်တို့လည်း ဒီကနေ့ အဲဒီ ဆရာ၊ ဆရာမတွေကို သွားတွေ့ပြီး အားပေးစကားပြောခဲ့တယ်။ သူတို့ လွတ်မြောက်ရေးအတွက် ကူပြီး ညှိနှိုင်းပေးမယ်ပေါ့နော်။ အမှန်က ဆရာ၊ ဆရာမတွေက နေထိုင်ခွင့်လက်မှတ်တော့ ရှိတယ်၊ အဝါရောင် ဘော်ဒါပတ်စ်လက်မှတ် ရှိတယ်။ ဒါပေမဲ့ အဲဒါက လာရောက်လည်ပတ်ခွင့်ပဲ ရှိတာလေ၊ အလုပ်လာလုပ်လို့ မရဘူး။ အလုပ်လုပ်ခွင့် တောင်းပြီးတာတောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ခွင့်ပြုထားတဲ့ အလုပ်ထဲမှာ ကျောင်းဆရာ လုပ်တာ မပါဘူး။ ဒီကျောင်းက မြန်မာဘုန်းကြီးတွေ ဖွင့်ပေးထားတာဆိုတော့ နားလည်မှုနဲ့ပဲ ခန့်ထားပြီး အခုလို ဝင်စစ်တော့ အဖမ်းခံရတာပါ။ ဥပဒေကြောင်းအရ ဒဏ်ငွေရိုက်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ သိရတယ်။  ဒီနေ့က ရုံးပိတ်ရက်လည်း ဖြစ်နေတော့လေ။”

ဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမတွေဟာ ခွင့်ပြုချက်မရတဲ့အလုပ်မှာ ဝင်လုပ်တာကြောင့် ဥပဒေအရ ဒဏ်ငွေ အနည်းဆုံး ဘတ် ၅ ထောင်မှ ၅ သောင်းထိ ကျခံရမှာဖြစ်ပြီး ဒီကနေ့ သိရတာကတော့ တဦးလျှင် ဘတ် ၂ သောင်းခွဲ ဒဏ်တပ်ခံရကြောင်း၊ အားလုံးအတွက် ဒဏ်ငွေမှာ စုစုပေါင်း ဘတ် ၈ သိန်းခန့် ကုန်ကျမှာဖြစ်ပြီး ကျောင်းကော်မတီ ဆရာတော်က စိုက်ပေးထားမယ်လို့  သူက ဆက်ပြောပါတယ်။

ရနောင်းဌာနီ စာသင်ကျောင်းမှာ ကျောင်းသူ ကျောင်းသားပေါင်း ၁၅၀၀ လောက်ရှိပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားကလေးတွေအနေနဲ့ မိခင်မြန်မာဘာသာစကား တတ်မြောက်ကာ မြန်မာပြည် ပြန်ရောက်လို့ မြန်မာကျောင်းကို ပြန်ပေါင်းကူးသင်ကြားရာမှာ လွယ်ကူစေရေး၊ မိဘတွေက အလုပ်သွားလုပ်တဲ့အခါ သားသမီးကို စိတ်ချစွာနဲ့ အဆိုပါကျောင်းမှာ လာအပ်နိုင်ဖို့  မြန်မာဆရာတော်ကြီး ၃ ပါးက ကမကထပြုပြီး လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်ကတည်းက ဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

အဆိုပါကျောင်းကို ယခင်ကလည်း စစ်ဆေးရေးဝင်ကာ ဆရာ၊ ဆရာမတွေ အဖမ်းခံခဲ့ရဖူးကြောင်း၊ ဒါပေမဲ့ ထိုင်းမှာ မြန်မာဆရာဆရာမတွေကို တရားဝင်ခန့်ထားဖို့ နိုင်ငံကူးလက်မှတ်၊ ဆရာဖြစ်သင်တန်းအောင် ဘွဲ့လက်မှတ်၊ ပညာရေးဌာန ထောက်ခံစာ၊ သံရုံးထောက်ခံစာ စတဲ့ အထာက်အထားများစွာ လိုအပ်ပြီး လုပ်ရတာ မလွယ်ကူးဘူးလို့  သိရပါတယ်။

ရနောင်း အပါအဝင် ထိုင်း-မြန်မာ နယ်စပ်မှာ အခုလို ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်ထားတာ အတော်များများရှိပြီး ရွှေ့ပြောင်းကလေးတွေအတွက်လည်း မရှိမဖြစ် အရေးကြီးတာကြောင့်  လူမှုဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမား သံအရာရှိတွေအနေနဲ့ ဒေသအာဏာပိုင်တွေကို ဆွေးနွေးညှိနှိုင်းသွားတယ်လို့ ကိုမင်းဦးက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရေနာင်းတြင် ဥပေဒနွင့္မညီသည့်ျမန္မာ ဆရာ၊ ဆရာမ ၃၀ ကော်် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင္ပိုင်း၊ ရေနာင်းမြို့ကျမန္မာရွှေ့ျေပာင်းအလုပ်သမား ရင်သြေးတြေအတြက် ဖြင့္လွစ္ထားတဲ့ စာသင်ကော်င်းတေက်ာင်းကို  သက်ဆိုင်ရာ အာဏာပိုင်တြေက ရွောင္တခင် ဝင်ရောက္စစ်ဆေးပြီး ဥပေဒနဲ့ မညီညတ္တြျဲ့မန္မာ ဆရာ၊ ဆရာမေတြကို ဖမ်းဆီးခဲ့ပါတယ်။

ရေနာင်းခရိုင် လ.ဝ‌.က၊ နယ်ျေမခံရဲ၊ အလုပ်သမားရုံး၊ စစ္တပ္နဲ့ အုပ္ခ်ုပ်ရေးပိုင်းတြေ ပါဝင္တဲ့ ပူးပေါင်းအဖြဲ့ဟာ သြဂုတ် ၂၄ ရက် မနက် ၉ နာရီလောက္က ရေနာင်းဌာနီလို့ အမည်ပေးထားတဲ့ ရွှေ့ျေပာင်းလုပ်သား စာသင်ကော်င်းကို လာရောက္စစ်ဆေးပြီး  ဥပေဒနဲ့မညီတဲ့ ဆရာ၊ ဆရာမေတြကို ဖမ်းသြားတာလို့ ထိုင်းတောင္ပိုင်းအျေခစိုက် ပညာရေးနဲ့ ဖြံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရွင်းမွ ရွှေ့ျေပာင်းအလုပ်သမားရေးရာ တာဝန္ခံ ကိုမင်းဦးက ဒီဗြီဘီကိုျေပာပါတယ်။

“ဆရာ၊ ဆရာမေတြ အဖမ်းခံရတဲ့အေကြာင်း မေန့က အလုပ်သမားသံအရာရွိက က်န္တောို့ဆီ ဖုန်းဆက္တယ်၊ ဘယ္လို လုပ်ကြရင် ကောင်းမလဲပေါ့နော်။ ဒါနဲ့ က်န္တောို့လည်း ဒီကေန့ အဲဒီ ဆရာ၊ ဆရာမေတြကို သြားတြေ့ပြီး အားပေးစကာျးေပာခဲ့တယ်။ သူတို့ လြတ်ျေမာက်ရေးအတြက် ကူပြီး ညှိနှိုင်းပေးမယ်ပေါ့နော်။ အမွန္က ဆရာ၊ ဆရာမေတြက နေထိုင္ခြင့္လက္မွတ်တော့ ရွိတယ်၊ အဝါရောင် ဘ္ဒောါပတ္စ္လက္မွတ် ရွိတယ်။ ဒါပေမဲ့ အဲဒါက လာရောက္လည္ပတ္ခြင့္ပဲ ရွိတာလေ၊ အလုပ္လာလုပ္လို့ မရဘူး။ အလုပ္လုပ္ခြင့် တောင်းပြီးတာတောင္မွ ရွှေ့ျေပာင်းအလုပ်သမားတြေအတြက် ခြင့်ျပုထားတဲ့ အလုပ္ထဲမွာ ကော်င်းဆရာ လုပ္တာ မပါဘူး။ ဒီကော်င်းကျမန္မာဘုန်းကြီးတြေ ဖြင့်ပေးထားတာဆိုတော့ နားလည္မှုနဲ့ပဲ ခန့္ထားပြီး အခုလို ဝင္စစ်တော့ အဖမ်းခံရတာပါ။ ဥပေဒေကြာင်းအရ ဒဏ်ငြေရိုက်ပြီးရင်ျပန္လွှတ်ပေးမယ္လို့ သိရတယ်။  ဒီနေ့က ရုံးပိတ်ရက္လည်ျးဖစ်နေတာ့လေ။”

ဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမေတြဟာ ခြင့်ျပုခ်က္မရတဲ့အလုပ္မွာ ဝင္လုပ္တာကြောင့် ဥပေဒအရ ဒဏ်ငြေ အနည်းဆုံး ဘတ် ၅ ထောင္မွ ၅ သောင်းထိ က်ခံရမျွာဖစ်ပြီး ဒီကေန့ သိရတာကေတာ့ တဦးလ်ွင် ဘတ် ၂ သောင်းခြဲ ဒဏ္တပ္ခံရေကြာင်း၊ အားလုံးအတြက် ဒဏ်ငြေမွာ စုစုပေါင်း ဘတ် ၈ သိန်းခန့် ကုန္က်မျွာဖစ်ပြီး ကော်င်းက္မောတီ ဆရာတ္ကော စိုက်ပေးထားမယ္လို့  သူက ဆက်ျေပာပါတယ်။

ရေနာင်းဌာနီ စာသင်ကော်င်းမွာ ကော်င်းသူ ကော်င်းသားပေါင်း ၁၅၀၀ လောက်ရွိပြီး ထိုင်းရောက်ျမန္မာရွှေ့ျေပာင်း လုပ်သားကေလးတြေအေနနဲ့ မိခင်ျမန္မာဘာသာစကား တတ်ျေမာက္ကျာမန္မျာပည်ျပန်ရောက္လိျု့မန္မာကော်င်းကျိုပန်ပေါင်းကူးသင်ကြားရာမွာ လြယ္ကူစေရး၊ မိဘေတြက အလုပ်သြားလုပ္တဲ့အခါ သားသမီးကို စိတ္ခ်စြာနဲ့ အဆိုပါကော်င်းမွာ လာအပ်နိုင္ဖိျု့မန္မာဆရာတော်ကြီး ၃ ပါးက ကမကထျပုပြီး လြန္ခဲ့တဲ့ ဆယ်နွစ် ကေ်္ကာတည်းက ဖြင့္လွစ္ထားတာလို့ ဆိုပါတယ်။

အဆိုပါကော်င်းကို ယခင္ကလည်း စစ်ဆေးရေးဝင္ကာ ဆရာ၊ ဆရာမေတြ အဖမ်းခံခဲ့ရဖူးကြောင်း၊ ဒါပေမဲ့ ထိုင်းမျွာမန္မာဆရာဆရာမေတြကို တရားဝင္ခန့္ထားဖို့ နိုင်ငံကူးလက္မွတ်၊ ဆရျာဖစ်သင္တန်းအောင် ဘြဲ့လက္မွတ်၊ ပညာရေးဌာန ထောက္ခံစာ၊ သံရုံးထောက္ခံစာ စတဲ့ အထာက်အထားမ်ားစြာ လိုအပ်ပြီး လုပ်ရတာ မလြယ္ကူးဘူးလို့  သိရပါတယ်။

ရေနာင်း အပါအဝင် ထိုင်း-ျမန္မာ နယ္စပ္မွာ အခုလို ကိုယ္ပိုင်ကော်င်းတြေ ဖြင့္လွစ္ထားတာ အေတ္မာ်ားမ်ားရွိပြီး ရွှေ့ျေပာင်းကေလးတြေအတြက္လည်း မရွိမျဖစ် အေရးကြီးတာကြောင့်  လူမှုဖြံ့ဖြိုးရေး ဆောင်ရက်ြနေတဲ့ အဖြဲ့အစည်းတြေ၊ အလုပ်သမား သံအရာရွိတြေအေနနဲ့ ဒေသအာဏာပိုင်တြေကို ဆြေးနြေးညှိနှိုင်းသြားတယ္လို့ ကိုမင်းဦးကျေပာပါတယ်။

Source : DVB