fbpx

မြန်မာ့ထိပ်တန်း ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့် ၈၄၉၂ သတ်မှတ်ခံရ

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေထဲမှာ ထိပ်ဆုံးအဖြစ်သတ်မှတ်ခံရပြီး ကမ္ဘာ့အဆင့် ၈၄၉၂ မှာ ရှိတယ်လို့ နိုင်ငံတကာအဆင့်မြင့်ပညာရေးလမ်းညွှန်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံက တက္ကသိုလ် ၆၀ ကို ဖော်ပြပေးထားပြီး တက္ကသိုလ် ၂၉ ခုကတော့ အဆင့်သတ်မှတ်ခံရတဲ့အထဲမှာ မပါခဲ့ပါဘူး။

uniRank ဆိုတဲ့အဖွဲ့က သတ်မှတ်ဖော်ပြထားတာဖြစ်ပြီး သူတို့ဟာ နိုင်ငံပေါင်း ၂၀၀ မှာရှိတဲ့ တရားဝင် တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၃၆၀၀ ကို အဆင့်သတ်မှတ်ပေးတယ်လို့ ဆိုပါတယ်။

သူတို့က အစိုးရတက္ကသိုလ်တွေနဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်းတွေ၊ အနည်းဆုံး ၄ နှစ် တက်ရပြီး ဘွဲ့နဲ့ ဘွဲ့လွန်ဒီဂရီပေးတဲ့ကျောင်းတွေကိုပဲ အဆင့်သတ်မှတ်တာ ဖြစ်ပြီး ၂ နှစ်ပဲ တက်ရတဲ့ ကျောင်းတွေ၊ အဝေးသင်တက္ကသိုလ်တွေ၊ ဘာသာရေးကျောင်းတွေ၊ စစ်တပ်နဲ့ ရဲလိုမျိုး တရားဥပဒေစိုးမိုးရေးဆိုင်ရာကျောင်းတွေကိုထည့်မတွက်သလို တရားဝင် ဝက်ဘ်ဆိုက်မရှိတဲ့ ကျောင်းတွေကိုလည်း ထည့်မတွက်ဘူးလို့ ဆိုပါတယ်။

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က အဆင့် ၂၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အဆင့် ၃၊ ရန်ကုန် ဆေးတက္ကသိုလ်-၁ က အဆင့် ၄ နဲ့ မန္တလေးတက္ကသိုလ်က အဆင့် ၅ သတ်မှတ်ထားပါတယ်။

သူ့နောက်မှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တို့ အစဉ်လိုက် ရှိပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ ရန်ကုန် တက္ကသိုလ်ဟာ ၈၉၄၂၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ဟာ အဆင့် ၉၅၁၉၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အဆင့် ၁၀၅၁၅၊ ရန်ကုန် ဆေးတက္ကသိုလ် ၁ က အဆင့် ၁၀၆၆၆ နဲ့ မန္တလေးတက္ကသိုလ်က အဆင့် ၁၀၈၀၁ ဖြစ်ပါတယ်။ 

အဆင့်သတ်မှတ်ခံထားရတဲ့ တက္ကသိုလ် ၆၀ မှာ နည်းပညာတက္ကသိုလ်ပေါင်း ၃၁ ခု ပါနေတာကို တွေ့ရပါတယ်။ ဒီထဲမှာ မန္တလေးနည်းပညာတက္ကသိုလ်က အဆင့် ၅၉ နဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ်က အဆင့် ၆၀ ဖြစ်ပါတယ်။

မြို့အလိုက်ရှိနေတဲ့ တက္ကသိုလ်တွေထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ မြိတ်တက္ကသိုလ်ပြီးရင် ကလေး တက္ကသိုလ်က အဆင့် ၂၅ နေရာမှာ ရပ်တည်နေပါတယ်။

ဆေးတက္ကသိုလ်တွေထဲမှာတော့ မကွေးဆေးတက္ကသိုလ်က အဆင့် ၁၁၊ မန္တလေးဆေး တက္ကသိုလ်က အဆင့် ၁၃ နဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၂ က အဆင့် ၁၆ သတ်မှတ်ခံရပါတယ်။

မန္တလေးဆေးဝါးတက္ကသိုလ်က အဆင့် ၃၃ သတ်မှတ်ခံရပေမယ့် ရန်ကုန်ဆေးဝါးတက္ကသိုလ် ကတော့ အဆင့်သတ်မှတ်မခံထားရပါဘူး။ အဲဒီလိုပဲ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်ဟာလည်း အဆင့်သတ်မှတ်မခံခဲ့ရပါဘူး။

အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (မန္တလေး) ဟာ အဆင့် ၅၈ ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်) ကတော့ အဆင့် သတ်မှတ်မခံရပါဘူး။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဟာ ကမ္ဘာ့အဆင့် ၁၀၅၁၃၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကတော့ မြန်မာ့အဆင့် ၂၂ နဲ့ ကမ္ဘာ့အဆင့် ၁၂၇၂၁ သတ်မှတ်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရေဆင်းသစ်တောတက္ကသိုလ်ကတော့ အဆင့်သတ်မှတ်မခံခဲ့ရပါဘူး။

အဆင့် သတ်မှတ်တာနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို uniRank က ဖော်ပြထားပေမယ့် သတ်မှတ်မခံရတဲ့ တက္ကသိုလ်တွေဟာ ဘာကြောင့် သတ်မှတ်မခံရတာလဲ ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။


ျမန္မာ့ထိပ္တန်း ရန္ကုန္တက္ကသိုလ် ကမ္ဘာ့အဆင့် ၈၄၉၂ သတ္မွတ္ခံရ

ပိုင္စိုး

ရန္ကုန္တက္ကသိုလ်ဟျာမန္မာနိုင်ငံမွာ တက္ကသိုလ်တြေထဲမွာ ထိပ်ဆုံးအျဖစ်သတ္မွတ္ခံရပြီး ကမ္ဘာ့အဆင့် ၈၄၉၂ မွာ ရွိတယ္လို့ နိုင်ငံတကာအဆင့်ျမင့္ပညာရေးလမ်းညွှန်ဝက္ဘ်ဆိုက္မွာ ဖော်ျပထားပါတယ်။

၂၀၁၉ ခုနွစ်အတြက်ျမန္မာနိုင်ငံက တက္ကသိုလ် ၆၀ ကို ဖော်ျပေပးထားပြီး တက္ကသိုလ် ၂၉ ခုကေတာ့ အဆင့်သတ္မွတ္ခံရတဲ့အထဲမွာ မပါခဲ့ပါဘူး။

uniRank ဆိုတဲ့အဖြဲ့က သတ္မွတ်ဖော်ျပထားတျာဖစ်ပြီး သူတို့ဟာ နိုင်ငံပေါင်း ၂၀၀ မွာရွိတဲ့ တရားဝင် တက္ကသိုလ္နဲ့ ကောလိပ်ပေါင်း ၁၃၆၀၀ ကို အဆင့်သတ္မွတ်ပေးတယ္လို့ ဆိုပါတယ်။

သူတို့က အစိုးရတက္ကသိုလ်တြေနဲ့ တရားဝင် အသိအမွတ်ျပုထားတဲ့ ကော်င်းတြေ၊ အနည်းဆုံး ၄ နွစ် တက်ရပြီး ဘြဲ့နဲ့ ဘြဲ့လြန္ဒီဂရီပေးတဲ့ကော်င်းတြေကိုပဲ အဆင့်သတ္မွတ္တျာဖစ်ပြီး ၂ နွစ္ပဲ တက်ရတဲ့ ကော်င်းတြေ၊ အေဝးသင္တက္ကသိုလ်တြေ၊ ဘာသာရေးကော်င်းတြေ၊ စစ္တပ္နဲ့ ရဲလိုမိုး တရားဥပေဒစိုးမိုးရေးဆိုင်ရာကော်င်းတြေကိုထည့္မတြက်သလို တရားဝင် ဝက္ဘ်ဆိုက္မရွိတဲ့ ကော်င်းတြေကိုလည်း ထည့္မတြက္ဘူးလို့ ဆိုပါတယ်။

ရန္ကုန် ကြန္ပ်ူတာတက္ကသိုလ္က အဆင့် ၂၊ ရေဆင်းစိုက္ပိုးရေးတက္ကသိုလ္က အဆင့် ၃၊ ရန္ကုန် ဆေးတက္ကသိုလ်-၁ က အဆင့် ၄ နဲ့ မန္တေလးတက္ကသိုလ္က အဆင့် ၅ သတ္မွတ္ထားပါတယ်။

သူ့နောက္မွာတော့ ရန္ကုန္နည်းပညာတက္ကသိုလ်၊ ရေကြာင်းပညာတက္ကသိုလ်၊ ရန္ကုန် နိုင်ငျံခား ဘာသာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ္နဲ့ မြိတ္တက္ကသိုလ္တို့ အစဉ္လိုက် ရွိပါတယ်။

ကမ္ဘာ့အဆင့် သတ္မွတ္ခ်က္မွာတော့ ရန္ကုန် တက္ကသိုလ်ဟာ ၈၉၄၂၊ ရန္ကုန် ကြန္ပ်ူတာ တက္ကသိုလ်ဟာ အဆင့် ၉၅၁၉၊ ရေဆင်းစိုက္ပိုးရေးတက္ကသိုလ္က အဆင့် ၁၀၅၁၅၊ ရန္ကုန် ဆေးတက္ကသိုလ် ၁ က အဆင့် ၁၀၆၆၆ နဲ့ မန္တေလးတက္ကသိုလ္က အဆင့် ၁၀၈၀၁ျဖစ္ပါတယ်။

အဆင့်သတ္မွတ္ခံထားရတဲ့ တက္ကသိုလ် ၆၀ မွာ နည်းပညာတက္ကသိုလ်ပေါင်း ၃၁ ခု ပါနေတာကို တြေ့ရပါတယ်။ ဒီထဲမွာ မန္တေလးနည်းပညာတက္ကသိုလ္က အဆင့် ၅၉ နဲ့ ကော်က်ဆည် နည်းပညာတက္ကသိုလ္က အဆင့် ၆၀ျဖစ္ပါတယ်။

မြို့အလိုက်ရွိနေတဲ့ တက္ကသိုလ်တြေထဲမွာ ရန္ကုန်၊ မန္တေလးနဲ့ မြိတ္တက္ကသိုလ်ပြီးရင် ကေလး တက္ကသိုလ္က အဆင့် ၂၅ နေရာမွာ ရပ္တည်နေပါတယ်။

ဆေးတက္ကသိုလ်တြေထဲမွာတော့ မေကြးဆေးတက္ကသိုလ္က အဆင့် ၁၁၊ မန္တေလးဆေး တက္ကသိုလ္က အဆင့် ၁၃ နဲ့ ရန္ကုန်ဆေးတက္ကသိုလ် ၂ က အဆင့် ၁၆ သတ္မွတ္ခံရပါတယ်။

မန္တေလးဆေးဝါးတက္ကသိုလ္က အဆင့် ၃၃ သတ္မွတ္ခံရေပမယ့် ရန္ကုန်ဆေးဝါးတက္ကသိုလ် ကေတာ့ အဆင့်သတ္မွတ္မခံထားရပါဘူး။ အဲဒီလိုပဲ မန္တေလး နိုင်ငျံခားဘာသာ တက္ကသိုလ်ဟာလည်း အဆင့်သတ္မွတ္မခံခဲ့ရပါဘူး။

အမိုးသားယဉ်ကေ်းမှုနဲ့ အနုပညာတက္ကသိုလ် (မန္တေလး) ဟာ အဆင့် ၅၈ျဖစ်ပြီး အမိုးသား ယဉ်ကေ်းမှုနဲ့ အနုပညာတက္ကသိုလ် (ရန္ကုန်) ကေတာ့ အဆင့် သတ္မွတ္မခံရပါဘူး။

ရေဆင်းစိုက္ပိုးရေးတက္ကသိုလ်ဟာ ကမ္ဘာ့အဆင့် ၁၀၅၁၃၊ မြေျးမူရေးဆိုင်ရာ ဆေးတက္ကသိုလ္ကေတျာ့မန္မာ့အဆင့် ၂၂ နဲ့ ကမ္ဘာ့အဆင့် ၁၂၇၂၁ သတ္မွတ္ခံခဲ့ရပြီး ၁၉၉၂ ခုနွစ္မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ရေဆင်းသစ်တောတက္ကသိုလ္ကေတာ့ အဆင့်သတ္မွတ္မခံခဲ့ရပါဘူး။

အဆင့် သတ္မွတ္တာနဲ့ပတ်သက်ပြီး လိုအပ္ခ်က်တြေကို uniRank က ဖော်ျပထားပေမယ့် သတ္မွတ္မခံရတဲ့ တက္ကသိုလ်တြေဟာ ဘာကြောင့် သတ္မွတ္မခံရတာလဲ ဆိုတာကိုတော့ အေသးစိတ် ဖော်ျပထားတာ မရွိပါဘူး။

Source : DVB